Menu Close

ထိပ်ခတ်နာ(သို့) ဦးနှောက် အမှေးရောင်ရောဂါအတွက်သက်သာစေမည့်နည်းလမ်း

ထိပ်ခတ်နာ(သို့) ဦးနှောက် အမှေးရောင် ရောဂါဘယ်လိုကုသမလဲ?ဖတ်ချိန်၁၀စက္ကန့်

 

ကိုယ်တွေ့ သက်သာစေတဲ့ဆေးနည်းလေးပါ။

ငွေကုန် သက်သာပြီး လက်တွေ့ သက်သာနေလို့မျှဝေ လိုက်ပါတယ်

ကျနော် ငယ်ငယ်ထဲကခေါင်းကိုက် တတ်ပါတယ်၊အမျိုးမျိုး ကုသပြီးပါပြီ၊လုံးဝပျောက်ကင်းတာမရှိပါ၊သက်သာရုံပဲရှိပါတယ်။

အခုရက်တွေ ခေါင်းကိုက်တာ(၁) လကျော်လောက်ရှိပါပြီ၊ကိုက်လိုက် သက်သာလိုက်ဖြစ်နေတာအေဖဆေးရုံတင်ထားတဲ့ ရက္ကညလုံးပေါက် အိပ်ရေးပျက်တော့ပိုဆိုး လာပါတယ်။

အေဖ ဆုံးပြီးပုံမှန် အိပ်ချိန်ပေးနေလျှက်နဲ့ခေါင်းကိုက်က မသက်သာပါ။အမျိုးသမီးကလဲ ဆေးခန်းပြခိုင်းတာ အခါခါပါ၊ပြခဲ့ပြီးတာလဲ အကြိမ်ကြိမ်ပါ။ထပ်ပြခိုင်းတာလဲကိုယ်ခံစားနေရတာသူမကြည့်ရက်လို့ဆိုတာ သိပါတယ်။

ဒီရောဂါက အရှင်းပျောက်ကင်းတာမရှိဘူးဆိုပြီး ပြောနေကြတယ်၊ဆေးခန်းက ပေးမဲ့ ပိုးသတ်ဆေးလဲမသောက်ချင်လေတော့သူ့ကို သက်သာပါတယ်ဆိုပြီးကျနော် ပေကပ်ပြီး မပြပဲနေပါတယ်။

FB မွာ တွေ့ဖူးပြီးကိုယ်တိုင်လဲပြန်လည် မျှဝေဘူးတဲ့ ဆေးနည်းလေး။

(နံ့သာဖြူ နဲ့ ကင်ပွန်းသီး)ကိုသတိရမိပါတယ်။

လုပ်ကြည့်မယ် ဆိုပြီး(၂၅) ရက်နေ့ကစလုပ်ကြည့်ပါတယ်၊ထူးခြားစွာ နှာခေါင်းထဲမှ ချွဲတွေလက်ဖက်ရည် ပန်းကန်တစ်လုံးခန့်ထွက်ပါတယ်၊အဲ့ဒီညကစပြီး သိသိသာသာ
ခေါင်းကိုက် သက်သာလာပါတယ်။(၂၆) ရက်နေ့ည ထပ်လုပ်ပါတယ်၊ထပ်ထွက်ပါတယ်၊
အခုည(၂၇) ရက်နေ့မှာလဲထပ်လုပ်ပါတယ်၊ထပ်ထွက်ပါတယ်၊ခေါင်းကိုက်တာတော့ မရှိသလောက်ဖြစ်သွားပါပြီ။

ကျနော်ကတော့ အချွဲတွေကုန်တဲ့အထိ ဆက်လုပ်နေမှာပါ။ကျနော့်လို ခံစားနေရသူများအတွက်အ​မြန်သက်သာ စေချင်လို့အခုချက်ခြင်း ရေးလိုက်တာပါ။

ပြုလုပ်ပုံအဆင့်ဆင့်

သနပ်ခါး ကျောက်ပြင်တစ်ဖက်ခြမ်းမှာရေအနည်းငယ်စီထည့်ပြီးနံ့သာဖြူကိုသွေးပါ၊တစ်ဖက်မှာ ရေထည့်ပြီး ကင်ပွန်းသီးကိုသွေးပါ၊ရလာတဲ့အနှစ် ၂ ခုကိုသမအောင် ရောပေးပါ၊ပြီးလျှင် နှာခေါင်းထဲ ဝင်အောင်ထည့်ပါ၊အသက် ပြင်းပြင်း ရှူပေးပါ၊သွေးထားတာကုန် အောင်ထည့်ပါ၊ပိုလျှင် ကိုက်တဲ့နေရာနဖူးနဲ့ နှာခေါင်းပေါ်လိမ်း ပေးပါ။

စူးရှပြင်းရှသလိုလို စပ်သလိုလို ခံစားရပါမယ်၊ချက်ချင်းဆိုသလိုပဲ အချွဲတွေထွက်လာပါလိမ့်မယ်၊နှပ်ညှစ်မပြစ်ပါနဲ့၊ပါးစပ်ကနေပြန်ထွေးထုပ်ပါ၊တေတွေ ပြန်မထွက်စေရန်ပါ။

မိနစ် (၃၀) ခန့်ဆို နှပ်ညှစ်လို့ရပါပြီ။

ဒီလောက်ဆိုဒီရောဂါ ခံစားနေရသူများအဆင်ပြေမယ် ထင်ပါတယ်၊

အားလုံး ကျန်းမာချမ်းသာလိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။စာရှည်သွားတာ၊ နားလည်ပေးကြပါ၊ပျောက်စေချင်လွန်း လို့ပါ ခင်ဗျာ။

ချစ်ခြင်း မေတ္တာတွေနဲ့ကျန်းမာချမ်းသာ အေးချမ်းကြပါစေ။စာရေးသူ ကိုဝင်းဇော်ဦးမှမည်သူမဆို ရှယ်နိုင်ပါတယ်ကော်ပီကူးခွင့် ပေးထားပါတယ်

လေးစားစွာဖြင့်မူရင်းရေးသားသူကိုcreditပေးပါသည်

 

Zawgyi

 







 

 







ပြုလုပ်ပုံအဆင့်ဆင့်







Leave a Reply

Your email address will not be published. Required fields are marked *