Menu Close

ပွေး၊ ဝဲကို ပျောက်ကင်းစေနိုင်​သောပွေးသတ်ဆေးပင် သင်္ဘောမဲဇလီ

ပွေး၊ ဝဲကို ပျောက်ကင်းစေနိုင်​သောပွေးသတ်ဆေးပင် သင်္ဘောမဲဇလီ

 

မင်းပွေးတွေကို သင်္ဘောမဲဇလီနဲ့ နာနာပွတ်ပေးလိုက်ပါပျောက်သွားလိမ့်မယ်” ဦးလေးပြောသံကို ကြားယောင်မိသည်။ပွေး၊ ဝဲကို ပျောက်ကင်းစေနိုင်ကြောင်း ပွေးသတ်ဆေးပင်ဟု လူသိများသည်။

ဝမ်းပျော့ပျော့သွားစေရန် အရွက်၊ အဖူး၊ အပွင့် မီးကင်၍ တို့စားကြသည်။ အခြောက်လှန်း၍ လက်ဖက်ခြော်အဖြစ် သောက်ကြသည်။ သင်္ဘောမဲဇလီနှင် ပတ်သတ်၍ ပြောမဆုံးပေါင် တောင်သုံးတောင်ဟု ဆိုရမတတ် ရေးစရာများလှပေသည်။

သင်္ဘောမဲဇလီကို မဲဇလီကြီးဟုလည်းခေါ်သည်။ ပင်လတ်မျိုးဖြစ်သည်။ ပင်စည်စိမ်း၍ ချောမွေ့သည်။ အကိုင်းအသင့်အတင့် များသည်။ အပွင့်အခိုင်လိုက်ပွင့်သည်။ လိမ္မော်ဝါရောင် ရှိသည်။ ပွင့်ဖတ်ကြောများ ထင်ရှားသည်။

အသီးသည် အက်ကွဲသီးဖြစ်သည်။ သီးတောင့်ဖြောင့်သည်။ ပြောင်ချောသည်။ အစေ့ ၅၀ ကျော်ပါသည်။

မြန်မာနိုင်ငံအနှံ့ သဘာဝအလျောက် ပေါက်ရောက်သည်။ အလှအပနှင့် ဆေးဖက်ဝင်အပင်အဖြစ်လည်း စိုက်ပျိုးကြသည်။

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ သင်္ဘောမဲဇလီစေ့သည် ဖန်၏။ လေကိုပယ်တတ်၏။ ချောင်းဆိုးခြင်း၊ ပန်းနာ၊ ပွေးနာ၊ အရေပြားရောဂါတို့ကို ပျောက်ကင်းစေ၏။ ပိုးကိုသေစေနိုင်၏။ ပဥ္စငါးပါးသည် ဝမ်းသက်သာစေ၏။ သလိပ်ပါ၏။ ဆီးများစေ၏။ နူနာကို ပျောက်ကင်းစေ၏။ အပူကို ငြိမ်းစေ၏။ ဝမ်းကို မှန်စေသည်။ သွေးလေကို မှန်စေသည်။ အစာကြေခြင်း၊ ပိုးကိုနိုင်ခြင်း သတ္တိရှိသည်။

 

shweu

 

အသုံးပြုပုံ

– အသက်ရှူပြွန်ချောင်း ရောင်ရောဂါနှင့် ပန်းနာရောဂါတို့တွင် အဖူးနှင့် အရွက်တို့ကို ပြုတ်သောက်ပါက သက်သာပျောက်ကင်းစေသည်။

– ဝဲနာ၊ နူနာများအတွက် အရွက်ကို ထောင်း၍ တမာရွက်ရည်ဖြင့် ရောလိမ်းပေးသော် ပျောက်ကင်းနိုင်၏။

– နှင်းခူကြီးအနာ၌ အရွက်ကို သံပုရာရည်ဖြင့် ကြိတ်၍ လိမ်းပေးခြင်း၊ ယင်းပြုတ်ရည်ဖြင့် ဖန်ရည်ဆေးပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။

– ချောင်းခြောက်ဆိုးသော ရောဂါ၌ သင်္ဘောမဲဇလီရွက် မုယားကြီးရွက်ရောပြီး မြုံ့ပေးခြင်း၊ အရည်ကို မျိုချပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။

– ခံတွင်း၌ အနာအဖုပေါက်ခြင်း၊ ရောင်ရမ်းခြင်းများအတွက် အရွက်ကို ခပ်ကျကျပြုတ်၍ ခပ်နွေးနွေးငုံပေးရ၏။

– အဆိပ်ရှိသော သတ္တဝါများကိုက်သောနေရာ၌ အရွက်ကိုကြိုတ်၍ အုံပေးခြင်းဖြင့် အဆိပ်ပြေစေ၏။

– ပွေး၊ ဝဲ၊ နှင်းခူစသော အရေပြားရောဂါများ၌ အရွက်ဖြင့် တစ်နေ့ နှစ်ကြိမ် သုံးကြိမ် မှန်မှန်ပွတ် တိုက်ပေးရမည်။ ရက်အတန်ကြာပွတ်တိုက်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်၏။

– အသားအရေ ဝဖြိုးပြီး သွေးသားစင်ကြယ်စေရန်နှင့် အားအင်တိုးစေရန် အရွက်မှုန့်ကို ပျားရည်ဖြင့် တေး၍ လျှက်ပေးရ၏။

– အရေပြားရောဂါ၌ အပွင့်ကို ညက်ညက်ကြိတ်၍ လိမ်းပေးရ၏။

– ပွေးနာအတွက် လက်ချားမှုန့်၊ ဖန်ခါးသီးမှုန့်ကို သင်္ဘောမဲဇလီမြစ်သွေးရည်နှင့် ဖျော်လိမ်းပေးလျှင် ပျောက်ကင်း၏။

– လူပျိုနာများအတွက် အရွက်ကြိတ်ညှစ်ရည်ဖြင့် လိမ်းပေးလျှင် ပျောက်ကင်းနိုင်၏။

ရှေးရိုးစဉ်လာမြန်မာ့တိုင်းရင်းဆေးပညာ နှင့် ဆေးဖက်ဝင်အပင်များ

ရဲသိဒ္ဓ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

credit :မြန်မာတိုင်းရင်းဆေး

 

Zawgyi

ေပြး၊ ဝဲကို ေပ်ာက္ကင္းေစနိုင္​ေသာေပြးသတ္ေဆးပင္ သေဘၤာမဲဇလီ

 

မင္းေပြးေတြကို သေဘၤာမဲဇလီနဲ႕ နာနာပြတ္ေပးလိုက္ပါေပ်ာက္သြားလိမ့္မယ္” ဦးေလးေျပာသံကို ၾကားေယာင္မိသည္။ေပြး၊ ဝဲကို ေပ်ာက္ကင္းေစနိုင္ေၾကာင္း ေပြးသတ္ေဆးပင္ဟု လူသိမ်ားသည္။

ဝမ္းေပ်ာ့ေပ်ာ့သြားေစရန္ အ႐ြက္၊ အဖူး၊ အပြင့္ မီးကင္၍ တို႔စားၾကသည္။ အေျခာက္လွန္း၍ လက္ဖက္ေျခာ္အျဖစ္ ေသာက္ၾကသည္။ သေဘၤာမဲဇလီႏွင္ ပတ္သတ္၍ ေျပာမဆုံးေပါင္ ေတာင္သုံးေတာင္ဟု ဆိုရမတတ္ ေရးစရာမ်ားလွေပသည္။

သေဘၤာမဲဇလီကို မဲဇလီႀကီးဟုလည္းေခၚသည္။ ပင္လတ္မ်ိဳးျဖစ္သည္။ ပင္စည္စိမ္း၍ ေခ်ာေမြ႕သည္။ အကိုင္းအသင့္အတင့္ မ်ားသည္။ အပြင့္အခိုင္လိုက္ပြင့္သည္။ လိေမၼာ္ဝါေရာင္ ရွိသည္။ ပြင့္ဖတ္ေၾကာမ်ား ထင္ရွားသည္။

အသီးသည္ အက္ကြဲသီးျဖစ္သည္။ သီးေတာင့္ေျဖာင့္သည္။ ေျပာင္ေခ်ာသည္။ အေစ့ ၅၀ ေက်ာ္ပါသည္။

ျမန္မာနိုင္ငံအႏွံ႕ သဘာဝအေလ်ာက္ ေပါက္ေရာက္သည္။ အလွအပႏွင့္ ေဆးဖက္ဝင္အပင္အျဖစ္လည္း စိုက္ပ်ိဳးၾကသည္။

 

shweu

 

အာနိသင္

ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ သေဘၤာမဲဇလီေစ့သည္ ဖန္၏။ ေလကိုပယ္တတ္၏။ ေခ်ာင္းဆိုးျခင္း၊ ပန္းနာ၊ ေပြးနာ၊ အေရျပားေရာဂါတို႔ကို ေပ်ာက္ကင္းေစ၏။ ပိုးကိုေသေစနိုင္၏။ ပၪၥငါးပါးသည္ ဝမ္းသက္သာေစ၏။ သလိပ္ပါ၏။ ဆီးမ်ားေစ၏။ ႏူနာကို ေပ်ာက္ကင္းေစ၏။ အပူကို ၿငိမ္းေစ၏။ ဝမ္းကို မွန္ေစသည္။ ေသြးေလကို မွန္ေစသည္။ အစာေၾကျခင္း၊ ပိုးကိုနိုင္ျခင္း သတၱိရွိသည္။

အသုံးျပဳပုံ

– အသက္ရႉႁပြန္ေခ်ာင္း ေရာင္ေရာဂါႏွင့္ ပန္းနာေရာဂါတို႔တြင္ အဖူးႏွင့္ အ႐ြက္တို႔ကို ျပဳတ္ေသာက္ပါက သက္သာေပ်ာက္ကင္းေစသည္။

– ဝဲနာ၊ ႏူနာမ်ားအတြက္ အ႐ြက္ကို ေထာင္း၍ တမာ႐ြက္ရည္ျဖင့္ ေရာလိမ္းေပးေသာ္ ေပ်ာက္ကင္းနိုင္၏။

– ႏွင္းခူႀကီးအနာ၌ အ႐ြက္ကို သံပုရာရည္ျဖင့္ ႀကိတ္၍ လိမ္းေပးျခင္း၊ ယင္းျပဳတ္ရည္ျဖင့္ ဖန္ရည္ေဆးေပးျခင္းျဖင့္ ေပ်ာက္ကင္းနိုင္၏။

– ေခ်ာင္းေျခာက္ဆိုးေသာ ေရာဂါ၌ သေဘၤာမဲဇလီ႐ြက္ မုယားႀကီး႐ြက္ေရာၿပီး ၿမဳံ႕ေပးျခင္း၊ အရည္ကို မ်ိဳခ်ေပးျခင္းျဖင့္ ေပ်ာက္ကင္းနိုင္၏။

– ခံတြင္း၌ အနာအဖုေပါက္ျခင္း၊ ေရာင္ရမ္းျခင္းမ်ားအတြက္ အ႐ြက္ကို ခပ္က်က်ျပဳတ္၍ ခပ္ေႏြးေႏြးငုံေပးရ၏။

– အဆိပ္ရွိေသာ သတၱဝါမ်ားကိုက္ေသာေနရာ၌ အ႐ြက္ကိုႀကိဳတ္၍ အုံေပးျခင္းျဖင့္ အဆိပ္ေျပေစ၏။

– ေပြး၊ ဝဲ၊ ႏွင္းခူစေသာ အေရျပားေရာဂါမ်ား၌ အ႐ြက္ျဖင့္ တစ္ေန႕ ႏွစ္ႀကိမ္ သုံးႀကိမ္ မွန္မွန္ပြတ္ တိုက္ေပးရမည္။ ရက္အတန္ၾကာပြတ္တိုက္ေပးျခင္းျဖင့္ ေပ်ာက္ကင္းနိုင္၏။

– အသားအေရ ဝၿဖိဳးၿပီး ေသြးသားစင္ၾကယ္ေစရန္ႏွင့္ အားအင္တိုးေစရန္ အ႐ြက္မႈန့္ကို ပ်ားရည္ျဖင့္ ေတး၍ လွ်က္ေပးရ၏။

– အေရျပားေရာဂါ၌ အပြင့္ကို ညက္ညက္ႀကိတ္၍ လိမ္းေပးရ၏။

– ေပြးနာအတြက္ လက္ခ်ားမႈန့္၊ ဖန္ခါးသီးမႈန့္ကို သေဘၤာမဲဇလီျမစ္ေသြးရည္ႏွင့္ ေဖ်ာ္လိမ္းေပးလွ်င္ ေပ်ာက္ကင္း၏။

– လူပ်ိဳနာမ်ားအတြက္ အ႐ြက္ႀကိတ္ညွစ္ရည္ျဖင့္ လိမ္းေပးလွ်င္ ေပ်ာက္ကင္းနိုင္၏။

ေရွးရိုးစဥ္လာျမန္မာ့တိုင္းရင္းေဆးပညာ ႏွင့္ ေဆးဖက္ဝင္အပင္မ်ား

ရဲသိဒၶ စာအုပ္မွ ေကာက္ႏုတ္ေဖာ္ျပသည္။

credit :ျမန္မာတိုင္းရင္းေဆး

Leave a Reply

Your email address will not be published. Required fields are marked *