Menu Close

နားကိုက်၊ပါး၊ပါးစပ်၊မျက်နှာစောင်းရွဲ့၊လေဖြန်း၊လေဖြတ်၊လိပ်ခေါင်းဖြစ်နေသူများအတွက်ကုက္ကိုဆီ

နားကိုက်၊ပါး၊ပါးစပ်၊မျက်နှာစောင်းရွဲ့၊လေဖြန်း၊လေဖြတ်၊လိပ်ခေါင်းဖြစ်နေသူများအတွက်ကုက္ကိုဆီနှင့်ကုက္ကိုဆီပြုလုပ်ပုံ။

 

အိမ်တိုင်း အိမ်တိုင်း အမြဲဆောင်ထားသင့်သော ကုက္ကိုဆီ ပြုလုပ်ပုံ

ကုက္ကိုသည် သဘောၤကုက္ကို ခေါ် ကုလားကုက္ကို နှင့် “အညာ ကုက္ကို ခေါ် မြန်မာကုက္ကို´´ ဟူ၍ (၂) မျိုးရှိရာ “အညာကုက္ကိုပင် ” ၏ အသုံးဝင်ပုံများကို မျှဝေပေးပါမည်။

ကုက္ကိုဆီ ပြုလုပ်ပုံ အဆင့် (၅)ဆင့်

၁။အညာကုက္ကိုပင်၏ အသီး(အစေ့)၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် ဤပဉ္စငါးပါးအား တစ်မျိုးလျှင် (၂၀)ကျပ်သားဆီ ယူ၍ ရေ (၂၀) လီတာ ဖြည်ပြီး ၂၄နာရီ (၁ရက်)စိမ်ထားပါ။

၂။အချိန်စေ့သော် ဤ ပဉ္စငါးပါး အားလုံးရော၍ ထောင်းပါ။

၃။၎င်းကို (ကလိုင်)သုတ်ထားသော အိုးမှာ ထည့်၍ မီးညင်းညင်းဖြင့်ချက်ပါ။

၄။သုံး ပုံ တစ်ပုံ ကျန်သောအခါ ဖိုခွင်မှ ချ၍ လက်ဖြင့် နယ်ပြီး အရည်ကို စစ်ပါ။ ၎င်းအရည်ကိုမုန်ညင်းဆီ ထည့်၍ ချက်ပါ။

(မုန်ညင်းဆီ=၂၀ကျပ်သား) နှမ်းဆီ၊ ထောပတ်ဆီနှင့်လည်း ချက်နိုင်သည်။

၅။ရေအားလုံး ခန်းပြီး ဆီသာကျန်သောအခါ ဖိုမှ ချ၍ အအေးခံပါ။ အေးမှ ပုလင်းထဲတွင် ထည့်ထားပါ။လေလုံအောင်ထားပါ။ဤဆီကို ကုက္ကိုပဉ္စငါးပါးဆီ ဟုခေါ်ရပါမည်။

 

 

ဤဆီသည် အိမ်တိုင်းအိမ်တိုင်း အမြဲ ဆောင်ထားသင့်သော ကျန်းမာရေးအတွက် လွန်စွာတန်ဖိုးရှိပါတယ်။ကြော်၊ ချက်၊ ဆမ်း၊ နယ်၊ စားခြင်းကို တစ်လ တစ်ကြိမ် ပြုလုပ်သွားလျှင် လေနှင့် ပတ်သတ်သော ရောဂါများ လုံးဝ မဖြစ်ပွားနိုင်။ မကပ်ရောက်နိုင်ပါ။

-နားကိုက်လျှင် ၎င်းဆီကို ကြက်သီးနွေးဖြစ်အောင် ဇွန်တွင်ထည့် မီးပူပေး တစ်စက် နှစ်စက် နားမှာထည့် ချက်ချင်းပျောက်၏။

-သွားကိုက်လျှင် ၄င် ဆီ ကို ငုံပေးပါ။သွားတိုက်ပါ။ချက်ချင်းသပ်ပျောက်၏။

-ခါးနာ၊ဒူးနာ၊လေငန်းရောဂါ၊လေဖြန်း ရောဂါများအတွက် ၎င်းဆီကိုလိမ်းပေးခြင်းဖြင့် သပ်သာ ပျောက်ကင်း၏။

-ပါးရွဲ့၊ ပါးစပ်ရွဲ့၊ မျက်နှာ စောင်းရွဲ့၊ကိုယ်တစ်ခြမ်းသေ၊လေဖြတ် နေသူများအား ၎င်းဆီဖြင့် လိမ်းပြီး နာနာ ပွတ်ပေးပါ။စောင်းရွဲ့ နေသောဘက်မှ မစောင်းရွဲ့သောဘက်သို့ ဆွဲဆွဲ ပေးရမည်။ ဆေးလိမ်းပြီးနောက်လေလုံရာနေပါ။လုံးဝ ပျောက်ကင်းပါသည်။

ဤဆေးကို မှီဝဲပါက သွေးသား မစင်ကြယ်မှုကြောင့် ဖြစ်သောယားနာ၊အဖု၊အပိမ့်ထွက်ခြင်း၊အကွက်ထွက်ခြင်း စသော ရောဂါများ လုံးဝ မဖြစ်ပါ။ကုက္ကိုသည် သွေးသား အလွန်စင်ကြယ်သောကြောင့် ဖြစ်ပါတယ်။

-လိပ်ခေါင်းအတွက်ဆေးနည်း

လိပ်ခေါင်းမှ သွေးနီကျလျှင် ကုက္ကိုအစေ့ ညက်စွာ အမှုန့်ပြု (၂ရွေးသား)ခန့် နေ့/ည ၂ကြိမ် ရေနှင့်သောက်ပါ။၃ရက် မြောက်သော် သွေးပိတ်သွားလိမ့်မည်။(မှတ်ချက် ။ ။ သွေးနက် သွေးမည်း ကျလျှင် မသောက်ရ)

လိပ်ခေါင်းကို ဆေးကြောပြီးလျှင် ကုက္ကိုဆီနှင့် နှမ်းဆီဆတူရော သေချာနယ်ပေးပါ။တဖြည်းဖြည်း ငြိုးလာပြီး ခြောက်၍ ပျောက်ကင်းပါလိမ့်မယ်။

ကုက္ကိုပဉ္စငါးပါး အဆီ၏ အသုံးဝင်ပုံက ကျယ်ပြန့်လှပါတယ်။ထို့ကြောင့် အိမ်တိုင်းအိမ်တိုင်း အမြဲ ဆောင်ထားသင့်တဲ့ ဆီဖြစ်ပါတယ်။

Credit-စေတနာဖြင့် ဆရာဦးရွှေသုဝဏ် 09-767457334

 

Zawgyi

နားကိုက္၊ပါး၊ပါးစပ္၊မ်က္ႏွာေစာင္း႐ြဲ႕၊ေလျဖန္း၊ေလျဖတ္၊လိပ္ေခါင္းျဖစ္ေနသူမ်ားအတြက္ကုကၠိဳဆီႏွင့္ကုကၠိဳဆီျပဳလုပ္ပုံ။

 

အိမ္တိုင္း အိမ္တိုင္း အၿမဲေဆာင္ထားသင့္ေသာ ကုကၠိဳဆီ ျပဳလုပ္ပုံ

ကုကၠိဳသည္ သေဘာကၤုကၠိဳ ေခၚ ကုလားကုကၠိဳ ႏွင့္ “အညာ ကုကၠိဳ ေခၚ ျမန္မာကုကၠိဳ´´ ဟူ၍ (၂) မ်ိဳးရွိရာ “အညာကုကၠိဳပင္ ” ၏ အသုံးဝင္ပုံမ်ားကို မွ်ေဝေပးပါမည္။

 

 

ကုကၠိဳဆီ ျပဳလုပ္ပုံ အဆင့္ (၅)ဆင့္

၁။အညာကုကၠိဳပင္၏ အသီး(အေစ့)၊ အ႐ြက္၊ အပြင့္၊ အေခါက္၊ အျမစ္ ဤပၪၥငါးပါးအား တစ္မ်ိဳးလွ်င္ (၂၀)က်ပ္သားဆီ ယူ၍ ေရ (၂၀) လီတာ ျဖည္ၿပီး ၂၄နာရီ (၁ရက္)စိမ္ထားပါ။

၂။အခ်ိန္ေစ့ေသာ္ ဤ ပၪၥငါးပါး အားလုံးေရာ၍ ေထာင္းပါ။

၃။၎ကို (ကလိုင္)သုတ္ထားေသာ အိုးမွာ ထည့္၍ မီးညင္းညင္းျဖင့္ခ်က္ပါ။

၄။သုံး ပုံ တစ္ပုံ က်န္ေသာအခါ ဖိုခြင္မွ ခ်၍ လက္ျဖင့္ နယ္ၿပီး အရည္ကို စစ္ပါ။ ၎အရည္ကိုမုန္ညင္းဆီ ထည့္၍ ခ်က္ပါ။(မုန္ညင္းဆီ=၂၀က်ပ္သား) ႏွမ္းဆီ၊ ေထာပတ္ဆီႏွင့္လည္း ခ်က္နိုင္သည္။

၅။ေရအားလုံး ခန္းၿပီး ဆီသာက်န္ေသာအခါ ဖိုမွ ခ်၍ အေအးခံပါ။ ေအးမွ ပုလင္းထဲတြင္ ထည့္ထားပါ။ေလလုံေအာင္ထားပါ။ဤဆီကို ကုကၠိဳပၪၥငါးပါးဆီ ဟုေခၚရပါမည္။

ဤဆီသည္ အိမ္တိုင္းအိမ္တိုင္း အၿမဲ ေဆာင္ထားသင့္ေသာ က်န္းမာေရးအတြက္ လြန္စြာတန္ဖိုးရွိပါတယ္။ေၾကာ္၊ ခ်က္၊ ဆမ္း၊ နယ္၊ စားျခင္းကို တစ္လ တစ္ႀကိမ္ ျပဳလုပ္သြားလွ်င္ ေလႏွင့္ ပတ္သတ္ေသာ ေရာဂါမ်ား လုံးဝ မျဖစ္ပြားနိုင္။ မကပ္ေရာက္နိုင္ပါ။

-နားကိုက္လွ်င္ ၎ဆီကို ၾကက္သီးေႏြးျဖစ္ေအာင္ ဇြန္တြင္ထည့္ မီးပူေပး တစ္စက္ ႏွစ္စက္ နားမွာထည့္ ခ်က္ခ်င္းေပ်ာက္၏။

-သြားကိုက္လွ်င္ ၄င္ ဆီ ကို ငုံေပးပါ။သြားတိုက္ပါ။ခ်က္ခ်င္းသပ္ေပ်ာက္၏။

-ခါးနာ၊ဒူးနာ၊ေလငန္းေရာဂါ၊ေလျဖန္း ေရာဂါမ်ားအတြက္ ၎ဆီကိုလိမ္းေပးျခင္းျဖင့္ သပ္သာ ေပ်ာက္ကင္း၏။

-ပါး႐ြဲ႕၊ ပါးစပ္႐ြဲ႕၊ မ်က္ႏွာ ေစာင္း႐ြဲ႕၊ကိုယ္တစ္ျခမ္းေသ၊ေလျဖတ္ ေနသူမ်ားအား ၎ဆီျဖင့္ လိမ္းၿပီး နာနာ ပြတ္ေပးပါ။ေစာင္း႐ြဲ႕ ေနေသာဘက္မွ မေစာင္း႐ြဲ႕ေသာဘက္သို႔ ဆြဲဆြဲ ေပးရမည္။ ေဆးလိမ္းၿပီးေနာက္ေလလုံရာေနပါ။လုံးဝ ေပ်ာက္ကင္းပါသည္။

ဤေဆးကို မွီဝဲပါက ေသြးသား မစင္ၾကယ္မႈေၾကာင့္ ျဖစ္ေသာယားနာ၊အဖု၊အပိမ့္ထြက္ျခင္း၊အကြက္ထြက္ျခင္း စေသာ ေရာဂါမ်ား လုံးဝ မျဖစ္ပါ။ကုကၠိဳသည္ ေသြးသား အလြန္စင္ၾကယ္ေသာေၾကာင့္ ျဖစ္ပါတယ္။

-လိပ္ေခါင္းအတြက္ေဆးနည္း

လိပ္ေခါင္းမွ ေသြးနီက်လွ်င္ ကုကၠိဳအေစ့ ညက္စြာ အမႈန႔္ျပဳ (၂ေ႐ြးသား)ခန႔္ ေန႕/ည ၂ႀကိမ္ ေရႏွင့္ေသာက္ပါ။၃ရက္ ေျမာက္ေသာ္ ေသြးပိတ္သြားလိမ့္မည္။ (မွတ္ခ်က္ ။ ။ ေသြးနက္ ေသြးမည္း က်လွ်င္ မေသာက္ရ)

လိပ္ေခါင္းကို ေဆးေၾကာၿပီးလွ်င္ ကုကၠိဳဆီႏွင့္ ႏွမ္းဆီဆတူေရာ ေသခ်ာနယ္ေပးပါ။ တျဖည္းျဖည္း ၿငိဳးလာၿပီး ေျခာက္၍ ေပ်ာက္ကင္းပါလိမ့္မယ္။

ကုကၠိဳပၪၥငါးပါး အဆီ၏ အသုံးဝင္ပုံက က်ယ္ျပန႔္လွပါတယ္။ထို႔ေၾကာင့္ အိမ္တိုင္းအိမ္တိုင္း အၿမဲ ေဆာင္ထားသင့္တဲ့ ဆီျဖစ္ပါတယ္။

Credit-ေစတနာျဖင့္ ဆရာဦးေ႐ႊသုဝဏ္ 09-767457334

Leave a Reply

Your email address will not be published. Required fields are marked *