Menu Close
တည်နေတဲ့ ကျောက် အလုံးလိုက်ထွက်ကျစေတဲ့ မြန်မာဆေးနည်း
တည်နေတဲ့ ကျောက် အလုံးလိုက်ထွက်ကျစေတဲ့ မြန်မာဆေးနည်း
ကျောက်ကပ်ကျောက်တည် ဝေဒနာရှင်များ အတွက် ကျောက်ကျတဲ့ ဆေးနည်းလေးကို ပြန်လည်မျှဝေလိုက်ရပါတယ်နော်
လုပ်ကြည့်ပါ မြန်မာပြည်မှာ ကျောက်ဖရုံသီးပေါပါတယ်
ကျောက်ဆို ကြောက်ကို မကြောက် တော့တာပါသူရှိ နေလို့ ခါးနာခါးအောင့် ဖြစ်နေတာ အခုတော့ သူထွက်ကျ လာခဲ့ပါပြီ။
အချိန်က ယနေ့ ည ၁၁ နာရီ ၁၀မိနစ်ခန့်ကဖြစ်သည်။ဘယ်ဘက်က ခါးတစ်ခြမ်း ကိုက်နေတာ နှစ်လသုံးလလောက်ရှိနေပါပြီ ။ဆီကျောက်တည်ရောဂါနဲ့ယဉ်ပါးနေပြီဖြစ်သောကြောင့်မကြောက်ရွံတော့ပေ ။
ဒီကျောက်ကြီး ရှိနေမှန်း သိနေတာတော့သုံးလေးလခန့် ရှိနေပါပြီဒီတစ်ခါကျောက်ကအသက်ရှုရင်တောင်အောင့်အောင့် လာတယ် ။
ခါးအောင့်အောင့် နေလို့ ဘယ်ဘက်ကို စောင်းအိပ်လို့ မရဖြစ်နေပါတယ် ။သူရှိနေရင် ခါးကတင်းပြီးနာနေတယ်ဘယ်ဘက်ခြမ်း ဆီးခုံကိုလက်နဲ့အဖိမခံနိုင်ဘူး တော်တော်နာပါတယ်။
ဆေးရုံသွား ဓာတ်မှန် ရိုက်ကြည့်တော့ သေချာပေါက် သူ့ကို တွေ့သည် ဆရာဝန်က ချေဖို့ သို့မဟုတ် ခွဲထုတ်ဖို့ ပြောပါသည်။ ကြီးလွန်းလို့ သူ့ဘာသာ မထွက်ကျ နိုင်ကြောင်း ပြောပြပါသည်။
နေလို့ရရင် နေနေလိုက်သည် ။နေလို့မရအောင် နာလာရင်တော့ လက်သုံးဆေးကို အသုံးပြု ရတော့သည်။
ထိုဆေးက လွယ်လွယ်လေးပါ ။ ကျောက်ဖရုံသီး ကို သခွါးခြစ်နဲ့ခြစ်ပြီး ရှာလကာရည် အနည်းငယ် ထည့်၍အလယ်တည် ပန်းကန်နဲ့တစ်ဝက်လောက်ကို တစ်ရက် နှစ်ရက်နဲ့ အကုန်စားပေးလိုက်ရုံပါပဲ။
အဲဒီလို သုံးခါလောက် လုပ်စား လိုက်တာ နဲ့ အခုမြင်တွေ့ ရတဲ့ကြောက်ကြီးလည်း မနေနိုင်တော့ပဲ ဆီးလမ်းကြောင်းကနေ ဒလိမ့်ခေါက်ခွေး ထွက်ကျ ခဲ့ရတော့တာပါပဲ။ရံဖန်ရံခါ အုန်းရေလဲ အဝသောက်ပေး ဖို့လိုပါသည်။
ကျောက်တည် တတ်တဲ့ဝေဒနာရှင်များ အတွက်သတင်းကောင်း ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်း ကလည်း ကျောက်ထွက်ကျလာလို့ ပုံနှင့်တကွ ရေးတင်ခဲ့ဘူးတာရှိပါတယ် ။
ကျောက်ဖရုံသီးနဲ့ ရှာလကာရေ နဲ့ ရောစပ် ထားတာပါ။ဟင်းစားဇွန်းနဲ့ မောက်မောက် ခပ်၍တစ်နေ့သုံး ကြိမ်လောက် စားပေးပါ စားလို့ ကောင်းပါတယ် ။
မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *