Menu Close

ပင်မှည့်သီး၏ အဟာရ အကျိုးကျေးဇူးများ

ပင်မှည့်သီး၏ အဟာရ အကျိုးကျေးဇူးများ

 

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီးဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင်။

ပင်မှည့်သီး မှာပါတဲ့ အာဟာရဓာတ်တွေ

ပင်မှည့်သီးမှာ

ဗီတာမင် C

သံဓာတ်

အမျှင်ဓာတ်

ရေဓာတ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ပင်မှည့်သီး ကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ် ။

 

shweu

 

( ၁ ) လူကို လန်းဆန်းစေပါတယ်။

ပင်မှည့်သီး ဖျော်ရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင့် သောက်လိုက်တဲ့ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။

ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။

ချဉ်ချိုချို အသီးလေးဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

( ၃ ) ခုခံအားကို တက်စေပါတယ်။

ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။

အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။

ဓာတ်မတည့်ပစ္စည်းတွေ ထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးက  ပန်းနာရင်ကျပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။

( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့အသီးတစ်ခုနော်။

( ၈ ) သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။

ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

ဘာတွေ သတိထားရမလဲ

ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ် ဆိုပေမယ့် အများကြီး စားရင် အစာအိမ် မအီမသာဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အလွန်အကျွံ မစားမိဖို့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ပင်မှည့်သီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်

Credit to Hello ဆရာဝန်

 

Zawgyi

ပင္မွည့္သီး၏ အဟာရ အက်ိဳးေက်းဇူးမ်ား

 

ပင္မွည့္သီး ေဖ်ာ္ရည္ဆိုတာ အေအးဆိုင္ရဲ႕ မီႏူးထဲမွာမရွိမျဖစ္ျဖစ္တဲ့ အေအးတစ္ခုပါ။ အရသာလည္း ရွိသလို ေသာက္တဲ့လူတိုင္းကိုလည္း ေကာင္းက်ိဳးေလးေတြ ရေစတဲ့ ဒီ ပင္မွည့္သီးေဖ်ာ္ရည္ရဲ႕ အက်ိဳးေက်းဇူးေတြကို ေလ့လာၾကည့္ရေအာင္။

ပင္မွည့္သီး မွာပါတဲ့ အာဟာရဓာတ္ေတြ

ပင္မွည့္သီးမွာ

ဗီတာမင္ C

သံဓာတ္

အမွ်င္ဓာတ္

ေရဓာတ္

ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ပါဝင္ေနပါတယ္။

ပင္မွည့္သီး ကေန ဒီလို ေကာင္းက်ိဳးေတြရနိုင္ပါတယ္ ။

 

shweu

 

( ၁ ) လူကို လန္းဆန္းေစပါတယ္။

ပင္မွည့္သီး ေဖ်ာ္ရည္ဟာ ခ်ိဳအီအီထက္ ခ်ဥ္ခ်ိဳခ်ိဳေလးျဖစ္တာေၾကာင့္ ေသာက္လိုက္တဲ့ လူတိုင္းကို လန္းဆန္းေစမွာ အေသအခ်ာပါ။ ေရဓာတ္ႂကြယ္ဝတဲ့အတြက္ အျခား ေဖ်ာ္ရည္ေတြလိုမ်ိဳး ေသာက္ၿပီးတာနဲ႕ ေရဆာျခင္းကို မျဖစ္ေစသလို ခံတြင္းကိုလည္းရွင္းေစဦးမွာပါ။

( ၂ ) အာဟာရဓာတ္ေတြ မ်ားစြာပါပါတယ္။

ခ်ဥ္ခ်ိဳခ်ိဳ အသီးေလးျဖစ္တာေၾကာင့္ ဗီတာမင္ C ပါမယ္ဆိုတာကေတာ့ အထူးေျပာေနစရာကို မလိုဘူးထင္ပါတယ္။ ဒါ့အျပင္ ႏွလုံးႂကြက္သားေတြနဲ႕ ေသြးေၾကာတို႔အတြက္ လိုအပ္တဲ့ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝတဲ့ အသီး တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ေနာက္ၿပီး အမွ်င္ဓာတ္ ၊ သံဓာတ္နဲ႕ ကယ္လ္ဆီယမ္ ၁၂.၈ ရာခိုင္ႏႈန္းပါတဲ့ အသီးတစ္မ်ိဳးလည္းျဖစ္ပါတယ္။

( ၃ ) ခုခံအားကို တက္ေစပါတယ္။

ခုခံအားအတြက္ အေရးႀကီးတဲ့ ဗီတာမင္ C ႂကြယ္ဝစြာ ပါဝင္တဲ့အသီးျဖစ္တာေၾကာင့္ ကိုယ္တြင္းကို ဝင္လာမယ့္ ေရာဂါပိုးေတြကို သူက ကူၿပီး တိုက္ထုတ္ေပးမွာ အေသအခ်ာေနာ္။

( ၄ ) ဓာတ္တိုးဆန႔္က်င္ပစၥည္း ႂကြယ္ဝစြာပါပါတယ္။

အသီးတိုင္း ဓာတ္တိုးဆန႔္က်င္ပစၥည္း ႂကြယ္ဝၾကတဲ့အတြက္ အသီးတစ္မ်ိဳးျဖစ္တဲ့ ပင္မွည့္သီးလည္း အတူတူပါပဲ။ သူ႕ရဲ႕ ႂကြယ္ဝတဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြက ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးမွာ ျဖစ္တဲ့အျပင္ ကင္ဆာေရာဂါ မျဖစ္ေအာင္လို႔လည္း ကာကြယ္ေပးဦးမွာပါ။

( ၅ ) အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။

ပင္မွည့္သီးက အစာေၾက ေစတဲ့အျပင္ အစာေျခစနစ္ကို ကူညီေပးတဲ့အတြက္ အစာအိမ္သမားေတြ အထူးအားထားရတဲ့ အသီးတစ္ခုပါ။

( ၆ ) ဓာတ္မတည့္ျခင္းျဖစ္တတ္သူမ်ားအတြက္လည္း အားထားရတဲ့ အသီးတစ္ခုပါ။

ဓာတ္မတည့္ပစၥည္းေတြ ထြက္တာ၊ ကိုယ္တြင္းေရာင္ရမ္းတာေတြကို သက္သာေစတဲ့အတြက္ ပင္မွည့္သီးက  ပန္းနာရင္က်ပ္သမားေတြ အတြက္ လက္စြဲ အသီးတစ္ခုပါ။

( ၇ ) အျမင္အာ႐ုံကို ေကာင္းမြန္ေစပါတယ္။

ပင္မွည့္သီးရဲ႕ ႂကြယ္ဝလွတဲ့ flavonoids ေတြက သင့္မ်က္လုံး အေပၚ သက္ေရာက္တဲ့ ဓာတုပစၥည္းမွန္သမွ်ကို ဖယ္ရွားေပးမွာ ျဖစ္လို႔ မ်က္လုံးက်န္းမာေရးအတြက္လည္း အသုံးဝင္လွတဲ့အသီးတစ္ခုေနာ္။

( ၈ ) ေသြးအားနည္းျခင္းကို ကာကြယ္ေပးပါတယ္။

ပင္မွည့္သီးမွာပါတဲ့ non-heme iron ( အပင္ကရတဲ့ သံဓာတ္) ေၾကာင့္ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါေတြကိုလည္း ကာကြယ္ၿပီးသားျဖစ္မွာပါ။

ဘာေတြ သတိထားရမလဲ

ပင္မွည့္သီးက က်န္းမာေရးနဲ႕ ညီၫြတ္တယ္ ဆိုေပမယ့္ အမ်ားႀကီး စားရင္ အစာအိမ္ မအီမသာျဖစ္တာမ်ိဳး ျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ အလြန္အကြၽံ မစားမိဖို႔ လိုပါမယ္။

ဘယ္သူေတြ မစားသင့္ဘူးလဲ

ပင္မွည့္သီးက က်န္းမာေရးနဲ႕ ညီၫြတ္တယ္ဆိုေပမယ့္ ေရာဂါအခံရွိသူေတြ က်န္းမာေရး ျပႆနာတစ္ရပ္ရပ္ေၾကာင့္ ေဆးေသာက္ေနရသူေတြ အေနနဲ႕ ဆရာဝန္နဲ႕ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္

Credit to Hello ဆရာဝန္

Leave a Reply

Your email address will not be published. Required fields are marked *