Menu Close

ပါးစပ်မှာ ပေါက်တတ်တဲ့ အပူဖုနဲ့ ရေယုန်တွေကို အမြန်ဆုံး ပျောက်ကင်းစေမယ့် နည်းလမ်း

ပါးစပ်မှာ ပေါက်တတ်တဲ့ အပူဖုနဲ့ ရေယုန်တွေကို အမြန်ဆုံး ပျောက်ကင်းစေမယ့် နည်းလမ်း

 

ဆောင်းတွင်းမှာ အဖြစ်များကြတဲ့ ပါးစပ်မှာ အပူဖုတွေပေါက်တာ ဒါမှမဟုတ် ရေယုန်တွေ ပေါက်တာတွေ ဖြစ်တတ်ကြပါတယ်။ ဒါတွေဖြစ်ရတဲ့အကြောင်းက virus တစ်မျိုးကြောင့်ဖြစ်ပြီး လူတိုင်းလိုလို ဖြစ်တတ်ကြပါတယ်။

ဒီလိုမျိုး အပူဖုတွေဟာ သေးသေးလေးနဲ့ တကယ့်ကို ခံရခက်အောင် နာကျင်စေပါတယ်။ ဒါကြောင့် အလွယ်တကူနဲ့ လျင်မြန်စွာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေပြီးတော့ နာကျင်ခြင်းကို သက်သာစေပါတယ်။ ကြက်သွန်ဖြူအမွှာတစ်ခုကို ယူပြီး ကြက်သွန်ဖြူစေးကို အပူဖုတို့ ရေယုန်တို့ရှိတဲ့နေရာမှာ ဖြည်းဖြည်းချင်းပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ အနည်းငယ်လောက် စပ်ဖိန်းဖိန်းခံစားရမှာဖြစ်ပါတယ်။

ပက်ပါးမင့်နဲ့ လက်ဖက်စိမ်း essential oil တွေဟာ ရောဂါပိုးမွှားတွေကို သေစေနိုင်ကြောင်းကို လေ့လာတွေ့ရှိထားပါတယ်။ အပူဖု၊ ရေယုန်တွေဖြစ်ပေါ်တဲ့အခါမှာ ဒီပက်ပါမင့်နဲ့ လက်ဖက်စိမ်းအဆီကို လိမ်းပေးခြင်းက အလွယ်တကူပဲ ပျောက်ကင်းစေနိုင်ပါတယ်။

အဲဒီ့အဆီနှစ်မျိုးကို တစ်စက်စီရောထည့်ပြီး အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောနှောပြီးရင် ဂွမ်းလေးနဲ့ အပူဖုတွေရှိတဲ့နေရာကို တို့တို့ပေးရမှာ ဖြစ်ပါတယ်။ တကယ့်လို့ လိမ်းနေစဉ်အတွင်းမှာ မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ စပ်ဖိန်းဖိန်းဖြစ်ခဲ့မယ်ဆိုရင်တော့ မလုပ်သင့်ပါဘူးနော်။

Vitamin C

ခန္ဓာကိုယ်မှာ vitamin C ဓာတ်က မရှိမဖြစ်လိုအပ်ပြီး vitamin C လျော့နည်းလာတဲ့အခါ ရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ Vitamin C ရဲ့လုပ်ဆောင်ချက်က antioxidant ကိုထုတ်ပေးပြီး ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ အပူဖုတွေ၊ ရေယုန်တွေဖြစ်နေတဲ့အချိန်မှာ vitamin C မြင့်မားတဲ့အစားအစာတွေကို စားသောက်ပေးသင့်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကို အပူဖုရှိတဲ့နေရာမှာ လိမ်းပေးခြင်းက အပူဖုဖြစ်စေတဲ့ ဘက်တီးရီးယားကို သေစေနိုင်ပြီး နာကျင်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ယူပြီးရင် အပူဖုဖြစ်နေတဲ့နေရာမှာ ကပ်ထားပြီး မိနစ်နှစ်ဆယ်လောက် ထားပေးရမှာပါ။ ရှားစောင်းလက်ပတ်အနှစ်ဟာ အရမ်းခါးတဲ့အတွက် ပြုလုပ်ပြီးသွားတဲ့အချိန် နှုတ်ခမ်းကို လျှာနဲ့ သတ်တာမျိုး မလုပ်ပါနဲ့။ တစ်နေ့ကို သုံးလေးကြိမ်လောက် လုပ်ပေးခြင်းက အပူဖုတွေကို သက်သာပျောက်ကင်းသွားစေမှာပါ။

credit:ကျန်းမားရေးနှင့်သက်ဆိုင်ဆေးနည်းများ

 

Zawgyi

 

ပါးစပ္မွာ ေပါက္တတ္တဲ့ အပူဖုနဲ႕ ေရယုန္ေတြကို အျမန္ဆုံး ေပ်ာက္ကင္းေစမယ့္ နည္းလမ္

ေဆာင္းတြင္းမွာ အျဖစ္မ်ားၾကတဲ့ ပါးစပ္မွာ အပူဖုေတြေပါက္တာ ဒါမွမဟုတ္ ေရယုန္ေတြ ေပါက္တာေတြ ျဖစ္တတ္ၾကပါတယ္။ ဒါေတြျဖစ္ရတဲ့အေၾကာင္းက virus တစ္မ်ိဳးေၾကာင့္ျဖစ္ၿပီး လူတိုင္းလိုလို ျဖစ္တတ္ၾကပါတယ္။

ဒီလိုမ်ိဳး အပူဖုေတြဟာ ေသးေသးေလးနဲ႕ တကယ့္ကို ခံရခက္ေအာင္ နာက်င္ေစပါတယ္။ ဒါေၾကာင့္ အလြယ္တကူနဲ႕ လ်င္ျမန္စြာေပ်ာက္ကင္းေစနိုင္တဲ့ နည္းလမ္းေလးကို မွ်ေဝေပးခ်င္ပါတယ္။

 

 

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴဟာ ေရာဂါပိုးမႊားေတြကို ေသေစနိုင္တဲ့ အာနိသင္ရွိပါတယ္။ ေရာင္ရမ္းျခင္းကို ေလ်ာ့က်ေစၿပီးေတာ့ နာက်င္ျခင္းကို သက္သာေစပါတယ္။ ၾကက္သြန္ျဖဴအမႊာတစ္ခုကို ယူၿပီး ၾကက္သြန္ျဖဴေစးကို အပူဖုတို႔ ေရယုန္တို႔ရွိတဲ့ေနရာမွာ ျဖည္းျဖည္းခ်င္းပြတ္တိုက္ေပးရမွာ ျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ အနည္းငယ္ေလာက္ စပ္ဖိန္းဖိန္းခံစားရမွာျဖစ္ပါတယ္။

ပက္ပါးမင့္နဲ႕ လက္ဖက္စိမ္း essential oil ေတြဟာ ေရာဂါပိုးမႊားေတြကို ေသေစနိုင္ေၾကာင္းကို ေလ့လာေတြ႕ရွိထားပါတယ္။ အပူဖု၊ ေရယုန္ေတြျဖစ္ေပၚတဲ့အခါမွာ ဒီပက္ပါမင့္နဲ႕ လက္ဖက္စိမ္းအဆီကို လိမ္းေပးျခင္းက အလြယ္တကူပဲ ေပ်ာက္ကင္းေစနိုင္ပါတယ္။

အဲဒီ့အဆီႏွစ္မ်ိဳးကို တစ္စက္စီေရာထည့္ၿပီး အုန္းဆီ ဒါမွမဟုတ္ သံလြင္ဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႕ ေရာေႏွာၿပီးရင္ ဂြမ္းေလးနဲ႕ အပူဖုေတြရွိတဲ့ေနရာကို တို႔တို႔ေပးရမွာ ျဖစ္ပါတယ္။ တကယ့္လို႔ လိမ္းေနစဥ္အတြင္းမွာ မခံမရပ္နိုင္ေအာင္ နာက်င္ျခင္း၊ စပ္ဖိန္းဖိန္းျဖစ္ခဲ့မယ္ဆိုရင္ေတာ့ မလုပ္သင့္ပါဘူးေနာ္။

Vitamin C

ခႏၶာကိုယ္မွာ vitamin C ဓာတ္က မရွိမျဖစ္လိုအပ္ၿပီး vitamin C ေလ်ာ့နည္းလာတဲ့အခါ ေရာဂါေတြအလြယ္တကူဝင္ေရာက္လာနိုင္ပါတယ္။ Vitamin C ရဲ႕လုပ္ေဆာင္ခ်က္က antioxidant ကိုထုတ္ေပးၿပီး ေရာဂါပိုးမႊားေတြကို တိုက္ထုတ္ေပးနိုင္ပါတယ္။ အပူဖုေတြ၊ ေရယုန္ေတြျဖစ္ေနတဲ့အခ်ိန္မွာ vitamin C ျမင့္မားတဲ့အစားအစာေတြကို စားေသာက္ေပးသင့္ပါတယ္။

ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ကို အပူဖုရွိတဲ့ေနရာမွာ လိမ္းေပးျခင္းက အပူဖုျဖစ္ေစတဲ့ ဘက္တီးရီးယားကို ေသေစနိုင္ၿပီး နာက်င္ျခင္းကို ေပ်ာက္ကင္းေစနိုင္ပါတယ္။ ရွားေစာင္းလက္ပတ္အႏွစ္ကို ယူၿပီးရင္ အပူဖုျဖစ္ေနတဲ့ေနရာမွာ ကပ္ထားၿပီး မိနစ္ႏွစ္ဆယ္ေလာက္ ထားေပးရမွာပါ။ ရွားေစာင္းလက္ပတ္အႏွစ္ဟာ အရမ္းခါးတဲ့အတြက္ ျပဳလုပ္ၿပီးသြားတဲ့အခ်ိန္ ႏႈတ္ခမ္းကို လွ်ာနဲ႕ သတ္တာမ်ိဳး မလုပ္ပါနဲ႕။ တစ္ေန႕ကို သုံးေလးႀကိမ္ေလာက္ လုပ္ေပးျခင္းက အပူဖုေတြကို သက္သာေပ်ာက္ကင္းသြားေစမွာပါ။

credit:က်န္းမားေရးႏွင့္သက္ဆိုင္ေဆးနည္းမ်ား

Leave a Reply

Your email address will not be published. Required fields are marked *