Menu Close

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်အကျိုးကျေးဇူးများ

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်အကျိုးကျေးဇူးများ

 

ဒီတစ်ခေါက်တော့ ပြောင်းဖူးစားတဲ့အခါ ဖယ်စားလေ့ရှိပြီး ငယ်ငယ်က ကြာဇံဆိုပြီး ဆော့တတ်ကြတဲ့ ပြောင်းဖူးမွှေးလေးရဲ့ ဆေးဖက်ဝင်ပုံကို ပြောပြပေးချင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပြီး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်ပါတယ်။ဆီးအိမ်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ဆီးသွားရလွယ်စေပြီး ဆီးလမ်းကြောင်းက ဘက်တီးရီးယားတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ဆီးကျိတ် ဂလင်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

 

 

ဆီးရွှင်စေတယ်

ဆီးသွားရ ခက်နေသူတွေအနေနဲ့ ပြောင်းဖူးမွှေးကို ဆီးရွှင်ဆေးအဖြစ် သုံးလို့ရပါတယ်။ပြောင်းဖူးမွှေးက ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ကိုယ်တွင်းက ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ဆီးမသွားနိုင်တာရဲ့ နောင်ဆက်တွဲ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ နှလုံး ထိခိုက်တာ၊ ကျောက်ကပ် ပျက်စီးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးတယ်

 

ကျောက်ကပ်မှာ ကျောက်တည်တာက နာကျင်သလို ဆီးသွားတဲ့အခါ တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပြောင်းဖူးမွှေးက ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပေးပြီး ဆီးရွှင်စေတာကြောင့် ကျောက်ကပ်မှာ အနယ်စုပုံပြီး ကျောက်ဖြစ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးတိတ်စေတယ်

ပြောင်းဖူးမွှေးမှာ ဗီတာမင် K ပါဝင်နေတာကြောင့် သွေးခဲမှုဖြစ်စဉ်ကို ကူညီပေးပါတယ်။ထိခိုက်ဒဏ်ရာ ရတဲ့အခါ မလိုအပ်ဘဲ သွေးထွက်မလွန်အောင် ကာကွယ်ပေးပါတယ်။

သွေးတိုးကျစေတယ်

ဆီးချို၊ သွေးတိုး ခံစားရသူတွေက ယနေ့ခေတ်မျာ ပိုများလာပါတယ်။ ဒီရောဂါတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။လေနဲ့အခြောက်ခံထားတဲ့ ပြောင်းဖူးမွှေးကို ရေနွေးထဲ စိမ်သောက်ပေးရုံပါ။

သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်

သွေးတွင်းသကြားဓာတ် ကျစေဖို့လည်း ပြောင်းဖူးမွှေးကို အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ် ပြောင်းဖူးမွှေး ရေနွေးကြမ်း သုံးဆောင်ပေးတာက သဘာဝသွေးချိုထိန်းသိမ်းနိုင်မယ့် နည်းလမ်းပါ။

အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေတယ်

ပြောင်းဖူးမွှေးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရိုးအဆစ် နာကျင်ရောင်ရမ်းမှု ဝေဒနာ၊ ဂေါက်ရောဂါတို့ကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ အသုံးပြုလို့ရပါတယ်။

သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

သွေးတွင်းကိုလက်စထရောများတာက နှလုံးကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး ရေရှည်မှာ နှလုံးထိခိုက်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေဖို့ဆိုရင် ပြောင်းဖူးမွှေးကို ပြုတ်သောက်ပေးလို့ရပါတယ်။

ဗီတာမင် C ကြွယ်ဝတယ်

ပြောင်းဖူးမွှေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းနိုင်ပါတယ်။

ဒီအကျိုးကျေးဇူးတွေအပြင် ပြောင်းဖူးမွှေးက အသားအရောင်ကို ညီစေပြီး အသားအရေ ကျန်းမာစေနိုင်သလို အဝလွန်တာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကိုယ်တွင်းမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ညီညွတ်မျှတစေပြီး ကျန်းမာစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တဲ့ သဘာဝကပေးတဲ့ ဆေးတစ်မျိုးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

Credit-Helloဆရာဝန်

 

Zawgyi

 

ေျပာင္းဖူးေမႊးရဲ႕ ေဆးဖက္ဝင္အက်ိဳးေက်းဇူးမ်ား

ဒီတစ္ေခါက္ေတာ့ ေျပာင္းဖူးစားတဲ့အခါ ဖယ္စားေလ့ရွိၿပီး ငယ္ငယ္က ၾကာဇံဆိုၿပီး ေဆာ့တတ္ၾကတဲ့ ေျပာင္းဖူးေမႊးေလးရဲ႕ ေဆးဖက္ဝင္ပုံကို ေျပာျပေပးခ်င္ပါတယ္။

 

 

ဆီးလမ္းေၾကာင္း ပိုးဝင္တာကို သက္သာေစတယ္

ေျပာင္းဖူးေမႊးမွာ နာက်င္ေရာင္ရမ္းမႈကို သက္သာေစနိုင္တဲ့ အာနိသင္ရွိၿပီး ဆီးလမ္းေၾကာင္း ပိုးဝင္တာကို သက္သာေစနိုင္ပါတယ္။ ဆီးအိမ္ေရာင္ရမ္းတာကိုလည္း သက္သာေစနိုင္ပါတယ္။ ဆီးသြားရလြယ္ေစၿပီး ဆီးလမ္းေၾကာင္းက ဘက္တီးရီးယားေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးနိုင္ပါတယ္။ ဆီးက်ိတ္ ဂလင္းေတြကိုလည္း က်န္းမာေစနိုင္ပါတယ္။

ဆီး႐ႊင္ေစတယ္

ဆီးသြားရ ခက္ေနသူေတြအေနနဲ႕ ေျပာင္းဖူးေမႊးကို ဆီး႐ႊင္ေဆးအျဖစ္ သုံးလို႔ရပါတယ္။ေျပာင္းဖူးေမႊးက ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို အထိေရာက္ဆုံး ဖယ္ရွားေပးပါတယ္။ ကိုယ္တြင္းက ပိုလွ်ံေနတဲ့ အရည္ေတြကို ဆီးအျဖစ္ ခႏၶာကိုယ္ ျပင္ပကို စြန႔္ထုတ္ေပးပါတယ္။ ဆိးမသြားနိုင္တာရဲ႕ ေနာင္ဆက္တြဲ က်န္းမာေရးျပႆနာေတြျဖစ္တဲ့ ႏွလုံး ထိခိုက္တာ၊ ေက်ာက္ကပ္ ပ်က္စီးတာေတြ မျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

ေက်ာက္ကပ္မွာ ေက်ာက္တည္တာကို ကာကြယ္ေပးတယ္

ေက်ာက္ကပ္မွာ ေက်ာက္တည္တာက နာက်င္သလို ဆီးသြားတဲ့အခါ ေတာ္ေတာ္ေလး စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။ ေျပာင္းဖူးေမႊးက ေက်ာက္ကပ္မွာ ေက်ာက္မတည္ေအာင္ ကာကြယ္ေပးၿပီး ဆီး႐ႊင္ေစတာေၾကာင့္ ေက်ာက္ကပ္မွာ အနယ္စုပုံၿပီး ေက်ာက္ျဖစ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ေသြးတိတ္ေစတယ္

ေျပာင္းဖူးေမႊးမွာ ဗီတာမင္ K ပါဝင္ေနတာေၾကာင့္ ေသြးခဲမႈျဖစ္စဥ္ကို ကူညီေပးပါတယ္။ထိခိုက္ဒဏ္ရာ ရတဲ့အခါ မလိုအပ္ဘဲ ေသြးထြက္မလြန္ေအာင္ ကာကြယ္ေပးပါတယ္။

ေသြးတိုးက်ေစတယ္

ဆီးခ်ိဳ၊ ေသြးတိုး ခံစားရသူေတြက ယေန႕ေခတ္မ်ာ ပိုမ်ားလာပါတယ္။ ဒီေရာဂါေတြကို ကာကြယ္ဖို႔ျဖစ္ျဖစ္ သက္သာေစဖို႔ျဖစ္ျဖစ္ ေျပာင္းဖူးေမႊးကို အသုံးျပဳေပးလို႔ရပါတယ္။ ေလနဲ႕အေျခာက္ခံထားတဲ့ ေျပာင္းဖူးေမႊးကို ေရေႏြးထဲ စိမ္ေသာက္ေပး႐ုံပါ။

ေသြးတြင္းသၾကားဓာတ္ ထိန္းညွိေပးတယ္

ေသြးတြင္းသၾကားဓာတ္ က်ေစဖို႔လည္း ေျပာင္းဖူးေမႊးကို အသုံးျပဳေပးလို႔ရပါတယ္။ ေန႕စဥ္ ေျပာင္းဖူးေမႊး ေရေႏြးၾကမ္း သုံးေဆာင္ေပးတာက သဘာဝေသြးခ်ိဳထိန္းသိမ္းနိုင္မယ့္ နည္းလမ္းပါ။

အရိုးအဆစ္ေတြ နာက်င္ေရာင္ရမ္းတာကို သက္သာေစတယ္

ေျပာင္းဖူးေမႊးမွာ နာက်င္ေရာင္ရမ္းမႈကို သက္သာေစနိုင္တဲ့ အာနိသင္ရွိတာေၾကာင့္ အရိုးအဆစ္ နာက်င္ေရာင္ရမ္းမႈ ေဝဒနာ၊ ေဂါက္ေရာဂါတို႔ေၾကာင့္ နာက်င္ေရာင္ရမ္းမႈကို သက္သာေစဖို႔ အသုံးျပဳလို႔ရပါတယ္။

ေသြးတြင္းကိုလက္စထေရာ က်ဆင္းေစနိုင္တယ္

ေသြးတြင္းကိုလက္စထေရာမ်ားတာက ႏွလုံးကို ေသြးစီးဆင္းေရာက္ရွိမႈ နည္းေစၿပီး ေရရွည္မွာ ႏွလုံးထိခိုက္တာကို ျဖစ္ေစနိုင္ပါတယ္။ ေသြးတြင္းကိုလက္စထေရာကို က်ဆင္းေစဖို႔ဆိုရင္ ေျပာင္းဖူးေမႊးကို ျပဳတ္ေသာက္ေပးလို႔ရပါတယ္။

ဗီတာမင္ C ႂကြယ္ဝတယ္

ေျပာင္းဖူးေမႊးမွာ ဗီတာမင္ C ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအား ေကာင္းနိုင္ပါတယ္။

ဒီအက်ိဳးေက်းဇူးေတြအျပင္ ေျပာင္းဖူးေမႊးက အသားအေရာင္ကို ညီေစၿပီး အသားအေရ က်န္းမာေစနိုင္သလို အဝလြန္တာ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ကိုယ္တြင္းမွာ ဗီတာမင္နဲ႕ သတၱဳဓာတ္ေတြ ညီၫြတ္မွ်တေစၿပီး က်န္းမာေစဖို႔ အထိေရာက္ဆုံး ကူညီေပးနိုင္တဲ့ သဘာဝကေပးတဲ့ ေဆးတစ္မ်ိဳးပါ။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Aye Thi Mon

Credit-Helloဆရာဝန္

Leave a Reply

Your email address will not be published. Required fields are marked *