Menu Close

မြွေဆိပ်၊ကင်းဆိပ်နဲ့ ဝမ်းရောဂါ၊ပလိပ်ရောဂါအတွက် လွယ်ကူသော ကြက်သွန်နီအဆိပ်ဖြေဆေး

မြွေဆိပ်၊ကင်းဆိပ်နဲ့ ဝမ်းရောဂါ၊ပလိပ်ရောဂါအတွက် လွယ်ကူသော ကြက်သွန်နီအဆိပ်ဖြေဆေး

 

မြွေ၊ ကင်း၊ ကင်းခြေများ၊ ပိတုန်း စသည့်အကောင်များ၏ အကိုက်ခံရလျှင် ချက်ခြင်းအဆိပ်တက်သလို အဆိပ်ပြင်းသည့် သတ္တဝါဖြစ်ပါက အသက်ဆုံးရသည်အထိ ဖြစ်ရလေသည်။

ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေးကုသမှုပြုရန် အခက်အခဲရှိနေလျှင် ယခုဖော်ပြမည့်နည်းများကို အသုံးပြုနိုင်ပါသည်။

ဆေးမြီးတိုဟုဆိုရာတွင် သဘာဝပစ္စည်းဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို အခြေခံထားသော နည်းဖြစ်သည်။

အလွယ်တကူရနိုင်သလို ကုသရသည်လည်း မြန်ဆန်ပြီး ထိရောက်မှုလည်းရှိပါသည်။ယခုဖော်ပြမည့်နည်းများသည် “ရောဂါတိုင်းအတွက် အာနိသင်ထူးတဲ့ ကြက်သွန်ဖြူ၏ စွမ်းဆောင်ချက်၊ ဝေဒနာရှင်များအတွက်အစွမ်းထက်တဲ့ ကြက်သွန်နီရဲ့ စွမ်းဆောင်ချက်” အမည်ရှိ စာအုပ်တို့မှ ကောက်နှုတ်၍ ဆီလျော်အောင်ပြန်လည်ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြက်သွန်နီအဆိပ်ဖြေဆေး

ကင်းကိုက်ခြင်းအတွက်

၁။ကြက်သွန်နီတစ်လုံးကို နှစ်ပိုင်း ပိုင်းလိုက်ပါ။ယင်းကြက်သွန်အပေါ် ဖောက်ပြီးသားထုံးကိုလူး၍ အကောင်ကိုက်ထားသည့်နေရာတွင် သုတ်လိမ်းပေးပါ။သက်သာမှုရမည်။

၂။ကြက်သွန်နီကို ထုထောင်း၍ အကောင်ကိုက်ထားသည့်ဒဏ်ရာပေါ်တွင် အုံ၍ ချည်နှောင်ထားလိုက်ပါ။သက်သာမှုရ၍ အဆိပ်ပြေမည်။

၃။ကြက်သွန်နီ၊ ဇဝက်သာတို့ကို ဆတူရော၍ သမအောင်မွှေပါ။ ကောင်းစွာရောသွားလျှင် ပုလင်းထဲတွင် ထည့်သိမ်းထားနိုင်သည်။၎င်းဆေးသည် ကင်း၊ ပိတုန်း၊ ပျားကောင်များ၏ အဆိပ်ဖြေရန် အကောင်းဆုံးဆေးနည်းဖြစ်၏။

၄။ကြက်သွန်နီကို ဆားဖြင့်လူး၍ကျွေးလျှင် အဆိပ်ဓာတ်ကို ပျောက်ကင်းစေသည်။

ကင်းခြေများကိုက်လျှင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူ နှစ်မျိုးလုံးကိုရော၍ ကြိတ်ပြီး (ထုထောင်းလျှင်လည်း ဖြစ်ပါသည်။) ကင်းခြေများကိုက်သည့်နေရာတွင် အုံပေး လိမ်းပေးပါ။အဆိပ်ပြေနိုင်သည်။

 

 

ကြက်သွန်ဖြူ အဆိပ်ဖြေဆေး

၁။ကြက်သွန်ဖြူ တစ်ဥကို နွားနို့ ၂၅ကျပ်သားတွင် ဖျော်၍ အဆိပ်တက်နေသူကို တိုက်ပါ။သက်သာမည်။ (ကြက်သွန်ဖြူကို ကြိတ်၍ သို့မဟုတ် ခြစ်ဖြင့် ခြစ်ထည့်လျှင်လည်း ရ၏။)

၂။ကင်းကိုက်ခံရလျှင် ဆားနှင့် ကြက်သွန်ဖြူ နှစ်မျိုးကိုကြိတ်၍ အကိုက်ခံရသည့်နေရာတွင် လိမ်းပေးပါ။အဆိပ်တက်နေခြင်း သက်သာသွားမည်။

၃။ကြက်သွန်ဖြူနှင့် သရက်သီးခြောက်တို့ကိုကြိတ်၍ ရေနှင့်ရောကာ မြွေ၊ ကင်း အကိုက်ခံရသည့်နေရာတွင် လိမ်းပေးလျှင် သက်သာပျောက်ကင်းမှု ရရှိမည်။

၄။ကြက်သွန်ဖြူကို ရှလကာရည်တွင် ရော၍ကြိတ်ပြီး မြွေ၊ ကင်းနှင့် ခွေးရူးကိုက်ခံရသည့်နေရာတို့တွင် အကြိမ်ကြိမ်လိမ်းပေးလျှင် သက်သာမှုရရှိမည်။

၅။မျှော့ကိုက်ခံရလျှင် ၎င်းဒဏ်ရာအပေါ် ကြက်သွန်ဖြူကို ရေနှင့်ရောကြိတ်ပြီး လိမ်းပေးပါ။သက်သာပါမည်။

ကြက်သွန်ဖြူသည် အဆိပ်ဖြေရာတွင် အစွမ်းထက်လှပါသည်။ သမားတော်များ၏ အဆိုအရ ကြက်သွန်ဖြူရှိသောနေရာတွင် ၎င်းအနံဖြင့် မြွေမလာရဲပါ။

ဝမ်းရောဂါ ပလိပ်ရောဂါအတွက် ကြိုတင်ကာကွယ်နည်း-

သမားတော်များက ဆေးနည်းညွှန်ထားသည်မှာ ကြက်သွန်ဖြူကို စားသုံးပေးခြင်းသည် ၎င်းရောဂါပိုးများ ကိုယ်အတွင်းမဝင်ရောက်နိုင်ရန် ကြိုတင်ကာကွယ်ပေးသည့် အကောင်းဆုံးဆေးနည်းဖြစ်သည်။ (စားသုံးခြင်းဟု ဆိုရာတွင် တစ်နေ့တည်းတွင် များစွားစားခြင်းမဟုတ်ပါ။ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အစိမ်းလိုက် များစွာစားသုံးပါကလည်း ဆိုးကျိုးဖြစ်တတ်ပါသည်။ ထို့ကြောက် တစ်နေ့တွင် ကြက်သွန်ဖြူဥ တစ်တက်ခန့်မျှ စားသုံးပေးခြင်းက အထူးသင့်လျော်ပါသည်။)

သတိပြုမှတ်သားရန်မှာ အထက်ပါဆေးနည်းတို့ဖြင့် တင်းတိမ်မနေဘဲ သက်ဆိုင်ရာ ဆေးကျန်းမာရေးဌာနသို့သွား၍ ကုသရမည်။ ယင်းဆေးနည်းတို့ဖော်ပြရခြင်းသည် ချက်ခြင်းဖြစ်လာလျှင် လက်ငင်းလုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ပါသည်။

 

Credit-Original Uploader

 

Zawgyi

 

ေႁမြဆိပ္၊ကင္းဆိပ္နဲ႕ ဝမ္းေရာဂါ၊ပလိပ္ေရာဂါအတြက္ လြယ္ကူေသာ ၾကက္သြန္နီအဆိပ္ေျဖေဆး

 

ေႁမြ၊ ကင္း၊ ကင္းေျခမ်ား၊ ပိတုန္း စသည့္အေကာင္မ်ား၏ အကိုက္ခံရလွ်င္ ခ်က္ျခင္းအဆိပ္တက္သလို အဆိပ္ျပင္းသည့္ သတၱဝါျဖစ္ပါက အသက္ဆုံးရသည္အထိ ျဖစ္ရေလသည္။ထို႔ေၾကာင့္ သက္ဆိုင္ရာ က်န္းမာေရးကုသမႈျပဳရန္ အခက္အခဲရွိေနလွ်င္ ယခုေဖာ္ျပမည့္နည္းမ်ားကို အသုံးျပဳနိုင္ပါသည္။

ေဆးၿမီးတိုဟုဆိုရာတြင္ သဘာဝပစၥည္းျဖစ္ေသာ ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴကို အေျခခံထားေသာ နည္းျဖစ္သည္။ အလြယ္တကူရနိုင္သလို ကုသရသည္လည္း ျမန္ဆန္ၿပီး ထိေရာက္မႈလည္းရွိပါသည္။ယခုေဖာ္ျပမည့္နည္းမ်ားသည္ “ေရာဂါတိုင္းအတြက္ အာနိသင္ထူးတဲ့ ၾကက္သြန္ျဖဴ၏ စြမ္းေဆာင္ခ်က္၊ ေဝဒနာရွင္မ်ားအတြက္အစြမ္းထက္တဲ့ ၾကက္သြန္နီရဲ႕ စြမ္းေဆာင္ခ်က္” အမည္ရွိ စာအုပ္တို႔မွ ေကာက္ႏႈတ္၍ ဆီေလ်ာ္ေအာင္ျပန္လည္ေရးသားတင္ဆက္ျခင္း ျဖစ္သည္။

 

 

ၾကက္သြန္နီအဆိပ္ေျဖေဆး

ကင္းကိုက္ျခင္းအတြက္

၁။ၾကက္သြန္နီတစ္လုံးကို ႏွစ္ပိုင္း ပိုင္းလိုက္ပါ။ ယင္းၾကက္သြန္အေပၚ ေဖာက္ၿပီးသားထုံးကိုလူး၍ အေကာင္ကိုက္ထားသည့္ေနရာတြင္ သုတ္လိမ္းေပးပါ။ သက္သာမႈရမည္။

၂။ၾကက္သြန္နီကို ထုေထာင္း၍ အေကာင္ကိုက္ထားသည့္ဒဏ္ရာေပၚတြင္ အုံ၍ ခ်ည္ေႏွာင္ထားလိုက္ပါ။ သက္သာမႈရ၍ အဆိပ္ေျပမည္။

၃။ၾကက္သြန္နီ၊ ဇဝက္သာတို႔ကို ဆတူေရာ၍ သမေအာင္ေမႊပါ။ ေကာင္းစြာေရာသြားလွ်င္ ပုလင္းထဲတြင္ ထည့္သိမ္းထားနိုင္သည္။ ၎ေဆးသည္ ကင္း၊ ပိတုန္း၊ ပ်ားေကာင္မ်ား၏ အဆိပ္ေျဖရန္ အေကာင္းဆုံးေဆးနည္းျဖစ္၏။

၄။ၾကက္သြန္နီကို ဆားျဖင့္လူး၍ေကြၽးလွ်င္ အဆိပ္ဓာတ္ကို ေပ်ာက္ကင္းေစသည္။

ကင္းေျခမ်ားကိုက္လွ်င္ ၾကက္သြန္နီႏွင့္ ၾကက္သြန္ျဖဴ ႏွစ္မ်ိဳးလုံးကိုေရာ၍ ႀကိတ္ၿပီး (ထုေထာင္းလွ်င္လည္း ျဖစ္ပါသည္။) ကင္းေျခမ်ားကိုက္သည့္ေနရာတြင္ အုံေပး လိမ္းေပးပါ။အဆိပ္ေျပနိုင္သည္။

ၾကက္သြန္ျဖဴ အဆိပ္ေျဖေဆး

၁။ၾကက္သြန္ျဖဴ တစ္ဥကို ႏြားနို႔ ၂၅က်ပ္သားတြင္ ေဖ်ာ္၍ အဆိပ္တက္ေနသူကို တိုက္ပါ။သက္သာမည္။ (ၾကက္သြန္ျဖဴကို ႀကိတ္၍ သို႔မဟုတ္ ျခစ္ျဖင့္ ျခစ္ထည့္လွ်င္လည္း ရ၏။)

၂။ကင္းကိုက္ခံရလွ်င္ ဆားႏွင့္ ၾကက္သြန္ျဖဴ ႏွစ္မ်ိဳးကိုႀကိတ္၍ အကိုက္ခံရသည့္ေနရာတြင္ လိမ္းေပးပါ။ အဆိပ္တက္ေနျခင္း သက္သာသြားမည္။

၃။ၾကက္သြန္ျဖဴႏွင့္ သရက္သီးေျခာက္တို႔ကိုႀကိတ္၍ ေရႏွင့္ေရာကာ ေႁမြ၊ ကင္း အကိုက္ခံရသည့္ေနရာတြင္ လိမ္းေပးလွ်င္ သက္သာေပ်ာက္ကင္းမႈ ရရွိမည္။

၄။ၾကက္သြန္ျဖဴကို ရွလကာရည္တြင္ ေရာ၍ႀကိတ္ၿပီး ေႁမြ၊ ကင္းႏွင့္ ေခြး႐ူးကိုက္ခံရသည့္ေနရာတို႔တြင္ အႀကိမ္ႀကိမ္လိမ္းေပးလွ်င္ သက္သာမႈရရွိမည္။

၅။ေမွ်ာ့ကိုက္ခံရလွ်င္ ၎ဒဏ္ရာအေပၚ ၾကက္သြန္ျဖဴကို ေရႏွင့္ေရာႀကိတ္ၿပီး လိမ္းေပးပါ။သက္သာပါမည္။

ၾကက္သြန္ျဖဴသည္ အဆိပ္ေျဖရာတြင္ အစြမ္းထက္လွပါသည္။ သမားေတာ္မ်ား၏ အဆိုအရ ၾကက္သြန္ျဖဴရွိေသာေနရာတြင္ ၎အနံျဖင့္ ေႁမြမလာရဲပါ။

ဝမ္းေရာဂါ ပလိပ္ေရာဂါအတြက္ ႀကိဳတင္ကာကြယ္နည္း-

သမားေတာ္မ်ားက ေဆးနည္းၫႊန္ထားသည္မွာ ၾကက္သြန္ျဖဴကို စားသုံးေပးျခင္းသည္ ၎ေရာဂါပိုးမ်ား ကိုယ္အတြင္းမဝင္ေရာက္နိုင္ရန္ ႀကိဳတင္ကာကြယ္ေပးသည့္ အေကာင္းဆုံးေဆးနည္းျဖစ္သည္။ (စားသုံးျခင္းဟု ဆိုရာတြင္ တစ္ေန႕တည္းတြင္ မ်ားစြားစားျခင္းမဟုတ္ပါ။ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴကို အစိမ္းလိုက္ မ်ားစြာစားသုံးပါကလည္း ဆိုးက်ိဳးျဖစ္တတ္ပါသည္။ ထို႔ေၾကာက္ တစ္ေန႕တြင္ ၾကက္သြန္ျဖဴဥ တစ္တက္ခန႔္မွ် စားသုံးေပးျခင္းက အထူးသင့္ေလ်ာ္ပါသည္။)

သတိျပဳမွတ္သားရန္မွာ အထက္ပါေဆးနည္းတို႔ျဖင့္ တင္းတိမ္မေနဘဲ သက္ဆိုင္ရာ ေဆးက်န္းမာေရးဌာနသို႔သြား၍ ကုသရမည္။ ယင္းေဆးနည္းတို႔ေဖာ္ျပရျခင္းသည္ ခ်က္ျခင္းျဖစ္လာလွ်င္ လက္ငင္းလုပ္ေဆာင္နိုင္ရန္အတြက္ ျဖစ္ပါသည္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *