Menu Close

ထုံနာ၊ကျဉ်နာ၊လေဖြတ်၊လေဖြန်း၊ပါးရွဲ့၊လက်ကပ်၊သွေးလေမလျှောက်၊အညောင်းအကိုက်များအတွက် အံ့ဖွယ်လိမ်းဆေးတစ်လက်

ထုံနာ၊ကျဉ်နာ၊လေဖြတ်၊လေဖြန်း၊ပါးရွဲ့၊လက်ကပ်၊သွေးလေမလျှောက်၊အညောင်းအကိုက်များအတွက် အံ့ဖွယ်လိမ်းဆေးတစ်လက်

 

စာကျက်၊ စာပြန်၊ စာရေး၊ စာဖတ်၊ စာကြည့်ဆိုသော နေ့စဉ်လုပ်ငန်းကိစ္စများအပြင် ရုံးကိစ္စပါတွဲဖက်လာသောအခါ သွားလာလှုပ်ရှားမှု သိသိသာသာနည်းလာသည်။

အားလပ်ရက် အချိန်လေးရှာပြီး ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်သင့်တယ်လို့ စိတ်က သိထားပေမယ့် တစ်ခါတစ်ခါ ရုံးအားရက်လေးက စာရေးလို့ ပိုကောင်းနေ၍ ပိုညောင်းရပြန်လေသည်။

စာရေးသူ၏ ဘကြီးတော်စပ်သော ရမည်းသင်းမြို့နယ်၊ ပေါက်တောရွာ၊ ပေါက်တောကျောင်းဆရာတော်ထံသို့ ဖူးမြော်ကန်တော့ရန် ရောက်ရှိစဉ် ထိုအညောင်းအကိုက်အကြောင်းကို လျှောက်ထားခဲ့မိသည်။

“အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့အအေးကြောင့်ဖြစ်တဲ့ အညောင်းအကိုက်ဆိုရင်တော့ ဒီပုလင်းထဲက ဆေးကို လိမ်းကြည့်၊သိသာသွားမယ်။စာရေးသူသည် ဆရာတော်၏ အမိန့်အတိုင်း လိမ်းကြည့်ရာ

ပူရှိမ်းရှိမ်းနှင့် အကြောအခြင်များ ပျော့ပျောင်းသွားသော အရသာကို ခံစားလိုက်ရသဖြင့် ဆေးနည်းကို မေးလျှောက်ထားမိသည်။မိဿလင်၊ ချင်း(ဂျင်း)တို့ကို အမျှစီစု၊ ညက်အောင်ထောင်း၍

အရက်ဦးရည် (အရက်မီးတောက်)နှင့် ပုလင်းတွင် စိမ်ထားရန် ဖြစ်သည်။ကြာလေ ကောင်းလေ ဖြစ်သော အညောင်းအကိုက်ပျောက် လိမ်းဆေးတစ်လက်ကို ရပါပြီ။

ထုံနာ၊ကျဉ်နာ၊သွေးလေ မလျှောက်၊ လေဖြတ်၊လေဖြန်း၊ပါးရွဲ့၊ လက်ကပ်စသော ရောဂါများအတွက်လည်း ပုံမှန်လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

Credit- ကျော် (ရမည်းသင်း)

နက္ခတရောင်ခြည်မဂ္ဂဇင်း

 

Zawgyi

 

ထုံနာ၊က်ဥ္နာ၊ေလျဖတ္၊ေလျဖန္း၊ပါး႐ြဲ႕၊လက္ကပ္၊ေသြးေလမေလွ်ာက္၊အေညာင္းအကိုက္မ်ားအတြက္ အံ့ဖြယ္လိမ္းေဆးတစ္လက္

စာက်က္၊ စာျပန္၊ စာေရး၊ စာဖတ္၊ စာၾကည့္ဆိုေသာ ေန႕စဥ္လုပ္ငန္းကိစၥမ်ားအျပင္ ႐ုံးကိစၥပါ တြဲဖက္လာေသာအခါ သြားလာလႈပ္ရွားမႈ သိသိသာသာနည္းလာသည္။

အားလပ္ရက္ အခ်ိန္ေလးရွာၿပီး ကိုယ္လက္ေလ့က်င့္ခန္းေလး လုပ္သင့္တယ္လို႔ စိတ္က သိထားေပမယ့္ တစ္ခါတစ္ခါ ႐ုံးအားရက္ေလးက စာေရးလို႔ ပိုေကာင္းေန၍ ပိုေညာင္းရျပန္ေလသည္။

 

 

စာေရးသူ၏ ဘႀကီးေတာ္စပ္ေသာ ရမည္းသင္းၿမိဳ႕နယ္၊ ေပါက္ေတာ႐ြာ၊ ေပါက္ေတာေက်ာင္းဆရာေတာ္ထံသို႔ ဖူးေျမာ္ကန္ေတာ့ရန္ ေရာက္ရွိစဥ္ ထိုအေညာင္းအကိုက္အေၾကာင္းကို ေလွ်ာက္ထားခဲ့မိသည္။

“ေအးတဲ့ရာသီေတြမွာ ကိုက္ခဲတတ္တဲ့အေအးေၾကာင့္ျဖစ္တဲ့ အေညာင္းအကိုက္ဆိုရင္ေတာ့ ဒီပုလင္းထဲက ေဆးကို လိမ္းၾကည့္၊ သိသာသြားမယ္။စာေရးသူသည္ ဆရာေတာ္၏ အမိန႔္အတိုင္း လိမ္းၾကည့္ရာ

ပူရွိမ္းရွိမ္းႏွင့္ အေၾကာအျခင္မ်ား ေပ်ာ့ေပ်ာင္းသြားေသာ အရသာကို ခံစားလိုက္ရသျဖင့္ ေဆးနည္းကို ေမးေလွ်ာက္ထားမိသည္။မိႆလင္၊ ခ်င္း(ဂ်င္း)တို႔ကို အမွ်စီစု၊ ညက္ေအာင္ေထာင္း၍

အရက္ဦးရည္ (အရက္မီးေတာက္)ႏွင့္ ပုလင္းတြင္ စိမ္ထားရန္ ျဖစ္သည္။ ၾကာေလ ေကာင္းေလ ျဖစ္ေသာ အေညာင္းအကိုက္ေပ်ာက္ လိမ္းေဆးတစ္လက္ကို ရပါၿပီ။

ထုံနာ၊ က်ဥ္နာ၊ ေသြးေလ မေလွ်ာက္၊ ေလျဖတ္၊ ေလျဖန္း၊ ပါး႐ြဲ႕၊ လက္ကပ္စေသာ ေရာဂါမ်ားအတြက္လည္း ပုံမွန္လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစပါသည္။

Credit- ေက်ာ္ (ရမည္းသင္း)

Leave a Reply

Your email address will not be published. Required fields are marked *