Menu Close

တင်းတိပ်ရောဂါ နှင့် ဆေးဖက်၀င် အပင်တစ်ပင်

တင်းတိပ်ရောဂါ နှင့် ဆေးဖက်၀င် အပင်တစ်ပင်

 

အသက်လေးဆယ် စွန်းစွန်း အမျိုးသမီး တစ်ဦးသည် မျက်နှာတွင် နေလောင် သကဲ့သို့ ဖြစ်သဖြင့် နိုင်ငံခြားဖြစ် မိတ်ကပ် တစ်မျိုးကို စျေးကြီးပေး ဝယ်လိမ်းနေရာ အသားအရောင် ပြောင်းသွား သော်လည်း တဖြည်းဖြည်း အောက်ခံ အရေပြားတွင် တင်းတိပ် ကဲ့သို့ အမည်းစက်များ ထွက်လာ ခဲ့သည်။ သူသည် အထိတ်တလန့် ဖြစ်ပြီး မျက်နှာ ပေါင်းတင် အလှပြုပြင်သည့် ဆိုင်တစ်ဆိုင်တွင် သွားရောက် ပေါင်းတင်သည်။

ထိုဆိုင်မှ ညွှန်သဖြင့် နိုင်ငံခြားဖြစ် တင်းတိပ် ပျောက်ဆေး တစ်မျိုးကို ဝယ်ယူ လိမ်းရပြန်သည်။ တင်းတိပ် လိမ်းဆေးမှာ အလွန်ပင် တန်ဖိုးကြီးသည်။ အထူ တစ်လက်မပင် မရှိသည့် ဘူးအဝိုင်းငယ် လေးကို ငွေကျပ် တစ်သိန်းကျော် ပေးရသည်။

သက်သာနိုးနှင့် ထိုလိမ်းဆေး ငါးဘူး ကုန်သွား သော်လည်း သူ့မျက်နှာမှ တင်းတိပ်များမှာ ပျောက်မသွားပါ။

ထို တင်းတိပ်စွဲနေသော အသက် လေးဆယ်ကျော် အမျိုးသမီး သည် မိတ်ဆွေ တစ်ဦးထံ အိမ်လည် သွားရင်း စကားစပ်မိ ရာမှ ထို မိတ်ဆွေအိမ် တွင် ဝရန်တာ အပေါ် စိုက်ထားသော ရှားစောင်း လက်ပပ်ပင် မှ တစ်ခက်၊ နှစ်ခက် ချိုးပေး လိုက်သည်။

 

shweu

 

ထို ရှားစောင်း လက်ပပ်ပင် ၏ အပြင်ခွံကို ဓားနှင့်ခွာပြီး အသားအနှစ် ကို ပါးပါးလှီးကာ မျက်နှာပေါ် ရှိ တင်းတိပ် ကျသော နေရာများတွင် ကပ်ပေးရန် ညွှန်လိုက်သည်။ စိတ်ရှည်ရှည် နှင့် ၁၄ ရက်ခန့် ကပ်ကြည့် ရန်လည်း မှာလိုက်သည်။

တင်းတိပ်ကျသူ အမျိုးသမီး သည် အလှအပ အတွက်ချည်း မဟုတ် သော်လည်း မျက်နှာပေါ်ရှိ တင်းတိပ်များ ယခုထက် ပို၍ ပွားများလာ မှာကို အလွန် စိုးရိမ်သဖြင့် နေ့စဉ် စိတ်ရှည်ရှည် လုပ်ဆောင်သည်။

ရက်ဆက် ပြုလုပ်နိုင်ရန် အတွက် ရှားစောင်း လက်ပပ်ပင် များကို လိုက်လံ ရှာဖွေ ဝယ်ယူပြီး မိတ်ဆွေ အိမ်မှာကဲ့သို့ ပန်းအိုးများတွင် ထည့်စိုက် သောအခါ အလွန် အပွားမြန်သော အပင်မျိုး ဖြစ်ကြောင်း တွေ့လာ ရသည်။

မျက်နှာတွင် ရှားစောင်း လက်ပပ်အနှစ် ကို ကပ်သောအခါ အေးစက်နေပြီး ခဏ ကြာသောအခါ ထုံတင်း သကဲ့သို့ ဖြစ်လာသည်။ ထို့နောက် တစ်နာရီခန့် ကြာသောအခါ မျက်နှာ အရေပြား အောက်မှ ပူလာပြီး အခိုးများ ထွက်လာ သကဲ့သို့ ခံစားရသည်။

ထိုအခါ ခွာချလိုက်ပြီး မျက်နှာသစ် လိုက်လျှင် ပြီးပြီဖြစ်သည်။

စတင် ပြုလုပ်ခါစ မသိသာ သော်လည်း ရက်သတ္တပတ် ခန့်ကြာသော အခါတွင် မျက်နှာသစ် လိုက်လျှင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာသည်ကို ခံစားလာရသည်။ အမှန်ပင် မျက်နှာပေါ်မှ တင်းတိပ် အမည်းစက်များ မှေးမှိန် လာသည်ကို ဆယ်ရက်ကျော် သောအခါ သိရှိလာရသည်။

၁၄ ရက် ကျော်သောအခါ ရေးရေးမျှ ကျန်တော့ သဖြင့် ပြင်ပလူ အမြင်တွင် တင်းတိပ်မရှိ သလောက် ဖြစ်သွားပြီ ဖြစ်သည်။

ရှေးလူကြီးများက ရှားစောင်း လက်ပပ် အနှစ်ကို ဟင်းချိုချက် သောက်ဖို့ အကြံပေး ကြသည်။ သွေးသား မမှန်ခြင်း၊ သွေးဆုံး ကိုင်ခြင်း၊ မီးယပ် လွန်ခြင်း၊ မီးယပ် အဖြူဆင်းခြင်း၊ မျက်နှာ တင်းတိပ် ထွက်ခြင်း၊ မျက်ခမ်းများ၊ မျက်ကွင်းများ ညိုမည်းခြင်း တို့ကို ပျောက်ကင်း စေနိုင် သည်ဟု ဆိုသည်။

မီးယပ်သွေး ကျန်များသည် သွေးအတွင်း လှည့်လည် နေရာမှ မျက်နှာတွင် ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ရှားစောင်း လက်ပပ် ဟင်းချိုကို အရသာ ကောင်းစေရန် စမုန်စပါးရွက်၊ လယ်ပတူရွက်၊ ကန်စွန်းရွက် စသည်တို့နှင့် လည်း ရောပြီး ချက်နိုင်သည်ဟု ဆိုသည်။

ရှားစောင်း လက်ပပ်ပင်သည် အိမ်တိုင်းတွင် ပန်းအိုးနှင့် စိုက်လျှင်ပင် ရှင်သန်နိုင်သော အပင်ဖြစ်ပြီး ဆေးဖက်လည်း ဝင်၊ ဟင်းချက်စရာ အဖြစ်လည်း သုံးနိုင်သော အပင်မျိုး ဖြစ်ကြောင်း တင်ပြ လိုက်ရပေသည်။

ကြည်မြင့်လွင် (မုဒြာ)

credit ပါဆရာလေးစားစွာဖြင့်ခရက်ဒစ်ပေးပါသည်။

 

Zawgyi

 

တင္းတိပ္ေရာဂါ ႏွင့္ ေဆးဖက္၀င္ အပင္တစ္ပင္

 

shweu

 

အသက္ေလးဆယ္ စြန္းစြန္း အမ်ိဳးသမီး တစ္ဦးသည္ မ်က္ႏွာတြင္ ေနေလာင္ သကဲ့သို႔ ျဖစ္သျဖင့္ နိုင္ငံျခားျဖစ္ မိတ္ကပ္ တစ္မ်ိဳးကို ေစ်းႀကီးေပး ဝယ္လိမ္းေနရာ အသားအေရာင္ ေျပာင္းသြား ေသာ္လည္း တျဖည္းျဖည္း ေအာက္ခံ အေရျပားတြင္ တင္းတိပ္ ကဲ့သို႔ အမည္းစက္မ်ား ထြက္လာ ခဲ့သည္။ သူသည္ အထိတ္တလန့္ ျဖစ္ၿပီး မ်က္ႏွာ ေပါင္းတင္ အလွျပဳျပင္သည့္ ဆိုင္တစ္ဆိုင္တြင္ သြားေရာက္ ေပါင္းတင္သည္။

ထိုဆိုင္မွ ၫႊန္သျဖင့္ နိုင္ငံျခားျဖစ္ တင္းတိပ္ ေပ်ာက္ေဆး တစ္မ်ိဳးကို ဝယ္ယူ လိမ္းရျပန္သည္။ တင္းတိပ္ လိမ္းေဆးမွာ အလြန္ပင္ တန္ဖိုးႀကီးသည္။ အထူ တစ္လက္မပင္ မရွိသည့္ ဘူးအဝိုင္းငယ္ ေလးကို ေငြက်ပ္ တစ္သိန္းေက်ာ္ ေပးရသည္။ သက္သာနိုးႏွင့္ ထိုလိမ္းေဆး ငါးဘူး ကုန္သြား ေသာ္လည္း သူ႕မ်က္ႏွာမွ တင္းတိပ္မ်ားမွာ ေပ်ာက္မသြားပါ။

ထို တင္းတိပ္စြဲေနေသာ အသက္ ေလးဆယ္ေက်ာ္ အမ်ိဳးသမီး သည္ မိတ္ေဆြ တစ္ဦးထံ အိမ္လည္ သြားရင္း စကားစပ္မိ ရာမွ ထို မိတ္ေဆြအိမ္ တြင္ ဝရန္တာ အေပၚ စိုက္ထားေသာ ရွားေစာင္း လက္ပပ္ပင္ မွ တစ္ခက္၊ ႏွစ္ခက္ ခ်ိဳးေပး လိုက္သည္။

ထို ရွားေစာင္း လက္ပပ္ပင္ ၏ အျပင္ခြံကို ဓားႏွင့္ခြာၿပီး အသားအႏွစ္ ကို ပါးပါးလွီးကာ မ်က္ႏွာေပၚ ရွိ တင္းတိပ္ က်ေသာ ေနရာမ်ားတြင္ ကပ္ေပးရန္ ၫႊန္လိုက္သည္။ စိတ္ရွည္ရွည္ ႏွင့္ ၁၄ ရက္ခန့္ ကပ္ၾကည့္ ရန္လည္း မွာလိုက္သည္။

တင္းတိပ္က်သဴ အမ်ိဳးသမီး သည္ အလွအပ အတြက္ခ်ည္း မဟုတ္ ေသာ္လည္း မ်က္ႏွာေပၚရွိ တင္းတိပ္မ်ား ယခုထက္ ပို၍ ပြားမ်ားလာ မွာကို အလြန္ စိုးရိမ္သျဖင့္ ေန႕စဥ္ စိတ္ရွည္ရွည္ လုပ္ေဆာင္သည္။

ရက္ဆက္ ျပဳလုပ္နိုင္ရန္ အတြက္ ရွားေစာင္း လက္ပပ္ပင္ မ်ားကို လိုက္လံ ရွာေဖြ ဝယ္ယူၿပီး မိတ္ေဆြ အိမ္မွာကဲ့သို႔ ပန္းအိုးမ်ားတြင္ ထည့္စိုက္ ေသာအခါ အလြန္ အပြားျမန္ေသာ အပင္မ်ိဳး ျဖစ္ေၾကာင္း ေတြ႕လာ ရသည္။

မ်က္ႏွာတြင္ ရွားေစာင္း လက္ပပ္အႏွစ္ ကို ကပ္ေသာအခါ ေအးစက္ေနၿပီး ခဏ ၾကာေသာအခါ ထုံတင္း သကဲ့သို႔ ျဖစ္လာသည္။ ထို႔ေနာက္ တစ္နာရီခန့္ ၾကာေသာအခါ မ်က္ႏွာ အေရျပား ေအာက္မွ ပူလာၿပီး အခိုးမ်ား ထြက္လာ သကဲ့သို႔ ခံစားရသည္။

ထိုအခါ ခြာခ်လိဳက္ၿပီး မ်က္ႏွာသစ္ လိုက္လွ်င္ ၿပီးၿပီျဖစ္သည္။

စတင္ ျပဳလုပ္ခါစ မသိသာ ေသာ္လည္း ရက္သတၱပတ္ ခန့္ၾကာေသာ အခါတြင္ မ်က္ႏွာသစ္ လိုက္လွ်င္ စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္လာသည္ကို ခံစားလာရသည္။ အမွန္ပင္ မ်က္ႏွာေပၚမွ တင္းတိပ္ အမည္းစက္မ်ား ေမွးမွိန္ လာသည္ကို ဆယ္ရက္ေက်ာ္ ေသာအခါ သိရွိလာရသည္။

၁၄ ရက္ ေက်ာ္ေသာအခါ ေရးေရးမွ် က်န္ေတာ့ သျဖင့္ ျပင္ပလူ အျမင္တြင္ တင္းတိပ္မရွိ သေလာက္ ျဖစ္သြားၿပီ ျဖစ္သည္။

ေရွးလူႀကီးမ်ားက ရွားေစာင္း လက္ပပ္ အႏွစ္ကို ဟင္းခ်ိဳခ်က္ ေသာက္ဖို႔ အႀကံေပး ၾကသည္။ ေသြးသား မမွန္ျခင္း၊ ေသြးဆုံး ကိုင္ျခင္း၊ မီးယပ္ လြန္ျခင္း၊ မီးယပ္ အျဖဴဆင္းျခင္း၊ မ်က္ႏွာ တင္းတိပ္ ထြက္ျခင္း၊ မ်က္ခမ္းမ်ား၊ မ်က္ကြင္းမ်ား ညိုမည္းျခင္း တို႔ကို ေပ်ာက္ကင္း ေစနိုင္ သည္ဟု ဆိုသည္။

မီးယပ္ေသြး က်န္မ်ားသည္ ေသြးအတြင္း လွည့္လည္ ေနရာမွ မ်က္ႏွာတြင္ ေပၚလာျခင္း ျဖစ္သည္ဟု ဆိုသည္။ ရွားေစာင္း လက္ပပ္ ဟင္းခ်ိဳကို အရသာ ေကာင္းေစရန္ စမုန္စပါး႐ြက္၊ လယ္ပတူ႐ြက္၊ ကန္စြန္း႐ြက္ စသည္တို႔ႏွင့္ လည္း ေရာၿပီး ခ်က္နိုင္သည္ဟု ဆိုသည္။

ရွားေစာင္း လက္ပပ္ပင္သည္ အိမ္တိုင္းတြင္ ပန္းအိုးႏွင့္ စိုက္လွ်င္ပင္ ရွင္သန္နိုင္ေသာ အပင္ျဖစ္ၿပီး ေဆးဖက္လည္း ဝင္၊ ဟင္းခ်က္စရာ အျဖစ္လည္း သုံးနိုင္ေသာ အပင္မ်ိဳး ျဖစ္ေၾကာင္း တင္ျပ လိုက္ရေပသည္။

ၾကည္ျမင့္လြင္ (မုျဒာ)

credit ပါဆရာေလးစားစြာျဖင့္ခရက္ဒစ္ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *