Menu Close

နှစ်နဲ့ချီခံစားနေရတဲ့ သွားရောဂါ ၂ရက်၃ရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်

နှစ်နဲ့ချီခံစားနေရတဲ့ သွားရောဂါ ၂ရက်၃ရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်

 

သွားရောဂါအတွက်သတင်းကောင်း၊တကယ်အံ့သြစရာပါ။နှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်။

ကြိုတင်ဝန်ခံပါရစေ။ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေဒနာရှင်ဗျ။ ကိုယ့်ရောဂါ ကိုယ့်ဝေဒနာကို ကိုယ့်ဖာသာ မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်း ရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။ ဒီလိုဗျ-၂၀၁၇ ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်း လှုပ်ပြီး မခံမရပ် ကိုက်လွန်းလို့ ဆရာဝန်သွားပြတယ်။ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး။စားဆေးပေးပြီး ထိန်းလိုက်တယ်။ သက်သာသွားတယ်။

ဒါပေမယ့် သွားရဲ့ဘေးမှာ အဖုကလေးလိုဖြစ်ပြီး ပြည်တည်လာတယ်။ ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ ပြည်တည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့် ညှစ်ထုတ်လိုက်လို့ ပြည်ထွက်သွားရင် တစ်ပါတ်လောက် နေထိုင်လို့ ကောင်းသွားပြန်ရော။ ပြီးရင်ပြန်ထွက်။ ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ် နေ့တိုင်းသောက်လာလိုက်တာ ၂၀၁၇မှ ၂၀၁၉ခုနှစ် ထိပဲ။

၂နှစ် ပြည့်တော့မယ်။ နှစ်ချီကြာလာတော့ ကင်ဆာဘာညာ လန့်လာပြီလေ။ ရန်ကုန်ရောက်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ ဆက်ပြတယ်။ ဆရာဝန်က ဓါတ်မှန်ရိုက် စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ ဆက်ကုပေါ့။ သက်သာသလို ရှိပေမယ့် အနာပြည်ထွက်တာတော့ ထုံးစံအတိုင်းပဲ။ တင်းပြီလေ။ လူက ခတ်ရွတ်ရွတ်ဆိုတော့ တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။ တမာရွက်တွေဝါး။ တမာခေါက်ငုံ။ ဆားရေငုံ မရပါဘူး။

 

 

တစ်နေ့ ဖုန်းပွတ်ရင်း ကျောက်ချဉ်အာနိသင်အကြောင်း ပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်း ရေးထားတာလေးတွေ့လို့ ဖတ်ကြည့်ရင်း အကြံပေါ်လာတာနဲ့ ထုံးစံအတိုင်း စမ်းသပ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး) အဲဒီမှာ ကြက်ကန်းဆန်အိုး တိုးတော့တာပဲဗျို့”တစ်ကယ်အံ့သြစရာပါ”နှစ်နဲ့ချီ ခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း အစအနမကျန် ပျောက်ကင်းသွားတယ်ဆိုရင် ခင်ဗျားတို့ယုံမလား၊ အံ့သြမလားကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့။

ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။ ဘဝတူတွေအတွက် စိတ်ဒါဏ်ရာတစ်ချို့ သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။

ကုနည်း

၁။ကျောက်ချဉ် နှစ်ရာတန် တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ်။ အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံ သန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးညှစ်လို့ရတဲ့အရည်နဲ့ ပင်စိမ်းရောသမ၊ ပြီးလျှင်တစ်နေ့သုံးကြိမ်ထည့်။ ဒါပဲ။

ဘဝတူများ ဝေဒနာပျောက်၍ လိုရာခရီးရောက်ကြပါစေ။

Credit-Original Uploader

 

Zawgyi

ႏွစ္နဲ႕ခ်ီခံစားေနရတဲ့ သြားေရာဂါ ၂ရက္၃ရက္အတြင္း အစအနမက်န္ ေပ်ာက္ကင္းသြားတယ္

 

သြားေရာဂါအတြက္သတင္းေကာင္း၊တကယ္အံ့ၾသစရာပါ။ႏွစ္နဲ႕ခ်ီခံစားေနရတဲ့ေရာဂါ ႏွစ္ရက္သုံးရက္အတြင္း အစအနမက်န္ ေပ်ာက္ကင္းသြားတယ္။

ႀကိဳတင္ဝန္ခံပါရေစ။က်ဳပ္က ဆရာဝန္မဟုတ္ဘူး။ ေဝဒနာရွင္ဗ်။ ကိုယ့္ေရာဂါ ကိုယ့္ေဝဒနာကို ကိုယ့္ဖာသာ မွန္းကု ရမ္းကု ေဒါက္တာရမ္းကုလုပ္ရင္း ရရွိလာတဲ့အက်ိဳးကို မွ်ေဝလိုက္တာ။ ဒီလိုဗ်-၂၀၁၇ ခုႏွစ္မွာ က်ဳပ္အံသြားတစ္ေခ်ာင္း လႈပ္ၿပီး မခံမရပ္ ကိုက္လြန္းလို႔ ဆရာဝန္သြားျပတယ္။ ဆရာဝန္ကသြားရဲ႕တန္ဖိုးကိုသိေတာ့ မႏုတ္ေစခ်င္ဘူး။ စားေဆးေပးၿပီး ထိန္းလိုက္တယ္။ သက္သာသြားတယ္။

ဒါေပမယ့္ သြားရဲ႕ေဘးမွာ အဖုကေလးလိုျဖစ္ၿပီး ျပည္တည္လာတယ္။ ဆရာဝန္ထပ္ျပ ေဆးထပ္ေပး ဒီလိုနဲ႕ပဲသံသရာလည္ေနတာေပါ့။ ျပည္တည္တဲ့အခါ သြားဖုံးတင္းၿပီး ေနထိုင္ရခက္ေပမယ့္ ညွစ္ထုတ္လိုက္လို႔ ျပည္ထြက္သြားရင္ တစ္ပါတ္ေလာက္ ေနထိုင္လို႔ ေကာင္းသြားျပန္ေရာ။ ၿပီးရင္ျပန္ထြက္။ ေဆးကေတာ့ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ ေန႕တိုင္းေသာက္လာလိုက္တာ ၂၀၁၇မွ ၂၀၁၉ခုႏွစ္ ထိပဲ။

၂ႏွစ္ ျပည့္ေတာ့မယ္။ ႏွစ္ခ်ီၾကာလာေတာ့ ကင္ဆာဘာညာ လန႔္လာၿပီေလ။ ရန္ကုန္ေရာက္ေတာ့ သြားဘက္ဆိုင္ရာ ဆရာဝန္နဲ႕ ဆက္ျပတယ္။ ဆရာဝန္က ဓါတ္မွန္ရိုက္ စစ္ေဆး အေျဖက ကင္ဆာမျဖစ္ေသးဘူးဆိုေတာ့ စိတ္ေအးၿပီမို႔ ဆက္ကုေပါ့။ သက္သာသလို ရွိေပမယ့္ အနာျပည္ထြက္တာေတာ့ ထုံးစံအတိုင္းပဲ။ တင္းၿပီေလ။ လူက ခတ္႐ြတ္႐ြတ္ဆိုေတာ့ ေတြ႕သမွ် လမ္းေဘးအ႐ြက္ေတြခူး အရည္ထြက္ေအာင္ႀကိတ္ အနာထဲထည့္ေပါ့။ တမာ႐ြက္ေတြဝါး။ တမာေခါက္ငုံ။ ဆားေရငုံ မရပါဘူး။

တစ္ေန႕ ဖုန္းပြတ္ရင္း ေက်ာက္ခ်ဥ္အာနိသင္အေၾကာင္း ပင္စိမ္း႐ြက္နဲ႕ သံပုရာသီးအေၾကာင္း ေရးထားတာေလးေတြ႕လို႔ ဖတ္ၾကည့္ရင္း အႀကံေပၚလာတာနဲ႕ ထုံးစံအတိုင္း စမ္းသပ္တာေပါ့။(သြားနဲ႕ပါတ္သက္တာေတာ့မပါပါဘူး) အဲဒီမွာ ၾကက္ကန္းဆန္အိုး တိုးေတာ့တာပဲဗ်ိဳ႕”တစ္ကယ္အံ့ၾသစရာပါ”ႏွစ္နဲ႕ခ်ီ ခံစားေနရတဲ့ေရာဂါ ႏွစ္ရက္သုံးရက္အတြင္း အစအနမက်န္ ေပ်ာက္ကင္းသြားတယ္ဆိုရင္ ခင္ဗ်ားတို႔ယုံမလား၊ အံ့ၾသမလားက်ဳပ္ ဘယ္လိုခံစားရမလဲ စဥ္းစားသာၾကည့္ေတာ့။

 

 

ယိုင္နဲ႕ေနတဲ့သြားလည္း ျပန္ခိုင္သြားၿပီေလ။ ဘဝတူေတြအတြက္ စိတ္ဒါဏ္ရာတစ္ခ်ိဳ႕ သက္သာေစရန္ ေစတနာနဲ႕ေဝမွ်လိုက္တယ္။

ကုနည္း

၁။ေက်ာက္ခ်ဥ္ ႏွစ္ရာတန္ တစ္ထုပ္ဝယ္ၿပီး အမႈန႔္ႀကိတ္။ အဲ့ဒီအမႈန႔္ကို အနာရွိတဲ့ဒါဏ္ရာထဲထည့္။ တစ္ေန႕ႏွစ္ႀကိမ္။

၂။ပင္စိမ္းပင္တစ္ရာဖိုးဝယ္ ငျငဳပ္ဆုံ သန႔္သန႔္နဲ႕ေထာင္း။ သံပုရာသီးတစ္လုံးညွစ္လို႔ရတဲ့အရည္နဲ႕ ပင္စိမ္းေရာသမ၊ ၿပီးလွ်င္တစ္ေန႕သုံးႀကိမ္ထည့္။ ဒါပဲ။

ဘဝတူမ်ား ေဝဒနာေပ်ာက္၍ လိုရာခရီးေရာက္ၾကပါေစ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *