Menu Close

ထုံကျဉ်သူအတွက် ဆေးကောင်းတစ်လက်

ထုံကျဉ်သူအတွက် ဆေးကောင်းတစ်လက်

 

အထူးသဖြင့် အထိုင်သမားများ၊ ရုံးသမား၊ စက်ချုပ်စသည်ဖြင့် စားဝတ်နေရေးအတွက် နံနက်မှသည် ညနေဆီတိုင် အလုပ်ခွင်တွင် ထိုင်ကြရပါသည်။ ကြာလာတော့ ခြေထောက်၊ ဒူးနှင့် ပေါင်က ထုံကျဉ်လာတတ်တော့သည်။

တစ်နေရာတွင် ကြာကြာမထိုင်နိုင်ပါ။ကြာလာလျှင် လေဖြတ်မည်လည်းစိုး၍ လိမ်းဆေးများလည်း လိမ်းပါသည်။ သို့သော် အဆင်မပြေ။

ယခုဆောင်းကာလ ပို၍ပင် ဆိုးပါသည်။ အမှတ်မထင် လိမ်းဆေးနည်းလေး ရသည်။ အတော်လည်း အဆင်ပြေပါသည်။ လက်တွေ့လည်း ပျောက်သည်။

(၁) ဂျင်းတက်-၁တက်

(၂) စပါးလင်(၅)ပင်၊ အမြစ်ပါယူကပိုကောင်းပါသည်။ (ရေစင်အောင်ဆေးပါ)

ထိုနှစ်မျိုးကို ဆုံကိုသန့်အောင်ပြုလုပ်ပြီး မညက်တညက်လေး ထောင်းပါ။ ထိုဂျင်းတက်နှင့် စပါးလင် ထောင်းထားသည့် ထဲသို့ သံပုရာသီး(၂)လုံးလောက် အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးပါ။ ပေါင်းစပ် ထားသော ညှစ်ရည်များ ထွက်လာပါမည်။

ထိုညှစ်ရည်ဆေးကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှ ခြေဖျားအထိ အထက်မှ အောက်သို့ ပူလာတိုင်း လိမ်းလူးပေးပြီးမှ အိပ်ရာဝင်ပါ။

(၃)ရက် (၄)ရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါ ထုံကျဉ်မှုများ ပျောက်ကင်းသွားပါလိမ့်မည်။ လက်တွေ့အကျိုးကြီးသော နည်းလေးဖြစ်ပြီး၊ စပါးလင်၊ ဂျင်းနှင့် သံပုရာရည်တို့မှာ ရှာဖွေရ လွယ်ကူသော အိမ်မီးဖိုချောင်သုံး ပစ္စည်းများ ဖြစ်ပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးကြပါစေ။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

 

Zawgyi

ထုံက်ဥ္သူအတြက္ ေဆးေကာင္းတစ္လက္

 

အထူးသျဖင့္ အထိုင္သမားမ်ား၊ ႐ုံးသမား၊ စက္ခ်ဳပ္စသည္ျဖင့္ စားဝတ္ေနေရးအတြက္ နံနက္မွသည္ ညေနဆီတိုင္ အလုပ္ခြင္တြင္ ထိုင္ၾကရပါသည္။ ၾကာလာေတာ့ ေျခေထာက္၊ ဒူးႏွင့္ ေပါင္က ထုံက်ဥ္လာတတ္ေတာ့သည္။ တစ္ေနရာတြင္ ၾကာၾကာမထိုင္နိုင္ပါ။ၾကာလာလွ်င္ ေလျဖတ္မည္လည္းစိုး၍ လိမ္းေဆးမ်ားလည္း လိမ္းပါသည္။ သို႔ေသာ္ အဆင္မေျပ။ ယခုေဆာင္းကာလ ပို၍ပင္ ဆိုးပါသည္။ အမွတ္မထင္ လိမ္းေဆးနည္းေလး ရသည္။ အေတာ္လည္း အဆင္ေျပပါသည္။ လက္ေတြ႕လည္း ေပ်ာက္သည္။

 

shweu

 

(၁) ဂ်င္းတက္-၁တက္

(၂) စပါးလင္(၅)ပင္၊ အျမစ္ပါယူကပိုေကာင္းပါသည္။ (ေရစင္ေအာင္ေဆးပါ)

ထိုႏွစ္မ်ိဳးကို ဆုံကိုသန႔္ေအာင္ျပဳလုပ္ၿပီး မညက္တညက္ေလး ေထာင္းပါ။ ထိုဂ်င္းတက္ႏွင့္ စပါးလင္ ေထာင္းထားသည့္ ထဲသို႔ သံပုရာသီး(၂)လုံးေလာက္ အရည္ညွစ္ထည့္ၿပီး လက္ျဖင့္နယ္ေပးပါ။ ေပါင္းစပ္ ထားေသာ ညွစ္ရည္မ်ား ထြက္လာပါမည္။ ထိုညွစ္ရည္ေဆးကို ညအိပ္ရာဝင္ခ်ိန္တြင္ ေပါင္တံရင္းမွ ေျခဖ်ားအထိ အထက္မွ ေအာက္သို႔ ပူလာတိုင္း လိမ္းလူးေပးၿပီးမွ အိပ္ရာဝင္ပါ။

(၃)ရက္ (၄)ရက္ ဆက္တိုက္ ေန႕တိုင္း လိမ္းေပးပါ ထုံက်ဥ္မႈမ်ား ေပ်ာက္ကင္းသြားပါလိမ့္မည္။ လက္ေတြ႕အက်ိဳးႀကီးေသာ နည္းေလးျဖစ္ၿပီး၊ စပါးလင္၊ ဂ်င္းႏွင့္ သံပုရာရည္တို႔မွာ ရွာေဖြရ လြယ္ကူေသာ အိမ္မီးဖိုေခ်ာင္သုံး ပစၥည္းမ်ား ျဖစ္ပါသည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးၾကပါေစ။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Leave a Reply

Your email address will not be published. Required fields are marked *