Menu Close

မုရိုးပင် (ငဖြူကြီး)တစ်ပင်လုံး ဆေးအသုံးဝင်ပုံ

မုရိုးပင် (ငဖြူကြီး)တစ်ပင်လုံး ဆေးအသုံးဝင်ပုံ

 

အမျိုးသမီးများ သားအိမ်အတွင်း သွေးလုံး လေလုံးဖြစ်ခဲ့ပါလျှင် မုရိုး၅ပွင့်ကို နှမ်းဆီနှင့် ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ပြီး သက်သာ ပျောက်ကင်းစေပါတယ်။ ဆေးဖက်ဝင် မုရိုးပင်ပါ။ အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။

အသီးက စိန်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။ ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ်။

ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါစားပြီး ကျင်းခွက်လိုဖြစ်သွားတယ်။ ပြီးတော့ ပျောက်သွားတယ်။မရိုးပင်ကို ၃လက္မ လောက်ဖြတ်ပြီး နေလှမ်းပါ။ ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။ ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။ မုရိုးကြီးရုက္ခမူ ဆားရမယ်။ အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ရင် ရင်ကြပ် ပန်းနာရောဂါ ပျောက်ပါတယ်။

ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။ ဆူးစူးပြီး ဆူးကိုထွင်လို့ မရတဲ့အခါ ဒီအပင်ရဲ့ အစေးကို ထည့်လိုက်ပါ။

နာရီအနည်းငယ် ကြာတဲ့အခါ ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။ မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ်ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေးရင် ချောင်းဆိုး တီဘီ အဆုတ်နာပါ ပျောက်ပါတယ်။

သူ့အစေးကလဲ အလွန်အဖိုးတန်ပါတယ်။ ဆူးစူးထားတဲ့ နေရာကို သူ့အစေးလေး ထည့်ပြီး ပတ်တီးဖွဖွလေး စည်းထားရင် အချိန်တိုအတွင်းဆူးက အပြင်ကို ထွက်လာပါတယ်။ (ငဖြူကြီးပင်လို့ တချို့ခေါ်ဝေါ်ပါတယ်) ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

အနာစိမ်း မွှေးကျွတ်နာ အနာလုံးများ ပေါက်ရင် အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

ထိပ်ကပ်နာခေါ်တဲ့ နှာပိတ်ရောဂါကို မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ ပျောက်ကင်းပါသည်။

ကျွဲ နွားများ လေးဘက်နာ ဖြစ်ပါက မုရိုးကြီးအပင်နဲ့ ရိုက်ပေးရင်လုံးဝ ပျောက်ကင်းပါသည်။ ထိတ်ခတ်နာကိုအရွက်ကိုနေလှန်း ဆေးလိပ်လို လိပ်၍ မီးရှို့ပြီး ရှူပါ။ ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။ သူ့အစေး မျက်လုံးထဲဝင်ရင် မျက်လုံး ကန်းတတ်တယ်။

အပင်ရော အမြစ်ပါမကျန် နူတ်ပြီး အိုးထဲမှာထည့်၊ အပေါ်ကနေ ဆေးရွက်ကြီးအုပ်၊ ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။

လေးဘက်နာပျောက်တယ်။ ခြေထောက်မှာ ဝတ်ဆံတည်တာကို ခြေပူနာလို့ ခေါ်ပါသည်။ ကြက်ဆူးထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တရတဲ့ အနာပါ။ အနာထိပ်ကို ဓားနှင့်လှီးပြီး အစေးကို သုတ်လိမ်းပေးပါက ပျောက်ပါသည်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။

အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။ ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။ ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။ ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။ အသံမထွက်တဲ့ လူများ အသံ ထွက်လာပါလိမ့်မယ်။(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။) ၃လကြာရင် အသံထွက်လာပါမယ်။

ဒီအပင်ကို ကျွဲမရိုးလည်း ခေါ်တယ်။ တောင်မရိုးပင်လည်း ခေါ်တယ်။ မိန်းကလေးတွေ ဓမ္မတာ မမှန်တာ သွေးမပေါ်တာ ဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။ သွေးချက်ချင်း ဆင်းပါတယ်။ သွားကိုက်ရင် သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။

နှာပိတ် ထိတ်ခတ်နာ ဖြစ်နေလျှင် မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက နှာရည်များကျကာ ပွင့်သွားပါသည်။ နွားတွေမှာ ကြပ်ဖု အပူဖုတွေ ပေါက်ခဲ့ရင် မှရိုးစေးနဲ့ တို့ပေးပါက ပျောက်ကင်းပါတယ်။နွားတွေ ဒေါင့်တန်းဆွဲရင် ဒီအပင်ရဲ့ ကိုင်းနဲ့ ရိုက်မောင်းပေးရင် ပျောက်ပါတယ်။

မရိုးအစေးကို ကြွက်နို့ ပေါက်တဲ့နေရာမှာ သေခြာလိမ်းပေးရင် ပျောက်ကင်းပါ၏။ ၁၅ရက်လောက် လိမ်းပေးပါ။

 

 

ဆူးပုတ်တည်နေတဲ့ နေရာကို သွေးထွက်အောင် ထိုးဆွပြီး အစေးအရည်တွေ လိမ်းပေးရင် ပျောက်ပါတယ်။ မရွေးပင်လို့ ခေါ်ပါတယ်။ နွားတွေ ဖျားနာရင် မရွေးပင်ပြုတ်ပြီး နွားတစ်ကိုယ်လုံး ပွတ်ပေးရင် ပျောက်ပါတယ်။ မရိုးအမြစ်နဲ့ ဆန်ဆေးရည် သွေးပြီးလိမ်းရင် လေးဘက်နာ အဆစ်ရောင် ပျောက်ပါတယ်။ ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။

ပြီးတော့ အရွက်ကို မီးကင်ပြီး၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။ သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့ အစေး အဖြူရောင်ကို အနာမှာထည့်ပါ။ သက်သာပါတယ်။

သူ့ရဲ့အစေးက နှာပိတ်နဲ့ ထိပ်ခတ်နာ အတွက်လဲ အရမ်းကောင်းပါတယ်။ အဲဒီအစေးကို နှာဝနဲ့ နှာခေါင်းရိုး တလျှောက်မှာ သုတ်လိမ်းပေးခြင်းဖြင့် နှာရည်ပုတ် များများကျပြီး ပျောက်ကင်းပါသည်။

နွားတွေမှာဖြစ်တဲ့ ပေါင်ပုတ် လက်ပုတ်နာကို မရိုးပင်အစေးနဲ့တို့ပါ။ အစေးတွေ စိမ့်ဝင်အောင် မရိုးကိုင်းနဲ့ ရိုက်ရင်ပျောက်တယ်။ နွားတွေ နေမကောင်းတာဆိုရင်လည်း အရွက်ကိုချိုးပြီး ထွက်လာသော အစေးနှင့် နားရွက်နှင့် တင်ပါးများသို့ တို့ပေးပါ။

ငါးမျက်စိ ပေါက်နေသူများ မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။ ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ်တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။ ဖေဖေ့မှာ ညောင့်စူးတာ ဆေးခန်းက ဆရာဝန်က ဆေးထည့်ပေးလိုက်တာ အနာကျက်နေပြီ။အထဲက နာနေလို့ အနာဝကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။ ဆရာဝန်ဆီသွားပြီး ထုတ်လိုက်ရပါတယ်။ တကယ် ဆေးဘက်ဝင်တဲ့ အပင်ပါ။

မုရိုးပင်ရဲ့အသုံးဝင်ပုံတွေသိရတဲ့အတွက် အသုံးတဲ့သူတွေ အတွက်တော့ ဝမ်းသာစရာပါ။ သတိထားဖို့ ရှိပါတယ်။ ဒီအစေးကို သားအိမ်ထဲ ထည့်ပြီး ကလေးဖျက်ချတဲ့ အမျိုးသမီး တစ်ယောက် သားအိမ်ကင်ဆာနဲ့ ဆုံးသွားတာ တွေ့ဖူးပါတယ်။

သတိထားဖို့ပါ။ စေတနာနဲ့ပါ။ မသုံးသင့်တဲ့ နေရာမျိုးတော့ အထူးသတိထားပြီး ရှောင်ဘို့ပါ။

ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ ကော်ထုတ်လဲ မရပါ။ အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။ လေဖြတ် လေငန်းရောဂါ ဖြစ်လျှင် ၎င်းအပင်ကို ပဉ္စငါးပါး နုတ်နုတ်စင်းပါ။ ပြီးတော့ နှမ်းဆီ (သို့)မုန့်ညှင်းဆီဖြင့် ရောနယ်ပါ။ နယ်ပြီးသားကို အဝတ်စ သန့်သန့်နဲ့ ထုပ်ပါ။ အဲဒီ အထုပ်ကို မီးပူပေးထားတဲ့ အိုးအထက်မှာ ရေနွေးငွေ့ပေါင်းခံကာ ကြပ်ထုပ်ပြုလုပ်၍ လေဖြတ်သော နေရာအား ကြပ်ထုပ်ထိုးပေးပါ။

ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကိုမီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။ ၂ခါ ၃ခါလောက် လုပ်လိုက်ရင် ဒဏ်ကျေပါ ပျောက်သွားပါတယ်။ ဆေးလိမ်းပြီးတဲ့အခါ အနည်းငယ်ယားပြီး ပျောက်သွားပါတယ်။ နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။ ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။

ဆေးလိပ် အသောက်များသူများ မရိုးအရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။ နှာခေါင်း ခဏခဏ ပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။

မွေးကင်းစကလေး ၁လ ၂လ ကလေးများ ချွဲကြတ်နေလျှင် မရိုးရွက်ကို နွမ်းရုံမီးကင် နှမ်းဆီ စစ်စစ်နဲ့ မရိုးရွက်ပေါ်မှာ လူးပါ။ ပြီးတော့ ရင်ဘတ်ပေါ် ကပ်ပေးပါ။ ပျောက်ပါတယ်။ နွားတွေ ဆီးချုပ် လေချုပ် ဖြစ်ရင် အရွက် ၇ ရွက်ကို ခူးပါ။ တစ်ရွက်ချင်းစီမှာ ဆားအနည်းငယ် ထည့်ပြီး ခွံ့ပါ။ ဆီးချုပ် လေချုပ် ပျောက်ပါတယ်။ မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ – ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။

ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။ ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။ တစ်လလောက် သီးခံလျှက်ပေးပါ။ နွားတွေ ခွာနာ လျှာနာ ဖြစ်ရင် မုရိုးရွက်ကို ထောင်းထု ထွက်လာတဲ့ အရည်ကို အနာဖြစ်တဲ့ ခွာ လျှာမှာ လိမ်းပေးပါ။ ပျောက်ပါတယ်။

အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။ ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆားခုနစ်ကျပ်သား ရောပြီးအိုးထဲထည့် အလုံပိတ် မီးဖုတ်။ ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ပျောက်ကင်း၏။

နို့ခဲပင်

ငဖြူကြီး အစေးအား မြေအိုးတွင်သုတ်လူးပြီး နွားနို့၊ ကျွဲနို့ကို ကျိုချက်ပါက နို့ခဲစေနိုင်သော သတ္တိရှိပါသည်။ နို့ကိုခဲစေသည့် အစေးသတ္တိရှိ၍ နို့ခဲပင်ဟုခေါ်ခြင်း ဖြစ်ပါသည်။

လက်တွေ့အဖုအကြိတ်- အရွက်ကိုမီးကင်ပြီး အစေးနှင့်ရောကပ်ပါက အဖုအကျိတ်အမှန်ပျောက်ပါသည်။

ခြေဖနောင့်ကွဲ- အစေးဖြူကို ဖနောင့်ကွဲနေသောနေရာကို ထည့်ပေးခြင်းဖြင့် သေက်သာပျောက် ကင်းသည်။

အသားမာ(ငါးမျက်စိ)- အစေးဖြင့် ပွတ်ပေးခြင်း၊ အရွက်ဖြင့် ကြိတ်အုံခြင်းဖြင့် အလိုလိုပျောက်ကင်းစေပါသည်။

အမျိုးသမီးများ သားအိမ်တွင်း သွေးလုံးလေလုံး- ဆနွင်းမှုန့်နှင့် မုရိုးစေးကို ရောစပ်ပြီးဝမ်းဗိုက်အား လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ကာ သက်သာပျောက်ကင်းစေပါသည်။

တင်းတိပ်- သနပ်ခါးနှင့် မုရိုးစေးကို သွေးလိမ်းပေးပါက တင်းတိပ်ပျောက်ပါသည်။

ခါးနာ၊ဒူးနာ- မုရိုးရွက်များအား မီးကင်ပြီး အဝတ်ပတ်တီးဖြင့် ပတ်စည်းပေးပါက သက်သာပျောက်ကင်းပါသည်။

ပန်းနာ၊ ရင်ကြပ်ဆားကိုချက်

ပဉ္စ(၅)ပါးကို မြေအိုးဖြင့် စိတ်ရှည်စွာပြုတ်ပြီး အမြှုပ်တက်တိုင်း ခပ်ယူ၍ အမြှုပ်များကို သံဒယ်သန့်သန့်တွင် အမှုန့်ဖြစ်အောင်လှော်၍ ဆားချက်ပါ။

ထိုဆား(၁)ပဲသားလျှင် ပျားရည်(၅)ကျပ်သားဖြင့်ရောစပ်ပြီး နံနက် ည လက်ဖက်စားဇွန်း (၁)ဇွန်းစားပေးပါကပန်းနာ အမြစ်ပြတ်ပါသည်။

လေးဘက်နာ- ပဉ္စ(၅)ပါးအား အိုးကြီးတွင်ပြုတ်၍ ရေချိုးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

အနာစိမ်း၊ မွေးကျွတ်နာ- အရွက်ကို မီးကင်ပြီးကပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းပါသည်။

မုရိုးခေါ် ငဖြူကြီးပင်မှာ များစွာသော အံ့သြဖွယ်ဆေးအစွမ်းများရှိနေပါကြောင်း တင်ပြအပ်ပါသည်။ ဆရာဝန်၊ပါရဂူ၊ ဆေးခန်း၊ သိပ္ပံဆေးဝါးများ ပြသရန် ဝယ်ယူရန် ခက်ခဲသူများအတွက် မုရိုး(ခေါ်)ငဖြူကြီးကို သတိရစေရန်ဖြစ်ပါသည်။

စာကိုး။ နက္ခတ္တရောင်ခြည် (ကင်းအဆိပ်ဘုရင် ငဖြူကြီးပင်(သို့)မုရိုးပင်)မှထုတ်နုတ်သည်။

ယမင်းဖြူ (ကျွန်းကလေး)

Thura Htayaung

ကြည်လွင်မြင့်(မုဒြာ)

Credit–Original Uploader

 

Zawgyi

 

မု႐ိုးပင္ (ငျဖဴႀကီး)တစ္ပင္လုံး ေဆးအသုံးဝင္ပုံ

 

အမ်ိဳးသမီးမ်ား သားအိမ္အတြင္း ေသြးလုံး ေလလုံးျဖစ္ခဲ့ပါလွ်င္ မု႐ိုး၅ပြင့္ကို ႏွမ္းဆီႏွင့္ ေၾကာ္စား၊ ဝမ္းဗိုက္ကို မု႐ိုးေစးႏွင့္ ဆႏြင္းမႈန႔္ ဆတူေရာစပ္ လိမ္းေပးပါက တျဖည္းျဖည္း ေသးငယ္ၿပီး သက္သာ ေပ်ာက္ကင္းေစပါတယ္။ ေဆးဖက္ဝင္ မု႐ိုးပင္ပါ။ အ႐ိုးတစ္ေခ်ာင္းမွာ အ႐ြက္က တစ္ဖက္တစ္ခ်က္ ထြက္ၿပီး အကိုင္းဖ်ားအထိ အ႐ြက္က အစိမ္းေရာင္ရင့္ရင့္၊ အေမႊးႏုပါတဲ့ဖက္က အျဖဴေရာင္ဖက္ကို နဲနဲယိမ္းပါတယ္။ အသီးက စိန္တစ္လုံး သရက္လို ပုံသဏၭာန္ရွိတယ္။ ဒါေပမဲ့ အထဲမွာက ေလအပြသီး ဝတ္ဆံအနက္နဲ႔၊ အေမႊးမွ်င္မွ်င္ေတြ ေလမွာပ်ံၿပီး မ်ိဳးပြားတယ္။ ACID ဓါတ္မ်ားပါတယ္။

ႂကြက္ႏို႔ကိုျဖတ္ၿပီး အေစးနဲ႔ တို႔ထားရင္ အျမစ္ပါစားၿပီး က်င္းခြက္လိုျဖစ္သြားတယ္။ ၿပီးေတာ့ ေပ်ာက္သြားတယ္။မ႐ိုးပင္ကို ၃လကၼ ေလာက္ျဖတ္ၿပီး ေနလွမ္းပါ။ ေျခာက္ေသြ႕တဲ့အခါ မီးရႈိ႕ျပာခ်ပါ။ ျပာကို ေရစိမ္ ေမႊေပးၿပီး အနယ္ထိုင္ရင္ အေရၾကည္ကို ဆားခ်က္ပါ။ မု႐ိုးႀကီး႐ုကၡမူ ဆားရမယ္။ အဲဒီဆား တစ္ပဲသားကို ပ်ားရည္ တစ္ဆယ္သားနဲ႔ ေရာသမေမႊ သုံးေဆာင္ရင္ ရင္ၾကပ္ ပန္းနာေရာဂါ ေပ်ာက္ပါတယ္။

ရခိုင္ေဒသမွာ မု႐ိုးပင္ကို ျဖဴႀကီးပင္လို႔ေခၚတယ္။ ဆူးစူးၿပီး ဆူးကိုထြင္လို႔ မရတဲ့အခါ ဒီအပင္ရဲ႕ အေစးကို ထည့္လိုက္ပါ။ နာရီအနည္းငယ္ ၾကာတဲ့အခါ ဆူးက သူ႔အလိုလို အျပင္ကို ထြက္လာပါတယ္။ မု႐ိုး႐ြက္ တစ္႐ြက္၊ ကြမ္း႐ြက္တစ္႐ြက္၊ ဆားအနည္းငယ္ထည့္ၿပီး ျပာခ်ပါ။ အဲဒီျပာကို လွ်က္ဆားလို တစ္ေန႔ အနည္းငယ္ လွ်က္ေပးရင္ ေခ်ာင္းဆိုး တီဘီ အဆုတ္နာပါ ေပ်ာက္ပါတယ္။

သူ႔အေစးကလဲ အလြန္အဖိုးတန္ပါတယ္။ ဆူးစူးထားတဲ့ ေနရာကို သူ႔အေစးေလး ထည့္ၿပီး ပတ္တီးဖြဖြေလး စည္းထားရင္ အခ်ိန္တိုအတြင္းဆူးက အျပင္ကို ထြက္လာပါတယ္။ (ငျဖဴႀကီးပင္လို႔ တခ်ိဳ႕ေခၚေဝၚပါတယ္) ျပည္ဘက္မွာေတာ့ ႏြားျဖဴႀကီးပင္(ႏြားႏို႔ခဲ) အပင္လို႔ ေခၚပါသည္။

အနာစိမ္း ေမႊးကြၽတ္နာ အနာလုံးမ်ား ေပါက္ရင္ အနာေပၚမွာ အ႐ြက္ကို မီးေလးျပၿပီး ကပ္ထားပါက အလွ်င္အျမန္ ေပ်ာက္ကင္းပါသည္။ ထိပ္ကပ္နာေခၚတဲ့ ႏွာပိတ္ေရာဂါကို မ႐ိုးအေစးျဖဴေလး ႏွာေခါင္းထိပ္ထဲ ထည့္ေပးၿပီး၁၀မိနစ္ေလာက္ေနရင္ ႏွာဆက္တိုက္ေခ်ၿပီး ႏွပ္ပုတ္မ်ား ထြက္လာကာ သက္သာ ေပ်ာက္ကင္းပါသည္။

ကြၽဲ ႏြားမ်ား ေလးဘက္နာ ျဖစ္ပါက မု႐ိုးႀကီးအပင္နဲ႔ ႐ိုက္ေပးရင္လုံးဝ ေပ်ာက္ကင္းပါသည္။ ထိတ္ခတ္နာကိုအ႐ြက္ကိုေနလွန္း ေဆးလိပ္လို လိပ္၍ မီးရႈိ႕ၿပီး ရႉပါ။ ၿပီးေတာ့ ႏွာေခါင္းမွ ျပန္ထုတ္ပါ။ ေပ်ာက္ကင္းပါသည္။ သူ႔အေစး မ်က္လုံးထဲဝင္ရင္ မ်က္လုံး ကန္းတတ္တယ္။

အပင္ေရာ အျမစ္ပါမက်န္ ႏူတ္ၿပီး အိုးထဲမွာထည့္၊ အေပၚကေန ေဆး႐ြက္ႀကီးအုပ္၊ ေရထည့္ျပဳတ္ပါ။ အဲဒီေရကို ခ်ိဳးေပးပါ။ ေလးဘက္နာေပ်ာက္တယ္။ ေျခေထာက္မွာ ဝတ္ဆံတည္တာကို ေျခပူနာလို႔ ေခၚပါသည္။ ၾကက္ဆူးထည့္သြားၿပီဆိုရင္ ခဲနင္းမိပါက အမေလး တရတဲ့ အနာပါ။ အနာထိပ္ကို ဓားႏွင့္လွီးၿပီး အေစးကို သုတ္လိမ္းေပးပါက ေပ်ာက္ပါသည္။ သြားအေျခကို အေစးတို႔ၿပီး ငါးမိနစ္ခန႔္အၾကာမွာ အဲဒီသြားကိုႏႈတ္ရင္ အလြယ္တကူ ကြၽတ္ပါတယ္။

အညာေဒသမွာေတာ့ မ႐ိုးပင္လို႔ ေခၚပါတယ္။ ကြၽဲေပါက္ပင္လို႔လည္း ေခၚပါတယ္။ ေဆးနည္းကေတာ့ အ႐ြက္ကို ေျခာက္ေအာင္ေနလွမ္းပါ။ ေျခာက္တဲ့အ႐ြက္ကို မီးကင္ပါ။ ျပာျဖစ္ေအာင္ ကင္ရမွာပါ။ အဲဒီကင္ၿပီးသား အ႐ြက္ကို အမႈန႔္ႀကိတ္ၿပီး ပ်ားေရနဲ႔ နယ္ကာ လက္ဖက္စားဇြန္းနဲ႔ တစ္ေန႔ သုံးႀကိမ္ နံနက္ ေန႔ ညေန စားေပးပါ။ အသံမထြက္တဲ့ လူမ်ား အသံ ထြက္လာပါလိမ့္မယ္။(ေမြးရာပါ စကားမေျပာႏိုင္တဲ့ လူမ်ား မပါပါ။) ၃လၾကာရင္ အသံထြက္လာပါမယ္။

ဒီအပင္ကို ကြၽဲမ႐ိုးလည္း ေခၚတယ္။ ေတာင္မ႐ိုးပင္လည္း ေခၚတယ္။ မိန္းကေလးေတြ ဓမၼတာ မမွန္တာ ေသြးမေပၚတာ ဆိုရင္ အရည္ညႇစ္ၿပီး ႏွစ္ေခါင္းထဲကို တစ္စက္ဆီ ထဲ့ေပးပါ။ ေသြးခ်က္ခ်င္း ဆင္းပါတယ္။ သြားကိုက္ရင္ သြားအေခါင္းထဲကို ဂြမ္းစေလးနဲ႔ သူ႔အေစးကိုတို႔ၿပီး သိပ္ထားပါ။ ခဏနဲ႔ ေပ်ာက္ပါတယ္။

ႏွာပိတ္ ထိတ္ခတ္နာ ျဖစ္ေနလွ်င္ မ႐ိုး႐ြက္ကို အေျခာက္လွမ္း ေဆးလိပ္တြင္ ထည့္ကာ မီးခိုးကို ရႉပါက ႏွာရည္မ်ားက်ကာ ပြင့္သြားပါသည္။ ႏြားေတြမွာ ၾကပ္ဖု အပူဖုေတြ ေပါက္ခဲ့ရင္ မွ႐ိုးေစးနဲ႔ တို႔ေပးပါက ေပ်ာက္ကင္းပါတယ္။ႏြားေတြ ေဒါင့္တန္းဆြဲရင္ ဒီအပင္ရဲ႕ ကိုင္းနဲ႔ ႐ိုက္ေမာင္းေပးရင္ ေပ်ာက္ပါတယ္။ မ႐ိုးအေစးကို ႂကြက္ႏို႔ ေပါက္တဲ့ေနရာမွာ ေသျခာလိမ္းေပးရင္ ေပ်ာက္ကင္းပါ၏။ ၁၅ရက္ေလာက္ လိမ္းေပးပါ။

ဆူးပုတ္တည္ေနတဲ့ ေနရာကို ေသြးထြက္ေအာင္ ထိုးဆြၿပီး အေစးအရည္ေတြ လိမ္းေပးရင္ ေပ်ာက္ပါတယ္။ မေ႐ြးပင္လို႔ ေခၚပါတယ္။ ႏြားေတြ ဖ်ားနာရင္ မေ႐ြးပင္ျပဳတ္ၿပီး ႏြားတစ္ကိုယ္လုံး ပြတ္ေပးရင္ ေပ်ာက္ပါတယ္။ မ႐ိုးအျမစ္နဲ႔ ဆန္ေဆးရည္ ေသြးၿပီးလိမ္းရင္ ေလးဘက္နာ အဆစ္ေရာင္ ေပ်ာက္ပါတယ္။ ဒူးနာ ခါးနာျဖစ္ရင္ အ႐ြက္ကို ေရနဲ႔ ေသခ်ာေဆးပါ။ ၿပီးေတာ့ အ႐ြက္ကို မီးကင္ၿပီး၂ည ၃ည ပတ္စီးေပးရင္ ယူပစ္သလို ေပ်ာက္ပါတယ္။ သံနဲ႔ ထိခိုက္မိရင္ ခ်က္ခ်င္း သူရဲ႕ အေစး အျဖဴေရာင္ကို အနာမွာထည့္ပါ။ သက္သာပါတယ္။ သူ႔ရဲ႕အေစးက ႏွာပိတ္နဲ႔ ထိပ္ခတ္နာ အတြက္လဲ အရမ္းေကာင္းပါတယ္။ အဲဒီအေစးကို ႏွာဝနဲ႔ ႏွာေခါင္း႐ိုး တေလွ်ာက္မွာ သုတ္လိမ္းေပးျခင္းျဖင့္ ႏွာရည္ပုတ္ မ်ားမ်ားက်ၿပီး ေပ်ာက္ကင္းပါသည္။

ႏြားေတြမွာျဖစ္တဲ့ ေပါင္ပုတ္ လက္ပုတ္နာကို မ႐ိုးပင္အေစးနဲ႔တို႔ပါ။ အေစးေတြ စိမ့္ဝင္ေအာင္ မ႐ိုးကိုင္းနဲ႔ ႐ိုက္ရင္ေပ်ာက္တယ္။ ႏြားေတြ ေနမေကာင္းတာဆိုရင္လည္း အ႐ြက္ကိုခ်ိဳးၿပီး ထြက္လာေသာ အေစးႏွင့္ နား႐ြက္ႏွင့္ တင္ပါးမ်ားသို႔ တို႔ေပးပါ။

ငါးမ်က္စိ ေပါက္ေနသူမ်ား မု႐ိုး႐ြက္ကို ခ်ိဳးလိုက္တဲ့အခါ ထြက္လာေသာ အေစးနဲ႔ ခဏခဏ တို႔ေပးပါ။ အလိုလို ထြက္က်လာမည္။ ေျခေထာက္မွာ ဆူးစူးလို႔ ရွာမရျဖစ္ေနရင္ အေစးကို အနာဝေပၚတို႔ၿပီး အ႐ြက္ကို မီးကင္ကပ္ရင္ ဆူးထြက္ပါတယ္။ ေဖေဖ့မွာ ေညာင့္စူးတာ ေဆးခန္းက ဆရာဝန္က ေဆးထည့္ေပးလိုက္တာ အနာက်က္ေနၿပီ။အထဲက နာေနလို႔ အနာဝကို ဖြင့္ၿပီး အေစးခ် အ႐ြက္မီးကင္ ကပ္လိုက္တာ ေညာင့္ထြက္လာပါတယ္။ ဆရာဝန္ဆီသြားၿပီး ထုတ္လိုက္ရပါတယ္။ တကယ္ ေဆးဘက္ဝင္တဲ့ အပင္ပါ။

 

 

မု႐ိုးပင္ရဲ႕အသုံးဝင္ပုံေတြသိရတဲ့အတြက္ အသုံးတဲ့သူေတြ အတြက္ေတာ့ ဝမ္းသာစရာပါ။ သတိထားဖို႔ ရွိပါတယ္။ ဒီအေစးကို သားအိမ္ထဲ ထည့္ၿပီး ကေလးဖ်က္ခ်တဲ့ အမ်ိဳးသမီး တစ္ေယာက္ သားအိမ္ကင္ဆာနဲ႔ ဆုံးသြားတာ ေတြ႕ဖူးပါတယ္။ သတိထားဖို႔ပါ။ ေစတနာနဲ႔ပါ။ မသုံးသင့္တဲ့ ေနရာမ်ိဳးေတာ့ အထူးသတိထားၿပီး ေရွာင္ဘို႔ပါ။

ကႏၲာရဆူး စူးၿပီး ေတာ္ေတာ္နာေနတာ အပ္နဲ႔ ေကာ္ထုတ္လဲ မရပါ။ အသိတစ္ေယာက္ကေျပာလို႔ မု႐ိုးအေစးနဲ႔ ကပ္လိုက္တာ ေနာက္ေန႔ အနာကိုညႇစ္လိုက္ေတာ့ ဆူးပါသြားတယ္။ ေလျဖတ္ ေလငန္းေရာဂါ ျဖစ္လွ်င္ ၎အပင္ကို ပၪၥငါးပါး ႏုတ္ႏုတ္စင္းပါ။ ၿပီးေတာ့ ႏွမ္းဆီ (သို႔)မုန႔္ညႇင္းဆီျဖင့္ ေရာနယ္ပါ။ နယ္ၿပီးသားကို အဝတ္စ သန႔္သန႔္နဲ႔ ထုပ္ပါ။ အဲဒီ အထုပ္ကို မီးပူေပးထားတဲ့ အိုးအထက္မွာ ေရေႏြးေငြ႕ေပါင္းခံကာ ၾကပ္ထုပ္ျပဳလုပ္၍ ေလျဖတ္ေသာ ေနရာအား ၾကပ္ထုပ္ထိုးေပးပါ။

ေျခေထာက္ေခါက္လဲလို႔ မ်က္သြားၿပီး ေယာင္ကိုင္းေနရင္ မု႐ိုးေစးကို အသာေလး ပြတ္လိမ္းေပးၿပီး အ႐ြက္ကိုမီးကင္ လက္ေလးနဲ႔ အသာေလးေခ် အျပန႔္လိုက္ ကပ္ၿပီး ပိတ္စနဲ႔ စည္းထားလိုက္ပါ။ ၂ခါ ၃ခါေလာက္ လုပ္လိုက္ရင္ ဒဏ္ေက်ပါ ေပ်ာက္သြားပါတယ္။ ေဆးလိမ္းၿပီးတဲ့အခါ အနည္းငယ္ယားၿပီး ေပ်ာက္သြားပါတယ္။ ႏွာေခါင္းပိတ္(ထိပ္ကပ္နာ) အသက္ရႉၾကပ္ေရာဂါရွိသူမ်ား မ႐ိုး႐ြက္မီးကင္ကို ႏွာေခါင္းအတြင္းေမာ့၍ ညႇစ္ထည့္ပါ။ ခဏအၾကာတြင္ ႏွာေခ်၍ ႏွာေခါင္းအတြင္းမွ အဝါေရာင္ အညစ္ေၾကးမ်ား ထြက္လာၿပီး လုံးဝေကာင္းသြားပါမည္။

ေဆးလိပ္ အေသာက္မ်ားသူမ်ား မ႐ိုးအ႐ိုးအေျခာက္ကို ေဆးလိပ္ေသာက္သကဲ့သို႔ တစ္ဖက္မွမီးရႈိ႕၍ တစ္ဖက္မွရႉေပးလွ်င္ ေဆးလိပ္ခ်ိဳး ေခ်းမ်ား ျပန္အန္ထြက္လာပါလိမ့္မည္။ ႏွာေခါင္း ခဏခဏ ပိတ္ရင္ မု႐ိုး႐ြက္ အေျခာက္ကို မီးခဲေပၚတင္ ရႉပါက သက္သာတယ္။

ေမြးကင္းစကေလး ၁လ ၂လ ကေလးမ်ား ခြၽဲၾကတ္ေနလွ်င္ မ႐ိုး႐ြက္ကို ႏြမ္း႐ုံမီးကင္ ႏွမ္းဆီ စစ္စစ္နဲ႔ မ႐ိုး႐ြက္ေပၚမွာ လူးပါ။ ၿပီးေတာ့ ရင္ဘတ္ေပၚ ကပ္ေပးပါ။ ေပ်ာက္ပါတယ္။ ႏြားေတြ ဆီးခ်ဳပ္ ေလခ်ဳပ္ ျဖစ္ရင္ အ႐ြက္ ၇ ႐ြက္ကို ခူးပါ။ တစ္႐ြက္ခ်င္းစီမွာ ဆားအနည္းငယ္ ထည့္ၿပီး ခြံ႕ပါ။ ဆီးခ်ဳပ္ ေလခ်ဳပ္ ေပ်ာက္ပါတယ္။ မု႐ိုးေခၚ မေ႐ြး တစ္နည္း ျဖဴႀကီး႐ြက္ ၇ – ႐ြက္ ဖင္ျပန္ ေခါင္းျပန္ ထပ္ပါ။ ထပ္ၿပီးရင္ ကေတာ့ထိုးပါ။ ကေတာ့ထဲမွာ ဆားထည့္ၿပီး မီးျဖင့္ဖုတ္ပါ။ ရလာေသာ ဆားမီးဖုတ္ကို တစ္ေန႔ သုံးႀကိမ္ ေ႐ြးေစ့ငယ္ခန႔္ လွ်က္ေပးပါက ပန္းနာရင္ၾကပ္ လုံးဝ အျမစ္ျပတ္ ေပ်ာက္ပါတယ္။ တစ္လေလာက္ သီးခံလွ်က္ေပးပါ။ ႏြားေတြ ခြာနာ လွ်ာနာ ျဖစ္ရင္ မု႐ိုး႐ြက္ကို ေထာင္းထု ထြက္လာတဲ့ အရည္ကို အနာျဖစ္တဲ့ ခြာ လွ်ာမွာ လိမ္းေပးပါ။ ေပ်ာက္ပါတယ္။

အစာအိမ္ေရာဂါ ျဖစ္ပါက မု႐ိုး႐ြက္တစ္႐ြက္ကို အရင္းအဖ်ား စတိပယ္ပါ။ ေရွာက္႐ြက္ ခုနစ္႐ြက္၊ အိမ္သုံးဆားခုနစ္က်ပ္သား ေရာၿပီးအိုးထဲထည့္ အလုံပိတ္ မီးဖုတ္။ ျပာက် သြားပါက အစာစားၿပီးတိုင္း လွ်က္ေပးပါ။ေပ်ာက္ကင္း၏။

ႏို႔ခဲပင္

ငျဖဴႀကီး အေစးအား ေျမအိုးတြင္သုတ္လူးၿပီး ႏြားႏို႔၊ ကြၽဲႏို႔ကို က်ိဳခ်က္ပါက ႏို႔ခဲေစႏိုင္ေသာ သတၱိရွိပါသည္။ ႏို႔ကိုခဲေစသည့္ အေစးသတၱိရွိ၍ ႏို႔ခဲပင္ဟုေခၚျခင္း ျဖစ္ပါသည္။

လက္ေတြ႕အဖုအႀကိတ္- အ႐ြက္ကိုမီးကင္ၿပီး အေစးႏွင့္ေရာကပ္ပါက အဖုအက်ိတ္အမွန္ေပ်ာက္ပါသည္။

ေျခဖေနာင့္ကြဲ- အေစးျဖဴကို ဖေနာင့္ကြဲေနေသာေနရာကို ထည့္ေပးျခင္းျဖင့္ ေသက္သာေပ်ာက္ ကင္းသည္။

အသားမာ(ငါးမ်က္စိ)- အေစးျဖင့္ ပြတ္ေပးျခင္း၊ အ႐ြက္ျဖင့္ ႀကိတ္အုံျခင္းျဖင့္ အလိုလိုေပ်ာက္ကင္းေစပါသည္။

အမ်ိဳးသမီးမ်ား သားအိမ္တြင္း ေသြးလုံးေလလုံး- ဆႏြင္းမႈန႔္ႏွင့္ မု႐ိုးေစးကို ေရာစပ္ၿပီးဝမ္းဗိုက္အား လိမ္းေပးပါက တျဖည္းျဖည္း ေသးငယ္ကာ သက္သာေပ်ာက္ကင္းေစပါသည္။

တင္းတိပ္- သနပ္ခါးႏွင့္ မု႐ိုးေစးကို ေသြးလိမ္းေပးပါက တင္းတိပ္ေပ်ာက္ပါသည္။

ခါးနာ၊ဒူးနာ- မု႐ိုး႐ြက္မ်ားအား မီးကင္ၿပီး အဝတ္ပတ္တီးျဖင့္ ပတ္စည္းေပးပါက သက္သာေပ်ာက္ကင္းပါသည္။

ပန္းနာ၊ ရင္ၾကပ္ဆားကိုခ်က္

ပၪၥ(၅)ပါးကို ေျမအိုးျဖင့္ စိတ္ရွည္စြာျပဳတ္ၿပီး အျမႇဳပ္တက္တိုင္း ခပ္ယူ၍ အျမႇဳပ္မ်ားကို သံဒယ္သန႔္သန႔္တြင္ အမႈန႔္ျဖစ္ေအာင္ေလွာ္၍ ဆားခ်က္ပါ။ ထိုဆား(၁)ပဲသားလွ်င္ ပ်ားရည္(၅)က်ပ္သားျဖင့္ေရာစပ္ၿပီး နံနက္ ည လက္ဖက္စားဇြန္း (၁)ဇြန္းစားေပးပါကပန္းနာ အျမစ္ျပတ္ပါသည္။

ေလးဘက္နာ- ပၪၥ(၅)ပါးအား အိုးႀကီးတြင္ျပဳတ္၍ ေရခ်ိဳးေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစပါသည္။

အနာစိမ္း၊ ေမြးကြၽတ္နာ- အ႐ြက္ကို မီးကင္ၿပီးကပ္ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းပါသည္။

မု႐ိုးေခၚ ငျဖဴႀကီးပင္မွာ မ်ားစြာေသာ အံ့ၾသဖြယ္ေဆးအစြမ္းမ်ားရွိေနပါေၾကာင္း တင္ျပအပ္ပါသည္။ ဆရာဝန္၊ပါရဂူ၊ ေဆးခန္း၊ သိပၸံေဆးဝါးမ်ား ျပသရန္ ဝယ္ယူရန္ ခက္ခဲသူမ်ားအတြက္ မု႐ိုး(ေခၚ)ငျဖဴႀကီးကို သတိရေစရန္ျဖစ္ပါသည္။

စာကိုး။ နကၡတၱေရာင္ျခည္ (ကင္းအဆိပ္ဘုရင္ ငျဖဴႀကီးပင္(သို႔)မု႐ိုးပင္)မွထုတ္ႏုတ္သည္။

ယမင္းျဖဴ (ကြၽန္းကေလး)

Thura Htayaung

ၾကည္လြင္ျမင့္(မုျဒာ)

Credit–Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *