Menu Close

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

 

ဖရဲသီး လို့ပြောလိုက်ရင် အခွံစိမ်းစိမ်း အတွင်းသား နီနီရဲရဲလေးပဲ ပြေးမြင်မယ် ထင်ပါတယ်။ ဒီတစ်ခါတော့ နီနီရဲရဲ ဖရဲသီးထက် ပိုနုပြီး အဝါရောင်သန်းနေတဲ့ ဖရဲသီး အဝါလေးတွေက ကျန်းမာရေးကို ဘယ်လို အထောက်အကူ ပြုပေးသလဲဆိုတာ ပြောပြပေးပါရစေ။

 

 

ဖရဲသီး အဝါရောင်မှာပါတဲ့ အာဟာရဓာတ်

အပူပိုင်းဒေသတွေမှာ အများဆုံး ပေါက်ရောက်တဲ့ ဖရဲသီး အဝါသီးမှာ

ကာဗိုဟိုက်ဒရိတ်

ကယ်လ်လိုရီ

အဆီဓာတ်

အမျှင်ဓာတ်

သကြားဓာတ်

ပရိုတင်း

ပိုတက်ဆီယမ်

ကယ်လ်ဆီယမ်

ဗီတာမင် A

ဗီတာမင် C

သံဓာတ်

မဂ္ဂနီဆီယမ် စတာတွေ ပါဝင်နေပါတယ်။

ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

ရေဓာတ် ၉၂ ရာခိုင်နှုန်းလောက်အထိ ပါဝင်နေပြီး နုနုချိုချို ဖရဲသီး အဝါလေးက

သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေတယ်

ဖရဲသီး အဝါရောင်မှာ citrulline က ကိုယ်တွင်းက သွေးတွေကို ပျစ်တာ။ခဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ခန္ဓာကိုယ် အနှံ့က သွေးကြောတွေထဲမှာ သွေးစီးဆင်းမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဖရဲသီး အဝါမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။အအေးမိတဲ့ လူနာတွေအနေနဲ့တော့ ဖျားနာနေချိန်မှာ မစားသင့်ပါဘူး။

ကျောက်ကပ် ကျန်းမာစေတယ်

အဝါရောင် ဖရဲသီးက ဆီးရွှင်စေပြီး ကျောက်ကပ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် ပြင်ပကို စွန့်ထုတ်ပေးပါတယ်။

ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို တိုးတက်စေနိုင် ပါတယ်။

သွေးပေါင်ကျစေနိုင်တယ်

သွေးတိုးသမားများအတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။ ပိုတက်ဆီယမ် ပါဝင်နေတာက သွေးပေါင်ချိန်ကို အကောင်းဆုံးဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။အဝါရောင် ဖရဲသီးကို ပုံမှန် စားသုံးသူတွေက သွေးတိုး ကင်းကြပြီး သွေးပေါင်ချိန်ကို အကောင်းဆုံ အနေအထားမှာ ထိန်းညှိထားနိုင်တယ်၊ လို့ လေ့လာမှုတွေအရ သိရပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ဖရဲသီး အဝါရောင်မှာ အမြင်အာရုံအတွက် လိုအပ်တဲ့ အာဟာရ တစ်မျိုး ဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ဗီတာမင် A အမြင်အာရုံကို ကျန်းမာစေပြီး မျက်စိပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ယနေ့ခေတ်မှာ ညစ်ညမ်းလာတဲ့ မြေထု၊ ရေထု၊ လေထုတွေကြောင့် အရေပြားက စလို့ ကျန်းမာရေး အဆုံး အရာရာဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နေရပါတယ်။ဒီပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ဖရဲသီးအဝါကို စားပေးသင့်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေတယ်

ဖရဲသီး အဝါမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါးစပ်ထဲက အနာတွေကို သက်သာစေပြီး ပါးစပ်ထဲမှာ အနာတွေ ခဏခဏ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ခံတွင်းနဲ့ သွားပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူ ပေးပါသေးတယ်။

အရိုးတွေ သန်မာစေတယ်

ဖရဲသီး အဝါမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့လိုမျိုး အရိုးကို သန်မာစေနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။အရိုး သိပ်သည်းဆ ကောင်းမွန်စေပြီး အရိုးတွေ သန်မာစေဖို့နဲ့ အရိုးပွ ရောဂါကို ကာကွယ်ဖို့ ဖရဲသီး အဝါကို စားပေးလို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|ရေးသားသူ Aye Thi Mon

credit:Helloဆရာဝန်

 

Zawgyi

ဖရဲသီး ဝါဝါေလးကေပးတဲ့ က်န္းမာေရး

 

ဖရဲသီး လို႔ေျပာလိုက္ရင္ အခြံစိမ္းစိမ္း အတြင္းသား နီနီရဲရဲေလးပဲ ေျပးျမင္မယ္ ထင္ပါတယ္။ဒီတစ္ခါေတာ့ နီနီရဲရဲ ဖရဲသီးထက္ ပိုႏုၿပီး အဝါေရာင္သန္းေနတဲ့ ဖရဲသီး အဝါေလးေတြက က်န္းမာေရးကို ဘယ္လို အေထာက္အကူ ျပဳေပးသလဲဆိုတာ ေျပာျပေပးပါရေစ။

ဖရဲသီး အဝါေရာင္မွာပါတဲ့ အာဟာရဓာတ္

အပူပိုင္းေဒသေတြမွာ အမ်ားဆုံး ေပါက္ေရာက္တဲ့ ဖရဲသီး အဝါသီးမွာ

 

 

ကာဗိုဟိုက္ဒရိတ္

ကယ္လ္လိုရီ

အဆီဓာတ္

အမွ်င္ဓာတ္

သၾကားဓာတ္

ပရိုတင္း

ပိုတက္ဆီယမ္

ကယ္လ္ဆီယမ္

ဗီတာမင္ A

ဗီတာမင္ C

သံဓာတ္

မဂၢနီဆီယမ္ စတာေတြ ပါဝင္ေနပါတယ္။

ဖရဲသီး ဝါဝါေလးကေပးတဲ့ က်န္းမာေရး

ေရဓာတ္ ၉၂ ရာခိုင္ႏႈန္းေလာက္အထိ ပါဝင္ေနၿပီး ႏုႏုခ်ိဳခ်ိဳ ဖရဲသီး အဝါေလးက

ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစတယ္

ဖရဲသီး အဝါေရာင္မွာ citrulline က ကိုယ္တြင္းက ေသြးေတြကို ပ်စ္တာ။ ခဲတာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးၿပီး ခႏၶာကိုယ္ အႏွံ႕က ေသြးေၾကာေတြထဲမွာ ေသြးစီးဆင္းမႈ ေကာင္းေစဖို႔ အေကာင္းဆုံး အားျဖည့္ေပးပါတယ္။

ကိုယ္ခံအား ေကာင္းေစနိုင္တယ္

ဖရဲသီး အဝါမွာ ဗီတာမင္ A နဲ႕ ဗီတာမင္ C ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအား ေကာင္းေစၿပီး ဖ်ားနာမႈ ကင္းေစဖို႔ အေကာင္းဆုံး ေထာက္ကူေပးနိုင္ပါတယ္။အေအးမိတဲ့ လူနာေတြအေနနဲ႕ေတာ့ ဖ်ားနာေနခ်ိန္မွာ မစားသင့္ပါဘူး။

ေက်ာက္ကပ္ က်န္းမာေစတယ္

အဝါေရာင္ ဖရဲသီးက ဆီး႐ႊင္ေစၿပီး ေက်ာက္ကပ္ေတြကို က်န္းမာေစနိုင္ပါတယ္။ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဆီးကေနတဆင့္ ျပင္ပကို စြန႔္ထုတ္ေပးပါတယ္။ ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္နိုင္မႈ စြမ္းရည္ကို တိုးတက္ေစနိုင္ ပါတယ္။

ေသြးေပါင္က်ေစနိုင္တယ္

ေသြးတိုးသမားမ်ားအတြက္ သင့္ေတာ္တဲ့ စားစရာ တစ္ခုပါ။ ပိုတက္ဆီယမ္ ပါဝင္ေနတာက ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံးျဖစ္ေအာင္ ထိန္းညွိေပးနိုင္ပါတယ္။အဝါေရာင္ ဖရဲသီးကို ပုံမွန္ စားသုံးသူေတြက ေသြးတိုး ကင္းၾကၿပီး ေသြးေပါင္ခ်ိန္ကို အေကာင္းဆုံ အေနအထားမွာ ထိန္းညွိထားနိုင္တယ္၊ လို႔ ေလ့လာမႈေတြအရ သိရပါတယ္။

မ်က္လုံး က်န္းမာေစတယ္

ဖရဲသီး အဝါေရာင္မွာ အျမင္အာ႐ုံအတြက္ လိုအပ္တဲ့ အာဟာရ တစ္မ်ိဳး ျဖစ္တဲ့ ဗီတာမင္ A ပါဝင္ေနပါတယ္။ဗီတာမင္ A အျမင္အာ႐ုံကို က်န္းမာေစၿပီး မ်က္စိျပႆနာ ကင္းေစဖို႔ အေကာင္းဆုံး အေထာက္အပံ့ေပးနိုင္မွာပါ။

ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတယ္

ယေန႕ေခတ္မွာ ညစ္ညမ္းလာတဲ့ ေျမထု၊ ေရထု၊ ေလထုေတြေၾကာင့္ အေရျပားက စလို႔ က်န္းမာေရး အဆုံး အရာရာဟာ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္ေနရပါတယ္။ ဒီျပႆနာေတြကို ကာကြယ္ဖို႔ဆိုရင္ ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝတဲ့ ဖရဲသီးအဝါကို စားေပးသင့္ပါတယ္။

ပါးစပ္ထဲက အနာကို သက္သာေစတယ္

ဖရဲသီး အဝါမွာ ဗီတာမင္ C ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ ပါးစပ္ထဲက အနာေတြကို သက္သာေစၿပီး ပါးစပ္ထဲမွာ အနာေတြ ခဏခဏ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ခံတြင္းနဲ႕ သြားျပႆနာေတြ ကင္းေစဖို႔လည္း ေထာက္ကူ ေပးပါေသးတယ္။

အရိုးေတြ သန္မာေစတယ္

ဖရဲသီး အဝါမွာ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္ နဲ႕ ပရိုတင္းတို႔လိုမ်ိဳး အရိုးကို သန္မာေစနိုင္တဲ့ အာဟာရဓာတ္ေတြ ပါဝင္ေနပါတယ္။ အရိုး သိပ္သည္းဆ ေကာင္းမြန္ေစၿပီး အရိုးေတြ သန္မာေစဖို႔နဲ႕ အရိုးပြ ေရာဂါကို ကာကြယ္ဖို႔ ဖရဲသီး အဝါကို စားေပးလို႔ ရပါတယ္။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win|ေရးသားသူ Aye Thi Mon

credit:Helloဆရာဝန္

Leave a Reply

Your email address will not be published. Required fields are marked *