Menu Close

နှာရည်ပုပ်ခြင်းနှာခေါင်းပိတ်ခြင်းရိုးရိုးအဆက်မပြတ်ချောင်းတဟွတ်ဟွတ်ဆိုးခြင်းများအတွက်လက်တွေ့ပျောက်ကင်းတဲ့ဆေးနည်း

နှာရည်ပုပ်ခြင်းနှာခေါင်းပိတ်ခြင်းရိုးရိုးအဆက်မပြတ်ချောင်းတဟွတ်ဟွတ်ဆိုးခြင်းများအတွက်လက်တွေ့ပျောက်ကင်းတဲ့ဆေးနည်းတိုလေးပါ

 

 

နှာခေါင်းမှ  နှာရည်အဆက်မပြတ် စီးကျပြီး  မကြာခဏ ညှစ်ထုတ်ရခြင်း ၊နှာခေါင်း  နီရဲ ရောင်ရမ်း၍  နှာခေါင်းအ၀များ  အထိမခံနိုင်လောက်အောင်နာကျင်စွာ ခံစားရခြင်း ၊ကြာရှည်၌   နှာရည်များ  ပုပ်အက်အက် အနံ့ပင် ထွက်လာခြင်းအတွက်

ဆေးနည်း

 

shweu

 

ကင်ပွန်းသီး  ရင့်ရင့် အခြောက်တစ်တောင့်အား   သန့်စင်အောင်ဆေး၊ ကျောက်ပျဉ်သန့်သန့်တွင်  ဆန်ဆေးရည်နှင့်  ခပ်ပျစ်ပျစ်သွေးပြီးထိုဆေးရည်ကို  နှာခေါင်းတစ်ခုလုံး  ခပ်ထူထူ လိမ်းပေးပါ ၊၊

နှာခေါင်း၀အတွင်းသို့ဖြေးညင်းစွာ  ခပ်ပါးပါးလေး  ထည့်သွင်းသုတ်လိမ်းပေးရင်း  ဖြေးညင်းစွာ ရှူပေးရပါမည် ၊၊  အားလုံး လိမ်းပြီးပါက  ပက်လက်လှန်၍  ဆေးခြောက်သွားသည်အထိ  ငြိမ်သက်စွာ  နားရပါမည် ၊၊

နံနက်တစ်ကြိမ် ၊ ညအိပ်ရာ၀င်ခါနီး  တစ်ကြိမ်၊ (၃ ) ရက်ခန့်လိမ်းပြီးပါက  သိသာစွာ  သက်သာလာမည်၊၊

ရောဂါနုလျှင်  တစ်ပတ်ခန့်ရောဂါကြီးမားပါက  နှစ်ပတ်ခန့် ကြာတတ်ပါသည် ၊၊နှစ်ပတ်နှင့် မပျောက်ကင်းပါကလည်း  ဇွဲမလျော့ပဲ  ပုံမှန်လိမ်းပေးပါက သက်သာစွာ  ပျောက်ကင်းစေပါသည်၊၊

နှစ်ရှည်လများ  နှာခေါင်းပိတ်ခြင်း ၊နှာခေါင်းဖြင့်  အသက်ရှူမရပဲ  ပါးစပ်ဖြင့် အသက်ရှူရခြင်း  အတွက်

ဆေးနည်း

လင်ပန်း ( သို့) ဒယ်အိုးဖုံးပေါ်တွင် မီးအရှိန်နီရဲနေသော မီးခဲလက်သီးစုပ်ခန့် လေးငါးခဲတင်ပါ ၊၊

ကင်ပွန်းသီး  ရင့်ရင့်  အခြောက် တစ်တောင့်အား  ထိုမီးခဲပေါ်သို့တင်ပြီး  မီးခိုးငွေ့အား  ခံသာရုံ အနေ ဖြေးညင်းစွာ ရှူပါ ၊၊အစ၌  ရှူရခက်သော်လည်း  နှာ၀အတွင်း အငွေ့၀င်စေဖို့  လိုပါမည်၊၊   တစ်ကြိမ်ဆောင်ရွက်ရုံဖြင့်  မထူးခြားနိုင်ပါ ၊၊ မိမိ ရောဂါ အနုအရင့် ကိုလိုက်ပြီး  နံနက်တစ်ကြိမ်၊  ည တစ်ကြိမ်  ဆောင်ရွက်ပါ၊၊

( ၃)(၄ ) ရက်ခန့် အကြာတွင်  နှာခေါင်းမှနှပ်များ   အတောင့်လိုက် ထွက်ကျလာပါမည် ၊၊

ရိုးရိုး  ချောင်းတဟွတ်ဟွတ်  အဆက်မပြတ်ဆိုးပါက

ဆေးနည်း 

မည်သည့်ပဲပင်ပေါက်  အမျိုးအစားဖြစ်စေ  ၅ကျပ်သားခန့်အားသန့်စင်အောင်ဆေးကြော ၊ မတ်ခွက်ထဲထည့် ၊ ပွက်ပွက်ဆူထားသော  ရေနွေးအဖြူအား  ပဲပင်ပေါက်မြှုပ်ရုံ  လောင်းထည့်၊၊

( ၃) မိနစ်ခန့်ထားပြီး ထိုအရည်ကို  နည်းနည်းခြင်း

ကုန်စင်အောင်  သောက်သုံးရမည်၊၊ တစ်နေ့ (၃ )ကြိမ်နှုန်း၊  ( ၃) ရက်ခန့်အကြာ၌ လုံးဝပျောက်ကင်း၏။

 

creditဆောင်းပါးရှင်  ဦးကိုကိုကြီး (ကျန်းမာရေးအတွက်ဆေးတစ်ခွက်)

 

Zawgyi

ႏွာရည္ပုပ္ျခင္းႏွာေခါင္းပိတ္ျခင္းရိုးရိုးအဆက္မျပတ္ေခ်ာင္းတဟြတ္ဟြတ္ဆိုးျခင္းမ်ားအတြက္လက္ေတြ႕ေပ်ာက္ကင္းတဲ့ေဆးနည္းတိုေလးပါ

 

ႏွာေခါင္းမွ  ႏွာရည္အဆက္မျပတ္ စီးက်ၿပီး  မၾကာခဏ ညွစ္ထုတ္ရျခင္း ၊ႏွာေခါင္း  နီရဲ ေရာင္ရမ္း၍  ႏွာေခါင္းအ၀မ်ား  အထိမခံနိုင္ေလာက္ေအာင္နာက်င္စြာ ခံစားရျခင္း ၊ၾကာရွည္၌   ႏွာရည္မ်ား  ပုပ္အက္အက္ အနံ႕ပင္ ထြက္လာျခင္းအတြက္

ေဆးနည္း

 

 

ကင္ပြန္းသီး  ရင့္ရင့္ အေျခာက္တစ္ေတာင့္အား   သန့္စင္ေအာင္ေဆး၊ ေက်ာက္ပ်ဥ္သန့္သန့္တြင္  ဆန္ေဆးရည္ႏွင့္  ခပ္ပ်စ္ပ်စ္ေသြးၿပီးထိုေဆးရည္ကို  ႏွာေခါင္းတစ္ခုလုံး  ခပ္ထူထူ လိမ္းေပးပါ ၊၊

ႏွာေခါင္း၀အတြင္းသို႔ေျဖးညင္းစြာ  ခပ္ပါးပါးေလး  ထည့္သြင္းသုတ္လိမ္းေပးရင္း  ေျဖးညင္းစြာ ရႉေပးရပါမည္ ၊၊  အားလုံး လိမ္းၿပီးပါက  ပက္လက္လွန္၍  ေဆးေျခာက္သြားသည္အထိ  ၿငိမ္သက္စြာ  နားရပါမည္ ၊၊

နံနက္တစ္ႀကိမ္ ၊ ညအိပ္ရာ၀င္ခါနီး  တစ္ႀကိမ္၊ (၃ ) ရက္ခန့္လိမ္းၿပီးပါက  သိသာစြာ  သက္သာလာမည္၊၊

ေရာဂါႏုလွ်င္  တစ္ပတ္ခန့္ေရာဂါႀကီးမားပါက  ႏွစ္ပတ္ခန့္ ၾကာတတ္ပါသည္ ၊၊ႏွစ္ပတ္ႏွင့္ မေပ်ာက္ကင္းပါကလည္း  ဇြဲမေလ်ာ့ပဲ  ပုံမွန္လိမ္းေပးပါက သက္သာစြာ  ေပ်ာက္ကင္းေစပါသည္၊၊

ႏွစ္ရွည္လမ်ား  ႏွာေခါင္းပိတ္ျခင္း ၊ႏွာေခါင္းျဖင့္  အသက္ရႉမရပဲ  ပါးစပ္ျဖင့္ အသက္ရႉရျခင္း  အတြက္

ေဆးနည္း

 

shweu

 

လင္ပန္း ( သို႔) ဒယ္အိုးဖုံးေပၚတြင္ မီးအရွိန္နီရဲေနေသာ မီးခဲလက္သီးစုပ္ခန့္ ေလးငါးခဲတင္ပါ ၊၊

ကင္ပြန္းသီး  ရင့္ရင့္  အေျခာက္ တစ္ေတာင့္အား  ထိုမီးခဲေပၚသို႔တင္ၿပီး  မီးခိုးေငြ႕အား  ခံသာ႐ုံ အေန ေျဖးညင္းစြာ ရႉပါ ၊၊အစ၌  ရႉရခက္ေသာ္လည္း  ႏွာ၀အတြင္း အေငြ႕၀င္ေစဖို႔  လိုပါမည္၊၊   တစ္ႀကိမ္ေဆာင္႐ြက္႐ုံျဖင့္  မထူးျခားနိုင္ပါ ၊၊ မိမိ ေရာဂါ အႏုအရင့္ ကိုလိုက္ၿပီး  နံနက္တစ္ႀကိမ္၊  ည တစ္ႀကိမ္  ေဆာင္႐ြက္ပါ၊၊  ( ၃)(၄ ) ရက္ခန့္ အၾကာတြင္  ႏွာေခါင္းမွႏွပ္မ်ား   အေတာင့္လိုက္ ထြက္က်လာပါမည္ ၊၊

ရိုးရိုး  ေခ်ာင္းတဟြတ္ဟြတ္  အဆက္မျပတ္ဆိုးပါက

ေဆးနည္း 

မည္သည့္ပဲပင္ေပါက္  အမ်ိဳးအစားျဖစ္ေစ  ၅က်ပ္သားခန့္အားသန့္စင္ေအာင္ေဆးေၾကာ ၊ မတ္ခြက္ထဲထည့္ ၊ ပြက္ပြက္ဆူထားေသာ  ေရေႏြးအျဖဴအား  ပဲပင္ေပါက္ျမႇုပ္႐ုံ  ေလာင္းထည့္၊၊

( ၃) မိနစ္ခန့္ထားၿပီး ထိုအရည္ကို  နည္းနည္းျခင္း  ကုန္စင္ေအာင္  ေသာက္သုံးရမည္၊၊ တစ္ေန႕ (၃ )ႀကိမ္ႏႈန္း၊  ( ၃) ရက္ခန့္အၾကာ၌ လုံးဝေပ်ာက္ကင္း၏။

 

creditေဆာင္းပါးရွင္  ဦးကိုကိုႀကီး (က်န္းမာေရးအတြက္ေဆးတစ္ခြက္)

Leave a Reply

Your email address will not be published. Required fields are marked *