Menu Close

ပိန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

ပိန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

 

ပိန်းဥဟာ ကျန်းမာရေးအတွက်ကောင်းတဲ့ သစ်ဥသစ်ဖု တစ်မျိုးဖြစ် ပြီး ပိုတက်ဆီယမ်၊ ကယ်လ်စီယမ် ၊ ဗီတာမင်ဘီ၊ အီး၊ စီနဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်အေနဲ့ ပရိုတင်းတို့ ပါဝင်ကြပါ တယ်။

၁။ သွေးတိုးကိုကျစေပါတယ်

ပိန်းဥမှာ သွေးတွင်းတည်ငြိမ်မှုကို အားပေးတဲ့ သတ္တုဓာတ်ပိုတက်ဆီယမ် အ များအပြားပါဝင်လို့ သက်ကြီးပိုင်းအရွယ်တွေနဲ့ သွေးတိုးရှိသူတွေ စားသုံးသင့်ပါတယ်။

၂။ ဂလူတင်မပါရှိပါ

ပိန်းဥမှာ စေးကပ်တဲ့ ဂလူတင်ဓာတ် မပါရှိပါဘူး။ ဒါပေမဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်တွေ ပါရှိပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

ဗီတာမင်တွေ ကြွယ်ဝတဲ့ ပိန်းဥဟာ ကိုယ်ခံအားကို မြှင့်တင်နိုင်ဖို့ အရမ်းအသုံးဝင်ပါတယ်။ ဗီတာမင်စီကလည်း ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အအေးမိ ၊ ချောင်းဆိုး၊ ဖျားတာတွေလို အပျော့စားရောဂါတွေကို ခုခံနိုင်စေပါတယ်။

၄။ နှလုံးအန္တရာယ် လျော့နည်း

ကိုလက်စထရော မပါသလို အဆီလည်း နည်းတဲ့ ပိန်းဥက နှလုံးရောဂါရှိသူတွေအတွက် အကျိုးပြုပါတယ်။ ပိန်းဥကို ပုံ မှန်စားသုံးလေ့ရှိတဲ့သူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်း စေနိုင်ပါတယ်။

 

 

၅။ ကိုယ်အလေးချိန် လျှော့

အဆီဓာတ်နဲ့ အမျှင်ဓာတ်အများကြီး ပါဝင်တဲ့ ပိန်းဥဟာ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အသုံးဝင်စေမယ့် အာဟာရတစ်မျိုးဖြစ်ပါတယ်။

၆။ ဆိုဒီယမ်ပါဝင်မှုနည်း

ဆိုဒီယမ်ဓာတ် ပါဝင်မှုနည်းလို့ ဆိုဒီယမ် လျှော့စားလိုသူတွေအတွက် သင့်တော်ပါတယ်။ ဆိုဒီယမ်ကို ဘာကြောင့် ရှောင်ကြတာလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် များနေရင် ကျောက်ကပ်ပြဿနာ၊ သွေးဖိအားများတာ၊ သွေးကလာပ်စည်းတွေ ထိခိုက်စေတာတွေ ဖြစ်လာစေနိုင်လို့ ပါ။

၇။ အမျှင်ဓာတ်များ

ပိန်းဥက တစ်နေ့တာ လိုအပ်တဲ့အမျှင် ဓာတ်ပမာဏကို ၂၇ ရာခိုင်နှုန်းလောက်အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြောင့် အူမကြီး ၊ အစာအိမ်တို့လို အူလမ်း ကြောင်းမှာ ကျန်းမာစေပါတယ်။ အမျှင်ဓာတ်များတဲ့အစာတွေကို စားရင် အူမကြီး ကင်ဆာဖြစ်နိုင်ခြေ ကို လျှော့ချနိုင်ပြီးကိုလက်စထရောစုပုံမှုကို ကာကွယ်နိုင်ပါတယ်။

၈။ သကြားဓာတ်ပါဝင်မှုနည်း

အချိုဓာတ်ညွှန်းကိန်း နည်းပါတာ ကြောင့် သွေးတွင်းသကြားဓာတ်ကို တဖြည်းဖြည်း လျော့ကျစေနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်အပြင် ဝိတ်ကိုပါကျစေ နိုင်တာကြောင့် ဆီးချိုသမားတွေအတွက် ကိုက်ညီပါတယ်။

၉။ အမောသက်သာစေ

ပိန်းဥပဟာ မောပန်းနွမ်းလျမှုကို သက်သာစေနိုင်ပြီး၊ တစ်နေ့တာအတွင်း ခန္ဓာကိုယ်ကျန်းမာစေလို့ အားကစားသမားတွေအတွက် ကောင်းပါတယ်။

၁၀။ အမိုင်နိုအက်စစ်နဲ့ အိုမီဂါသရီးပါဝင်

ပိန်းဥဟာ အမိုင်နိုအက်စစ် ကြွယ်ဝပါ တယ်။ အမိုင်နိုအက်စစ် ၁၇ မျိုး ကျော် ပါ ဝင်တဲ့အပြင် နှလုံးကျန်းမာရေး၊ ကင်ဆာကာကွယ်ရေးအတွက် အိုမီဂါသရီးနဲ့ ဆစ်လည်း ပါဝင်ပါတယ်။

၁၁။ အရွယ်တင်နုပျိုစေတယ်

ဂျပန်ပိန်းဥမှာဆို ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေဖို့ အရေးပါတဲ့ Hyaluronic Acid ပါဝင်မှု မြင့်မားတာကြောင့် တစ်နှစ် တာလုံးမှာ ခနÎာကိုယ်နုပျိုနေစေဖို့ အ ထောက်အကူ ပြုနိုင်ပါတယ်။

credit:Yun Sandi

 

Zawgyi

 

ပိန္းဥရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူး ၁၁ ခ်က္

ပိန္းဥဟာ က်န္းမာေရးအတြက္ေကာင္းတဲ့ သစ္ဥသစ္ဖု တစ္မ်ိဳးျဖစ္ ၿပီး ပိုတက္ဆီယမ္၊ ကယ္လ္စီယမ္ ၊ ဗီတာမင္ဘီ၊ အီး၊ စီနဲ႕ အမွ်င္ဓာတ္၊ မဂၢနီဆီယမ္၊ ဗီတာမင္ေအနဲ႕ ပရိုတင္းတို႔ ပါဝင္ၾကပါ တယ္။

 

 

၁။ ေသြးတိုးကိုက်ေစပါတယ္

ပိန္းဥမွာ ေသြးတြင္းတည္ၿငိမ္မႈကို အားေပးတဲ့ သတၱဳဓာတ္ပိုတက္ဆီယမ္ အ မ်ားအျပားပါဝင္လို႔ သက္ႀကီးပိုင္းအ႐ြယ္ေတြနဲ႕ ေသြးတိုးရွိသူေတြ စားသုံးသင့္ပါတယ္။

၂။ ဂလူတင္မပါရွိပါ

ပိန္းဥမွာ ေစးကပ္တဲ့ ဂလူတင္ဓာတ္ မပါရွိပါဘူး။ ဒါေပမဲ့ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြနဲ႕ အမွ်င္ဓာတ္ေတြ ပါရွိပါတယ္။

၃။ ကိုယ္ခံအားေကာင္းေစတယ္

ဗီတာမင္ေတြ ႂကြယ္ဝတဲ့ ပိန္းဥဟာ ကိုယ္ခံအားကို ျမႇင့္တင္နိုင္ဖို႔ အရမ္းအသုံးဝင္ပါတယ္။ ဗီတာမင္စီကလည္း ကိုယ္ခံအားစနစ္ကို အားေကာင္းေစၿပီး အေအးမိ ၊ ေခ်ာင္းဆိုး၊ ဖ်ားတာေတြလို အေပ်ာ့စားေရာဂါေတြကို ခုခံနိုင္ေစပါတယ္။

၄။ ႏွလုံးအႏၲရာယ္ ေလ်ာ့နည္း

ကိုလက္စထေရာ မပါသလို အဆီလည္း နည္းတဲ့ ပိန္းဥက ႏွလုံးေရာဂါရွိသူေတြအတြက္ အက်ိဳးျပဳပါတယ္။ ပိန္းဥကို ပုံ မွန္စားသုံးေလ့ရွိတဲ့သူေတြမွာ ႏွလုံးေရာဂါ ျဖစ္နိုင္ေျခ ေလ်ာ့နည္း ေစနိုင္ပါတယ္။

၅။ ကိုယ္အေလးခ်ိန္ ေလွ်ာ့

အဆီဓာတ္နဲ႕ အမွ်င္ဓာတ္အမ်ားႀကီး ပါဝင္တဲ့ ပိန္းဥဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လိဳသူေတြအတြက္ အသုံးဝင္ေစမယ့္ အာဟာရတစ္မ်ိဳးျဖစ္ပါတယ္။

၆။ ဆိုဒီယမ္ပါဝင္မႈနည္း

ဆိုဒီယမ္ဓာတ္ ပါဝင္မႈနည္းလို႔ ဆိုဒီယမ္ ေလွ်ာ့စားလိုသူေတြအတြက္ သင့္ေတာ္ပါတယ္။ ဆိုဒီယမ္ကို ဘာေၾကာင့္ ေရွာင္ၾကတာလဲဆိုေတာ့ ခႏၶာကိုယ္ထဲမွာ ဆိုဒီယမ္ မ်ားေနရင္ ေက်ာက္ကပ္ျပႆနာ၊ ေသြးဖိအားမ်ားတာ၊ ေသြးကလာပ္စည္းေတြ ထိခိုက္ေစတာေတြ ျဖစ္လာေစနိုင္လို႔ ပါ။

၇။ အမွ်င္ဓာတ္မ်ား

ပိန္းဥက တစ္ေန႕တာ လိုအပ္တဲ့အမွ်င္ ဓာတ္ပမာဏကို ၂၇ ရာခိုင္ႏႈန္းေလာက္အထိ ေထာက္ပံ့ေပးနိုင္ပါတယ္။ အမွ်င္ဓာတ္ေၾကာင့္ အူမႀကီး ၊ အစာအိမ္တို႔လို အူလမ္း ေၾကာင္းမွာ က်န္းမာေစပါတယ္။ အမွ်င္ဓာတ္မ်ားတဲ့အစာေတြကို စားရင္ အူမႀကီး ကင္ဆာျဖစ္နိုင္ေျခ ကို ေလွ်ာ့ခ်နိဳင္ၿပီးကိုလက္စထေရာစုပုံမႈကို ကာကြယ္နိုင္ပါတယ္။

 

 

၈။ သၾကားဓာတ္ပါဝင္မႈနည္း

အခ်ိဳဓာတ္ၫႊန္းကိန္း နည္းပါတာ ေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို တျဖည္းျဖည္း ေလ်ာ့က်ေစနိုင္ပါတယ္။ ေသြးတြင္း သၾကားဓာတ္အျပင္ ဝိတ္ကိုပါက်ေစ နိုင္တာေၾကာင့္ ဆီးခ်ိဳသမားေတြအတြက္ ကိုက္ညီပါတယ္။

၉။ အေမာသက္သာေစ

ပိန္းဥပဟာ ေမာပန္းႏြမ္းလ်မႈကို သက္သာေစနိုင္ၿပီး၊ တစ္ေန႕တာအတြင္း ခႏၶာကိုယ္က်န္းမာေစလို႔ အားကစားသမားေတြအတြက္ ေကာင္းပါတယ္။

၁၀။ အမိုင္နိုအက္စစ္နဲ႕ အိုမီဂါသရီးပါဝင္

ပိန္းဥဟာ အမိုင္နိုအက္စစ္ ႂကြယ္ဝပါ တယ္။ အမိုင္နိုအက္စစ္ ၁၇ မ်ိဳး ေက်ာ္ ပါ ဝင္တဲ့အျပင္ ႏွလုံးက်န္းမာေရး၊ ကင္ဆာကာကြယ္ေရးအတြက္ အိုမီဂါသရီးနဲ႕ ဆစ္လည္း ပါဝင္ပါတယ္။

၁၁။ အ႐ြယ္တင္ႏုပ်ိဳေစတယ္

ဂ်ပန္ပိန္းဥမွာဆို ဆဲလ္ေတြကို အသစ္ ျဖစ္ေပၚေစဖို႔ အေရးပါတဲ့ Hyaluronic Acid ပါဝင္မႈ ျမင့္မားတာေၾကာင့္ တစ္ႏွစ္ တာလုံးမွာ ခနÎာကိုယ္ႏုပ်ိဳေနေစဖို႔ အ ေထာက္အကူ ျပဳနိုင္ပါတယ္။

credit:Yun Sandi

Leave a Reply

Your email address will not be published. Required fields are marked *