Menu Close
နှလုံးရောဂါ၊ ဆီးရောဂါ၊ညောင်းကျရောဂါများအတွက် ကရမက်ပင် အစွမ်းထက်ဆေးအသုံး
နှလုံးရောဂါ၊ ဆီးရောဂါ၊ညောင်းကျရောဂါများအတွက် ကရမက်ပင် အစွမ်းထက်ဆေးအသုံး
ညောင်းညာကိုက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သလိပ်ကြေစေပြီး နှလုံးရောဂါဖြစ်ခြင်းတို့အတွက် ကရမက်ပင်နှင့် ဆေးအသုံး
အလွန်ဆေးဖက်ဝင်သော ကရမက်ပန်းပင်သည် အပင်ကြီးမျိုး ဖြစ်သည်။အမြင့်ပေ ၄၀ ၊ လုံးပတ် ၄-၈ ပေ ရှိသည်။အခေါက်အညိုရောင်ပေါ်တွင် အဖြူရောင်ရောနေပြီး မာကြောသော အနှစ်ပါရှိသည်။အသားစိုတွင်မွှေးကြိုင်သောအနံ့ လုံး၀ မရှိချေ။သစ်တောအစိုအတွင်း ခုတ်လှဲထားပြီးနောက် ဆွေးမြည့်စေသည့် မှိုတစ်မျိုး ဝင်ရောက် စွဲကပ်လာမှသာ မွှေးကြိုင်သောအနံ့ ဖြစ်ပေါ်လာသည်။
အသုံးပြုပုံ
အမြစ်၊ အသား
၁။သွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း၊ သောက်ခြင်းဖြင့်လည်းကောင်း၊ သလိပ်ကြေစေပြီး နှလုံးရောဂါ၊ ဆီးရောဂါ၊ညောင်းကျရောဂါများ ပျောက်ကင်း၏။
၂။သွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏။
ပူပြင်းတဲ့ကာလမှာ ကလေးများ တစ်ရွေးသား သွေးတိုက်ပါ။
လူကြီးများ နခေါင်းသွေးလျှံပါက လ္ဘက်စားတစ်ဇွန်းတိုက်ပါက သွေးယိုစီးမှု ရပ်သွားသည်။ဆေးအဖြစ်သုံးနိုင်သည်။အညှော်ခံဆေးအဖြစ် သုံးနိုင်သည်။ကလေး၊ လူကြီး အမြဲသုံးသင့်တယ်။အနာများအညှော်မိပါက သွေးသောက်ပါ။ညောင်းညာနေပါက ရေချိုးပြီးလိမ်းပါ၊ လန်းဆန်းသွားသည်။
Credit-မြန်မာဆေးစွမ်းကောင်းများ
Zawgyi
shweu
အသုံးပြုပုံ
အမြစ်၊ အသား
Leave a Reply
Your email address will not be published. Required fields are marked *