Menu Close

မနက်စာမစားမီ ကော်ဖီသောက်ခြင်း ဆီးချိုရောဂါဖြစ်စေနိုင်

မနက်စာမစားမီ ကော်ဖီသောက်ခြင်း ဆီးချိုရောဂါဖြစ်စေနိုင်

ညဘက်အိပ်ရေးမဝတဲ့လူအချို့ဟာ လန်းလန်းဆန်းဆန်းရှိနေအောင် မနက်ပိုင်း ဘာမှ မစားရသေးခင်မှာပဲ ကော်ဖီပြင်းပြင်းတစ်ခွက်ကို သောက်သုံးတတ်ကြပါတယ်။ဒါပေမယ့် အဲဒီအပြုအမူဟာ ဆီးချိုရောဂါဖြစ်စေနိုင်တယ်လို့ သုတွေသီတွေ့ရဲ့ လေ့လာတွေ့ရှိချက်တစ်ခုကို အခုလ(၁)ရက် CNN သတင်းမှာဖော်ပြထားပါတယ်။

ဗြိတိန် Bath တက္ကသိုလ်က သုတေသီတွေဟာ ညဘက်အိပ်ရေးမဝခြင်းနဲ့ မနက်စောစောကော်ဖီသောက်ခြင်း၊ဒီနှစ်ခုပေါင်းစပ်ပြီးတော့ လူခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အပေါ် ဘယ်လိုမျိုး ဆိုးကျိုးသက်ရောက်စေသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

အဲဒီလိုလေ့လာကြည့်ရာမှာ အိပ်ရေးပျက်ပြီး ကော်ဖီသောက်တာဟာ သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို ထိခိုက်ပြီးဆိုးကျိုးသက်ရောက်စေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။

သွေးထဲမှာ သကြားဓာတ်ပမာဏမမှန်တာဟာ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်ဖို့ ဦးတည်စေပါတယ်။

ဒါကြောင့် သင့်အနေနဲ့ ညဘက်အိပ်ရေးမဝလို့ လူလန်းလန်းဆန်းဆန်းမရှိလို့ ကော်ဖီသောက်ချင်တယ်ဆိုပါက မနက်စာ စားပြီးတဲ့အခါမှသာသောက်သုံးသင့်ပြီး၊အစာမစားမီမသောက်သင့်ဘူးလို့ အကြံပြုထားပါတယ်။

credit:မူရင်းရေးသားသူ

 

Zawgyi

 


shweu

 







Leave a Reply

Your email address will not be published. Required fields are marked *