Menu Close

ပန်းနာရင်ကျပ်၊ ဗိုက်အောင့်၊ နားကိုက်၊ ‌‌ခေါင်းကိုက်၊ သွေးတိုးနှင့် ရှမ်းနံနံ

ပန်းနာရင်ကျပ်၊ ဗိုက်အောင့်၊ နားကိုက်၊ ‌‌ခေါင်းကိုက်၊ သွေးတိုးနှင့် ရှမ်းနံနံ

 

ရှမ်းနံနံ

ပန်းနာ ရင်ကျပ် ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာ ပျောက်ကင်းစေသည်။ရှမ်းနံနံကိုမြန်မာနိုင်ငံ အနှံအပြား ဒေသအမျိုးမျိုးရဲ့ အစားအစာ ဟင်းခတ်အမွေးအကြိုင် အဖြစ်အသုံးပြုကြသည်။အခြားတိုင်းပြည်များ မက္ကဆီကို၊ တောင်အမေရိက၊ ကာရေဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများကြောင်း သိရတယ်။

အရှေ့တောင်အာရှမှာ မြန်မာ၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်တို့မှာလည်း ဆေးအသုံးပြုကြတယ်။သူတိုဆီမှာ- ပန်းနာရင်ကျပ်‌၊ ဗိုက်အောင့်ခြင်း၊နားကိုက်ဝေဒနာ၊ အစာချေစနစ် ပြဿနာ( သန်ထခြင်း၊ဝမ်းပျက်ခြင်း ) မြွေ ( သို့ )အင်းဆက် အကိုက်ခံရတာ အဖျားတက်တာငှက်ဖျား ရောဂါတို့အတွက် ကုသနည်းအဖြစ် ထည့်သွင်းအသုံးပြုကြတယ်။ အရွက်ရော အမြစ်မှာပါ အဟာရဓာတ်ပါဝင်ပါတယ်။

နာကျင်ကိုက်ခဲခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။ရှမ်းနံနံမှာ သံဓာတ်၊ ဗီတာမင်အေ , စီ, ဗီတာမင် ဘီဝမ်း ဘီတူး၊ ကာဗိုဟိုက်ဒရိတ် ခန္ဓာကိုယ်အကျိုးပြုဓာတ်များစွာ ပါဝင်ပါတယ်။

ခံတွင်းပျက်နေသူတွေအတွက် အစားချင်စိတ်ကိုဖြစ်စေပါတယ်။ သွေးတိုးကျစေတယ်။

တုတ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်။ ပန်းနာရင်ကျပ်ကို သက်သာစေတယ်။

အရောင်ကျစေတယ်။အကိုက်အခဲပျောက်စေတယ်။နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊အဆစ်နာခြင်းတွေကို သက်သာစေတယ်။

နားကိုက်တာ , ဗိုက်အောင့်တာ,ခေါင်းကိုက်ခြင်းတွေ အတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးလေ့ရှိပါတယ်။ ဆီးချိုကို ကျစေတယ်။ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။အဖျားကျစေတယ်။

ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့် ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံကို အသုံးပြုလေ့ ရှိပါတယ်။ ပင့်ကူ ကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ချေပြီးလိမ်း ပေးရင်သက်သာတယ်လို့ ဆိုကြပါတယ်။

ဆေးပညာဘက်ဆိုင်ရာတည်းဖြတ် Drသူရိန်လှိုင်ဝင်း

ယွန်းနဒီနန်းမွန်

Credit-hellosayarwon

 

Zawgyi

 

ပန္းနာရင္က်ပ္၊ ဗိုက္ေအာင့္၊ နားကိုက္၊ ‌‌ေခါင္းကိုက္၊ ေသြးတိုးႏွင့္ ရွမ္းနံနံ

 

shweu

 

ရွမ္းနံနံ

ပန္းနာ ရင္က်ပ္ ဗိုက္ေအာင့္ျခင္းႏွင့္ နားကိုက္ေဝဒနာ ေပ်ာက္ကင္းေစသည္။ ရွမ္းနံနံကိုျမန္မာနိုင္ငံ အႏွံအျပား ေဒသအမ်ိဳးမ်ိဳးရဲ႕ အစားအစာ ဟင္းခတ္အေမြးအႀကိဳင္ အျဖစ္အသုံးျပဳၾကသည္။အျခားတိုင္းျပည္မ်ား မကၠဆီကို၊ ေတာင္အေမရိက၊ ကာေရဘီးယား၊ လက္တင္အေမရိကတို႔မွာပါ အသုံးမ်ားေၾကာင္း သိရတယ္။

အေရွ႕ေတာင္အာရွမွာ ျမန္မာ၊ ကိုရီးယား၊ အိႏၵိယ၊ ထိုင္း၊ ဗီယက္နမ္တို႔မွာလည္း ေဆးအသုံးျပဳၾကတယ္။သူတိုဆီမွာ- ပန္းနာရင္က်ပ္‌၊ ဗိုက္ေအာင့္ျခင္း၊နားကိုက္ေဝဒနာ၊ အစာေခ်စနစ္ ျပႆနာ( သန္ထျခင္း၊ဝမ္းပ်က္ျခင္း ) ေႁမြ ( သို႔ )အင္းဆက္ အကိုက္ခံရတာ အဖ်ားတက္တာငွက္ဖ်ား ေရာဂါတို႔အတြက္ ကုသနည္းအျဖစ္ ထည့္သြင္းအသုံးျပဳၾကတယ္။ အ႐ြက္ေရာ အျမစ္မွာပါ အဟာရဓာတ္ပါဝင္ပါတယ္။

နာက်င္ကိုက္ခဲျခင္းကို သက္သာေစတဲ့ အစြမ္းသတၱိမ်ား ပါဝင္ပါတယ္။ ရွမ္းနံနံမွာ သံဓာတ္၊ ဗီတာမင္ေအ , စီ, ဗီတာမင္ ဘီဝမ္း ဘီတူး၊ ကာဗိုဟိုက္ဒရိတ္ ခႏၶာကိုယ္အက်ိဳးျပဳဓာတ္မ်ားစြာ ပါဝင္ပါတယ္။

ခံတြင္းပ်က္ေနသူေတြအတြက္ အစားခ်င္စိတ္ကိုျဖစ္ေစပါတယ္။ ေသြးတိုးက်ေစတယ္။

တုတ္ေကြးျဖစ္တဲ့အခါ သက္သာေစတယ္။ ပန္းနာရင္က်ပ္ကို သက္သာေစတယ္။

အေရာင္က်ေစတယ္။အကိုက္အခဲေပ်ာက္ေစတယ္။နာက်င္ျခင္း၊ ေရာင္ရမ္းျခင္း၊အဆစ္နာျခင္းေတြကို သက္သာေစတယ္။

နားကိုက္တာ , ဗိုက္ေအာင့္တာ,ေခါင္းကိုက္ျခင္းေတြ အတြက္ ရွမ္းနံနံေရေႏြးၾကမ္းကို ေသာက္သုံးေလ့ရွိပါတယ္။ ဆီးခ်ိဳကို က်ေစတယ္။ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတယ္။အဖ်ားက်ေစတယ္။ ပ်ိဳ႕အန္ျခင္း၊ ဝမ္းပ်က္ျခင္း၊ အေအးမိျခင္း၊ နမိုးနီးယား၊ ဗိုက္ေအာင့္ ဗိုက္နာျခင္းေတြအတြက္ ရွမ္းနံနံကို အသုံးျပဳေလ့ ရွိပါတယ္။ ပင့္ကူ ကိုက္ခံရရင္ ရွမ္းနံနံ႐ြက္ကို ႀကိတ္ေခ်ၿပီးလိမ္း ေပးရင္သက္သာတယ္လို႔ ဆိုၾကပါတယ္။

ေဆးပညာဘက္ဆိုင္ရာတည္းျဖတ္ Drသူရိန္လွိုင္ဝင္း

ယြန္းနဒီနန္းမြန္

Leave a Reply

Your email address will not be published. Required fields are marked *