Menu Close

မြန်မာ့ဆေးဖက်ဝင် ထိကရုံး ပင်

မြန်မာ့ဆေးဖက်ဝင် ထိကရုံး ပင်

 

မြန်မာနိုင်ငံ အနှံ့အပြားတွင်ပေါက်ရောက်သည်။

သဘာ၀အလျောက်ပေါက်ရောက်သည်။

အပင်

ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။အရိုင်းပေါက်ပင်ဖြစ်၍ဆူးရှိ၏။ အခက်အလက်များတွင်အမွေးကြမ်းများ ရှိ၏။ရိုးတံနီ၏။

အရွက်

ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ထိခဲ့သော် တွန့်ရှုံ့သွား၏။ရွက်ညှာမရှိသလောက် ဖြစ်၏။ရွက်မြွာများသည်ကျဉ်းမြောင်း၍ရှည်မျောမျောပုံဖြစ်ပြီးရွက်ပြားပြောင်ချော၏။

အပွင့်

အပွင့်သေး၍ပန်းရောင်ရှိသည်။ပန်းခိုင်ထီးတည်းထွက်၏။

ပန်းခိုင်ထိပ်တွင်ပန်းပွင့်များ ဘောလုံးသဏ္ဌာန်စုပြုံပွင့်၏။

နန်းလုံးကြိုင်ပွင့်နှင့်တူသည်။ဝါခေါင်၊တော်သလင်းလတွင် ပွင့်သည်။

အသီး

၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။တန်ဆောင်မုန်း၊ နတ်တော်လများတွင်သီးသည်။

အသုံးဝင်ပုံ

အရွက်၊ အမြစ်၊ ပဉ္စငါးပါး။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ထိကရုံးသည် ခါး ဖန်သော အရသာ ရှိ၏။အေးသော သတ္တိရှိ၏။သလိပ်သည်းခြေတို့ကိုငြိမ်းစေ၏။

အရွက်အသုံးပြုပုံ

၁။အရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။

၂။မြင်းသရိုက်လိပ်ခေါင်းရောဂါအတွက်အရွက်ကိုအမှုန့်ပြု၍နို့နှင့်သောက်လျှင် ပျောက်၏။

အမြစ်အသုံးပြုပုံ

၁။အမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။

၂။အမြစ်ကိုပြုတ်သောက်သော်ဆီးအိမ်၌တည်သောကျောက်ကိုပျော်၍ကွဲကျစေပြီးဆီးကောင်းစေသည်။

ပဉ္စငါးပါးအသုံးပြုပုံ

၁။ပဉ္စငါးပါးကိုကြိတ်၍ရေနှင့်ဖျော်လူးပါကဖောရောင်ခြင်းကိုကျစေသည်။

၂။ရောင်အမ်းသော အနာ ဖြစ်ကထိကရုံးပဉ္စငါးပါးကြိတ်၍ရသောအရည်ကိုရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။

၃။ သွေးအန်၊သွေးကျ၊ဝမ်းရောဂါပျောက်ဆေး၊ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ် ဖော်စပ် အသုံးပြု၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ

credit:မူရင်းရေးသားသူ

 

Zawgyi

ျမန္မာ့ေဆးဖက္ဝင္ ထိက႐ုံး ပင္

 

ျမန္မာနိုင္ငံ အႏွံ႕အျပားတြင္ေပါက္ေရာက္သည္။သဘာ၀အေလ်ာက္ေပါက္ေရာက္သည္။

အပင္

ပင္ေပ်ာ့ ပင္ငယ္မ်ိဳး ျဖစ္၏။ အရိုင္းေပါက္ပင္ ျဖစ္၍ ဆူးရွိ၏။ အခက္အလက္မ်ားတြင္ အေမြးၾကမ္းမ်ား ရွိ၏။ ရိုးတံ နီ၏။

အ႐ြက္

ရွား႐ြက္ကဲ့သို႔ ေသးငယ္သည္။ ၃-၄ ခါ ငွက္ေမြး ႐ြက္ေပါင္း ျဖစ္၍ ထိခဲ့ေသာ္ တြန႔္ရႈံ႕သြား၏။ ႐ြက္ညွာ မရွိသေလာက္ ျဖစ္၏။ ႐ြက္ႁမြာမ်ားသည္ က်ဥ္းေျမာင္း၍ ရွည္ေမ်ာေမ်ာ ပုံျဖစ္ၿပီး ႐ြက္ျပား ေျပာင္ေခ်ာ၏။

အပြင့္

အပြင့္ေသး၍ပန္းေရာင္ရွိသည္။ ပန္းခိုင္ထီးတည္းထြက္၏။ပန္းခိုင္ထိပ္တြင္ပန္းပြင့္မ်ား ေဘာလုံးသဏၭာန္ စုၿပဳံပြင့္၏။ နန္းလုံးႀကိဳင္ပြင့္ႏွင့္တူသည္။ဝါေခါင္၊ ေတာ္သလင္းလ တြင္ ပြင့္သည္။

 

shweu

 

အသီး

၁/၂ လက္မခန႔္ ရွည္၍ ျပား၏။ အနည္းငယ္ အေပၚသို႔ ေကြး၏။ အသီးတြင္ အေစ့ ၃-၄ ေစ့ ပါ၏။ တန္ေဆာင္မုန္း၊ နတ္ေတာ္လ မ်ားတြင္ သီးသည္။

အသုံးဝင္ပုံ

အ႐ြက္၊ အျမစ္၊ ပၪၥငါးပါး။

အာနိသင္

ျမန္မာေဆးက်မ္းမ်ား အလိုအရ ထိက႐ုံးသည္ ခါး ဖန္ေသာ အရသာ ရွိ၏။ေအးေသာ သတၱိရွိ၏။သလိပ္သည္းေျခတို႔ကိုၿငိမ္းေစ၏။

အ႐ြက္အသုံးျပဳပုံ

၁။အ႐ြက္ကိုႀကိတ္၍ ဆီးခုံ၌ အုံေပးလွ်င္ ဆီးလြန္ေရာဂါ ေပ်ာက္၏။

၂။ျမင္းသရိုက္လိပ္ေခါင္းေရာဂါအတြက္အ႐ြက္ကိုအမႈန႔္ျပဳ၍နို႔ႏွင့္ေသာက္လွ်င္ ေပ်ာက္၏။

အျမစ္အသုံးျပဳပုံ

၁။အျမစ္ကို ေသြး၍ လိမ္းေသာ္ အနာမွ အျမစ္မ်ား ထြက္လာေစသည္။

၂။အျမစ္ကိုျပဳတ္ေသာက္ေသာ္ဆီးအိမ္၌တည္ေသာေက်ာက္ကိုေပ်ာ္၍ကြဲက်ေစၿပီးဆီးေကာင္းေစသည္။

ပၪၥငါးပါးအသုံးျပဳပုံ

၁။ပၪၥငါးပါးကိုႀကိတ္၍ေရႏွင့္ေဖ်ာ္လူးပါကေဖာေရာင္ျခင္းကိုက်ေစသည္။

၂။ေရာင္အမ္းေသာ အနာ ျဖစ္ကထိက႐ုံးပၪၥငါးပါးႀကိတ္၍ရေသာအရည္ကိုေရာင္အမ္းေသာ ေနရာတြင္ ၾကက္ေတာင္ႏွင့္ သုတ္လိမ္းေသာ္ ေပ်ာက္၏။

၃။ ေသြးအန္၊ ေသြးက်၊ ဝမ္းေရာဂါ ေပ်ာက္ေဆး၊ ပန္းနာ ကာကြယ္ေဆး၊ အားတိုးေဆး အျဖစ္ ေဖာ္စပ္ အသုံးျပဳ၏။

ျမန္မာ့ေဆးဖက္ဝင္အပင္မ်ား

credit:မူရင္းေရးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *