Menu Close

ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်

ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့

 

မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ

အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူးထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။

(၁) အစာကြေစေတယ်

ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။

(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်

ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။

(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်

-ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။

(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်

အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။

(၅) မိခင်များ နို့ထွက်ကောင်းစေတယ်

နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။

(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်

ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၇) အသားရေစိုပြေစေတယ်

အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။

(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်

အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။

(၉) ကိုယ်အလေးချိန် မှန်စေတယ်

အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်

အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။

Credit-Original Uploader

 

Zawgyi

 

ပူစီနံအရည္ကို ေသာက္ျခင္းဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစသလို အဆီလည္း က်ေစပါတယ္တဲ့

မိတ္ေဆြမ်ား လိုသလို အသုံးျပဳနိုင္ၾကပါေစ

အိႏၵိယ အစားအစာေတြထဲမွာေရာ အတို႔အျမဳပ္ အေနနဲ႕ပါ စားနိုင္တဲ့ ပူစီနံ စား႐ုံနဲ႕ ေလ့က်င့္ခန္းေတြ ထူးထူးေထြေထြ သိပ္လုပ္စရာ မလိုပဲ ကိုယ္အေလးခ်ိန္ ေကာင္းေကာင္း ေလ်ာ့ခ်နိင္ပါတယ္။ ပူစီနံက သင့္ကို ဘယ္လို က်န္းမာေရး ေကာင္းက်ိဳးေတြ ျဖစ္ေစပါသလဲ။

 

 

(၁) အစာေၾကေစတယ္

ခံတြင္းကိုလည္း ရွင္းေစတယ္၊ အစာကိုလည္း ေၾကေစတယ္၊ အစာမာ စားတာ မ်ားရင္၊ ဒါမွမဟုတ္ အစာမေၾက ျဖစ္ေနရင္ ပူစီနံ နည္းနည္းေလာက္ စားေပး႐ုံနဲ႕ အေစာေၾက အဆင္ေျပေစပါလိမ့္မယ္။

(၂) အာ႐ုံေၾကာ အားေကာင္းေစတယ္၊ ေခါင္းကိုက္ေပ်ာက္ကင္းေစတယ္

ပူစီနံကို ပုံမွန္ စားသုံးေပးျခင္းက အာ႐ုံေၾကာ အားေကာင္းေစတာ ေတြ႕ရသလို ေခါင္းကိုက္ေနခ်ိန္မွာလည္း စားသုံးေပးမယ္ ဆိုရင္ ပူစီနံရဲ႕ အနံ႕ေၾကာင့္ ေခါင္းကိုက္ေပ်က္ကင္းေစတာ ေတြ႕ရပါတယ္။

(၃) ခြၽဲက်ေစတယ္၊ ေခ်ာင္းဆိုးေပ်ာက္ေစတယ္

-ေခ်ာင္းဆိုးေပ်ာက္ေဆး အမ်ားစုမွာ ပူစီနံရဲ႕ ဓါတ္ကို ထည့္သြင္း ထုတ္လုပ္ထားတာ ေတြ႕နိုင္သလို အနည္းငယ္ ပူရွိန္တဲ့ ဓါတ္ေၾကာင့္ ခြၽဲက်ေစသလို ေခ်ာင္းဆိုလည္း ေပ်ာက္ကင္းေစတာ ေတြ႕ရပါတယ္။

(၄) ပန္းနာရင္က်ပ္လည္း သက္သာေစနိုင္တယ္

အမ်ားဆုံးေသာ ပန္းနာရင္က်ပ္ သမားေတြရဲ႕ လက္စြဲေတာ္ အစားအစာလည္းျဖစ္၊ အေကာင္းဆုံး စားသုံးသင့္တဲ့ အ႐ြက္က ပူစီနံပါ၊ လည္ေခ်ာင္းရွင္းၿပီး အသက္ရႈလမ္းေၾကာင္း ေကာင္းမြန္ေစတာ ေတြ႕ရပါတယ္။

(၅) မိခင္မ်ား နို႔ထြက္ေကာင္းေစတယ္

နို႔တိုက္မိခင္ေတြ နို႔ထြက္ေကာင္းေစခ်င္တယ္ ဆိုရင္လည္း ပူစီနံ အနည္းငယ္ ပုံမွန္ စားသုံးေပးသင့္ပါတယ္။ နို႔ထြက္အားေကာင္းလာေစနိုင္ပါတယ္။

(၆) အ၀လြန္ျခင္းကို ကာကြယ္ေပးနိုင္တယ္

ပူစီနံ႐ြက္ထဲမွာ ပါရွိတဲ့ ပူရွိန္တဲ့ ဓါတ္ဟာ ေသြးထဲက အဆီခဲေတြကို ဖယ္ရွားေပးနိုင္ၿပီး အ၀လြန္ျခင္းကို ကာကြယ္ေပးနိုင္တာ ေတြ႕ရပါတယ္။

(၇) အသားေရစိုေျပေစတယ္

အ႐ြယ္ကို ပုံမွန္ စားသုံးေပးျခင္းက အေရျပားကို စိုစြတ္ ေအးျမေစတယ္၊ စိုေျပေစတယ္၊ ေနပူဒဏ္ ခံနိုင္ေစတယ္၊ ပူစီနံနဲ႕ ေဖာ္စပ္ထားတဲ့ အေရျပား လိမ္းေဆးေတြက အေရျပား ကူးစက္ေရာဂါေတြကိုပါ ကာကြယ္ေပးနိုင္တာ ေတြ႕ရပါတယ္။

(၈) သတိေမ့ျခင္းကို သက္သာေစနိုင္တယ္

အသက္အ႐ြယ္ ႀကီးမားလာျခင္း အတြက္ေရာ စိတ္ဖိစီးမႈ မ်ားျခင္းေၾကာင့္ သတိေမ့ျခင္းကို ပူစီနံက ကာကြယ္ေပးနိုင္တာ၊ သက္သာေစနိုင္တာ ေတြ႕ရပါတယ္။

(၉) ကိုယ္အေလးခ်ိန္ မွန္ေစတယ္

အ၀လြန္ျခင္းကို ကာကြယ္ေပးနိုင္သလို ကိုယ္အေလးခ်ိန္ မ်ားေနသူေတြ၊ အ၀လြန္ေနသူေတြကိုလည္း ေသြးထဲက အဆီေတြဖယ္ေပးနိုင္တာေၾကာင့္ ကိုယ္အေလးခ်ိန္ မွန္ၿပီး ပိန္ေစနိုင္တာလည္း ေတြ႕ရပါတယ္။

(၁၀) ကင္ဆာကိုလည္း ကာကြယ္ေပးနိုင္တယ္

အထိေရာက္ဆုံး ကာကြယ္မႈ ေပးနိုင္တာ မဟုတ္ေပမယ့္ ေနာက္ဆုံး ေလ့လာေတြ႕ရွိခ်က္ေတြ အရေတာ့ ကင္ဆာျဖစ္ေစမယ့္ ဆဲလ္ေတြ ျဖစ္တည္မႈနဲ႕ ကင္ဆာဆဲလ္ေတြ ေသေစနိုင္မႈကို ပူစီနံဓါတ္က ကူညီ တိုက္ဖ်က္ေပးနိုင္တာ ေတြ႕ရပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *