Menu Close

ပိန္နဲသီးစေ့စားသုံးခြင်းဖြင့်ရရှိလာမည့်ကျန်းမားရေးအကျိုးကျေးဇူးများ

ပိန္နဲသီးစေ့စားသုံးခြင်းဖြင့်ရရှိလာမည့်ကျန်းမားရေးအကျိုးကျေးဇူးများ

 

ပိန္နဲသီးစားပြီးရင် အစေ့တွေကို ဘာလုပ်ပစ်တတ်ကြသလဲ

ကျွန်မကတော့ ငယ်ငယ်လေးကတည်းက ပိန္နဲသီးစေ့တွေကို ပြုတ်ပြီး ပြန်စားလေ့ရှိပါတယ်။တော်တော်လေးလဲ စားလို့ကောင်းပါတယ်။ကျန်းမာရေးအရ ရရှိမယ့် အကျိုးကျေးဇူးတွေကို မသိခဲ့ပဲ စားကောင်းလို့ စားခဲ့တာပေါ့နော်

အခုမှ ပိန္နဲသီးစေ့မှာ ကျန်းမာရေးအတွက် အကျိုးတွေကို သိရှိခဲ့ရလို့ အားလုံးသိအောင် ဖော်ပြပေးလိုက်ပါတယ်နော်

 

 

(၁) အာဟာရဓာတ် အကျိုးကျေးဇူး

Vitamin B1 ရယ် vitamin B2 ရယ် ပေါများစွာ ပါဝင်လို့ မျက်စိ၊ အရေပြားနဲ့ ဆံပင်ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

(၂) ကိုယ်ခံအားကို တိုးမြှင့်ပေးခြင်း

ပိန္နဲသီးစေ့မှာပါဝင်တဲ့ lectin လို့ခေါ်တဲ့ protein ဓာတ်တမျိုးဟာဆိုရင် ကိုယ်ခံအားနည်းနေတဲ့ သူတွေရဲ့ ကိုယ်ခံစွမ်းအားကို မြင့်မားစေပါတယ်။

(၃) အစားအစာကြောင့်ဖြစ်တဲ့ရောဂါကို ကာကွယ်ပေးခြင်း

ပိန္နဲသီးစေ့တွင် E. coli ကဲ့သို့ အစားအစာမသန့်ရှင်းလို့ ဖြစ်ရတဲ့ ပိုးမွှားတွေကို ကာကွယ်ပေးပြီး ရောဂါကူးစက်ခြင်းကို ကာကွယ်ပေးပါတယ်။

(၄) အရိုးကျန်းမာရေးကို အားကောင်းစေခြင်း

Calcium ဓာတ်ကို ပိုမိုစုပ်ယူစေတဲ့ Magnesium ဓာတ်ပါဝင်တဲ့အတွက် အရိုးကို သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။

(၅) ကင်ဆာကို ကာကွယ်ပေးခြင်း

ခန္ဓာကိုယ်ရဲ့ DNA တွေကို ဖျက်စီးနိုင်ပြီး ကင်ဆာဆဲလ်တွေ ထိုးဖောက်တာကို တိုးစေတဲ့ free radicals တွေကို ဆန့်ကျင်နိုင်သော ဓာတ်များပါဝင်ပါတယ်။

(၆) အစာချေစနစ်ကို အားကောင်းစေခြင်း

ပိန္နဲစေ့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အစာချေရာကို ပုံမှနဖြစ်စေပါတယ်။ ပြီးတော့ အမျှင်ဓာတ်ပေါများတဲ့အတွက် အစာချေတဲ့ ဖြစ်စဉ်ကို ကူညီပေးပါတယ်။

(၇) မျက်စိကျန်းမာရေး
Vitamin A ပါဝင်လို့ အမြင်အာရုံအားကောင်းစေပြီး ညဘက်ကောင်းစွာ မမြင်နိုင်ခြင်း (night blindness ) ရောဂါကို ကာကွယ်ပေးပါတယ်။

(၈) အရေးအကြောင်းတွေကို လျော့ချပေးခြင်း

ပိန္နဲစေ့မှာ free radicals တွေကို ဆန့်ကျင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် အရေးအကြောင်းတွေကို လျော့ချပေးပါတယ်။

အလှအပရေးရာအနေနဲ့ ပိန္နဲစေ့ အမှုန့်ကို နွားနို့အေးအေးလေးနဲ့ရောပြီး mask အနေနဲ့ မျက်နှာကို ကပ်မယ်ဆိုရင် မျက်နှာပေါ်က အရေးအကြောင်းတွေ လျော့ကျသွားပါလိမ့်မယ်နော်

credit::Thinzar(ဆေးဝါးတက္ကသိုလ်)

 

Zawgyi

ပိႏၷဲသီးေစ့စားသုံးျခင္းျဖင့္ရရွိလာမည့္က်န္းမားေရးအက်ိဳးေက်းဇူးမ်ား

ပိႏၷဲသီးစားၿပီးရင္ အေစ့ေတြကို ဘာလုပ္ပစ္တတ္ၾကသလဲ

ကြၽန္မကေတာ့ ငယ္ငယ္ေလးကတည္းက ပိႏၷဲသီးေစ့ေတြကို ျပဳတ္ၿပီး ျပန္စားေလ့ရွိပါတယ္။ေတာ္ေတာ္ေလးလဲ စားလို႔ေကာင္းပါတယ္။က်န္းမာေရးအရ ရရွိမယ့္ အက်ိဳးေက်းဇူးေတြကို မသိခဲ့ပဲ စားေကာင္းလို႔ စားခဲ့တာေပါ့ေနာ္

အခုမွ ပိႏၷဲသီးေစ့မွာ က်န္းမာေရးအတြက္ အက်ိဳးေတြကို သိရွိခဲ့ရလို႔ အားလုံးသိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္

 

 

(၁) အာဟာရဓာတ္ အက်ိဳးေက်းဇူး

Vitamin B1 ရယ္ vitamin B2 ရယ္ ေပါမ်ားစြာ ပါဝင္လို႔ မ်က္စိ၊ အေရျပားနဲ႕ ဆံပင္က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳပါတယ္။

(၂) ကိုယ္ခံအားကို တိုးျမႇင့္ေပးျခင္း

ပိႏၷဲသီးေစ့မွာပါဝင္တဲ့ lectin လို႔ေခၚတဲ့ protein ဓာတ္တမ်ိဳးဟာဆိုရင္ ကိုယ္ခံအားနည္းေနတဲ့ သူေတြရဲ႕ ကိုယ္ခံစြမ္းအားကို ျမင့္မားေစပါတယ္။

(၃) အစားအစာေၾကာင့္ျဖစ္တဲ့ေရာဂါကို ကာကြယ္ေပးျခင္း

ပိႏၷဲသီးေစ့တြင္ E. coli ကဲ့သို႔ အစားအစာမသန႔္ရွင္းလို႔ ျဖစ္ရတဲ့ ပိုးမႊားေတြကို ကာကြယ္ေပးၿပီး ေရာဂါကူးစက္ျခင္းကို ကာကြယ္ေပးပါတယ္။

(၄) အရိုးက်န္းမာေရးကို အားေကာင္းေစျခင္း

Calcium ဓာတ္ကို ပိုမိုစုပ္ယူေစတဲ့ Magnesium ဓာတ္ပါဝင္တဲ့အတြက္ အရိုးကို သန္မာေစၿပီး အရိုးပြေရာဂါကို ကာကြယ္ေပးပါတယ္။

(၅) ကင္ဆာကို ကာကြယ္ေပးျခင္း

ခႏၶာကိုယ္ရဲ႕ DNA ေတြကို ဖ်က္စီးနိုင္ၿပီး ကင္ဆာဆဲလ္ေတြ ထိုးေဖာက္တာကို တိုးေစတဲ့ free radicals ေတြကို ဆန႔္က်င္နိုင္ေသာ ဓာတ္မ်ားပါဝင္ပါတယ္။

(၆) အစာေခ်စနစ္ကို အားေကာင္းေစျခင္း

ပိႏၷဲေစ့မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြက အစာေခ်ရာကို ပုံမွနျဖစ္ေစပါတယ္။ ၿပီးေတာ့ အမွ်င္ဓာတ္ေပါမ်ားတဲ့အတြက္ အစာေခ်တဲ့ ျဖစ္စဥ္ကို ကူညီေပးပါတယ္။

(၇) မ်က္စိက်န္းမာေရး
Vitamin A ပါဝင္လို႔ အျမင္အာ႐ုံအားေကာင္းေစၿပီး ညဘက္ေကာင္းစြာ မျမင္နိုင္ျခင္း (night blindness ) ေရာဂါကို ကာကြယ္ေပးပါတယ္။

(၈) အေရးအေၾကာင္းေတြကို ေလ်ာ့ခ်ေပးျခင္း

ပိႏၷဲေစ့မွာ free radicals ေတြကို ဆန႔္က်င္တဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ပါဝင္တဲ့အတြက္ အေရးအေၾကာင္းေတြကို ေလ်ာ့ခ်ေပးပါတယ္။

အလွအပေရးရာအေနနဲ႕ ပိႏၷဲေစ့ အမႈန႔္ကို ႏြားနို႔ေအးေအးေလးနဲ႕ေရာၿပီး mask အေနနဲ႕ မ်က္ႏွာကို ကပ္မယ္ဆိုရင္ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ ေလ်ာ့က်သြားပါလိမ့္မယ္ေနာ္

credit::Thinzar(ေဆးဝါးတကၠသိုလ္)

Leave a Reply

Your email address will not be published. Required fields are marked *