Menu Close

ဘူးသီးရဲ့ လူသိနည်းတဲ့ ကျန်းမာရေးအစွမ်းများ

ဘူးသီးရဲ့ လူသိနည်းတဲ့ ကျန်းမာရေးအစွမ်းများ

 

မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါးအဖြစ် ချက်ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။

အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်။ ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့် (သွပ်)၊ သိုင်ယာမင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများပါတယ်။ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည်အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်။ ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေတယ်လို့ ဆိုကြပါတယ်။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်။ ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်။ ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာတို့ကို သက်သာစေတယ်လို့ မှတ်ချက်ပေးထားပါတယ်။ စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်။ ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲလွန်ဝေဒနာကို လျော့ ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

 

 

 

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ဒါကြောင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။ အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့် (သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိအ မြင်အာရုံကို ကောင်းမွန်စေပါတယ်။ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။ ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက်တွေက သွေးတွင်း သကြားဓာတ်ပမာဏကို လျော့ကျစေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

သတိပြုရန် –ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက် တစ်မျိုး ဖြစ်ပါသည်။အစိမ်းစားပါက၊ အစာအိမ်နှင့် အူမများကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။

Credit – Good Health

MyFood Myanmar

 

Zawgyi

ဘူးသီးရဲ႕ လူသိနည္းတဲ့ က်န္းမာေရးအစြမ္းမ်ား

 

ျမန္မာလူမ်ိဳးေတြရဲ႕ မီးဖိုေခ်ာင္ထဲမွာ အေတြ႕ရမ်ားတဲ့ ဘူးသီးဟာ ေသြးတိုးက်ေစတဲ့ အစြမ္းနဲ႕ ႏွလုံးေရာဂါ သက္သာေစတဲ့ အစြမ္းရွိတယ္လို႔ ဆိုၾကပါတယ္။ ဘူးသီးကို ဟင္းခါးအျဖစ္ ခ်က္ၾကသလို ဘူးသီးကို ျပဳတ္ၿပီး တို႔စားတာ၊ သုပ္စားတာမ်ိဳးလည္း ျပဳလုပ္ၾကပါတယ္။

အသည္းရဲ႕ လုပ္ငန္းေဆာင္တာေတြကို ဟန္ခ်က္ညီေစပါတယ္။ ဘူးသီးမွာ ျပည့္ဝဆီနဲ႕ ကယ္လိုရီ ပါဝင္မႈ နည္းပါတယ္။အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ရိုင္ဘိုဖေလဗင္၊ ဇင့္ (သြပ္)၊ သိုင္ယာမင္၊ သံဓာတ္နဲ႕ မဂၢနီဆီယမ္တို႔ ပါဝင္မႈမ်ားပါတယ္။ ဒါေၾကာင့္ အသည္းကို သန႔္စင္ ေစတာ၊ ျပန္လည္အားျဖည့္ေပးတာနဲ႕ အယ္လ္ကိုေဟာေၾကာင့္ ထိခိုက္မႈကို ကာကြယ္ေပးတာတို႔ လုပ္ေဆာင္ေပးပါတယ္။

ဆံပင္ျဖဴတာကို ေလ်ာ့က်ေစပါတယ္။ ဘူး႐ြက္ကရတဲ့ အရည္ဟာ အသားဝါတာကို သက္သာေစၿပီး ဘူးသီးအရည္ ကေတာ့ ဆံပင္ျဖဴတာကို ေလ်ာ့က်ေစတယ္လို႔ ဆိုၾကပါတယ္။ ႏုံးခ်ည့္ေညာင္းညာမႈ သက္သာေစပါတယ္။ ဘူးသီးကို စားေပးတာေၾကာင့္ ႏုံးခ်ည့္ေညာင္းညာမႈ ေလ်ာ့က်ေစၿပီး လန္းဆန္းေစပါတယ္။ အထူးသျဖင့္ ပူျပင္းတဲ့ ရက္ေတြမွာ လန္းဆန္းေစပါတယ္။

အစာမေၾကတဲ့ ေဝဒနာကို ေလ်ာ့က်ေစပါတယ္။ ဘူးသီးဟာ အယ္လ္ကာလိုင္း ဂုဏ္သတၱိရွိတာေၾကာင့္ အက္စစ္ဓာတ္လြန္ကဲမႈ၊ အစာမေၾကတာနဲ႕ အစာအိမ္အနာတို႔ကို သက္သာေစတယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။ စိတ္စြဲလြန္ ေဝဒနာကို သက္သာေစပါတယ္။ ဘူးသီးဟာ နာ့ဗ္ေၾကာေတြကို အားေကာင္းတဲ့အတြက္ အလုပ္တစ္ခုခုကို ထပ္ခါတလဲလဲ လုပ္တတ္တဲ့ စိတ္စြဲလြန္ ေဝဒနာ (OCD) ကို ေလ်ာ့က်ေစပါတယ္။ ေဆးဝါးေဗဒဂ်ာနယ္ရဲ႕ ေလ့လာမႈအရ ဘူးသီးမွာ စိတ္စြဲလြန္ေဝဒနာကို ေလ်ာ့ က်ေစတဲ့ အစြမ္းရွိတယ္လို႔ သိရပါတယ္။

 

 

ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစပါတယ္။ဘူးသီးမွာ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ ဘူးသီး ၁၀ဝ ဂရမ္စား တဲ့အခါ ၁၂ ကယ္လိုရီပဲ ရရွိပါတယ္။ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစတဲ့ အစားအစာ တစ္မ်ိဳးအျဖစ္ အသိအမွတ္ ျပဳထားပါတယ္။ အေထြေထြက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ ဘူးသီးမွာ သိုင္ယာမင္၊ ဗီတာမင္စီ၊ ဇင့္ (သြပ္)၊ သံဓာတ္နဲ႕ မဂၢနီဆီယမ္တို႔ မ်ားစြာ ပါဝင္တဲ့အတြက္ အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

မ်က္စိက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ဘူးသီးမွာ ဘီတာကယ္ရိုတင္း ပမာဏ မ်ားစြာ ပါဝင္တဲ့အတြက္ မ်က္စိအ ျမင္အာ႐ုံကို ေကာင္းမြန္ေစပါတယ္။ဘူးသီးဟာ အစာအိမ္ေဝဒနာ၊ အစာအိမ္အူလမ္းေၾကာင္း ပိုးဝင္တာနဲ႕ လိပ္ေခါင္းစ တာေတြကိုလည္း သက္သာေစပါတယ္။ဘူးသီးမွာ ေသြးေတြကို သန႔္စင္ေစတဲ့ အာနိသင္လည္း ရွိတာေၾကာင့္ ေရာဂါအ မ်ားစုကို တြန္းလွန္ေပးနိုင္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ ပမာဏကို ေလ်ာ့က်ေစပါတယ္။ ဘူးသီးမွာ ပါတဲ့ ပပ္တိုက္နဲ႕ အယ္လ္ကာလြိုက္ေတြက ေသြးတြင္း သၾကားဓာတ္ပမာဏကို ေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳေရာဂါရွိသူေတြ အသင့္အတင့္ စားနိုင္ပါတယ္။

သတိျပဳရန္ –ဘူးသီးသည္ အပူေပးခ်က္ျပဳတ္ၿပီးမွသာ စားသုံးရသည့္ ဟင္းသီးဟင္း႐ြက္ တစ္မ်ိဳး ျဖစ္ပါသည္။အစိမ္းစားပါက၊ အစာအိမ္ႏွင့္ အူမမ်ားကို အႏၲရာယ္ျဖစ္ေစနိုင္ပါသည္။

Credit – Good Health

MyFood Myanmar

Leave a Reply

Your email address will not be published. Required fields are marked *