Menu Close

မြန်မာ့ဆေးဖက်ဝင် မုန်ညင်းဖြူပင်

မြန်မာ့ဆေးဖက်ဝင် မုန်ညင်းဖြူပင်

 

မြန်မာ နိုင်ငံ အနှံ့အပြား တွင် ဟင်းသီးဟင်းရွက် အဖြစ် စိုက်ပျိုးသည်။ အထူး သဖြင့် အေးမြ သော ရာသီ ဥတု ရှိသည့် တောင်တန်း ဒေသများ တွင် ပိုမို ဖြစ်ထွန်း၏။ စိုက်ပျိုးပင် ၃ ပေ x ၂ ပေ ရှိသော ပျိုးခင်းတွင် မျိုးစေ့ ငါးမူးသား ခန့် ပျိုးပါ။

မျိုးစေ့ ချပြီး ရေဖြည်းဖြည်း နှံ့အောင် ခပ်ရွှဲရွှဲ ဖြစ်သည်။

လောင်း၍ ကောက်ရိုး ဖြင့် ၄ ရက်ခန့် အုပ်ထား ရသည်။ မြေကို ကောင်းစွာ ထွန်ယက် ၍ မြေသြဇာ တစ်ဧက လျှင် လှည်း ၁၀ စီး မှ ၁၅ စီး ခန့် ထည့်ပြီး သမအောင် ပြုပြင်၍ တစ်ပင် ၈ လက်မ တစ်တန်း နှင့် တစ်တန်း ၁၂ လက်မ ခွာ၍ ပြောင်းရွှေ့ စိုက်ပျိုး ရမည်။ ရေကို လိုအပ် သလို လောင်း၍ ပေါင်းမြက်များ ကို ရှင်းလင်း ထားပေး ရမည်။ စိုက်ပြီး ရက်ပေါင်း ၄၅ မှ ၆၀ အကြာတွင် ဆွတ်ခူး နိုင်ပါသည်။

အပင်

ရာသီပင် မျိုး ဖြစ်၍ အမြင့် ၂ ပေခန့် ရှိသည်။

အရွက်

မြေမှ ကပ်၍ ထွက်သည်။ ရွက်ရင်း ပိုင်း မာ၍ ရွက်ပြား ရွက်နား အဝိုက်များ ရှိသည်။ ရွက်ရိုး ဖြူသည်။ ရွက်ညှာ ရှည်၍ အသားပွ ပြီး အလယ်တွင် မြောင်းကဲ့သို့ ဖြစ်နေ၏။

အပွင့်

ပန်းခိုင် ရှည်လျားသည်။ ပန်းပွင့် လေးများ အဝါရောင် ရှိသည်။

အသီး

အလွန် သေးငယ်သည်။ လုံးဝိုင်း၍ နှမ်းစေ့ ခန့် ရှိသည်။ အမွေး ထူသည်၊ နှုတ်သီး ရှည်သည်၊ အစေ့ပြား ၍ အညိုနု ရောင်ရှိသည်

အသုံး၀င်သော အစိတ်အပိုင်း( မုန်ညင်းစေ့ ၊ မုန်ညင်းဆီ။ )

အကျိုး အာနိသင်

အာနိသင် —မြန်မာ ဆေးကျမ်းများ အလိုအရ မုန်ညင်းသည် စပ်ခါးသော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏။ ထက်မြက်၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သလိပ်တို့ကို ကင်းငြိမ်း စေ၏။

သွေးအန်။ သွေးကျ ၊ နူနာ ၊ ယားယံခြင်းကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ (သုံးစွဲနည်း)

အစေ့

၁ ။မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့်သွေးပြီး လိမ်းသော် အဆစ်ရောင်ခြင်း ပျောက်၏။

 

shweu

 

အဆီ

၁။မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါက ပျောက်ကင်း၏။

၂ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုးကို ရောချက်၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။

၃ ။ မုန်ညင်းဆီကို ပရုတ်နှင့် ချက်၍ ကလေးများ ဗိုက်နာခြင်း ၊ အဆုတ် အအေး မိခြင်း ၊ နှာစေး ချောင်းဆိုး ခြင်းများ အတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေး အဖြစ် အသုံးပြု ရ၏။

၄ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်း ရောဂါ ၊ မြင်းသရိုက် ရောဂါ ၊ လေထိုး လေအောင့် ရောဂါများ အတွက် မုန်ညင်းဆီကို အနည်းငယ် သောက်ပေးခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင် ပွတ်၍ လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း၏။

၅။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ၀င်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။

၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင် မုန်ညင်းဆီဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရု များ ကြွေကျ ပျောက်ကင်း၏။

၇ ။ ခေါင်းကိုက် ခေါင်းအုံလျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်း၏။

၈ ။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက်သည့် နေရာများတွင် မုန်ညင်းဆီ လိမ်းပေးကလည်း ပျောက်ကင်း၏။

၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ် ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို တောင်ဆိတ်ဆီ သို့မဟုတ် တောဆိတ် ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေးက ပျောက်၏။

၁၀ ။ လည်ပင်းကြီး ရောဂါ အတွက် မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီး သည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့် ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။

၁၁။ အနာပျက် ၊ အနာဆွေး များတွင် မုန်ညင်းဆီ လိမ်းက ပျောက်၏။

၁၂ ။ မုတ္တကျ သူများ မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်း ပေးက ပျောက်၏။

၁၃ ။ လူကောင်းများကိုယ်တွင်လိမ်း၍အိပ်ပါက ဝဲနာ ၊ယားနာ၊နူနာ လေနာများမှကင်းဝေး စေ၏

 

credit:မူရင်းရေးသားသူကို

Zawgyi

 

ျမန္မာ့ေဆးဖက္ဝင္ မုန္ညင္းျဖဴပင္

 

ျမန္မာ နိုင္ငံ အႏွံ႕အျပား တြင္ ဟင္းသီးဟင္း႐ြက္ အျဖစ္ စိုက္ပ်ိဳးသည္။ အထူး သျဖင့္ ေအးျမ ေသာ ရာသီ ဥတု ရွိသည့္ ေတာင္တန္း ေဒသမ်ား တြင္ ပိုမို ျဖစ္ထြန္း၏။ စိုက္ပ်ိဳးပင္ ၃ ေပ x ၂ ေပ ရွိေသာ ပ်ိဳးခင္းတြင္ မ်ိဳးေစ့ ငါးမူးသား ခန့္ ပ်ိဳးပါ။ မ်ိဳးေစ့ ခ်ၿပီး ေရျဖည္းျဖည္း ႏွံ႕ေအာင္ ခပ္႐ႊဲ႐ႊဲ ျဖစ္သည္။ေလာင္း၍ ေကာက္ရိုး ျဖင့္ ၄ ရက္ခန့္ အုပ္ထား ရသည္။ ေျမကို ေကာင္းစြာ ထြန္ယက္ ၍ ေျမၾသဇာ တစ္ဧက လွ်င္ လွည္း ၁၀ စီး မွ ၁၅ စီး ခန့္ ထည့္ၿပီး သမေအာင္ ျပဳျပင္၍ တစ္ပင္ ၈ လက္မ တစ္တန္း ႏွင့္ တစ္တန္း ၁၂ လက္မ ခြာ၍ ေျပာင္းေ႐ႊ႕ စိုက္ပ်ိဳး ရမည္။ ေရကို လိုအပ္ သလို ေလာင္း၍ ေပါင္းျမက္မ်ား ကို ရွင္းလင္း ထားေပး ရမည္။ စိုက္ၿပီး ရက္ေပါင္း ၄၅ မွ ၆၀ အၾကာတြင္ ဆြတ္ခူး နိုင္ပါသည္။

 

 

အပင္

ရာသီပင္ မ်ိဳး ျဖစ္၍ အျမင့္ ၂ ေပခန့္ ရွိသည္။

အ႐ြက္

ေျမမွ ကပ္၍ ထြက္သည္။ ႐ြက္ရင္း ပိုင္း မာ၍ ႐ြက္ျပား ႐ြက္နား အဝိုက္မ်ား ရွိသည္။ ႐ြက္ရိုး ျဖဴသည္။ ႐ြက္ညွာ ရွည္၍ အသားပြ ၿပီး အလယ္တြင္ ေျမာင္းကဲ့သို႔ ျဖစ္ေန၏။

အပြင့္

ပန္းခိုင္ ရွည္လ်ားသည္။ ပန္းပြင့္ ေလးမ်ား အဝါေရာင္ ရွိသည္။

အသီး

အလြန္ ေသးငယ္သည္။ လုံးဝိုင္း၍ ႏွမ္းေစ့ ခန့္ ရွိသည္။ အေမြး ထူသည္၊ ႏႈတ္သီး ရွည္သည္၊ အေစ့ျပား ၍ အညိုႏု ေရာင္ရွိသည္

အသုံး၀င္ေသာ အစိတ္အပိုင္း( မုန္ညင္းေစ့ ၊ မုန္ညင္းဆီ။ )

အက်ိဳး အာနိသင္

အာနိသင္ —ျမန္မာ ေဆးက်မ္းမ်ား အလိုအရ မုန္ညင္းသည္ စပ္ခါးေသာ အရသာ ရွိ၍ ပူေသာ သတၱိ ရွိ၏။ ထက္ျမက္၏ ၊ ၀မ္းမီးကို ေတာက္ေစ၏ ၊ သလိပ္တို႔ကို ကင္းၿငိမ္း ေစ၏။ ေသြးအန္။ ေသြးက် ၊ ႏူနာ ၊ ယားယံျခင္းကို ေပ်ာက္ကင္း ေစ၏ ။

အသုံးျပဳပုံ (သုံးစြဲနည္း)

အေစ့

၁ ။မုန္ညင္းျဖဴ ေစ့ကို ကြမ္းစားဂမုန္း ႏွင့္ေသြးၿပီး လိမ္းေသာ္ အဆစ္ေရာင္ျခင္း ေပ်ာက္၏။

အဆီ

၁။မုန္ညင္းဆီ အနည္းငယ္ကို အေအးလြန္၍ ကိုက္ေသာ နားနာကို ခတ္ေပးပါက ေပ်ာက္ကင္း၏။

၂။မုန္ညင္းဆီ ၊ မရိုး႐ြက္ ရည္၊ နႏြင္းတက္ ၎သုံးမ်ိဳးကို ေရာခ်က္၍ ဆီက်န္လွ်င္ စစ္ယူၿပီး ေပြးနာ ၊ ယားနာမ်ား ကို လူးေပးပါက ေပ်ာက္ကင္းသည္။

၃။မုန္ညင္းဆီကို ပ႐ုတ္ႏွင့္ ခ်က္၍ ကေလးမ်ား ဗိုက္နာျခင္း ၊ အဆုတ္ အေအး မိျခင္း ၊ ႏွာေစး ေခ်ာင္းဆိုး ျခင္းမ်ား အတြက္ လိမ္းေဆး သို႔မဟုတ္ အုပ္ေဆး အျဖစ္ အသုံးျပဳ ရ၏။

၄။ ေဘလုံးေရာဂါ ၊ ေသြးဖ်ဥ္း ေရာဂါ ၊ ျမင္းသရိုက္ ေရာဂါ ၊ ေလထိုး ေလေအာင့္ ေရာဂါမ်ား အတြက္ မုန္ညင္းဆီကို အနည္းငယ္ ေသာက္ေပးျခင္း ၊ ေရာဂါ ျဖစ္ရာ ေနရာတြင္ ပြတ္၍ လိမ္းေပးျခင္း ျဖင့္ ေပ်ာက္ကင္း၏။

၅။ထိပ္ကပ္နာ ရွိသူမ်ား ညအိပ္ရာ ၀င္ခ်ိန္ ႏွာေခါင္း တြင္းသို႔ မုန္ညင္းဆီ အနည္းငယ္ ထည့္ေပးက ေပ်ာက္၏။

၆။ကေလးမ်ား မကၡ႐ုနာ ေပါက္လွ်င္ မုန္ညင္းဆီျဖင့္ သုံးခါမွ် လိမ္းေပး႐ုံႏွင့္ မကၡ႐ု မ်ား ေႂကြက် ေပ်ာက္ကင္း၏။

၇။ ေခါင္းကိုက္ ေခါင္းအုံလွ်င္ ဦးေခါင္းတြင္ မုန္ညင္းဆီ ထည့္လိမ္း ေပးျခင္းျဖင့္ ေပ်ာက္ကင္း၏။

၈။ဇက္ေၾကာတက္ ၊ မ်က္ရိုး ကိုက္သည့္ ေနရာမ်ားတြင္ မုန္ညင္းဆီ လိမ္းေပးကလည္း ေပ်ာက္ကင္း၏။

၉။အထုံ အက်ဥ္ ၊ အခ်ိအနဲ႕ ၊ အေၾကာဆြဲ ၊ လက္ကပ္ ေျခကပ္ ျဖစ္လွ်င္ မုန္ညင္းဆီ တစ္ဆ ၊ ႏွမ္းဆီ တစ္ဆကို ေတာင္ဆိတ္ဆီ သို႔မဟုတ္ ေတာဆိတ္ ဆီႏွင့္ ေဖ်ာ္၍ ပြတ္လိမ္းေပးက ေပ်ာက္၏။

၁၀။လည္ပင္းႀကီး ေရာဂါအတြက္ မုန္ညင္းဆီ တစ္ဆ ၊ ႏွမ္းဆီ တစ္ဆကို စပါးႀကီး သည္းေျခႏွင့္ ေဖ်ာ္၍ လည္ပင္းတြင္ စုတ္ႏွင့္ ထိုးၿပီး ပၪၥကာနီသီး သို႔မဟုတ္ ဖရဲသီးကို အေျခာက္လွန္း ေသြးလိမ္းက ေပ်ာက္၏။

၁၁။အနာပ်က္ ၊အနာေဆြး မ်ားတြင္ မုန္ညင္းဆီ လိမ္းက ေပ်ာက္၏။

၁၂။မုတၱက် သူမ်ား မုန္ညင္းဆီ ျဖင့္ ႏွိပ္နယ္လိမ္း ေပးက ေပ်ာက္၏။

၁၃။လူေကာင္းမ်ားကိုယ္တြင္လိမ္း၍အိပ္ပါက ဝဲနာ ၊ယားနာ၊ႏူနာ ေလနာမ်ားမွကင္းေဝး ေစ၏

credit:မူရင္းေရးသားသူကို

Leave a Reply

Your email address will not be published. Required fields are marked *