Menu Close

မျက်မှန်ပါဝါရှိသူ၊အာရုံကြောအားနည်းသူ၊ဆီချို၊သွေးချိုသမားများအတွက်အောင်မဲညို

မျက်မှန်ပါဝါရှိသူ၊အာရုံကြောအားနည်းသူ၊ဆီချို၊သွေးချိုသမားများအတွက်အောင်မဲညို

 

( ကိုယ်တွေ့ မျှဝေခြင်းပါ )

အောင်မဲညိုပန်း (အခြောက်)သောက်လာတာ ၃လ လောက်နေတော့ ဘယ်ဘက်မျက်လုံးမှာ တွေ့တွေ့ နေရတဲ့ တိမ်လိုလို ငှက်မွှေးလိုလိုလေး ပျောက်သွားခဲ့ပါတယ်။မျက်စိဆရာဝန်ကသောက်ခိုင်းတဲ့ဆေး ၆ လ ၂ကြိမ်သောက်တာတောင် မပျောက်ခဲ့ပါ.လွန်ခဲ့တဲ့ ၂ နှစ်လောက်ကဆေးသောက်တာပါ။ခွဲရမှာကြောက်ပြီး ဆေးခန်းပြန်မပြမိတော့ဘူ။ဆေးသောက်လို့ မပျောက်ရင်တော့ ခွဲရမယ်လို့ပြောခဲ့ပါတယ်။ခုတော့ ခွဲစရာမလို အိုကေပြီလေ( လဘက်ခြောက်နဲ့ ရောပြီး နေ့စဉ် သောက်ပါ)

အောင်မဲညို ဆိုတာ ဆေးဖက်ဝင်တဲ့ အပြာရောင် ပန်းပွင့်လေး။ ဒီ အောင်မဲညိုပန်းခြောက်လေး ၄/ ၅ ပွင့်ကို ရေနွေးကြမ်းထဲ ခပ်သောက်ပြီး ၂လ , ၃လ အကြာမှာ မျက်မှန်ပါဝါရှိသူတွေ မျက်မှန်ကျွတ်ပြီး စာတွေဖတ်နိုင်လာတယ်။ မွဲခြောက်ခြောက် အသားအရေကနေ စိုပြည်ဝင်းလက်လာသူတွေ။အာရုံကြောအားနည်းသူတွေ၊ မျက်ရိုးခဏခဏ ကိုက်သူတွေ ဆံပင်ဖြူ တွေ ပြန်နက်လာသူတွေ ဆီချို ၊ သွေးချို သမားများ ရောဂါ သက်သာလာတာတွေတွေ့ရတော့။ဒီ အောင်မဲညိုပန်းလေးအကြောင်း နည်းနည်း ပြောပြချင်လာပါတယ်။

မြန်မာလို အခေါ် အောင်မဲညိုပန်းကို အင်္ဂလိပ်လို Butterfly Pea Flower လို့ခေါ်ပါတယ်။ရာစုနှစ် တော်တော်များတည်းက အရှေ့တောင်အာရှ မှာ စတင်အသုံးပြုနေခဲ့ပြီး အမေရိကန်မှာတော့ အဲ့ချိန်တည်းက ဈေးကွက်ထဲကို တင်ပို့နိုင်ဖို့ စတင် ကြိုးပမ်းနေခဲ့ပြီဖြစ်ပါတယ်။ရေနွေးဖြူထဲကို အောင်မဲညိုပန်းခြောက် ၄/ ၅ ပွင့်လောက်ထည့်လိုက်ရင် လှပ ညှို့ယူဖမ်းစားနိုင်တဲ့ အရောင်အဆင်း၊ အရည်အသွေး ရှိပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အပြာရောင် အောင်မဲညို ရေနွေးကြမ်းကို ရရှိမှာ ဖြစ်ပါတယ်။

 

shweu

 

ကျန်းမာရေးအတွက် အကျိုးပြုပုံ

ဖော်ပြထားတဲ့ သုတေသနတွေအရ အောင်မဲညို ရေနွေးကြမ်းဟာဆိုရင် Antioxidants အပြည့် အဖြစ်ပါတယ်။ သကြားမော်လီကျူးတစ်ခု ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရတဲ့ ပရိုတိန်းပျက်စီးဆုံးရှုံးမှု(glycation) ကို ဆန့်ကျင်တိုက်ဖျက်ပေးပါတယ်။ဒါကြောင့် အရွယ်မတိုင်ခင်အိုမင်းမှု အရေပြားရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ဒါကြောင့် ဆီးချို၊ သွေးချို ရောဂါများအတွက်လည်း အထူးသောက်သုံးရန် သင့်လျော်ပါတယ်။

ဒါ့အပြင်မျက်စိနှင့် အာရုံကြောဆိုင်ရာ ကောင်းမွန်စေခြင်း မျက်စိမှုံခြင်း၊ မျက်စိတိမ်ကွယ်တာ၊ကျောက်ကပ်၊ နှလုံးရောဂါရှိသူတွေ၊ သွေးတိုးရောဂါ ရှိသူများ၊ ခေါင်းကိုက်တတ်သူများ၊အစာအိမ်ရောဂါရှိသူများ၊ ပုံမှန်အစွဲသောက်ခြင်းဖြင့် ခန္ဒာကိုယ်တွင်းရောဂါကင်း၍ကျမ္မာသန်စွမ်းစေခြင်း။ဆံပင်ကိုပြန်လည်၍နက်မှောင် သန်စွမ်းစေခြင်း ကလေးငယ်များမျက်ခုံးမွှေးမသန်ခြင်း၊ဆံပင်မသန်ခြင်းများအတွက်လည်း အောင်မဲညို ရေနွေးကြမ်းအရည်အနည်းငယ်နှင့်မျက်ခုံး၊ဦးရေပြားများကို ပွတ်သပ်ပေးခြင်းဖြင့်ဆံပင်၊ မျက်ခုံးမွှေး သန်စွမ်းစေခြင်းဖြင့် ဓာတုဆေးဝါးမပါဘဲ သဘာဝအတိုင်း ကုသပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

အောင်မဲညို အကြောင်းတင်ပေးပါဆိုလို့ ပုံကတော့ ကိုယ်တိုင်ခူးထားတာကိုယ်တိုင် စ သောက်ပြီး တစ်လကျော်လောက်မှာ မျက်မှန် ကျွတ်သွားပါပြီ။

Credit-Original Uploader

 

Zawgyi

 

မ်က္မွန္ပါဝါရွိသူ၊အာ႐ုံေၾကာအားနည္းသူ၊ဆီခ်ိဳ၊ေသြးခ်ိဳသမားမ်ားအတြက္ေအာင္မဲညို

 

( ကိုယ္ေတြ႕ မွ်ေဝျခင္းပါ )

ေအာင္မဲညိုပန္း (အေျခာက္)ေသာက္လာတာ ၃လ ေလာက္ေနေတာ့ ဘယ္ဘက္မ်က္လုံးမွာ ေတြ႕ေတြ႕ ေနရတဲ့ တိမ္လိုလို ငွက္ေမႊးလိုလိုေလး ေပ်ာက္သြားခဲ့ပါတယ္။မ်က္စိဆရာဝန္ကေသာက္ခိုင္းတဲ့ေဆး ၆ လ ၂ႀကိမ္ေသာက္တာေတာင္ မေပ်ာက္ခဲ့ပါ.လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကေဆးေသာက္တာပါ။ခြဲရမွာေၾကာက္ၿပီး ေဆးခန္းျပန္မျပမိေတာ့ဘူ။ေဆးေသာက္လို႔ မေပ်ာက္ရင္ေတာ့ ခြဲရမယ္လို႔ေျပာခဲ့ပါတယ္။ခုေတာ့ ခြဲစရာမလို အိုေကၿပီေလ( လဘက္ေျခာက္နဲ႕ ေရာၿပီး ေန႕စဥ္ ေသာက္ပါ)

 

shweu

 

ေအာင္မဲညို ဆိုတာ ေဆးဖက္ဝင္တဲ့ အျပာေရာင္ ပန္းပြင့္ေလး။ ဒီ ေအာင္မဲညိုပန္းေျခာက္ေလး ၄/ ၅ ပြင့္ကို ေရေႏြးၾကမ္းထဲ ခပ္ေသာက္ၿပီး ၂လ , ၃လ အၾကာမွာ မ်က္မွန္ပါဝါရွိသူေတြ မ်က္မွန္ကြၽတ္ၿပီး စာေတြဖတ္နိုင္လာတယ္။

မြဲေျခာက္ေျခာက္ အသားအေရကေန စိုျပည္ဝင္းလက္လာသူေတြ။အာ႐ုံေၾကာအားနည္းသူေတြ၊ မ်က္ရိုးခဏခဏ ကိုက္သူေတြ ဆံပင္ျဖဴ ေတြ ျပန္နက္လာသူေတြ ဆီခ်ိဳ ၊ ေသြးခ်ိဳ သမားမ်ား ေရာဂါ သက္သာလာတာေတြေတြ႕ရေတာ့။ဒီ ေအာင္မဲညိုပန္းေလးအေၾကာင္း နည္းနည္း ေျပာျပခ်င္လာပါတယ္။

ျမန္မာလို အေခၚ ေအာင္မဲညိုပန္းကို အဂၤလိပ္လို Butterfly Pea Flower လို႔ေခၚပါတယ္။ရာစုႏွစ္ ေတာ္ေတာ္မ်ားတည္းက အေရွ႕ေတာင္အာရွ မွာ စတင္အသုံးျပဳေနခဲ့ၿပီး အေမရိကန္မွာေတာ့ အဲ့ခ်ိန္တည္းက ေဈးကြက္ထဲကို တင္ပို႔နိုင္ဖို႔ စတင္ ႀကိဳးပမ္းေနခဲ့ၿပီျဖစ္ပါတယ္။ေရေႏြးျဖဴထဲကို ေအာင္မဲညိုပန္းေျခာက္ ၄/ ၅ ပြင့္ေလာက္ထည့္လိုက္ရင္ လွပ ညွို႔ယူဖမ္းစားနိုင္တဲ့ အေရာင္အဆင္း၊ အရည္အေသြး ရွိၿပီး က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့အျပာေရာင္ ေအာင္မဲညို ေရေႏြးၾကမ္းကို ရရွိမွာ ျဖစ္ပါတယ္။

က်န္းမာေရးအတြက္ အက်ိဳးျပဳပုံ

ေဖာ္ျပထားတဲ့ သုေတသနေတြအရ ေအာင္မဲညို ေရေႏြးၾကမ္းဟာဆိုရင္ Antioxidants အျပည့္ အျဖစ္ပါတယ္။ သၾကားေမာ္လီက်ဴးတစ္ခု ဝင္ေရာက္လာျခင္းေၾကာင့္ ျဖစ္ရတဲ့ ပရိုတိန္းပ်က္စီးဆုံးရႈံးမႈ(glycation) ကို ဆန႔္က်င္တိုက္ဖ်က္ေပးပါတယ္။ဒါေၾကာင့္ အ႐ြယ္မတိုင္ခင္အိုမင္းမႈ အေရျပားရင့္ေရာ္ျခင္းကို ကာကြယ္ေပးပါတယ္။

ဒါေၾကာင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါမ်ားအတြက္လည္း အထူးေသာက္သုံးရန္ သင့္ေလ်ာ္ပါတယ္။

ဒါ့အျပင္မ်က္စိႏွင့္ အာ႐ုံေၾကာဆိုင္ရာ ေကာင္းမြန္ေစျခင္း မ်က္စိမႈံျခင္း၊ မ်က္စိတိမ္ကြယ္တာ၊ေက်ာက္ကပ္၊ ႏွလုံးေရာဂါရွိသူေတြ၊ ေသြးတိုးေရာဂါ ရွိသူမ်ား၊ ေခါင္းကိုက္တတ္သူမ်ား၊အစာအိမ္ေရာဂါရွိသူမ်ား၊ ပုံမွန္အစြဲေသာက္ျခင္းျဖင့္ ခႏၵာကိုယ္တြင္းေရာဂါကင္း၍က်မၼာသန္စြမ္းေစျခင္း။ဆံပင္ကိုျပန္လည္၍နက္ေမွာင္ သန္စြမ္းေစျခင္း ကေလးငယ္မ်ားမ်က္ခုံးေမႊးမသန္ျခင္း၊ဆံပင္မသန္ျခင္းမ်ားအတြက္လည္း ေအာင္မဲညို ေရေႏြးၾကမ္းအရည္အနည္းငယ္ႏွင့္မ်က္ခုံး၊ဦးေရျပားမ်ားကို ပြတ္သပ္ေပးျခင္းျဖင့္ဆံပင္၊ မ်က္ခုံးေမႊး သန္စြမ္းေစျခင္းျဖင့္ ဓာတုေဆးဝါးမပါဘဲ သဘာဝအတိုင္း ကုသေပးနိုင္ေၾကာင္းေတြ႕ရွိရပါတယ္။

ေအာင္မဲညို အေၾကာင္းတင္ေပးပါဆိုလို႔ ပုံကေတာ့ ကိုယ္တိုင္ခူးထားတာကိုယ္တိုင္ စ ေသာက္ၿပီး တစ္လေက်ာ္ေလာက္မွာ မ်က္မွန္ ကြၽတ္သြားပါၿပီ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *