Menu Close

“မီးကွင်းဂမုန်း” ဆေးတော်ပင် (ပျောက်ကင်းသောရောဂါများ)

“မီးကွင်းဂမုန်း” ဆေးတော်ပင် (ပျောက်ကင်းသောရောဂါများ)

 

လူသိများ၏။မြန်မာပြည်အနှံပေါက်ရောက်၏။အရွက်နှင့် အရိုးကအံ့သြဖွယ်အစွမ်းကြီး၏သိပ္ပံဆေးဝါးများဖြင့်ကုသရန်ခက်ခဲသူတို့အတွက်

 

 

(၁) မကြာသေးမီကပင်သင်တန်းတက်ရောက်နေ သောမိတ်ဆွေတစ်ဦးနား ကိုက်သည်ဆို၍ အရွက်ကိုရေစင်အောင်ဆေးပြီးနား  အတွင်း သို့သတ္တုရည် စိမ်းညှစ်ထည့်ပေးရာ အမှန်ပင်ပျောက် ကင်းသွားပါသည်။နားကိုက်နားရည်ယိုက အရွက်ရည်ကို ညှစ်၍နာအတွင်း အစက်ချရသည်။

(၂) ခေါင်းပေါ်မှဘောက်ထခြင်းကို မီးကွင်းဂမုန်းကို ထောင်း၍ သတ္တု ရည်ဖြင့်ခေါင်းလျော်ပါက ဘောက်မထဟုဆို၍ခေါင်းလျော်သည်လည်းရှိ သည်။ ဘောက်မထတော့ဟုဆိုသည်။

(၃)  နှာခေါင်းသွေးလျံသူအား အရွက်အဆစ်များ ထုထောင်းကာ နှာခေါင်းတွင် အုံပေးပါက နှာခေါင်းသွေးလျံခြင်း သက်သာပျောက်ကင်းသည်က လက်တွေ့ဖြစ်သည်။

(၄) သွေးကင်ဆာရောဂါ

ငွေကုန်ကြေးကျမခံနိုင်ဘဲအနောက်တိုင်းဆေးဖြင့် ကုသရန်အခက်အခဲရှိသူတို့ အရွက်နှင့်ပင်စည်ကို ကျေညက်အောင် ထောင်းပြီး  ထမင်းစားဇွန်းတစ်ဇွန်းမျှ အရည်ရယူကာ ယင်းဆေး အရည် ကိုစတီးဇွန်း၊ ကြေးဇွန်းပေါ်တင်ပြီးအပူပေးကာ ခေတ္တ အအေးခံ သောက် ရသည် ဆိုပါသည်။

မီးကွင်းဂမုန်းဆေးရည်ကို နံနက်စာထမင်းပြီးတစ်ကြိမ်၊ညနေစာထမင်းစားပြီး တစ်ကြိမ် အစာစားပြီးချိန်နှင့်(၁)နာရီခြားကာ တစ်ဇွန်းသောက်ရသည် ဆိုပါသည်။ ထိုသို့တစ်ပတ်လျှင်သုံးရက် တစ်လခန့်သောက်သုံးပေးခြင်းဖြင့် သွေးကင်ဆာ တဖြည်းဖြည်း ပျောက်ကင်း သက်သာသွားစေသည် ဟု ညွန်းပါသည်။

(၅) ဆီးချိုနှင့်ဆီးကျောက်

မီးကွင်းဂမုန်းကိုးရွက်၊သံပုရာသီးတစ်စိတ်၊ဆားအနည်းငယ်ဖြင့် နေ့စဉ်သုံးခွက်တစ်ခွက် ပြုတ်ကျိုသောက််ပေးပါက ဆီးချိုနှင့်ဆီးကျောက်ရောဂါသိသာစွာ သက်သာပျောက်ကင်းခွင့်ရပါသည်။ မီးကွင်းဆေးရည်အရောင်မှာပန်းရောင်ခရမ်း ဖက်သို့ သန်းပါသည်။ ကိုယ်တိုင်လည်းလက်တွေ့သောက်စသုံးပါသည်။

(၆) လိပ်ခေါင်း

အတွင်းလိပ်/အပြင်လိပ် သမားများအတွက် မီးကွင်းဂမုန်းအရွက်(၉)ရွက်ကို၊သကြားအနည်း ငယ်၊သံပုရာတစ်စိတ်၊ဆားသင့် ထည့်ပြီး သုံးခွက်တစ် ခွက်ပြုတ်ကျို သောက်ခြင်းဖြင့် လိပ်ခေါင်းရောဂါ သက်သာပျောက်ကင်း ကြောင်း တွဲဖက်ရန်က ခရုဖင်ရှည်ခွံအား ဆန်ဆေးရည်ဖြင့် သွေးကာ လိမ်းပေးရပါမည်။

 

shweu

 

(၇) ၀မ်းကိုက်ခြင်း

အစာကြောင့်၊ရေကြောင့် အမျိုးမျိုးသောအကြောင်းများ ဖြင့် ၀မ်းကိုက်ခဲ့ ပါလျှင် ထန်းလျက်(၅)ခဲဖြင့် အရွက်ကို (၃)ခွက်(၁)ခွက်ပြုတ်ကျိုသောက် ပေးခြင်းနှင့် အရွက်ကို ပြုတ်၍သုပ်စားပါက အမှန်ပင် ၀မ်းကိုက်ပျောက်ကင်း ပါသည်။

(၈) သွေးအန်ခြင်း

ရုတ်တစ်ရပ် သွေးအန်ခြင်းကြုံပါက အရိုး/အရွက်ကို (၃)ခွက်(၁)ခွက်၊ ဒိုပါလာ (မှန်ညိုရောင်)သကြားဖြင့် တစ်နေ့လျှင် ကြွေဇွန်း (၁)ဇွန်း နေ့စဉ် (၃)ကြိမ်သောက်ရပါသည်။

(၉)သွေး၀မ်းဆင်းခြင်း

အရွက်ကို သတ္တုရည်ညှစ်ပြီး ကြွေဇွန်း(၁)ဇွန်းသောက် ပေးခြင်း ဖြင့်ပျောက် ကင်းစေသည်။

(၁၀) မီးလောင်၊အပူလောင်မကြာခဏဖြစ် တတ်ကြပါသည်။ အရွက်နုကိုသကြား အနည်းငယ်ရောပြီးထုထောင်းချေမွ၍ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။ ကိုယ်တိုင် လည်း ထိုနည်းအတိုင်းအသုံးပြုခဲ့ပါသည်။

(၁၁) သလိပ်ကပ်၊ချောင်းဆိုး

အရွက်/အရိုးထောင်းရရည်ဖြင့် သကြားအနည်း ငယ်ရောပြီး ဇွန်းသေး(၁) ဇွန်းခန့် တစ်နေ့(၃) ကြိမ်သောက်ပါက ချောင်းဆိုး၊ သလိပ်ကပ်ပျောက်ပါ သည်။

မီးကွင်းဂမုန်းပင်သည် မြစ်ချိုမျိုးရင်းဖြစ်ပါသည်။ရုက္ခဗေဒအမည်မှာ Rhoeo Discolor Hance  ဖြစ်ပါသည်။

အကိုးအကား

မြန်မာဆေးဝါးပင်များ

နေဆိုင်(ပူတာအို) ကျန်းမာရေးသတင်း

ရဲမျိုးသူ(ဗောဓိမြိုင်)

 

Zawgyi

“မီးကြင္းဂမုန္း” ေဆးေတာ္ပင္ (ေပ်ာက္ကင္းေသာေရာဂါမ်ား)

 

လူသိမ်ား၏။ျမန္မာျပည္အႏွံေပါက္ေရာက္၏။အ႐ြက္ႏွင့္ အရိုးကအံ့ၾသဖြယ္အစြမ္းႀကီး၏သိပၸံေဆးဝါးမ်ားျဖင့္ကုသရန္ခက္ခဲသူတို႔အတြက္

 

shweu

 

(၁) မၾကာေသးမီကပင္သင္တန္းတက္ေရာက္ေန ေသာမိတ္ေဆြတစ္ဦးနား ကိုက္သည္ဆို၍ အ႐ြက္ကိုေရစင္ေအာင္ေဆးၿပီးနား  အတြင္း သို႔သတၱဳရည္ စိမ္းညွစ္ထည့္ေပးရာ အမွန္ပင္ေပ်ာက္ ကင္းသြားပါသည္။နားကိုက္နားရည္ယိုက အ႐ြက္ရည္ကို ညွစ္၍နာအတြင္း အစက္ခ်ရသည္။

(၂) ေခါင္းေပၚမွေဘာက္ထျခင္းကို မီးကြင္းဂမုန္းကို ေထာင္း၍ သတၱဳ ရည္ျဖင့္ေခါင္းေလ်ာ္ပါက ေဘာက္မထဟုဆို၍ေခါင္းေလ်ာ္သည္လည္းရွိ သည္။ ေဘာက္မထေတာ့ဟုဆိုသည္။

(၃)  ႏွာေခါင္းေသြးလ်ံသူအား အ႐ြက္အဆစ္မ်ား ထုေထာင္းကာ ႏွာေခါင္းတြင္ အုံေပးပါက ႏွာေခါင္းေသြးလ်ံျခင္း သက္သာေပ်ာက္ကင္းသည္က လက္ေတြ႕ျဖစ္သည္။

(၄) ေသြးကင္ဆာေရာဂါ

ေငြကုန္ေၾကးက်မခံနိုင္ဘဲအေနာက္တိုင္းေဆးျဖင့္ ကုသရန္အခက္အခဲရွိသူတို႔ အ႐ြက္ႏွင့္ပင္စည္ကို ေက်ညက္ေအာင္ ေထာင္းၿပီး  ထမင္းစားဇြန္းတစ္ဇြန္းမွ် အရည္ရယူကာ ယင္းေဆး အရည္ ကိုစတီးဇြန္း၊ ေၾကးဇြန္းေပၚတင္ၿပီးအပူေပးကာ ေခတၱ အေအးခံ ေသာက္ ရသည္ ဆိုပါသည္။

မီးကြင္းဂမုန္းေဆးရည္ကို နံနက္စာထမင္းၿပီးတစ္ႀကိမ္၊ညေနစာထမင္းစားၿပီး တစ္ႀကိမ္ အစာစားၿပီးခ်ိန္ႏွင့္(၁)နာရီျခားကာ တစ္ဇြန္းေသာက္ရသည္ ဆိုပါသည္။ ထိုသို႔တစ္ပတ္လွ်င္သုံးရက္ တစ္လခန့္ေသာက္သုံးေပးျခင္းျဖင့္ ေသြးကင္ဆာ တျဖည္းျဖည္း ေပ်ာက္ကင္း သက္သာသြားေစသည္ ဟု ၫြန္းပါသည္။

(၅) ဆီးခ်ိဳႏွင့္ဆီးေက်ာက္

မီးကြင္းဂမုန္းကိုး႐ြက္၊သံပုရာသီးတစ္စိတ္၊ဆားအနည္းငယ္ျဖင့္ ေန႕စဥ္သုံးခြက္တစ္ခြက္ ျပဳတ္က်ိဳေသာက္္ေပးပါက ဆီးခ်ိဳႏွင့္ဆီးေက်ာက္ေရာဂါသိသာစြာ သက္သာေပ်ာက္ကင္းခြင့္ရပါသည္။ မီးကြင္းေဆးရည္အေရာင္မွာပန္းေရာင္ခရမ္း ဖက္သို႔ သန္းပါသည္။ ကိုယ္တိုင္လည္းလက္ေတြ႕ေသာက္စသုံးပါသည္။

(၆) လိပ္ေခါင္း

အတြင္းလိပ္/အျပင္လိပ္ သမားမ်ားအတြက္ မီးကြင္းဂမုန္းအ႐ြက္(၉)႐ြက္ကို၊သၾကားအနည္း ငယ္၊သံပုရာတစ္စိတ္၊ဆားသင့္ ထည့္ၿပီး သုံးခြက္တစ္ ခြက္ျပဳတ္က်ိဳ ေသာက္ျခင္းျဖင့္ လိပ္ေခါင္းေရာဂါ သက္သာေပ်ာက္ကင္း ေၾကာင္း တြဲဖက္ရန္က ခ႐ုဖင္ရွည္ခြံအား ဆန္ေဆးရည္ျဖင့္ ေသြးကာ လိမ္းေပးရပါမည္။

 

shweu

 

(၇) ၀မ္းကိုက္ျခင္း

အစာေၾကာင့္၊ေရေၾကာင့္ အမ်ိဳးမ်ိဳးေသာအေၾကာင္းမ်ား ျဖင့္ ၀မ္းကိုက္ခဲ့ ပါလွ်င္ ထန္းလ်က္(၅)ခဲျဖင့္ အ႐ြက္ကို (၃)ခြက္(၁)ခြက္ျပဳတ္က်ိဳေသာက္ ေပးျခင္းႏွင့္ အ႐ြက္ကို ျပဳတ္၍သုပ္စားပါက အမွန္ပင္ ၀မ္းကိုက္ေပ်ာက္ကင္း ပါသည္။

(၈) ေသြးအန္ျခင္း

႐ုတ္တစ္ရပ္ ေသြးအန္ျခင္းႀကဳံပါက အရိုး/အ႐ြက္ကို (၃)ခြက္(၁)ခြက္၊ ဒိုပါလာ (မွန္ညိုေရာင္)သၾကားျဖင့္ တစ္ေန႕လွ်င္ ေႂကြဇြန္း (၁)ဇြန္း ေန႕စဥ္ (၃)ႀကိမ္ေသာက္ရပါသည္။

(၉)ေသြး၀မ္းဆင္းျခင္း

အ႐ြက္ကို သတၱဳရည္ညွစ္ၿပီး ေႂကြဇြန္း(၁)ဇြန္းေသာက္ ေပးျခင္း ျဖင့္ေပ်ာက္ ကင္းေစသည္။

(၁၀) မီးေလာင္၊အပူေလာင္မၾကာခဏျဖစ္ တတ္ၾကပါသည္။ အ႐ြက္ႏုကိုသၾကား အနည္းငယ္ေရာၿပီးထုေထာင္းေခ်မြ၍ လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစပါသည္။ ကိုယ္တိုင္ လည္း ထိုနည္းအတိုင္းအသုံးျပဳခဲ့ပါသည္။

(၁၁) သလိပ္ကပ္၊ေခ်ာင္းဆိုး

အ႐ြက္/အရိုးေထာင္းရရည္ျဖင့္ သၾကားအနည္း ငယ္ေရာၿပီး ဇြန္းေသး(၁) ဇြန္းခန့္ တစ္ေန႕(၃) ႀကိမ္ေသာက္ပါက ေခ်ာင္းဆိုး၊ သလိပ္ကပ္ေပ်ာက္ပါ သည္။

မီးကြင္းဂမုန္းပင္သည္ ျမစ္ခ်ိဳမ်ိဳးရင္းျဖစ္ပါသည္။႐ုကၡေဗဒအမည္မွာ Rhoeo Discolor Hance  ျဖစ္ပါသည္။

အကိုးအကား

ျမန္မာေဆးဝါးပင္မ်ား

ေနဆိုင္(ပူတာအို) က်န္းမာေရးသတင္း

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Leave a Reply

Your email address will not be published. Required fields are marked *