Menu Close

ပန်းနာ ရင်ကြပ် နဲ့ ဆီးချို အတွက် အစာလည်းဆေး ဆေးလည်းအစာဖြစ်တဲ့ ရုံးပတီသီး

ပန်းနာ ရင်ကြပ် နဲ့ ဆီးချို အတွက် အစာလည်းဆေး ဆေးလည်းအစာဖြစ်တဲ့ ရုံးပတီသီး

 

ပန်းနာရင်ကျပ်သမားတွေအတွက်မိတ်ဆွေကောင်း

ပန်းနာရင်ကျပ် ရောဂါဆိုတာ အဆုတ်လေပြွန်တွေ ရောင်ရမ်းပြီး အသက်ရှူရခက်တဲ့ ရောဂါတစ်မျိုးပါ။

ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်၊ ဘီတာမင် စီနဲ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဓာတ်တွေကြောင့် ပန်းနာရင်ကျပ် ရောဂါကို သက်သာစေပြီး ရင်ကျပ်တဲ့ အကြိမ်အရေအတွက်ကို လျော့ချပေးနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို သက်သာစေခြင်း

ရုံးပတီပင်ကအပွင့်နဲ့သစ်ရွက်တွေကိုပြုတ် ပြီး သောက်ရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊အဆုတ်ရောင်ရောဂါနဲ့ အအေးမိတုတ်ကွေးရောဂါတွေကို သက် သာစေတယ်လို့ တိုင်းရင်းဆေးဆရာတွေက ဆိုကြပါတယ်။

ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်စေခြင်း

ရုံးပတီသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန်ဓါကိုယျရဲ့ ခုခံစွမ်းကိုတိုးတက်စေနိုင်ပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကိုသွေးဖြူဥဆဲလ်တွေကို ထုတ်လွှတ်ပေးဖို့ လှုံ့ဆော်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။

ဆီးချိုသမားတွေအတွက် သဘာဝဆေးစွမ်းကောင်းတစ်လက်ရုံးပတီသီးမှာ အင်ဆူလင်ဆေးလို အစွမ်းသတ္တိ တွေရှိနေပါတယ်။ အင်ဆူလင်ဆေးဆိုတာ ဆီးချိုသမားတွေမှာ အသုံးပြုတဲ့ ထိုးဆေးပါ။

ရုံးပတီသီးမှာပါတဲ့ Eugenol ဆိုတဲ့ အမျှင်ဓာတ်ဟာ အူအတွင်းမှ သကြားဓာတ် စုပ်ယူမှုကို ထိန်းသိမ်းပေးကာ သွေးတွင်းရှိ သကြားဓာတ် လွန်ကဲစွာ မြင့်တက်လာခြင်းကို ကာကွယ်တားဆီးပေးပါတယ်။

အပူဒဏ်ကြောင့်ဖြစ်တဲ့ နွမ်းနယ်ခြင်းတွေ ကင်းဝေစေခြင်း

ရုံးပတီသီးမှာပါတဲ့ ဒြပ်ပေါင်းတွေက အပူဒဏ်ကြောင့်ဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နဲ့ စိတ်ဓာတ်ကျခြင်းတွေကို သက်သာစေပါတယ်။

အမြင်အာရုံတိုးတက်ကောင်းမွန်စေခြင်း

ရုံးပတီသီးမှာ ဗီတာမင်အေ (vitamin A) ကြွယ်ဝစွာပါဝင်သလို ဗီတာကယ်ရိုတီးနွိုက်၊xanthein နဲ့ lutein တို့လိုမျိုး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင် တာကြောင့် နေ့စဉ်စားသုံးပေးမယ်ဆိုရင် မျက်လုံးကြွက်သားတွေပျက်စီးတာနဲ့ အတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

အရေပြားကိုကျန်းမာစေနိုင်ခြင်း

ဗီတာမင်အေ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကျန်းမာအောင် ကာကွယ်ပေးသလို အနာကျက်မြန်စေတဲ့ အပြင် ဝက်ခြံတွေနဲ့အမာရွတ်ဖြစ်တာတွေကိုလည်းလျှော့ချပေးပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေကိုလည်းလျော့ပါးသက်သာစေပါတယ်။

သွေးပေါင်ချိန်ကိုကျဆင်းစေနိုင်ခြင်း

ရုံးပတီသီးမှာ လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် အပါအဝင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ပိုတက်ဆီယမ်က ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့်ကိုယ်တွင်း အရည်ဓါတ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးရာမှာအရေးပါလှပါတယ်။

 

shweu

 

ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကိုပြေလျော့စေနိုင်တာကြောင့်သွေးဖိအားကို ကျဆင်းစေနိုင်ပါတယ်။ နှလုံးသွေးကြောစနစ်ကို တင်းအားလျော့ကျစေနိုင်ပါတယ်။သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း

လေ့လာမှုတစ်ရပ်မှာ ရုံးပတီသီးက ဓါတုပစ္စည်းတွေကြောင့် အသည်းအဆိပ်သင့်တာတွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့တွေ့ရှိခဲ့ရပါတယ်။

နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် free radicalsတွေကြောင့် အသည်းရောဂါဖြစ်ပေါ်ခ့စားရမှုကိုလျှော့ချပေးမှာဖြစ်ပါတယ်။

ရုံးပတီသီးကfree radicalsတွေကိုတိုက်ထုတ်ပေးပြီး အသည်းရဲ့ ဆဲလ်အမြှေးပါးတွေကိုလည်း ကျန်းမာအောင် ထိန်းညှိပေးပါတယ်။

အာရုံကြောထိခိုက်ပျက်စီးမှုဖြစ်နိုင်ခြေတွေကိုလျော့ပါးသက်သာစေနိုင်ခြင်း

ရုံးပတီသီးက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ်။oxidative stressတွေကြောင့်ဖြစ်တဲ့ အာရုံကြောဆိုင်ရာရောဂါတွေမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါတယ်။

နေ့စဉ်စားသုံးတဲ့ အစားအငောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် အာရုံကြောဆိုင်ရာရောဂါတွေဖြစ်ပေါ်ခံစားရမှုကနေ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ခြင်း

ရုံးပတီသီးမှာပါတဲ့lectin isolated ကရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ် လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ၆၃ ရာခိုင်နှုန်းအထိလျော့ချပေးနိုင် ပါတယ်။

နေ့စဉ်စားသုံးမယ့် အစားအသောက်တွေထဲမှာ ရုံးပတီသီးကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာလျော့ကျစေ နိုင်မှာဖြစ်ပါတယ်။

အူမကြီးကင်ဆာဖြစ်ပွားနှုန်း လျော့နည်းစေခြင်း

ရုံးပတီသီးမှာပါတဲ့အမျှင်ဓာတ်တွေကြောင့် ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။

ရုံးပတီသီးမှာပါတဲ့ အင်တီအောက်စီဒန့်တွေက ကင်ဆာဖြစ်စေနိုငိတဲ့ ဆဲလ်များပြောင်းလဲမှုကို တားဆီးကာကွယ်ပေးပါရုံသာမက ကိုယ်ခံအားကို တိုးပွားစေကာ ရောဂါပေါင်းစုံမှ ကာကွယ် ပေးနိုင်ပါတယ်

အဝလွန်ခြင်းမှ ကင်းဝေးစေခြင်း

ရုံးပတီသီးမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပြီး အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်တွေက အစာမွတ်သိပ်မှုကို တားဆီးပေးပြီး မကြာခဏ အစာစားချင်စိတ်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။

သွေးအတွင်းအဆီ ကျစေခြင်း

ရုံးပတီသီးမှာပါဝင်တဲ့ Pectinဆိုတဲ့ အမျှင် ဓာတ်က ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို ကျစေကာ သွေးကြောကျစ်မာခြင်း၊ သွေးတွင်းအဆီ ပိတ်ခြင်းတွေကို တားဆီးပေးခြင်း အားဖြင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။

အစာကြေဝမ်းမှန်စေခြင်း

ရုံးပတီသီးမှာ အမျှင်ဓာတ်များစွာနဲ့ ပျစ်ချွဲရည်တွေ ပါဝင်ပါတယ်။ ရုံးပတီသီးကို စားခြင်းအားဖြင့် အစားအစာတွေကိုကြေ ညက်စေပြီးအစာမကြေတာကို သက်သာကာ ဝမ်းမှန်စေပါတယ်။

ရုံးပတီသီးမှာပါတဲ့ Pectin ဆိုတဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းက အညစ်အကြေးတွေရဲ့ ရွေ့လျားမှုကို အဆင်ပြေချောမွေ့စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။ရုံးပတီသီးက သဘာဝကပေးတဲ့ ဝမ်းမှန်ဆေးပါပဲ။

ကိုယ်ဝန်ဆောင်တွေ နေ့စဉ် စားသုံးသင့်တဲ့မီးဖိုချောင်မှ ဆေးတစ်လက်

ရုံးပတီသီးမှာ ပါဝင်တဲ့ ဖောလစ်ဓာတ်နဲ့ အာဟာရတန်ဖိုးတွေက ကိုယ်ဝန်ရခြင်းကို ကူညီပေးနိုင်သလို သန္ဓေသားရဲ့ ဦးနှောက် ဖွံ့ဖြိုးခြင်းကို ကူညီပေးရုံသာမကကိုယ်ဝန် ပျက်ကျခြင်းကို တားဆီးပေးပြီး ကလေးတွေမွေးလာတဲ့အခါ အာရုံကြောဆိုင်ရာ ချွတ်ယွင်းချက်တွေပါမလာအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ရုံးပတီသီးကို ပုံမှန်စားရင် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်

အရိုးတွေကို သန်မာစေခြင်း

ရုံးပတီသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ဘီတာမင် ကေ နဲ့ ဖော့လိတ်ဓာတ်တွေကြောင့် အရိုးတွေရဲ့ သိပ်သည်းဆကို မြင့်မားစေပြီး အရိုးတွေကို သန်မာစေကာ အရိုးပွရောဂါ မှ ကာကွယ် တားဆီးပေးပါတယ်

မြန်မာဆေးကျမ်းအလိုအားဖြင့် ရုံးပတီသီးသည် ကျိချွဲ၏။ လေ၊ သလိပ်ကို ပျက်စေတတ်၏။အကြောအခြင်တို့ကို လေးလံတောင့်တင်းစေတတ်၏ဟု ဆိုလေသည်။

ရုံးပတီသီး မှာoxalate များစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်တာနဲ့ကျောက်ကပ်ကျောက်တည်တဲ့ဝေဒနာခံစားနေရသူတွေအနေနဲ့ ရှောင်သင့်ပါတယ်

credit:သဘာဝတိုင်းရင်းဆေး

 

Zawgyi

 

ပန္းနာ ရင္ၾကပ္ နဲ႕ ဆီးခ်ိဳ အတြက္ အစာလည္းေဆး ေဆးလည္းအစာျဖစ္တဲ့ ႐ုံးပတီသီး

 

ပန္းနာရင္က်ပ္သမားေတြအတြက္မိတ္ေဆြေကာင္း

ပန္းနာရင္က်ပ္ ေရာဂါဆိုတာ အဆုတ္ေလႁပြန္ေတြ ေရာင္ရမ္းၿပီး အသက္ရႉရခက္တဲ့ ေရာဂါတစ္မ်ိဳးပါ။

႐ုံးပတီသီးမွာပါတဲ့ အင္တီေအာက္စီဒန႔္၊ ဘီတာမင္ စီနဲ ေရာင္ရမ္းမႈကို သက္သာေစတဲ့ ဓာတ္ေတြေၾကာင့္ ပန္းနာရင္က်ပ္ ေရာဂါကို သက္သာေစၿပီး ရင္က်ပ္တဲ့ အႀကိမ္အေရအတြက္ကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။

 

shweu

 

အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေဝဒနာေတြကို သက္သာေစျခင္း

႐ုံးပတီပင္ကအပြင့္နဲ႕သစ္႐ြက္ေတြကိုျပဳတ္ ၿပီး ေသာက္ရင္ အသက္ရႉလမ္းေၾကာင္း ေရာင္ရမ္းတာ၊အဆုတ္ေရာင္ေရာဂါနဲ႕ အေအးမိတုတ္ေကြးေရာဂါေတြကို သက္ သာေစတယ္လို႔ တိုင္းရင္းေဆးဆရာေတြက ဆိုၾကပါတယ္။

ကိုယ္ခံအားစနစ္တိုးတက္ေကာင္းမြန္ေစျခင္း

႐ုံးပတီသီးမွာ ဗီတာမင္ စီ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ခန္ဓါကိုယ်ရဲ႕ ခုခံစြမ္းကိုတိုးတက္ေစနိုင္ပါတယ္။ ဗီတာမင္ စီက ကိုယ္ခံအားစနစ္ကိုေသြးျဖဴဥဆဲလ္ေတြကို ထုတ္လႊတ္ေပးဖို႔ လႈံ႕ေဆာ္ေပးၿပီး ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစနိုင္ပါတယ္။

ဆီးခ်ိဳသမားေတြအတြက္ သဘာဝေဆးစြမ္းေကာင္းတစ္လက္႐ုံးပတီသီးမွာ အင္ဆူလင္ေဆးလို အစြမ္းသတၱိ ေတြရွိေနပါတယ္။ အင္ဆူလင္ေဆးဆိုတာ ဆီးခ်ိဳသမားေတြမွာ အသုံးျပဳတဲ့ ထိုးေဆးပါ။

႐ုံးပတီသီးမွာပါတဲ့ Eugenol ဆိုတဲ့ အမွ်င္ဓာတ္ဟာ အူအတြင္းမွ သၾကားဓာတ္ စုပ္ယူမႈကို ထိန္းသိမ္းေပးကာ ေသြးတြင္းရွိ သၾကားဓာတ္ လြန္ကဲစြာ ျမင့္တက္လာျခင္းကို ကာကြယ္တားဆီးေပးပါတယ္။

အပူဒဏ္ေၾကာင့္ျဖစ္တဲ့ ႏြမ္းနယ္ျခင္းေတြ ကင္းေဝေစျခင္း

႐ုံးပတီသီးမွာပါတဲ့ ျဒပ္ေပါင္းေတြက အပူဒဏ္ေၾကာင့္ျဖစ္တဲ့ ပင္ပန္းႏြမ္းနယ္ျခင္း၊ အားအင္ကုန္ခမ္းျခင္း၊ နဲ႕ စိတ္ဓာတ္က်ျခင္းေတြကို သက္သာေစပါတယ္။

အျမင္အာ႐ုံတိုးတက္ေကာင္းမြန္ေစျခင္း

႐ုံးပတီသီးမွာ ဗီတာမင္ေအ (vitamin A) ႂကြယ္ဝစြာပါဝင္သလို ဗီတာကယ္ရိုတီးႏြိုက္၊xanthein နဲ႕ lutein တို႔လိုမ်ိဳး ဓါတ္တိုးဆန႔္က်င္ ပစၥည္းေတြႂကြယ္ဝစြာပါဝင္ တာေၾကာင့္ ေန႕စဥ္စားသုံးေပးမယ္ဆိုရင္ မ်က္လုံးႂကြက္သားေတြပ်က္စီးတာနဲ႕ အတြင္းတိမ္ျဖစ္တာေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

အေရျပားကိုက်န္းမာေစနိုင္ျခင္း

ဗီတာမင္ေအ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြက အေရျပားက်န္းမာေအာင္ ကာကြယ္ေပးသလို အနာက်က္ျမန္ေစတဲ့ အျပင္ ဝက္ၿခံေတြနဲ႕အမာ႐ြတ္ျဖစ္တာေတြကိုလည္းေလွ်ာ့ခ်ေပးပါတယ္။ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြကိုလည္းေလ်ာ့ပါးသက္သာေစပါတယ္။

ေသြးေပါင္ခ်ိန္ကိုက်ဆင္းေစနိုင္ျခင္း

႐ုံးပတီသီးမွာ လူ႕က်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ ပိုတက္ဆီယမ္ အပါအဝင္ ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ ဗီတာမင္ နဲ႕ သတၱဳဓါတ္ေတြႂကြယ္ဝစြာပါဝင္ပါတယ္။

shweu

 

ပိုတက္ဆီယမ္က ခႏၶာကိုယ္တြင္းက ဆိုဒီယမ္ပမာဏကို ထိန္းညွိေပးတာေၾကာင့္ကိုယ္တြင္း အရည္ဓါတ္ကို ဟန္ခ်က္ညီေအာင္ထိန္းညွိေပးရာမွာအေရးပါလွပါတယ္။

ပိုတက္ဆီယမ္ကေသြးလႊတ္ေၾကာေတြနဲ႕ ေသြးျပန္ေၾကာေတြကိုေျပေလ်ာ့ေစနိုင္တာေၾကာင့္ေသြးဖိအားကို က်ဆင္းေစနိုင္ပါတယ္။ ႏွလုံးေသြးေၾကာစနစ္ကို တင္းအားေလ်ာ့က်ေစနိုင္ပါတယ္။ေသြးေၾကာေတြထဲမွာေသြးခဲပိတ္ဆို႔နိုင္ေျခကိုလည္း ေလွ်ာ့ခ်ေပးနိုင္ပါတယ္။

အသည္းေရာဂါေတြကို ကာကြယ္ေပးနိုင္ျခင္း

ေလ့လာမႈတစ္ရပ္မွာ ႐ုံးပတီသီးက ဓါတုပစၥည္းေတြေၾကာင့္ အသည္းအဆိပ္သင့္တာေတြကိုေလ်ာ့ပါးသက္သာေစနိုင္တယ္လို႔ေတြ႕ရွိခဲ့ရပါတယ္။

ေန႕စဥ္စားသုံးတဲ့အစားအေသာက္ေတြထဲမွာ ႐ုံးပတီသီးကို ထည့္သြင္းစားသုံးေပးမယ္ဆိုရင္ free radicalsေတြေၾကာင့္ အသည္းေရာဂါျဖစ္ေပၚခ့စားရမႈကိုေလွ်ာ့ခ်ေပးမွာျဖစ္ပါတယ္။

႐ုံးပတီသီးကfree radicalsေတြကိုတိုက္ထုတ္ေပးၿပီး အသည္းရဲ႕ ဆဲလ္အျမႇေးပါးေတြကိုလည္း က်န္းမာေအာင္ ထိန္းညွိေပးပါတယ္။

အာ႐ုံေၾကာထိခိုက္ပ်က္စီးမႈျဖစ္နိုင္ေျခေတြကိုေလ်ာ့ပါးသက္သာေစနိုင္ျခင္း

႐ုံးပတီသီးက အယ္လ္ဇိုင္းမားေရာဂါျဖစ္နိုင္ေျခေတြကိုေလွ်ာ့ခ်ေပးနိုင္ပါတယ္။oxidative stressေတြေၾကာင့္ျဖစ္တဲ့ အာ႐ုံေၾကာဆိုင္ရာေရာဂါေတြမျဖစ္ေပၚေအာင္လည္းကာကြယ္ေပးပါတယ္။

ေန႕စဥ္စားသုံးတဲ့ အစားအေငာက္ေတြထဲမွာ ႐ုံးပတီသီးကို ထည့္သြင္းစားသုံးေပးမယ္ဆိုရင္ အာ႐ုံေၾကာဆိုင္ရာေရာဂါေတြျဖစ္ေပၚခံစားရမႈကေန ကာကြယ္ေပးနိုင္မွာျဖစ္ပါတယ္။

ရင္သားကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးနိုင္ျခင္း

႐ုံးပတီသီးမွာပါတဲ့lectin isolated ကရင္သားကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးနိုင္စြမ္းရွိပါတယ္ လို႔ေလ့လာမႈတစ္ရပ္အရသိရပါတယ္။ ရင္သားကင္ဆာအက်ိတ္ဆဲလ္ေတြရဲ႕ႀကီးထြားမႈကို ၆၃ ရာခိုင္ႏႈန္းအထိေလ်ာ့ခ်ေပးနိုင္ ပါတယ္။

ေန႕စဥ္စားသုံးမယ့္ အစားအေသာက္ေတြထဲမွာ ႐ုံးပတီသီးကို ထည့္သြင္းစားသုံးေပးမယ္ဆိုရင္ ရင္သားကင္ဆာ ခံစားရနိုင္ေျခကို သိသိသာသာေလ်ာ့က်ေစ နိုင္မွာျဖစ္ပါတယ္။

အူမႀကီးကင္ဆာျဖစ္ပြားႏႈန္း ေလ်ာ့နည္းေစျခင္း

႐ုံးပတီသီးမွာပါတဲ့အမွ်င္ဓာတ္ေတြေၾကာင့္ ဝမ္းမွန္ေစကာ အူမႀကီးကင္ဆာ ျဖစ္ပြားႏႈန္းကို ေလ်ာ့ခ်ေပးပါတယ္။

႐ုံးပတီသီးမွာပါတဲ့ အင္တီေအာက္စီဒန႔္ေတြက ကင္ဆာျဖစ္ေစနိုငိတဲ့ ဆဲလ္မ်ားေျပာင္းလဲမႈကို တားဆီးကာကြယ္ေပးပါ႐ုံသာမက ကိုယ္ခံအားကို တိုးပြားေစကာ ေရာဂါေပါင္းစုံမွ ကာကြယ္ ေပးနိုင္ပါတယ္

အဝလြန္ျခင္းမွ ကင္းေဝးေစျခင္း

႐ုံးပတီသီးမွာ ကယ္လိုရီ အနည္းငယ္သာ ပါဝင္ၿပီး အမွ်င္ဓာတ္ မ်ားစြာ ပါဝင္ပါတယ္။ အမွ်င္ဓာတ္ေတြက အစာမြတ္သိပ္မႈကို တားဆီးေပးၿပီး မၾကာခဏ အစာစားခ်င္စိတ္ျဖစ္ျခင္းမွ ကင္းေဝးေစပါတယ္။

ေသြးအတြင္းအဆီ က်ေစျခင္း

႐ုံးပတီသီးမွာပါဝင္တဲ့ Pectinဆိုတဲ့ အမွ်င္ ဓာတ္က ခႏၶာကိုယ္တြင္းက မေကာင္းတဲ့ အဆီေတြကို က်ေစကာ ေသြးေၾကာက်စ္မာျခင္း၊ ေသြးတြင္းအဆီ ပိတ္ျခင္းေတြကို တားဆီးေပးျခင္း အားျဖင့္ ႏွလုံးေရာဂါ ျဖစ္ပြားႏႈန္းကို ေလ်ာ့က်ေစပါတယ္။

အစာေၾကဝမ္းမွန္ေစျခင္း

႐ုံးပတီသီးမွာ အမွ်င္ဓာတ္မ်ားစြာနဲ႕ ပ်စ္ခြၽဲရည္ေတြ ပါဝင္ပါတယ္။ ႐ုံးပတီသီးကို စားျခင္းအားျဖင့္ အစားအစာေတြကိုေၾက ညက္ေစၿပီးအစာမေၾကတာကို သက္သာကာ ဝမ္းမွန္ေစပါတယ္။

႐ုံးပတီသီးမွာပါတဲ့ Pectin ဆိုတဲ့ အမွ်င္ဓာတ္ေၾကာင့္ အူတြင္းက အညစ္အေၾကးေတြရဲ႕ ေ႐ြ႕လ်ားမႈကို အဆင္ေျပေခ်ာေမြ႕ေစၿပီး ဝမ္းခ်ဳပ္ျခင္းမွ ကာကြယ္ေပးပါတယ္။႐ုံးပတီသီးက သဘာဝကေပးတဲ့ ဝမ္းမွန္ေဆးပါပဲ။

ကိုယ္ဝန္ေဆာင္ေတြ ေန႕စဥ္ စားသုံးသင့္တဲ့မီးဖိုေခ်ာင္မွ ေဆးတစ္လက္

႐ုံးပတီသီးမွာ ပါဝင္တဲ့ ေဖာလစ္ဓာတ္နဲ႕ အာဟာရတန္ဖိုးေတြက ကိုယ္ဝန္ရျခင္းကို ကူညီေပးနိုင္သလို သေႏၶသားရဲ႕ ဦးေႏွာက္ ဖြံ႕ၿဖိဳးျခင္းကို ကူညီေပး႐ုံသာမကကိုယ္ဝန္ ပ်က္က်ျခင္းကို တားဆီးေပးၿပီး ကေလးေတြေမြးလာတဲ့အခါ အာ႐ုံေၾကာဆိုင္ရာ ခြၽတ္ယြင္းခ်က္ေတြပါမလာေအာင္ တားဆီးကာကြယ္ေပးနိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္ ႐ုံးပတီသီးကို ပုံမွန္စားရင္ ဝမ္းခ်ဳပ္ျခင္းကို သက္သာေစပါတယ္

အရိုးေတြကို သန္မာေစျခင္း

႐ုံးပတီသီးမွာပါတဲ့ ကယ္လ္စီယမ္၊ ဘီတာမင္ ေက နဲ႕ ေဖာ့လိတ္ဓာတ္ေတြေၾကာင့္ အရိုးေတြရဲ႕ သိပ္သည္းဆကို ျမင့္မားေစၿပီး အရိုးေတြကို သန္မာေစကာ အရိုးပြေရာဂါ မွ ကာကြယ္ တားဆီးေပးပါတယ္

ျမန္မာေဆးက်မ္းအလိုအားျဖင့္ ႐ုံးပတီသီးသည္ က်ိခြၽဲ၏။ ေလ၊ သလိပ္ကို ပ်က္ေစတတ္၏။အေၾကာအျခင္တို႔ကို ေလးလံေတာင့္တင္းေစတတ္၏ဟု ဆိုေလသည္။

႐ုံးပတီသီး မွာoxalate မ်ားစြာပါဝင္တာေၾကာင့္ သည္းေျခေက်ာက္တည္တာနဲ႕ေက်ာက္ကပ္ေက်ာက္တည္တဲ့ေဝဒနာခံစားေနရသူေတြအေနနဲ႕ ေရွာင္သင့္ပါတယ္

credit:သဘာဝတိုင္းရင္းေဆး

Leave a Reply

Your email address will not be published. Required fields are marked *