Menu Close

ဇက်ကြောတက်နေသူအတွက် ဆေးနည်းအလွယ်

ဇက်ကြောတက်နေသူအတွက် ဆေးနည်းအလွယ်

 

(၁) ရှောက်သီး တစ်လုံးကို ဖြန်းဆေး၊ ပိုးမွှားများ ကင်းစင်အောင်  အခွံကို ဆားနဲ့ပွတ်ပြီး ရေစင်အောင် ဆေးပါ။

(၂) တစ်လုံးကို ၄ စိပ်ခွဲပြီး တစ်စိပ်ကို အပိုင်းပိုင်းလှီးကာ ရေ ၂ ခွက် ထည့်ပြီး ဆားအနည်းငယ်၊ ဂျင်း လက်မ၀က်ခန့်ထည့်ကာ တည်ပါ။ ရှောက်ရွက်အနုလေးတွေလည်း ရှိရင်ထည့်နိုင်တယ်။

(၃) တစ်ခါဆူလောက်ဆိုရင် အောက်ချပြီး အရည်ကို စစ်ယူပြီး အအေးခံထားပါ။

(၄) ၄င်းရှောက်ကျိုရည်ကို  မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပါ။

(၅) အခွံ၊ အစေ့၊ အရည်တို့အားလုံး ပါ၀င်ထားတဲ့အတွက် အရသာက ချဉ်ပြီး ခါးနေမယ်။ ပျားရည်စစ်စစ် တစ်ဇွန်းထည့်ပြီး သောက်ပါ။

(၆) ကျန်တဲ့ ၃ စိပ်ကို နောက်ရက်တွေအတွက် သေချာသိမ်းထားပါ။ ရှောက်သီး အကြီးတစ်လုံးကို ၄ ရက်စာ အသုံးပြုနိုင်ပါတယ်။

ရှောက်သီး၊ ရှောက်ရည်၊ ရှောက်ရွက်တို့ရဲ့ ဆေးဖက်၀င်ပုံများကိုတော့ များပြားလွန်းလှတာမို့ အသေးစိပ် မရေးတော့ဘူးနော်။ အခြားပိုစ့်သီးသန့်နဲ့ တင်ထားတာတွေလည်း ရှိထားပြီးသားပါ။

ရှောက်သီးမရနိုင်ပါက သံပုယိုသီး၊ ရှောက်ဘီလူးခေါ် ရှောက်ခါးသီးတို့လည်း အဆင်ပြေပါတယ်။

တစ်ပတ်လောက် နေ့တိုင်းသောက်ပြီးရင် သိသိသာသာ သက်သာလာပါမယ်။ သက်သာပြီးရင် နေ့တိုင်းမသောက်ပဲ ၂ရက်ခြား၊ ၃ ရက်ခြားစီ သောက်သွားပါ။ ဇက်ကြောတက်၊ ညောင်းညာ၊ အဆစ်မြစ်နာ၊ လေးလံထုံထိုင်း၊ အကြောဆိုင်း၊ လေဖြတ်ရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့နေဆိုင် – ပူတာအို

အစွမ်းထက် သဘာဝဆေးနည်းများ

လေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်

 

Zawgyi

 

ဇက္ေၾကာတက္ေနသူအတြက္ ေဆးနည္းအလြယ္

 

 

(၁) ေရွာက္သီး တစ္လုံးကို ျဖန္းေဆး၊ ပိုးမႊားမ်ား ကင္းစင္ေအာင္  အခြံကို ဆားနဲ႕ပြတ္ၿပီး ေရစင္ေအာင္ ေဆးပါ။

(၂) တစ္လုံးကို ၄ စိပ္ခြဲၿပီး တစ္စိပ္ကို အပိုင္းပိုင္းလွီးကာ ေရ ၂ ခြက္ ထည့္ၿပီး ဆားအနည္းငယ္၊ ဂ်င္း လက္မ၀က္ခန့္ထည့္ကာ တည္ပါ။ ေရွာက္႐ြက္အႏုေလးေတြလည္း ရွိရင္ထည့္နိုင္တယ္။

(၃) တစ္ခါဆူေလာက္ဆိုရင္ ေအာက္ခ်ၿပီး အရည္ကို စစ္ယူၿပီး အေအးခံထားပါ။

(၄) ၄င္းေရွာက္က်ိဳရည္ကို  မနက္တစ္ခြက္၊ ညတစ္ခြက္ ေသာက္ပါ။

(၅) အခြံ၊ အေစ့၊ အရည္တို႔အားလုံး ပါ၀င္ထားတဲ့အတြက္ အရသာက ခ်ဥ္ၿပီး ခါးေနမယ္။ ပ်ားရည္စစ္စစ္ တစ္ဇြန္းထည့္ၿပီး ေသာက္ပါ။

(၆) က်န္တဲ့ ၃ စိပ္ကို ေနာက္ရက္ေတြအတြက္ ေသခ်ာသိမ္းထားပါ။ ေရွာက္သီး အႀကီးတစ္လုံးကို ၄ ရက္စာ အသုံးျပဳနိုင္ပါတယ္။

ေရွာက္သီး၊ ေရွာက္ရည္၊ ေရွာက္႐ြက္တို႔ရဲ႕ ေဆးဖက္၀င္ပုံမ်ားကိုေတာ့ မ်ားျပားလြန္းလွတာမို႔ အေသးစိပ္ မေရးေတာ့ဘူးေနာ္။ အျခားပိုစ့္သီးသန့္နဲ႕ တင္ထားတာေတြလည္း ရွိထားၿပီးသားပါ။

ေရွာက္သီးမရနိုင္ပါက သံပုယိုသီး၊ ေရွာက္ဘီလူးေခၚ ေရွာက္ခါးသီးတို႔လည္း အဆင္ေျပပါတယ္။

တစ္ပတ္ေလာက္ ေန႕တိုင္းေသာက္ၿပီးရင္ သိသိသာသာ သက္သာလာပါမယ္။ သက္သာၿပီးရင္ ေန႕တိုင္းမေသာက္ပဲ ၂ရက္ျခား၊ ၃ ရက္ျခားစီ ေသာက္သြားပါ။ ဇက္ေၾကာတက္၊ ေညာင္းညာ၊ အဆစ္ျမစ္နာ၊ ေလးလံထုံထိုင္း၊ အေၾကာဆိုင္း၊ ေလျဖတ္ေရာဂါတို႔ကိုလည္း ကာကြယ္ေပးပါတယ္။

လူသားအားလုံး က်န္းမာခ်မ္းသာၾကပါေစ။

ေစာႏြဲ႕ေနဆိုင္ – ပူတာအို

အစြမ္းထက္ သဘာဝေဆးနည္းမ်ား

ေလးစားစြာျဖင့္ခရက္ဒစ္ေပးပါသည္

Leave a Reply

Your email address will not be published. Required fields are marked *