Menu Close

ယုဇနပန်း လှလှလေးက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ယုဇနပန်း လှလှလေးက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

 

အဆင်အသွေးလည်းလှ၊ ရနံလေးလည်း သင်းပြီး ချစ်စရာ ကောင်းလွန်းတဲ့ ယုဇနပန်းလေးတွေကို နေအိမ်မှ အလှစိုက် ထားလေ့ရှိကြတယ်နော်။ ယုဇနပန်းလေးရဲ့ အနံ့ မွှေးမွှေးလေးက ရာသီဥတု အေးအေးလေးမှာဆို သင်းသင်းလေးနဲ့ စိတ်ထဲတော်တော်လေး ကြည်နူးစရာ ကောင်းစေပါတယ်။

 

 

ယုဇနပန်းနဲ့ ကျန်းမာရေး

အပွင့်ဖြူဖြူ အဝါရောင် ဝတ်ဆံ အနံ့ မွှေးမွှေးလေးတွေရှိတဲ့ ယုဇနပန်းလေးက

အသားအရေ ချောမွတ်စေတယ်

ယုဇနပန်း ပွင့်ချပ်လေးတွေကို ရေစင်အောင်ဆေးလို့ ပန်ကန်းလုံး တစ်လုံးစာကို ရေနဲ့ရောလို့ အနှစ်ရအောင် ကြိတ်ပါ။ရလာတဲ့ အနှစ်ကို အရေပြားပေါ်ကို လိမ်းပေးပြီး ခြောက်သွားရင် ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ပုံမှန်လုပ်ပေးရင် အသားအရေ ချောမွတ်စေမှာပါ။

သွားကိုက်တာကို သက်သာစေတယ်

ယုဇနပန်းရဲ့ အဆီအနှစ်က သံးကိုက်တာကို သက်သာစေနိုင်ပါတယ်။ပန်းကို ရေစင်အောင်ဆေးလို့ မီးနွေးနွေးလေးနဲ့ အပူပေးပါ။ရလာတဲ့ အဆီကို နာနေတဲ့ သွားပိုးပေါက်ထဲကို ထည့်ပေးတာ ဒါမှမဟုတ် သွားဖုံးကို လိမ်းပေးတာက သွားကိုက်သွားနာတာကို သက်သာစေမှာပါ။

မွေးကျွတ်နာကို သက်သာစေတယ်

ရေစင်အောင်ဆေးပြီး အခြောက်ခံထားတဲ့ ယုဇနပင် အမြစ်ကို သေးသေးလေးတွေ ခုတ်ပါ။ ပြီးရင် ရေဆူဆူထဲ ၃ ခွက် ၁ ခွက်တင် ပြုတ်ပြီး ရလာတဲ့ အရည်ကို အနာကို ဆေးကြောသန့်စင်ပေးပါ။တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးပါ။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

ယုဇနပင် အရွက်ကို လက်တစ်ဆုပ်စာဆေးပြီး လက်နဲ့ ခြေပါ။ ပြီးရင် ရေတစ်ခွက်ထည့်ပြီး စိမ်ထားပါ။ ပြီးရင် အရွက်ဖတ်တွေကို စစ်ပြီး အရည်ကို သောက်သုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ မနက်ခင်း နိုးနိုးချင်း သောက်ပေးရုံပါ။

ရာသီလာစဉ် နာကျင်တာကို သက်သာစေနိုင်တယ်

ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ရေနွေးဆူဆူထဲကို ရေစင်အောင်ဆေးထားတဲ့ ယုဇနပင်အရွက် အနည်းငယ် ချင်း (ဂျင်း) နည်းနည်းတို့ ထည့်ပြီး စိမ်သောက်ပေးလို့ရပါတယ်။

အဆစ်နာတာကို သက်သာစေတယ်

အဆစ်တွေ နာနေမယ်ဆိုရင် ယုဇနပင် အမြစ်ကို ရေနွေး ဆူဆူထဲ ထည့်ပြုတ်လို့ ရလာတဲ့ ရေနွေးကို ဇလုံတစ်ခုထဲထည့်ပြီ ခပ်နွေးနွေးမှာ အဆစ်နာနေတဲ့ နေရာကို စိမ်ပေးလို့ရပါတယ်။ ရေနွေးဝတ် ကပ်ပေးလို့လည်း ရပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ်

ရေစင်အောင် ဆေးထားတဲ့ ယုဇနပင် အမြစ်ကို ရေနွေး ဆူဆူထဲ ထည့်ပြုတ်ပါ။ ရလာတဲ့ အရည်ကို ခပ်နွေးနွေးမှာ ပလုတ်ကျင်း ပေးပါ။ ပုံမှန် လုပ်ပေးမယ်ဆိုရင် ခံတွင်း အနာကို သိသိသာသာ သက်သာစေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon

Credit-Helloဆရာဝန်

 

Zawgyi

ယုဇနပန္း လွလွေလးက ေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

 

 

အဆင္အေသြးလည္းလွ၊ ရနံေလးလည္း သင္းၿပီး ခ်စ္စရာ ေကာင္းလြန္းတဲ့ ယုဇနပန္းေလးေတြကို ေနအိမ္မွ အလွစိုက္ ထားေလ့ရွိၾကတယ္ေနာ္။ ယုဇနပန္းေလးရဲ႕ အနံ႕ ေမႊးေမႊးေလးက ရာသီဥတု ေအးေအးေလးမွာဆို သင္းသင္းေလးနဲ႕ စိတ္ထဲေတာ္ေတာ္ေလး ၾကည္ႏူးစရာ ေကာင္းေစပါတယ္။

ယုဇနပန္းနဲ႕ က်န္းမာေရး

အပြင့္ျဖဴျဖဴ အဝါေရာင္ ဝတ္ဆံ အနံ႕ ေမႊးေမႊးေလးေတြရွိတဲ့ ယုဇနပန္းေလးက

အသားအေရ ေခ်ာမြတ္ေစတယ္

ယုဇနပန္း ပြင့္ခ်ပ္ေလးေတြကို ေရစင္ေအာင္ေဆးလို႔ ပန္ကန္းလုံး တစ္လုံးစာကို ေရနဲ႕ေရာလို႔ အႏွစ္ရေအာင္ ႀကိတ္ပါ။ ရလာတဲ့ အႏွစ္ကို အေရျပားေပၚကို လိမ္းေပးၿပီး ေျခာက္သြားရင္ ေရေအးေအးနဲ႕ ေဆးခ်လိဳက္ပါ။ ပုံမွန္လုပ္ေပးရင္ အသားအေရ ေခ်ာမြတ္ေစမွာပါ။

သြားကိုက္တာကို သက္သာေစတယ္

ယုဇနပန္းရဲ႕ အဆီအႏွစ္က သံးကိုက္တာကို သက္သာေစနိုင္ပါတယ္။ ပန္းကို ေရစင္ေအာင္ေဆးလို႔ မီးေႏြးေႏြးေလးနဲ႕ အပူေပးပါ။ ရလာတဲ့ အဆီကို နာေနတဲ့ သြားပိုးေပါက္ထဲကို ထည့္ေပးတာ ဒါမွမဟုတ္ သြားဖုံးကို လိမ္းေပးတာက သြားကိုက္သြားနာတာကို သက္သာေစမွာပါ။

ေမြးကြၽတ္နာကို သက္သာေစတယ္

ေရစင္ေအာင္ေဆးၿပီး အေျခာက္ခံထားတဲ့ ယုဇနပင္ အျမစ္ကို ေသးေသးေလးေတြ ခုတ္ပါ။ ၿပီးရင္ ေရဆူဆူထဲ ၃ ခြက္ ၁ ခြက္တင္ ျပဳတ္ၿပီး ရလာတဲ့ အရည္ကို အနာကို ေဆးေၾကာသန႔္စင္ေပးပါ။ တစ္ေန႕ကို ႏွစ္ႀကိမ္ေလာက္ လုပ္ေပးပါ။

ကိုယ္အေလးခ်ိန္ ထိန္းညွိေပးတယ္

ယုဇနပင္ အ႐ြက္ကို လက္တစ္ဆုပ္စာေဆးၿပီး လက္နဲ႕ ေျခပါ။ ၿပီးရင္ ေရတစ္ခြက္ထည့္ၿပီး စိမ္ထားပါ။ ၿပီးရင္ အ႐ြက္ဖတ္ေတြကို စစ္ၿပီး အရည္ကို ေသာက္သုံးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ကို ထိန္းညွိေပးနိုင္ပါတယ္။ မနက္ခင္း နိုးနိုးခ်င္း ေသာက္ေပး႐ုံပါ။

ရာသီလာစဥ္ နာက်င္တာကို သက္သာေစနိုင္တယ္

ရာသီလာစဥ္ နာက်င္ကိုက္ခဲတာကို သက္သာေစဖို႔ ေရေႏြးဆူဆူထဲကို ေရစင္ေအာင္ေဆးထားတဲ့ ယုဇနပင္အ႐ြက္ အနည္းငယ္ ခ်င္း (ဂ်င္း) နည္းနည္းတို႔ ထည့္ၿပီး စိမ္ေသာက္ေပးလို႔ရပါတယ္။

အဆစ္နာတာကို သက္သာေစတယ္

အဆစ္ေတြ နာေနမယ္ဆိုရင္ ယုဇနပင္ အျမစ္ကို ေရေႏြး ဆူဆူထဲ ထည့္ျပဳတ္လို႔ ရလာတဲ့ ေရေႏြးကို ဇလုံတစ္ခုထဲထည့္ၿပီ ခပ္ေႏြးေႏြးမွာ အဆစ္နာေနတဲ့ ေနရာကို စိမ္ေပးလို႔ရပါတယ္။ ေရေႏြးဝတ္ ကပ္ေပးလို႔လည္း ရပါတယ္။

ခံတြင္းအနာကို သက္သာေစနိုင္တယ္

ေရစင္ေအာင္ ေဆးထားတဲ့ ယုဇနပင္ အျမစ္ကို ေရေႏြး ဆူဆူထဲ ထည့္ျပဳတ္ပါ။ ရလာတဲ့ အရည္ကို ခပ္ေႏြးေႏြးမွာ ပလုတ္က်င္း ေပးပါ။ ပုံမွန္ လုပ္ေပးမယ္ဆိုရင္ ခံတြင္း အနာကို သိသိသာသာ သက္သာေစမွာပါ။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

ေရးသားသူ Aye Thi Mon

Credit-Helloဆရာဝန္

Leave a Reply

Your email address will not be published. Required fields are marked *