Menu Close

ဒူးနာခြင်းနှင့်ပတ်သတ်ပြီး ဆောင်ရန်၊ရှောင်ရန်များ

ဒူးနာခြင်းနှင့်ပတ်သတ်ပြီး ဆောင်ရန်၊ရှောင်ရန်များ

 

ဒူးခေါင်းနာကျင်ခြင်းဟာ အသက်‌အရွယ်မရွေးမှာ ခံစားရနိုင်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။

လူအတော်များများမှာကြုံတွေ့ရလေ့ရှိနေတာကြောင့်လည်း ကာကွယ့ခြင်းထက် ကုသခြင်းတွေကသာပိုများလေ့ရှိပါတယ်

ရောဂါအခြေအနေပြင်းထန်လာမှသာ ထိရောက် သေချာတဲ့ကုသမှုတွေကိုခံယူဖို့တွေးမိတတ်‌ကြတာကြောင့်လည်း နာကျင်ခြင်းတွေကို ပိုမိုကြာရှည်စွာကြုံတွေ့နေကြရတာဖြစ်ပါတယ်

ဒူးနာစေတဲ့အကြောင်းအရင်းများကတော့

အရွတ်စုတ်ပြဲခြင်း၊

လေးဖက်နာ၊

ဂေါက်ရောဂါနဲ့

အခြားသောကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။

အပျော့စားနာကျင်ခြင်းတွေကိုတော့ အချိန်ခဏလေး အတွင်းမှာပဲပျောက်ကင်းသွားအောင်ကိုယ်တိုင်ကုသနိုင်တာမို့ ဆေးရုံဆေးခန်းတွေကိုသွားဖို့မလိုအပ်ပါဘူး။အခုဖော်ပြပေးမယ့်အချက်လေးတွေကိုလိုက်နာခြင်းအားဖြင့် နာကျင်ကိုက်ခဲမှုတွေကိုသိသိသာသာလျှော့ချနိုင်မှာဖြစ်ပါတယ်

အချိန်အကြာကြီးနားမနေပါနဲ့။

ကြာရှည်စွာမလှုပ်မရှားနေခြင်းက သင့်ရဲ့ကြွက်သားတွေကို အားနည်းလာစေနိုင်ပါတယ်။ဒါကြောင့် ဒူးနာခြင်းကိုသက်သာလာအောင် အထောက်အကူပြုပေးနိုင်တဲ့ အပျော့စားလေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးပါ။

တစ်ယောက်ထဲဖြစ်နေလို့ ပုံမှန်လေ့ကျင့်ခန်း

မလုပ်ဖြစ်ဘူးဆိုရင်လည်း လူအများနဲ့ဝိုင်းဖွဲ့ပြီး မပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်နိုင်ပါတယ်။ရိုးရှင်းလွယ်ကူပြီးအကျိုးများတဲ့လေ့ကျင့်ခန်းများဖြစ်တဲ့ ‌လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း၊ရေကူးခြင်းတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

ချော်မလဲအောင်ဂရုစိုက်ပါ။

နာကျင်ကိုက်ခဲနေတဲ့ဒူးခေါင်းကြောင့် သင့်အနေနဲ့ မကြာခဏချော်လဲခြင်းတွေကိုကြုံတွေ့ရနိုင်ပါတယ်။ဒါဟာ လက်ရှိအခြေအနကိုပါပိုမိုဆိုးရွားစေမှာဖြစ်တာကြောင့် သင့်အနေနဲ့ အထူးဂရုပြုဖို့လိုအပ်ပါတယ်။

ရေခဲကပ်ပေးခြင်း၊ကောင်းစွာအနားယူပေးခြင်းတွေက သာမန်နာကျင်ခြင်းတွေအတွက်ရော လေးဖက်နာကြောင့်ဖြစ်လာတဲ့နာကျင်ကိုက်ခဲခြင်းတွေအတွက်ပါ အထူးသင့်လျော်လှပါတယ်။

အဝမလွန်ပါစေနဲ့။

သင့်အနေနဲ့အဝလွန်လာပြီဆိုရင်တော့ ဒူးခေါင်းမှာ ဖိအားတွေပိုများလာမှာဖြစ်တာကြောင့် နာကျင် ကိုက်ခဲခြင်းတွေကိုမလွဲမသွေကြုံတွေ့လာရမှာပါ။ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ကိုယ်အလေးချကြောင့်ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ကိုယ်အလေးချိန်ကို အလေးထားထိန်းသိမ်းထားသင့်ကြောင်း အကြံပြုပါရစေ။သေးငယ်တဲ့ပြောင်းလဲနေထိုင်မှုလေးတွေကလည်း တွေကိုပေးစွမ်းနိုင်ကြောင့်သတိပြုဖို့လိုအပ်ပါတယ်။

သင့်ရဲ့အဆစ်တွေကိုမထိခိုက်ပါစေနဲ့။

ပြင်းထန်လွန်းတဲ့လေ့ကျင့်ခန်းတွေဟာ ဒူးနာ နေချိန်မှာတော့ လုံးဝမပြုလုပ်သင့်ပါဘူး။

ပြေးခြင်း၊ခုန်ခြင်းအစရှိတာတွေက သာမန်အချိန်မှာဘာမှမဖြစ်နိုင်ပေမယ့် ဒူးနာနေချိန်မှာတော့ အရိုးအဆစ်တွေကို ဒဏ်ဖြစ်သွားစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပေးသင့်ပေမယ့်လည်း မမှန်ကန်တဲ့နည်းလမ်းတွေကနေတော့ ဘယ်လိုကောင်းကျိုးမှမရနိုင်တာကိုတော့ သတိပြုဆင်ခြင်သင့်ပါတယ်။

credit to orginal writter

 

Zawgyi

 





 

 


အရွတ်စုတ်ပြဲခြင်း၊

လေးဖက်နာ၊

ဂေါက်ရောဂါနဲ့











အဝမလွန်ပါစေနဲ့။






Leave a Reply

Your email address will not be published. Required fields are marked *