Menu Close

ပါးစပ်အပူကန်နာ‌တွေအတွက်ဆေးနည်း

ပါးစပ်အပူကန်နာ‌တွေအတွက်ဆေးနည်း လွယ်လွယ်လေး

 

အပူကန်နာ

ပုံမှာ ပြထားတဲ့ အပူအဖု အနာလေးကိုတော့”Canker sore”လို့ ခေါ်ပါတယ်။ဒီလို အပူနာအဖုမျိုး ကလေးကအစ လူကြီးအဆုံး လူတိုင်းခံစားဖူးမှာပါ။ဒီအနာဖုဟာ လျှာအောက် သွားဖုံးနှင့်အောက်နုတ်ခမ်းအတွင်းထဲ၌ အဖြစ်များပါတယ်။

အနာအဖုဟာ သေးငယ်ပေမဲ့ အလွန်နာကျင်ပြီး ခံစားရခက်ပါတယ်။သူ့ကို ပျောက်ကင်းဖို့ဆိုရင် ကျွန်တော် တစ်ခုတည်းသော ဆေးနည်းကိုသာ ပေးပါ့မယ်။အင်္ဂလိပ်လို Alum”လို့ခေါ်ပါတယ် မြန်မာလိုက ‘ကျောက်ချဉ်’ဖြစ်ပါတယ်။ကျောက်ချဉ်ဟာ ဒီအနာအတွက် စက္ကန့်ပိုင်းအတွင်းမှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ်။

အသုံးပြုပုံကတော့

ကျောက်ချဉ်ကို ရွေးစေ့ခန့် ဖဲ့ခြွေပြီး အနာပေါ်တင်ပေးထားပါ။သိပ်အကြာကြီး ထားစရာမလိုပါဘူး။စက္ကန့်(၆၀)လောက်ဆိုရင် ရပါပြီ။စက္ကန့်(၆၀)လောက်တင်ထားပြီးပါကကျောက်ချဉ်ရော တံတွေးရော ထွေးထုတ်လိုက်ပါ။ချက်ခြင်းသက်သာသွားပါလိမ့်မယ်။

ကျမ်းမာသောဘဝကို ပိုင်ဆိုင်ကြပါစေ

လေးစားစွာဖြင့်

Credit-ဘဝခါးခါး

 

Zawgyi

 

ပါးစပ္အပူကန္နာ‌ေတြအတြက္ေဆး လြယ္လြယ္ေလး

 

အပူကန္နာ

 

 

ပုံမွာ ျပထားတဲ့ အပူအဖု အနာေလးကိုေတာ့”Canker sore”လို႔ ေခၚပါတယ္။ဒီလို အပူနာအဖုမ်ိဳး ကေလးကအစ လူႀကီးအဆုံး လူတိုင္းခံစားဖူးမွာပါ။ဒီအနာဖုဟာ လွ်ာေအာက္ သြားဖုံးႏွင့္ေအာက္ႏုတ္ခမ္းအတြင္းထဲ၌ အျဖစ္မ်ားပါတယ္။

အနာအဖုဟာ ေသးငယ္ေပမဲ့ အလြန္နာက်င္ၿပီး ခံစားရခက္ပါတယ္။သူ႕ကို ေပ်ာက္ကင္းဖို႔ဆိုရင္ ကြၽန္ေတာ္ တစ္ခုတည္းေသာ ေဆးနည္းကိုသာ ေပးပါ့မယ္။အဂၤလိပ္လို Alum”လို႔ေခၚပါတယ္ ျမန္မာလိုက ‘ေက်ာက္ခ်ဥ္’ျဖစ္ပါတယ္။ေက်ာက္ခ်ဥ္ဟာ ဒီအနာအတြက္ စကၠန႔္ပိုင္းအတြင္းမွာပဲ သက္သာေအာင္ ကုသေပးနိုင္ပါတယ္။

အသုံးျပဳပုံကေတာ့

ေက်ာက္ခ်ဥ္ကို ေ႐ြးေစ့ခန႔္ ဖဲ့ေႁခြၿပီး အနာေပၚတင္ေပးထားပါ။သိပ္အၾကာႀကီး ထားစရာမလိုပါဘူး။ စကၠန႔္(၆၀)ေလာက္ဆိုရင္ ရပါၿပီ။စကၠန႔္(၆၀)ေလာက္တင္ထားၿပီးပါကေက်ာက္ခ်ဥ္ေရာ တံေတြးေရာ ေထြးထုတ္လိုက္ပါ။ခ်က္ျခင္းသက္သာသြားပါလိမ့္မယ္။

က်မ္းမာေသာဘဝကို ပိုင္ဆိုင္ၾကပါေစ

ေလးစားစြာျဖင့္

Credit-ဘဝခါးခါး

Leave a Reply

Your email address will not be published. Required fields are marked *