Menu Close

ပုစွန်စာရွက် စားခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ပုစွန်စာရွက် စားခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ

 

ပုစွန်စာရွက်က မြေပြင်မှာ ကပ်ပေါက်တဲ့ အပင်ငယ်တစ်မျိုးပါ။

အရွက်ချွန်ချွန်၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေပွင့်ကြပါတယ်။ အာရှဒေသတော်တော်များများမှာပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေး ရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ အရွက်လေး တစ်မျိုးပေါ့။ ဓါတ်တိုး ဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး ဒီလိုလေး ဆေးဖက်ဝင်ပါတယ်။

အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်

အအေးမိတာကြောင့် နှာစေးနှာပိတ်ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ပုစွန်စာရွက်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက်ရှုရတာကို လွယ်ကူစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာ၊လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကိုရေနွေးဆူဆူထဲထည့်ပြုတ်ပြီးသောက်ပေးလို့ရပါတယ်။

ဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။free radicalsတွေကြောင့် ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုကျန်းမာစေနိုင်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးပေးပါတယ်။

ပင်ပန်းတာကို သက်သာစေနိုင်တယ်

ပုစွန်စာရွက်က စိတ်ဓါတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်မှာ ကာလရှည်ကြာခံစားနေရတဲ့ နာကျင်မှုတွေကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။

သွားဖုံးကျန်းမာစေတယ်

သွားဖုံးရောင်တာ၊ သွားဖုံးသွေးယိုတာတွေအတွက်လည်း ပုစွန်စာရွက်ကအသုံးဝင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်းရောဂါကိုဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်မှာပါ။ သွားနဲ့ခံတွင်းပြဿနာတွေကင်းစေဖို့ ပုစွန်စာရွက်ကိုရေနွေးနဲပ ကျိုပြီး ပလုပ်ကျင်းပေးလို့ရပါတယ်။ သတ္တုရည်ကို သွားဖုံးရောင်တဲ့နေရာမှာ စွတ်ပေးလို့ရပါတယ်။

ကျောက်ကပ် ကျောက်တည်တာကို သက်သာစေနိုင်တယ်

ဆီးသွားတိုင်းနာကျင်နေရတဲ့ ကျောက်ကပ်ကျောက်တည်တဲ့ပြဿနာနဲ့ ဆီးလမ်းကြောင်းပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ရပါတယ်။ ပုစွန်စာရွက်မှာပါတဲ့ သဘာဝ ဒြပ်ပေါင်းကကျောက်ကပ်ကကျောက်တွေကိုကြေစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုလို့ရပါတယ်။

အရေပြားကျန်းမာစေနိုင်တယ်

အရေပြားအတွက်လည်း အကျုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ ဖလေဗာနွိုက်ပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပြီး အရွယ်တင်နုပျိုစေသလို အရေပြားပြဿနာတွေကင်းဝေးစေပါတယ်။

သွေးပေါင်ကျတာကို သက်သာစေတယ်

ထိုင်ရာမှ ထလိုက်ရင် မူးသွားတာ မျက်လုံးပြာသွားတာနဲ့ လမ်းလျှောက်ရင် ပေါ့ပြီး လွင့်နေသလိုမျိုး သွေးအားနည်းချိန် (သွေးပေါင်ကျနေချိန်) ဘဲဥနဲ့ကြော်စားခြင်းဖြင့် တစ်ခဏချင်း သွေးပေါင်ကို ပြန်တက်စေပါတယ်။

ဘယ်သူတွေမစားသင့်ဘူးလဲ

ပုစွန်စာရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင် မိခင်တွေ၊ နို့တိုက် မိခင်တွေနဲ့ ရောဂါ အခံတစ်ခုခု ရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

Credit : Hellosayarwon

 

Zawgyi

 

ပုစြန္စာ႐ြက္ စားျခင္းျဖင့္ ရရွိလာမည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား

 

shweu

 

ပုစြန္စာ႐ြက္က ေျမျပင္မွာ ကပ္ေပါက္တဲ့ အပင္ငယ္တစ္မ်ိဳးပါ။ အ႐ြက္ခြၽန္ခြၽန္၊ အရိုးပြပြေလးနဲ႕ အပြင့္ျဖဴျဖဴေလးေတြပြင့္ၾကပါတယ္။ အာရွေဒသေတာ္ေတာ္မ်ားမ်ားမွာေပါက္ေရာက္ၾကပါတယ္။ အရိုးက အနီေရာင္ေလး ရွိတတ္ပါတယ္။ စားလိုက္ရင္ ႂကြပ္ႂကြပ္ေလးနဲ႕ စားေကာင္းတဲ့ အ႐ြက္ေလး တစ္မ်ိဳးေပါ့။ ဓါတ္တိုး ဆန႔္က်င္ အာနိသင္ ႂကြယ္ဝတာေၾကာင့္ ဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးနိုင္ၿပီး ဒီလိုေလး ေဆးဖက္ဝင္ပါတယ္။

အသက္ရႈလမ္းေၾကာင္းကို က်န္းမာေစနိုင္တယ္

အေအးမိတာေၾကာင့္ ႏွာေစးႏွာပိတ္ျဖစ္ေနသူေတြနဲ႕ အထူးသင့္ေတာ္ပါတယ္။ပုစြန္စာ႐ြက္က နာက်င္ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစနိုင္ၿပီး ခြၽဲေတြကို ကင္းစင္ေစနိုင္တာေၾကာင့္ အသက္ရႈရတာကို လြယ္ကူေစနိုင္ပါတယ္။ အေအးမိတာေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာတာ၊ေလႁပြန္ေရာင္ရမ္းတာေတြအတြက္လည္း ပုစြန္စာ႐ြက္ကိုေရေႏြးဆူဆူထဲထည့္ျပဳတ္ၿပီးေသာက္ေပးလို႔ရပါတယ္။

ဓါတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတယ္

ဓါတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ ခႏၶါကိုယ္ကို က်န္းမာေစနိုင္ပါတယ္။free radicalsေတြေၾကာင့္ ဆဲလ္ေတြမပ်က္စီးေအာင္ကာကြယ္ေပးနိုင္ပါတယ္။ ကိုယ္တြင္းအဂၤါေတြကိုက်န္းမာေစနိုင္ၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို တားဆီးေပးပါတယ္။

ပင္ပန္းတာကို သက္သာေစနိုင္တယ္

ပုစြန္စာ႐ြက္က စိတ္ဓါတ္က်တာ၊ ပင္ပန္းႏြမ္းနယ္တာ၊ေျခကုန္လက္ပမ္းက်တာေတြကို သက္သာေစနိုင္ၿပီး ခႏၶါကိုယ္မွာ ကာလရွည္ၾကာခံစားေနရတဲ့ နာက်င္မႈေတြကိုလည္းေလ်ာ့ပါးသက္သာေစနိုင္ပါတယ္။

သြားဖုံးက်န္းမာေစတယ္

သြားဖုံးေရာင္တာ၊ သြားဖုံးေသြးယိုတာေတြအတြက္လည္း ပုစြန္စာ႐ြက္ကအသုံးဝင္ပါတယ္။ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးတာေၾကာင့္ ခံတြင္းေရာဂါကိုျဖစ္ေစတဲ့ ဘက္တီးရီးယာေတြကို အေကာင္းဆုံးဖယ္ရွားေပးနိုင္မွာပါ။ သြားနဲ႕ခံတြင္းျပႆနာေတြကင္းေစဖို႔ ပုစြန္စာ႐ြက္ကိုေရေႏြးနဲပ က်ိဳၿပီး ပလုပ္က်င္းေပးလို႔ရပါတယ္။ သတၱဳရည္ကို သြားဖုံးေရာင္တဲ့ေနရာမွာ စြတ္ေပးလို႔ရပါတယ္။

ေက်ာက္ကပ္ ေက်ာက္တည္တာကို သက္သာေစနိုင္တယ္

ဆီးသြားတိုင္းနာက်င္ေနရတဲ့ ေက်ာက္ကပ္ေက်ာက္တည္တဲ့ျပႆနာနဲ႕ ဆီးလမ္းေၾကာင္းျပႆနာေတြ ကင္းေစဖို႔လည္း ပုစြန္စာ႐ြက္ကို အားကိုးလို႔ရပါတယ္။ ပုစြန္စာ႐ြက္မွာပါတဲ့ သဘာဝ ျဒပ္ေပါင္းကေက်ာက္ကပ္ကေက်ာက္ေတြကိုေၾကေစနိုင္ပါတယ္။ ကာကြယ္ဖို႔အတြက္ေရာ ကုသဖို႔အတြက္ပါ အသုံးျပဳလို႔ရပါတယ္။

အေရျပားက်န္းမာေစနိုင္တယ္

အေရျပားအတြက္လည္း အက်ဳးေက်းဇူးေတြရရွိေစနိုင္ပါတယ္။ ဖေလဗာႏြိုက္ပါဝင္တာေၾကာင့္ အသားအေရကို တင္းရင္းေစၿပီး အ႐ြယ္တင္ႏုပ်ိဳေစသလို အေရျပားျပႆနာေတြကင္းေဝးေစပါတယ္။

ေသြးေပါင္က်တာကို သက္သာေစတယ္

ထိုင္ရာမွ ထလိုက္ရင္ မူးသြားတာ မ်က္လုံးျပာသြားတာနဲ႕ လမ္းေလွ်ာက္ရင္ ေပါ့ၿပီး လြင့္ေနသလိုမ်ိဳး ေသြးအားနည္းခ်ိန္ (ေသြးေပါင္က်ေနခ်ိန္) ဘဲဥနဲ႕ေၾကာ္စားျခင္းျဖင့္ တစ္ခဏခ်င္း ေသြးေပါင္ကို ျပန္တက္ေစပါတယ္။

ဘယ္သူေတြမစားသင့္ဘူးလဲ

ပုစြန္စာ႐ြက္က ေဆးဖက္ဝင္တယ္ ဆိုေပမယ့္ ကိုယ္ဝန္ေဆာင္ မိခင္ေတြ၊ နို႔တိုက္ မိခင္ေတြနဲ႕ ေရာဂါ အခံတစ္ခုခု ရွိသူေတြ အေနနဲ႕ ဆရာဝန္နဲ႕ တိုင္ပင္ၿပီးမွ စားသင့္ပါတယ္။

Credit : Hellosayarwon

Leave a Reply

Your email address will not be published. Required fields are marked *