Menu Close

တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ ခံတက်

တစ်ပင်လုံး ဆေးဖက်ဝင်တဲ့ ခံတက်

 

မြန်မာ လူမျိုး တော်တော်များများ သဘောကျတဲ့ ခံတက်ချဉ်လေး တွေက စားကောင်းတာအပြင် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုလဲ ဆိုတာကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

 

shweu

 

ခံတက်ပင်ကို အစား အများဆုံးက အချဉ်တည်ထားပြီး အလွယ်တကူ ဝယ်လို့ရတဲ့ ခံတက်ရွက်ချဉ် ဖြစ်မယ် ထင်ပါတယ်။

ဒါပေမယ့် ခံတက်ပင်က အရွက်တင်မကဘဲ ပင်စည်ရဲ့ အခေါက် (ခံတက်ခေါက် ဆိုပြီး မီးကင်လို့ မွှပြီး ဆီစိမ် စားရတဲ့ အခေါက်ပါ)၊ အမြစ် တို့ကလည်း ဆေးဖက်ဝင် ပါတယ်။

ရှေးယခင် ကာလတွေ ကတည်းက ဆေးဖက်ဝင် အပင်အဖြစ် အများက အသိအမှတ်ပြု ထားတာပါ။

ခံတက်ချဉ်လေး က

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်။

ဆီးရွှင် စေတယ်။

ကိုယ်တွင်းက ရောင်ရမ်းမှုတွေကို သက်သာစေတယ်။

ဆီးကျိတ် ကျန်းမာစေတယ်။

လေထိုးလေအောင့် ကင်းစေတယ်။

အစာခြေစနစ် ကျန်းမာစေတယ်။

အစား စားချင်စိတ် ဖြစ်စေတယ်။

အဆစ်နာတာကို သက်သာစေတယ်။

ဆီးအိမ်ရောင်တာ သက်သာစေတယ်။

ဆီးကျောက်တည်တာ သက်သာစေတယ်။

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေတယ်။

ခေါင်းကိုက် သက်သာစေတယ်။

အစာအဆိပ်သင့်တာကို ကာကွယ်ပေးတယ်။

ဆီးချိုရောဂါကို သက်သာစေနိုင်ပါတယ်။

ဆီး မထိန်းနိုင်တာကို သက်သာစေတယ်။

ကိုယ်တွင်းမှာ ကျောက်တည်တာကို သက်သာစေပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

အရွက်ကို ပြုတ်ပြီး ရလာတဲ့ အရည်၊ အရွက်ကို ကြိတ်ပြီး ရလာတဲ့ သတ္တုရည်၊ ပင်စည် အခေါက်ကို ပြုတ်ထားတဲ့ အရည်တွေကို အသုံးပြုပေးလို့ ရသလို အရွက်ကို အချဉ်တည်ထားတဲ့ ခံတက်ချဉ်လေး ကို စားပေးလို့လည်း ရပါတယ်။

သတိထားရမယ့်အချက်များ

ခံတက်ချဉ်လေး က ဆေးဖက်ဝင်တယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးမို့လို့ အလွန်အကျွံစားတာကို ရှောင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးသောက်သုံးနေရသူတွေက သတိထားပြီး စားသင့်ပါတယ်။

credit:မူရင်း

 

Zawgyi

 

တစ္ပင္လုံး ေဆးဖက္ဝင္တဲ့ ခံတက္

 

ျမန္မာ လူမ်ိဳး ေတာ္ေတာ္မ်ားမ်ား သေဘာက်တဲ့ ခံတက္ခ်ဥ္ေလး ေတြက စားေကာင္းတာအျပင္ က်န္းမာေရးအတြက္ ဘယ္လို အေထာက္အကူ ျပဳလဲ ဆိုတာကို ဒီ ေဆာင္းပါးေလး ထဲမွာ ဖတ္ၾကည့္ေစခ်င္ပါတယ္။

ခံတက္ပင္ကို အစား အမ်ားဆုံးက အခ်ဥ္တည္ထားၿပီး အလြယ္တကူ ဝယ္လို႔ရတဲ့ ခံတက္႐ြက္ခ်ဥ္ ျဖစ္မယ္ ထင္ပါတယ္။

ဒါေပမယ့္ ခံတက္ပင္က အ႐ြက္တင္မကဘဲ ပင္စည္ရဲ႕ အေခါက္ (ခံတက္ေခါက္ ဆိုၿပီး မီးကင္လို႔ မႊၿပီး ဆီစိမ္ စားရတဲ့ အေခါက္ပါ)၊ အျမစ္ တို႔ကလည္း ေဆးဖက္ဝင္ ပါတယ္။ ေရွးယခင္ ကာလေတြ ကတည္းက ေဆးဖက္ဝင္ အပင္အျဖစ္ အမ်ားက အသိအမွတ္ျပဳ ထားတာပါ။

 

shweu

 

ခံတက္ခ်ဥ္ေလး က

ဆီးလမ္းေၾကာင္း ပိုးဝင္တာကို သက္သာေစတယ္။

ဆီး႐ႊင္ ေစတယ္။

ကိုယ္တြင္းက ေရာင္ရမ္းမႈေတြကို သက္သာေစတယ္။

ဆီးက်ိတ္ က်န္းမာေစတယ္။

ေလထိုးေလေအာင့္ ကင္းေစတယ္။

အစာေျခစနစ္ က်န္းမာေစတယ္။

အစား စားခ်င္စိတ္ ျဖစ္ေစတယ္။

အဆစ္နာတာကို သက္သာေစတယ္။

ဆီးအိမ္ေရာင္တာ သက္သာေစတယ္။

ဆီးေက်ာက္တည္တာ သက္သာေစတယ္။

ေခါင္းတစ္ျခမ္းကိုက္တာကို သက္သာေစတယ္။

ေခါင္းကိုက္ သက္သာေစတယ္။

အစာအဆိပ္သင့္တာကို ကာကြယ္ေပးတယ္။

ဆီးခ်ိဳေရာဂါကို သက္သာေစနိုင္ပါတယ္။

ဆီး မထိန္းနိုင္တာကို သက္သာေစတယ္။

ကိုယ္တြင္းမွာ ေက်ာက္တည္တာကို သက္သာေစပါတယ္။

ဓာတ္တိုးဆန႔္က်င္ အာနိသင္ ႂကြယ္ဝပါတယ္။

ဘက္တီးရီးယားေတြကို တိုက္ဖ်က္ ေပးနိုင္တဲ့ အာနိသင္ ရွိပါတယ္။

shweu

 

 

အ႐ြက္ကို ျပဳတ္ၿပီး ရလာတဲ့ အရည္၊ အ႐ြက္ကို ႀကိတ္ၿပီး ရလာတဲ့ သတၱဳရည္၊ ပင္စည္ အေခါက္ကို ျပဳတ္ထားတဲ့ အရည္ေတြကို အသုံးျပဳေပးလို႔ ရသလို အ႐ြက္ကို အခ်ဥ္တည္ထားတဲ့ ခံတက္ခ်ဥ္ေလး ကို စားေပးလို႔လည္း ရပါတယ္။

သတိထားရမယ့္အခ်က္မ်ား

ခံတက္ခ်ဥ္ေလး က ေဆးဖက္ဝင္တယ္ဆိုေပမဲ့ တန္ေဆးလြန္ေဘးမို႔လို႔ အလြန္အကြၽံစားတာကို ေရွာင္သင့္ပါတယ္။ ကိုယ္ဝန္ေဆာင္နဲ႕ နို႔တိုက္မိခင္ေတြ၊ ကေလးငယ္ေတြ၊ ေရာဂါအခံရွိသူေတြနဲ႕ ေဆးဝါးေသာက္သုံးေနရသူေတြက သတိထားၿပီး စားသင့္ပါတယ္။

credit:မူရင္း

Leave a Reply

Your email address will not be published. Required fields are marked *