Menu Close

မြွေဆိပ်နိုင်သောမရိုးပင်

မြွေဆိပ်နိုင်သောမရိုးပင်

 

အကြင်အိမ်၌ မရိုးပင်စိုက်ထားအံ့၊ထိုမရိုးပင်ရှိသောအိမ်၌ အသို့လျှင် ဆေးသမားများ၀င်ထွက်သွားလာရအံ့နည်း ဟူ၍ မရိုးပင်၏ဂုဏ်ကို ချီးကျူးဖွဲ့ဆိုထားခြင်းရှိ၏။ဆိုလိုသည်မှာ မရိုးပင်စိုက်ပျိုးထားသော အိမ်သည် ရောဂါ ဝေဒနာတို့ ကျရောက်ခဲ့ပါက မည်သည့်ရောဂါမျိုး၊ အနာမျိုး၊ အဆိပ်မျိုးကိုဖြစ်စေကာမူ ထိုမရိုးပင်သည် ပယ်ချိုးသုတ်သင် ကယ်တင်နိုင်သောကြောင့် ဆေးသမားတော်များကို ပင့်ခေါ်ရန်မလိုဟုဆိုလိုခြင်းဖြစ်လေသည်

မရိုးပင်ကို ငဖြူကြီးပင်၊နွားဖြူကြီးပင်၊ကျွဲနပေါင်းပင်၊ဖြူကြီးပင်၊ နွားနို့ခဲပင်၊ ကျွဲပေါက်ပင်စသည်ဖြင့်နေရာဒေသ အလိုက် အခေါ်အဝေါ်များရှိပါသည်။ ဆေးအသုံးများပြား၍ မရိုးနိုင်အောင် ဆေးဖက်၀င်လှသောကြောင့် မရိုးပင် ဟုခေါ်လေသလား ထင်မိအောင်ပင်ဖြစ်ပါသည်။

မုရိုးပင်ရာတွင် မုရိုးဖြူနှင့်မုရိုးနီဟူ၍ နှစ်မျိုးရှိပါသည်။ အဖြူမျိုးနှင့်အနီမျိုး နှစ်မျိုးစလုံး၏ အစေးသည် ခါး၍အနည်း ငယ်ငန်သော သတ္တိရှိပါသည်။ မရိုးပင်နှင့်ပတ်သက်၍ အံ့ဖွယ်အစွမ်းထက်မြက်လှကြောင်း လက်တွေ့ကြုံခဲ့ဖူးပါသည်။

ချင်းတွင်းမြစ်ကမ်းနဘေးရှိ ပလူဇ၀ရွာလေးသည် ဝါးအလွန်ထွက်ပါသည်။အထူးသဖြင့် မျှင်ဝါး၊ တင်းဝါး များထွက်သောကြောင့် နွေကာလတွင် သစ်ဝါးပွဲစားများ ရောက်ရှိလာတတ်ကြပြီး ဝါးများ၀ယ်ယူစုဆောင်းကာ ဖောင်ဖွဲ့၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ၊ရေစကြိုမြို့များသို့ ပို့ဆောင်ခြင်းဖြစ်၏။ထိုကြောင့် ပလူဇ၀မှ ချောင်းဆုံရွာ ထိုမှတဆင့် အလွန်ဝေးကွာသောဝါတောကြီးများဆီသို့ အလုအယက်ဝါးခုတ် ထွက်ရသည်။ ထိုချိန်ကာလသည်ကား ထိုအရပ်ဒေသရှိ တောနေလူတို့၏ ၀မ်းရေးအတွက်သာမက မြိုးမြိုးမြက်မြက် အပို၀င် ငွေလေးများရတတ်ကြလေသည်။

တစ်နေ့ ချောင်းဆုံရွာလေးသို့ လူနာထမ်းပုခက်စင်နှင့် ပိုးထိလူနာ ဝါးခုတ်သမားမောင်သောင်းအား ဝါးခုတ်အလုပ်သမားများထမ်း၍ ရောက်လာသည်။မြွေပွေးခြေကျင်း၀တ်ကို ကိုက်သည်ဟုဆိုသည်။ လူနာအား ဘာလုပ်ပေးထားသနည်း၊ အခုအထိသတိရနေသည်မို့လည်း အံ့သြမိစွာမေးကြည့်မိသည်။

ဆရာကျွန်တော်တို့နယ်ဖက်မှာ ပိုးထိပြီးဆိုတာနဲ့ တောထဲမှာပေါက်တဲ့ မရိုးပင်ရဲ့ အရွက်နဲ့ အစေးကို ဝါးဆစ်ဗူးထဲ ထည့်ထောင်းပြီး ဆီးကင်းလောက်လုံးကြတယ်။ပြီးရင် အဲ့ဒီမရိုး အရွက်နဲ့အစေးလုံးလို့ ရတဲ့ ဆေးကိုနာရီ၀က်ခြား တစ်လက်လုံးလောက်တိုက်ပြီး ဆေးရုံရောက်အောင်ပို့တာပဲ။တကယ်ကို အဆိပ်ကိုနိုင်နင်းတဲ့ အပင်ပဲဆိုလေသည်။

 

shweu

 

ထိုနည်းဖြင့် ရုတ်တစ်ရက်အဆိပ်ပြင်းသောမြွေဆိပ်ကိုကာကွယ် ဟန့်တားထိန်းသိမ်းရင်း မစိန်ဆေးရုံ၊ ကလေးဝဆေးရုံ သို့ပို့ကြလေ သည်။ထိုကြောင့်လည်း ပြင်းထန်သောမြွေပွေးကိုက်ခံရသည့် လူနာသည် သတိမလစ်ပါ။အကိုက်ခံရသော ညာဖက်ခြေထောက် မှ ှပေါင်ထိပ်ထိ တင်းရောင်နေသောလည်း အဆိပ်ကိုထိန်းချုပ်ထားနိုင်ပြီး ဆေးရုံအထိပို့ဆောင်နိုင်၍ အသက်ချမ်းသာခွင့်ရသည်ကို ကြုံခဲ့ဖူးပါသည်။

တင်ပြလိုသည်မှာ မရိုးပင်သည်

တောသူတောင်သားအများ မဖြစ်မနေသိသင့်သိအပ်သော အဆိပ်နိုင်သောဆေးပင်ဖြစ်လေသည်။ ယနေ့အချိန်အထပင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့မှာ သိပ္ပံဆေးဝါးများဖြင့် စနစ်တကျကုသရန် ခက်ခဲနေဆဲဖြစ်ပါသည်။ ထိုကြောင့် ပြင်းထန်သောမြွေတို့ကိုက် ခဲခြင်းခံရပါက လက်တလော အဆိပ်ကိုပြေစေပြီး အသက်ကိုဆန့်ထားနိုင်သော မရိုးပင်အား သတိရစေ လိုပါသည်။

မြွေဆိပ်နှင့်ပတ်သက်၍ ရှင်နာဂသိန်ပုံပြဆေးအဘိဓာန်အဆို

(က) မရိုးမြစ်နှင့် ဝါဂွမ်းမြစ်ကို ဆတူကြိတ်၍ အနည်းငယ်မျှသောက်မူမြွေဆိပ်ကျဆင်းလိမ့်မည်။

(ခ) မရိုးရွက်ကို မရိုးစေးနှင့်ကြိတ်၍လုံးပါ။ ယင်းအလုံးကို တစ်နာရီခြားတစ်လုံးကျတိုက်ပါက ပြင်းထန်သောမြွေဆိပ်များကျဆင်း၏။(တစ်လုံးကို ရွေးကြီးစေ့သာသာလုံးပါ)။

လမ်းဘေးဝဲယာတလျှောက် သဘာ၀အတိုင်း ပေါများစွာ ပေါက်နေတတ်သော မရိုးပင်အား အရွက်ချိုးကြည့်လိုက်က ဖြူဖြူပျစ်ပျစ် အစေးအနှစ်တို့ထွက်လာတတ်ပေသည်။ထိုအပင်၏ ဆေးဖက်၀င်ပုံများ အလွန်များပြားလှသောကြောင့် ပြည့်စုံစွာ ရေးသားနိုင်ခြင်းမရှိပါ။သေချာသည်က ဆေးအသုံးသိသူတို့အတွက် မရိုးပင်အား အိမ်တွင်စိုက်ထားခြင်းဖြင့် သမားတော်တစ်ပါး ပင့်၍ထားဘိသကဲ့သို့ဖြစ်နေမည်ဆိုပါလျှင် မှန်မည်ထင်မိပါတော့သည်။

 

မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်

 

Zawgyi

ေႁမြဆိပ္နိုင္ေသာမရိုးပင္

 

အၾကင္အိမ္၌ မရိုးပင္စိုက္ထားအံ့၊ထိုမရိုးပင္ရွိေသာအိမ္၌ အသို႔လွ်င္ ေဆးသမားမ်ား၀င္ထြက္သြားလာရအံ့နည္း ဟူ၍ မရိုးပင္၏ဂုဏ္ကို ခ်ီးက်ဴးဖြဲ႕ဆိုထားျခင္းရွိ၏။ဆိုလိုသည္မွာ မရိုးပင္စိုက္ပ်ိဳးထားေသာ အိမ္သည္ ေရာဂါ ေဝဒနာတို႔ က်ေရာက္ခဲ့ပါက မည္သည့္ေရာဂါမ်ိဳး၊ အနာမ်ိဳး၊ အဆိပ္မ်ိဳးကိုျဖစ္ေစကာမူ ထိုမရိုးပင္သည္ ပယ္ခ်ိဳးသုတ္သင္ ကယ္တင္နိုင္ေသာေၾကာင့္ ေဆးသမားေတာ္မ်ားကို ပင့္ေခၚရန္မလိုဟုဆိုလိုျခင္းျဖစ္ေလသည္

 

shweu

 

မရိုးပင္ကို ငျဖဴႀကီးပင္၊ႏြားျဖဴႀကီးပင္၊ကြၽဲနေပါင္းပင္၊ျဖဴႀကီးပင္၊ ႏြားနို႔ခဲပင္၊ ကြၽဲေပါက္ပင္စသည္ျဖင့္ေနရာေဒသ အလိုက္ အေခၚအေဝၚမ်ားရွိပါသည္။ ေဆးအသုံးမ်ားျပား၍ မရိုးနိုင္ေအာင္ ေဆးဖက္၀င္လွေသာေၾကာင့္ မရိုးပင္ ဟုေခၚေလသလား ထင္မိေအာင္ပင္ျဖစ္ပါသည္။

မုရိုးပင္ရာတြင္ မုရိုးျဖဴႏွင့္မုရိုးနီဟူ၍ ႏွစ္မ်ိဳးရွိပါသည္။ အျဖဴမ်ိဳးႏွင့္အနီမ်ိဳး ႏွစ္မ်ိဳးစလုံး၏ အေစးသည္ ခါး၍အနည္း ငယ္ငန္ေသာ သတၱိရွိပါသည္။ မရိုးပင္ႏွင့္ပတ္သက္၍ အံ့ဖြယ္အစြမ္းထက္ျမက္လွေၾကာင္း လက္ေတြ႕ႀကဳံခဲ့ဖူးပါသည္။

ခ်င္းတြင္းျမစ္ကမ္းနေဘးရွိ ပလူဇ၀႐ြာေလးသည္ ဝါးအလြန္ထြက္ပါသည္။အထူးသျဖင့္ မွ်င္ဝါး၊ တင္းဝါး မ်ားထြက္ေသာေၾကာင့္ ေႏြကာလတြင္ သစ္ဝါးပြဲစားမ်ား ေရာက္ရွိလာတတ္ၾကၿပီး ဝါးမ်ား၀ယ္ယူစုေဆာင္းကာ ေဖာင္ဖြဲ႕၍ ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း မုံ႐ြာ၊ေရစႀကိဳၿမိဳ႕မ်ားသို႔ ပို႔ေဆာင္ျခင္းျဖစ္၏။ထိုေၾကာင့္ ပလူဇ၀မွ ေခ်ာင္းဆုံ႐ြာ ထိုမွတဆင့္ အလြန္ေဝးကြာေသာဝါေတာႀကီးမ်ားဆီသို႔ အလုအယက္ဝါးခုတ္ ထြက္ရသည္။ ထိုခ်ိန္ကာလသည္ကား ထိုအရပ္ေဒသရွိ ေတာေနလူတို႔၏ ၀မ္းေရးအတြက္သာမက ၿမိဳးၿမိဳးျမက္ျမက္ အပို၀င္ ေငြေလးမ်ားရတတ္ၾကေလသည္။

တစ္ေန႕ ေခ်ာင္းဆုံ႐ြာေလးသို႔ လူနာထမ္းပုခက္စင္ႏွင့္ ပိုးထိလူနာ ဝါးခုတ္သမားေမာင္ေသာင္းအား ဝါးခုတ္အလုပ္သမားမ်ားထမ္း၍ ေရာက္လာသည္။ေႁမြေပြးေျခက်င္း၀တ္ကို ကိုက္သည္ဟုဆိုသည္။ လူနာအား ဘာလုပ္ေပးထားသနည္း၊ အခုအထိသတိရေနသည္မို႔လည္း အံ့ၾသမိစြာေမးၾကည့္မိသည္။

ဆရာကြၽန္ေတာ္တို႔နယ္ဖက္မွာ ပိုးထိၿပီးဆိုတာနဲ႕ ေတာထဲမွာေပါက္တဲ့ မရိုးပင္ရဲ႕ အ႐ြက္နဲ႕ အေစးကို ဝါးဆစ္ဗူးထဲ ထည့္ေထာင္းၿပီး ဆီးကင္းေလာက္လုံးၾကတယ္။ၿပီးရင္ အဲ့ဒီမရိုး အ႐ြက္နဲ႕အေစးလုံးလို႔ ရတဲ့ ေဆးကိုနာရီ၀က္ျခား တစ္လက္လုံးေလာက္တိုက္ၿပီး ေဆး႐ုံေရာက္ေအာင္ပို႔တာပဲ။တကယ္ကို အဆိပ္ကိုနိုင္နင္းတဲ့ အပင္ပဲဆိုေလသည္။

ထိုနည္းျဖင့္ ႐ုတ္တစ္ရက္အဆိပ္ျပင္းေသာေႁမြဆိပ္ကိုကာကြယ္ ဟန့္တားထိန္းသိမ္းရင္း မစိန္ေဆး႐ုံ၊ ကေလးဝေဆး႐ုံ သို႔ပို႔ၾကေလ သည္။ထိုေၾကာင့္လည္း ျပင္းထန္ေသာေႁမြေပြးကိုက္ခံရသည့္ လူနာသည္ သတိမလစ္ပါ။အကိုက္ခံရေသာ ညာဖက္ေျခေထာက္ မွ ွေပါင္ထိပ္ထိ တင္းေရာင္ေနေသာလည္း အဆိပ္ကိုထိန္းခ်ဳပ္ထားနိုင္ၿပီး ေဆး႐ုံအထိပို႔ေဆာင္နိုင္၍ အသက္ခ်မ္းသာခြင့္ရသည္ကို ႀကဳံခဲ့ဖူးပါသည္။

တင္ျပလိုသည္မွာ မရိုးပင္သည္

ေတာသူေတာင္သားအမ်ား မျဖစ္မေနသိသင့္သိအပ္ေသာ အဆိပ္နိုင္ေသာေဆးပင္ျဖစ္ေလသည္။ ယေန႕အခ်ိန္အထပင္ ျမန္မာနိုင္ငံအတြင္းရွိ ေနရာေဒသအခ်ိဳ႕မွာ သိပၸံေဆးဝါးမ်ားျဖင့္ စနစ္တက်ကဳသရန္ ခက္ခဲေနဆဲျဖစ္ပါသည္။ ထိုေၾကာင့္ ျပင္းထန္ေသာေႁမြတို႔ကိုက္ ခဲျခင္းခံရပါက လက္တေလာ အဆိပ္ကိုေျပေစၿပီး အသက္ကိုဆန့္ထားနိုင္ေသာ မရိုးပင္အား သတိရေစ လိုပါသည္။

ေႁမြဆိပ္ႏွင့္ပတ္သက္၍ ရွင္နာဂသိန္ပုံျပေဆးအဘိဓာန္အဆို

(က) မရိုးျမစ္ႏွင့္ ဝါဂြမ္းျမစ္ကို ဆတူႀကိတ္၍ အနည္းငယ္မွ်ေသာက္မူေႁမြဆိပ္က်ဆင္းလိမ့္မည္။

(ခ) မရိုး႐ြက္ကို မရိုးေစးႏွင့္ႀကိတ္၍လုံးပါ။ ယင္းအလုံးကို တစ္နာရီျခားတစ္လုံးက်တိဳက္ပါက ျပင္းထန္ေသာေႁမြဆိပ္မ်ားက်ဆင္း၏။(တစ္လုံးကို ေ႐ြးႀကီးေစ့သာသာလုံးပါ)။

လမ္းေဘးဝဲယာတေလွ်ာက္ သဘာ၀အတိုင္း ေပါမ်ားစြာ ေပါက္ေနတတ္ေသာ မရိုးပင္အား အ႐ြက္ခ်ိဳးၾကည့္လိုက္က ျဖဴျဖဴပ်စ္ပ်စ္ အေစးအႏွစ္တို႔ထြက္လာတတ္ေပသည္။ထိုအပင္၏ ေဆးဖက္၀င္ပုံမ်ား အလြန္မ်ားျပားလွေသာေၾကာင့္ ျပည့္စုံစြာ ေရးသားနိုင္ျခင္းမရွိပါ။ေသခ်ာသည္က ေဆးအသုံးသိသူတို႔အတြက္ မရိုးပင္အား အိမ္တြင္စိုက္ထားျခင္းျဖင့္ သမားေတာ္တစ္ပါး ပင့္၍ထားဘိသကဲ့သို႔ျဖစ္ေနမည္ဆိုပါလွ်င္ မွန္မည္ထင္မိပါေတာ့သည္။

 

မူရင္းေရးသားသူကို ေလးစားစြာျဖင့္creditေပးပါသည္

Leave a Reply

Your email address will not be published. Required fields are marked *