Menu Close

ဒရင်ကောက်ပင်ဆေးဖက်ဝင်ပုံများ

ဒရင်ကောက်ပင်

 

ဟုမ္မလင်းမြို့ရောက်တော့မှ ဒရင်ကောက် ပင်တွေကိုတွေ့ရသည်။ ဈေးထဲမှာ ခင်းရောင်းထားသော ဒရင်ကောက် အစည်းတွေ ။ တောသည်လို့ခေါ်ရမလား ဆိုင်ထမ်းနဲ့ရောင်းသော အသည် တွေမှာလည်း ခြင်းတောင်း ၂ လုံးမှာ ဒရင်ကောက် နုနုတွေက အပြည့် ၊ မျက်စေ့အောက်မှာတင် ဝယ်လိုက်ကြတာ ခဏအတွင်း ကုန်သွားသည်၊ ဒရင်ကောက်ကို စားလို့ရတယ်ဆိုတာကို အညာသား ကျနော့်အတွက်တော့ အဆန်းပါ။

ဒီအရပ်မှာတော့ သူက ထင်ရှားသော ဟင်းရွက်တခုဖြစ်လို့နေသည်၊

ဒရင်ကောက်ဆိုတာ

ဒရင်ကောက်အပင်ဆိုတာ fern အနွယ်ဝင်အပင်ဖြစ်သည်။ Fern ဆိုသည်မှာ ပန်းပွင့်သောအပင်မျိုးမဟုတ် မျိုးပွားခြင်းကို အရွက်၏ အောက်ဖက် မျက်နှာပြင်ရှိ စပိုးများဖြင့် မျိုးပွားခြင်း လုပ်သောအပင်ဖြစ်သည် ။ Fern အပင်များသည် အပင်လောကတွင် ပထမဆုံး ရှေးဦးအစာရေကြောရှိသောအပင်များ Pteridophyte အုပ်စုတွင်ပါဝင်သည်။ မြန်မာနိုင်ငံတွင် တယ်ရီဒိုဖိုက် မျိုးရင်း ၃၆ ၊ မျိုးစုပေါင်း ၁၀၄ မျိုးစိတ်ပေါင်း ၄၆၀ ခန့်ရှိသည်! ဖန်းအပင်တွေက တောတောင်တွေမှာ စွတ်စိုထိုင်းမှိုင်း သောနေရာတွေ အအေးပိုင်းနေရာတွေမှာ အလေ့ကျ ပေါက်ကြသည်။

ဒရင်ကောက်တိုင်းစားမရပါ

ဒရင်ကောက်အပင်တိုင်းက စား၍မရပါ၊ အချို့သော ဒရင်ကောက် အပင်တွေက စားလျှင် လူကို အဆိပ်အတောက်ပင်ဖြစ်စေပါသည်၊ သေဆုံးသည်အထိတော့ မကြားဖူးပါ ၊ စားသုံးတာများရင် ကိုယ်တွင်း ကလီစာတွေ ထိခိုက် နိုင်ပါသည် ၊
သို့သော်လည်း Diplazium esculentum အပင်ကတော့ ferns တွေထဲမှာ စားလို့ရသည့် အမျိုးဖြစ်သည် ဒါ့ကြောင့် အပင် အမည်ကို English လို Vegetable term အဖြစ်ခေါ် ကြသည်။ နုညံ့သည် ကြမ်းသော အမွှေး မရှိ စားကောင်းသည့် အမျိုးဖြစ်သည်။ ကြော်စားသည် ချက်စားသည် သုပ်စားသည် ပေါင်းစားသည် အမျိုးမျိုး အဖုံဖုံ လုပ်စားကြသည်။

အပင်သရုပ်

Diplazium esculentum အပင်သည် အာရှတိုက် နှင့် Oceania ဒေသများတွင် သာတွေ့ရသည်။ ဒါ့ကြောင့်လည်း သူ့ကို မလေးရှား ဖိလစ်ပိုင် နီပေါ အန္ဒိယ ထိုင်း ဘိုယို ဒေသတွေမှာ စားလို့ရသော အပင်အဖြစ် သိကြသည်၊ သူတို့ ဟင်းလျာတွေမှာ ဒရင်ကောက်ညွန့်နုနုက ပါလို့နေသည်။

အပင်က နှစ်ရှည်ခံ အပင်မျိုးဖြစ်သည် ထောင်မတ်သော မြေအောက်ပင်စည်ရှိသည် အပေါ်ဖက်မှာ အကြေးခွံလေးများဖုံးထားသည် ရွက်ညှာအခြေက အနက်ရောင်သန်းပြီး scale များနဲ့ဖုံးထားသည် အရွက်ပုံစံ frond က 1.5 cm ရှိပြီး pinnae က 8 cm လောက် ရှည်သည်။ ပြင်းထန်မှု မရှိသော အဆိပ် အနည်းငယ် သာပါပြီး ကြီးမားသော ဘေးထွက်ါဆိုးကျိုးမရှိပါဘူး။ Extract ကalpha glucosidase inhibitory activity ရှိနေပါတယ်၊ ဆေးဖက်ဝင်သော အရာလည်းဖြစ်သည်။

ဒရင်ကောက်စားရင်

ဒရင်ကောက်စားရင် ကိုယ်အလေးချိန်ကျစေသည် ၊ရောဂါကူးစက်မှု တားဆီးနိုင်သည်၊ ကျမ်းမာသော သွေးဖိအားကိုရစေသည်၊ ၊ ဇီဝြဖစ်စဉ်ကို တိုးမြှင့်နိုင်သည် ၊ ကင်ဆာဖြစ်ခြင်းကို လျော့ချပေးနိုင်သည်၊ အမြင်အာရုံကောင်းစေသည် ၊ မျှတသော အဟာရဓါတ်ကိုပေးနိုင်သည်၊ အချို့ကလည်း အရွယ် နုပျိုစေသည်လို့ အယူအဆ နဲ့ စားကြသည်၊ အရွက်အနုကို စားလို့ရသလို ကြိတ်ဖတ်လုပ်ပြီး အနာများပေါ်မှာ အနာ အုံဆေး အဖြစ်လည်း အသုံးပြုနိုင်သေးသည်။

အချို့အရပ်ဒေသမှာတော့ ဒရင်ကောက်ကို “ကောက်ကောက်ညွန့် ” လို့ ခေါ်ကြသည် ၊ ဒီ ၂ ခုတူမတူကတော့ သုတေသန လုပ်ရဦးမှာပါ၊ အဆိပ်အတောက် ဖြစ်မယ်ထင်ရင် ရေနွေးဖြောလိုက်ရင် အတော်အသင့် ပြေပျောက်စေသည် ၊

အဆိပ်အတောက်ပါသော အပင်က သိသာပါသည်၊

အနည်းငယ်ကြမ်းတမ်းသည့် သဘောရှိသည်၊ အမွှေးကြမ်းတွေပါတတ်သည်။ စားလို့ရသည့် အပင် က အတော်ကို နုညံ့သည်၊ ဒါပေမည့် ဒေသခံများကိုမေးမြန်းပြီးစားတာက အသင့်လျော်ဆုံးပါ

ဘယ်လိုစားကြမလည်း

အချို့ကလည်း ပြုတ်ပြီးသားကိုခရမ်းချဉ်သီးချက် နှမ်းလှော်ထောင်း သုံပုရာသီးနဲ့ သုပ်စားကြသည် အချဉ်ကြောင့် အချွဲပျောက်ပြီး အရသာပိုရှိလာသည်၊ အချို့ကလည်း ပဲပုတ်လေးပါထည့်ပြီး ပေါင်းစားကြသည်၊ အချို့ကြတော့လည်း ဒရင်ကောက်နဲ့ ဝက်ရိုးကို ဟင်းရည်လုပ်သောက်သည်၊

ကြက်သွန်ဖြူနီ ငရုတ်သီး ငရုတ်ကောင်း ပဲငပိ ပဲငံပြာရည် မြေပဲဆံထောင်း အရသာမှုန့်များနဲ့စီမံထားသော ဒရင်ကောက်ကြော်က သားသတ်လွတ်ပေမည့် အရသာရှိလှသော ဟင်းတမယ် ဖြစ်လို့နေပါသည်၊ ကဲ မိတ်ဆွေများရော ဘယ်လိုစားပါသလည်း

Credit-သက်နိုင်ဦး(ဟုမ္မလင်းကောလိပ် )

 

Zawgyi

ဒရင္ေကာက္ပင္

 

ဟုမၼလင္းၿမိဳ႕ေရာက္ေတာ့မွ ဒရင္ေကာက္ ပင္ေတြကိုေတြ႕ရသည္။ ေဈးထဲမွာ ခင္းေရာင္းထားေသာ ဒရင္ေကာက္ အစည္းေတြ ။ ေတာသည္လို႔ေခၚရမလား ဆိုင္ထမ္းနဲ႕ေရာင္းေသာ အသည္ ေတြမွာလည္း ျခင္းေတာင္း ၂ လုံးမွာ ဒရင္ေကာက္ ႏုႏုေတြက အျပည့္ ၊ မ်က္ေစ့ေအာက္မွာတင္ ဝယ္လိုက္ၾကတာ ခဏအတြင္း ကုန္သြားသည္၊ ဒရင္ေကာက္ကို စားလို႔ရတယ္ဆိုတာကို အညာသား က်ေနာ့္အတြက္ေတာ့ အဆန္းပါ။ ဒီအရပ္မွာေတာ့ သူက ထင္ရွားေသာ ဟင္း႐ြက္တခုျဖစ္လို႔ေနသည္၊

 

 

ဒရင္ေကာက္ဆိုတာ

ဒရင္ေကာက္အပင္ဆိုတာ fern အႏြယ္ဝင္အပင္ျဖစ္သည္။ Fern ဆိုသည္မွာ ပန္းပြင့္ေသာအပင္မ်ိဳးမဟုတ္ မ်ိဳးပြားျခင္းကို အ႐ြက္၏ ေအာက္ဖက္ မ်က္ႏွာျပင္ရွိ စပိုးမ်ားျဖင့္ မ်ိဳးပြားျခင္း လုပ္ေသာအပင္ျဖစ္သည္ ။ Fern အပင္မ်ားသည္ အပင္ေလာကတြင္ ပထမဆုံး ေရွးဦးအစာေရေၾကာရွိေသာအပင္မ်ား Pteridophyte အုပ္စုတြင္ပါဝင္သည္။ ျမန္မာနိုင္ငံတြင္ တယ္ရီဒိုဖိုက္ မ်ိဳးရင္း ၃၆ ၊ မ်ိဳးစုေပါင္း ၁၀၄ မ်ိဳးစိတ္ေပါင္း ၄၆၀ ခန႔္ရွိသည္! ဖန္းအပင္ေတြက ေတာေတာင္ေတြမွာ စြတ္စိုထိုင္းမွိုင္း ေသာေနရာေတြ အေအးပိုင္းေနရာေတြမွာ အေလ့က် ေပါက္ၾကသည္။

ဒရင္ေကာက္တိုင္းစားမရပါ

ဒရင္ေကာက္အပင္တိုင္းက စား၍မရပါ၊ အခ်ိဳ႕ေသာ ဒရင္ေကာက္ အပင္ေတြက စားလွ်င္ လူကို အဆိပ္အေတာက္ပင္ျဖစ္ေစပါသည္၊ ေသဆုံးသည္အထိေတာ့ မၾကားဖူးပါ ၊ စားသုံးတာမ်ားရင္ ကိုယ္တြင္း ကလီစာေတြ ထိခိုက္ နိုင္ပါသည္ ၊
သို႔ေသာ္လည္း Diplazium esculentum အပင္ကေတာ့ ferns ေတြထဲမွာ စားလို႔ရသည့္ အမ်ိဳးျဖစ္သည္ ဒါ့ေၾကာင့္ အပင္ အမည္ကို English လို Vegetable term အျဖစ္ေခၚ ၾကသည္။ ႏုညံ့သည္ ၾကမ္းေသာ အေမႊး မရွိ စားေကာင္းသည့္ အမ်ိဳးျဖစ္သည္။ ေၾကာ္စားသည္ ခ်က္စားသည္ သုပ္စားသည္ ေပါင္းစားသည္ အမ်ိဳးမ်ိဳး အဖုံဖုံ လုပ္စားၾကသည္။

အပင္သ႐ုပ္

Diplazium esculentum အပင္သည္ အာရွတိုက္ ႏွင့္ Oceania ေဒသမ်ားတြင္ သာေတြ႕ရသည္။ ဒါ့ေၾကာင့္လည္း သူ႕ကို မေလးရွား ဖိလစ္ပိုင္ နီေပါ အႏၵိယ ထိုင္း ဘိုယို ေဒသေတြမွာ စားလို႔ရေသာ အပင္အျဖစ္ သိၾကသည္၊ သူတို႔ ဟင္းလ်ာေတြမွာ ဒရင္ေကာက္ၫြန႔္ႏုႏုက ပါလို႔ေနသည္။

အပင္က ႏွစ္ရွည္ခံ အပင္မ်ိဳးျဖစ္သည္ ေထာင္မတ္ေသာ ေျမေအာက္ပင္စည္ရွိသည္ အေပၚဖက္မွာ အေၾကးခြံေလးမ်ားဖုံးထားသည္ ႐ြက္ညွာအေျခက အနက္ေရာင္သန္းၿပီး scale မ်ားနဲ႕ဖုံးထားသည္ အ႐ြက္ပုံစံ frond က 1.5 cm ရွိၿပီး pinnae က 8 cm ေလာက္ ရွည္သည္။ ျပင္းထန္မႈ မရွိေသာ အဆိပ္ အနည္းငယ္ သာပါၿပီး ႀကီးမားေသာ ေဘးထြက္ါဆိုးက်ိဳးမရွိပါဘူး။ Extract ကalpha glucosidase inhibitory activity ရွိေနပါတယ္၊ ေဆးဖက္ဝင္ေသာ အရာလည္းျဖစ္သည္။

ဒရင္ေကာက္စားရင္

ဒရင္ေကာက္စားရင္ ကိုယ္အေလးခ်ိန္က်ေစသည္ ၊ေရာဂါကူးစက္မႈ တားဆီးနိုင္သည္၊ က်မ္းမာေသာ ေသြးဖိအားကိုရေစသည္၊ ၊ ဇီျဝဖစ္စဥ္ကို တိုးျမႇင့္နိုင္သည္ ၊ ကင္ဆာျဖစ္ျခင္းကို ေလ်ာ့ခ်ေပးနိုင္သည္၊ အျမင္အာ႐ုံေကာင္းေစသည္ ၊ မွ်တေသာ အဟာရဓါတ္ကိုေပးနိုင္သည္၊ အခ်ိဳ႕ကလည္း အ႐ြယ္ ႏုပ်ိဳေစသည္လို႔ အယူအဆ နဲ႕ စားၾကသည္၊ အ႐ြက္အႏုကို စားလို႔ရသလို ႀကိတ္ဖတ္လုပ္ၿပီး အနာမ်ားေပၚမွာ အနာ အုံေဆး အျဖစ္လည္း အသုံးျပဳနိုင္ေသးသည္။

အခ်ိဳ႕အရပ္ေဒသမွာေတာ့ ဒရင္ေကာက္ကို “ေကာက္ေကာက္ၫြန႔္ ” လို႔ ေခၚၾကသည္ ၊ ဒီ ၂ ခုတူမတူကေတာ့ သုေတသန လုပ္ရဦးမွာပါ၊ အဆိပ္အေတာက္ ျဖစ္မယ္ထင္ရင္ ေရေႏြးေျဖာလိုက္ရင္ အေတာ္အသင့္ ေျပေပ်ာက္ေစသည္ ၊ အဆိပ္အေတာက္ပါေသာ အပင္က သိသာပါသည္၊ အနည္းငယ္ၾကမ္းတမ္းသည့္ သေဘာရွိသည္၊ အေမႊးၾကမ္းေတြပါတတ္သည္။ စားလို႔ရသည့္ အပင္ က အေတာ္ကို ႏုညံ့သည္၊ ဒါေပမည့္ ေဒသခံမ်ားကိုေမးျမန္းၿပီးစားတာက အသင့္ေလ်ာ္ဆုံးပါ

ဘယ္လိုစားၾကမလည္း

အခ်ိဳ႕ကလည္း ျပဳတ္ၿပီးသားကိုခရမ္းခ်ဥ္သီးခ်က္ ႏွမ္းေလွာ္ေထာင္း သုံပုရာသီးနဲ႕ သုပ္စားၾကသည္ အခ်ဥ္ေၾကာင့္ အခြၽဲေပ်ာက္ၿပီး အရသာပိုရွိလာသည္၊ အခ်ိဳ႕ကလည္း ပဲပုတ္ေလးပါထည့္ၿပီး ေပါင္းစားၾကသည္၊ အခ်ိဳ႕ၾကေတာ့လည္း ဒရင္ေကာက္နဲ႕ ဝက္ရိုးကို ဟင္းရည္လုပ္ေသာက္သည္၊ ၾကက္သြန္ျဖဴနီ င႐ုတ္သီး င႐ုတ္ေကာင္း ပဲငပိ ပဲငံျပာရည္ ေျမပဲဆံေထာင္း အရသာမႈန႔္မ်ားနဲ႕စီမံထားေသာ ဒရင္ေကာက္ေၾကာ္က သားသတ္လြတ္ေပမည့္ အရသာရွိလွေသာ ဟင္းတမယ္ ျဖစ္လို႔ေနပါသည္၊ ကဲ မိတ္ေဆြမ်ားေရာ ဘယ္လိုစားပါသလည္း

Credit-သက္နိုင္ဦး(ဟုမၼလင္းေကာလိပ္ )

Leave a Reply

Your email address will not be published. Required fields are marked *