Menu Close

တင်းတိပ်၊အမည်းစက်များ၊ဝက်ခြံအမျိုးမျိုးနှင့် မီးလောင်ဒဏ်ရာများအတွက် အကောင်းဆုံး ကန်စွန်းရွက်

တင်းတိပ်၊အမည်းစက်များ၊ဝက်ခြံအမျိုးမျိုးနှင့် မီးလောင်ဒဏ်ရာများအတွက် အကောင်းဆုံး ကန်စွန်းရွက်

 

ကန်စွန်းရွက်ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အထောက်အကူဖြစ်စေရုံသာမက၊ အသားအရည်ကို ကောင်းမွန်သန့်ရှင်းစေလို့ အကောင်းဆုံးအဖော်မွန်ပါဘဲ။

(က)ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဝက်ခြံပုန်း၊ တင်းတိပ်၊ အမည်းစက်များနှင့် မျက်နှာအသားအရေ အရောင်မညီခြင်းများအတွက် စိတ်မပျက်ပါနှင့်။ကန်စွန်းရွက်ကိုကြိတ်ချေပြီး၊ ထိုသတ္တုရည် တစ်မျိုးတည်းကိုသာ စိတ်ချလက်ချ လိမ်းပေးခြင်းဖြင့် သက်သာလာစေနိုင်ပါတယ်။

(ခ)ပျားရည်စားပွဲတင်ဇွန်း ၁-ဇွန်းနှင့် ကန်စွန်းရွက်သတ္တုရည် စားပွဲတင်ဇွန်း ၄-ဇွန်းကို သမအောင်ရောမွှေကာ ခြေလက်များကို လိုးရှင်းအဖြစ် နံက်နှင့် ည ပုံမှန်လိမ်းပေးခြင်းဖြင့် အသားအရေ ဝင်းလက်စိုပြေ တောက်ပလာစေနိုင်ပါတယ်။

(ဂ)ကန်စွန်းရွက်ကို အရည်ညှစ်၍ ခေါင်းဦးရေပြားထဲ စိမ့်ဝင်အောင် နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်သန်စွမ်းကာအရှည်မြန်စေပါတယ်။ ဒါ့ပြင်ဦးရေပြားကိုအေးမြစေလို့၊ ဗောက်များ ကင်းစင်စေပါတယ်။

(ဃ)မီးဟပ်ခြင်းနှင့်မီးလောင်ဒဏ်ရာများအတွက် ကန်စွန်းရွက်သတ္တုရည်ကို သကြားနဲ့ရောစပ် လိမ်းပေးခြင်းဖြင့် အပူ လောင်ခြင်းကို သက်သာစေကာ၊ အမာရွတ်မကျန် ပျောက်ကင်းစေနိုင်ပါတယ်။

မှတ်ချက်။

(က) များသောအားဖြင့် ကန်စွန်းပင်များကို စိုက်ခင်းထဲတွင် သဘာဝရေမှော်ကဲ့သို့စိုက်ပျိုးထားလေ့ရှိတာမို့၊ ကပ်ပါးပိုးများ ပါလာတတ်၍ အသုံးမပြုမီ ရေများများဖြင့် စင်စင်ဆေးကြောသင့်ပါတယ်။

(ခ) ညှိးပျော့၍အဝါရောင်သန်းနေသော ကန်စွန်းရွက်များသည် မလတ်ဆတ်ဘဲ ကျန်းမာရေးအာနိသင်လဲ ပျက်ပြယ်စေလို့ အရွေးမမှားဘို့လိုပါတယ်။

ခေတ်မီတိုးတက်လျှက်ရှိသော ယနေ့ကမ္ဘာတွင် ကျန်းမာရေးအမြင်ရှိသူတိုင်းက သစ်သီးဝလံံနှင့် ဟင်းသီးဟင်းရွက်များသည် ကျန်းမာရေးအထောက်အကူပြု အာဟာရအစားအစာများအဖြစ် အရေးပါပုံကို သိမြင်လက်ခံလာကြပြီဖြစ်၏။ထို့ကြောင့် မိမိတို့ပတ်ဝန်းကျင်တွင် ရာသီမရွေးရရှိနိုင်ကာ ငွေကုန်သက်သာလွယ်ကူစွာ ချက်ပြုတ်နိုင်ပြီး၊ ခံတွင်းလဲမြိန်၊ ကျန်းမာရေးကိုလဲ များစွာ အထောက်အကူပြုစေသည့် ဆေးစွမ်းထက်မြက် ကန်စွန်းရွက်ကို မီးဖိုချောင်သုံးဆေးဝါး အဖြစ် စားသုံးပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဆောင်းပါးရှင် ပေါက်ပေါက်

Credit-ပေါက်ပေါက်

zawgyi

တင္းတိပ္၊အမည္းစက္မ်ား၊ဝက္ၿခံအမ်ိဳးမ်ိဳးႏွင့္ မီးေလာင္ဒဏ္ရာမ်ားအတြက္ အေကာင္းဆုံး ကန္စြန္း႐ြက္

 

ကန္စြန္း႐ြက္ဟာ က်န္းမာေရးအတြက္ ဘက္ေပါင္းစုံမွ အေထာက္အကူျဖစ္ေစ႐ုံသာမက၊ အသားအရည္ကို ေကာင္းမြန္သန္႔ရွင္းေစလို႔ အေကာင္းဆုံးအေဖာ္မြန္ပါဘဲ။

(က)ဝက္ၿခံစို၊ ဝက္ၿခံေျခာက္၊ ဝက္ၿခံပုန္း၊ တင္းတိပ္၊ အမည္းစက္မ်ားႏွင့္ မ်က္ႏွာအသားအေရ အေရာင္မညီျခင္းမ်ားအတြက္ စိတ္မပ်က္ပါႏွင့္။ကန္စြန္း႐ြက္ကိုႀကိတ္ေခ်ၿပီး၊ ထိုသတၱဳရည္ တစ္မ်ိဳးတည္းကိုသာ စိတ္ခ်လက္ခ် လိမ္းေပးျခင္းျဖင့္ သက္သာလာေစႏိုင္ပါတယ္။

(ခ)ပ်ားရည္စားပြဲတင္ဇြန္း ၁-ဇြန္းႏွင့္ ကန္စြန္း႐ြက္သတၱဳရည္ စားပြဲတင္ဇြန္း ၄-ဇြန္းကို သမေအာင္ေရာေမႊကာ ေျခလက္မ်ားကို လိုးရွင္းအျဖစ္ နံက္ႏွင့္ ည ပုံမွန္လိမ္းေပးျခင္းျဖင့္ အသားအေရ ဝင္းလက္စိုေျပ ေတာက္ပလာေစႏိုင္ပါတယ္။

(ဂ)ကန္စြန္း႐ြက္ကို အရည္ညႇစ္၍ ေခါင္းဦးေရျပားထဲ စိမ့္ဝင္ေအာင္ ႏွိပ္နယ္ေပးျခင္းျဖင့္ ဆံပင္သန္စြမ္းကာအရွည္ျမန္ေစပါတယ္။ ဒါ့ျပင္ဦးေရျပားကိုေအးျမေစလို႔၊ ေဗာက္မ်ား ကင္းစင္ေစပါတယ္။

(ဃ)မီးဟပ္ျခင္းႏွင့္မီးေလာင္ဒဏ္ရာမ်ားအတြက္ ကန္စြန္း႐ြက္သတၱဳရည္ကို သၾကားနဲ႔ေရာစပ္ လိမ္းေပးျခင္းျဖင့္ အပူ ေလာင္ျခင္းကို သက္သာေစကာ၊ အမာ႐ြတ္မက်န္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။

မွတ္ခ်က္။

(က) မ်ားေသာအားျဖင့္ ကန္စြန္းပင္မ်ားကို စိုက္ခင္းထဲတြင္ သဘာဝေရေမွာ္ကဲ့သို႔စိုက္ပ်ိဳးထားေလ့ရွိတာမို႔၊ ကပ္ပါးပိုးမ်ား ပါလာတတ္၍ အသုံးမျပဳမီ ေရမ်ားမ်ားျဖင့္ စင္စင္ေဆးေၾကာသင့္ပါတယ္။

(ခ) ညႇိးေပ်ာ့၍အဝါေရာင္သန္းေနေသာ ကန္စြန္း႐ြက္မ်ားသည္ မလတ္ဆတ္ဘဲ က်န္းမာေရးအာနိသင္လဲ ပ်က္ျပယ္ေစလို႔ အေ႐ြးမမွားဘို႔လိုပါတယ္။

ေခတ္မီတိုးတက္လွ်က္ရွိေသာ ယေန႔ကမာၻတြင္ က်န္းမာေရးအျမင္ရွိသူတိုင္းက သစ္သီးဝလံံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားသည္ က်န္းမာေရးအေထာက္အကူျပဳ အာဟာရအစားအစာမ်ားအျဖစ္ အေရးပါပုံကို သိျမင္လက္ခံလာၾကၿပီျဖစ္၏။ထို႔ေၾကာင့္ မိမိတို႔ပတ္ဝန္းက်င္တြင္ ရာသီမေ႐ြးရရွိႏိုင္ကာ ေငြကုန္သက္သာလြယ္ကူစြာ ခ်က္ျပဳတ္ႏိုင္ၿပီး၊ ခံတြင္းလဲၿမိန္၊ က်န္းမာေရးကိုလဲ မ်ားစြာ အေထာက္အကူျပဳေစသည့္ ေဆးစြမ္းထက္ျမက္ ကန္စြန္း႐ြက္ကို မီးဖိုေခ်ာင္သုံးေဆးဝါး အျဖစ္ စားသုံးေပးၾကပါရန္ တိုက္တြန္းလိုက္ရပါသည္။

ေဆာင္းပါးရွင္ ေပါက္ေပါက္

Credit-ေပါက္ေပါက္

Leave a Reply

Your email address will not be published. Required fields are marked *