Menu Close

ရက်၂၀ ကျော်ထိ နေ့စဉ် ရက်ဆက် ချောင်းဆိုး ရင်ကြပ်နေရာမှ လက်တွေ့ ပျောက်ကင်းခဲ့သည့် ဆေးနည်း

ရက်၂၀ ကျော်ထိ နေ့စဉ် ရက်ဆက် ချောင်းဆိုး ရင်ကြပ်နေရာမှ လက်တွေ့ ပျောက်ကင်းခဲ့သည့် ဆေးနည်း

 

နေ့စဉ်ရက်ဆက် ချောင်းဆိုးရင်ကျပ် ဖြစ်နေတာရက်၂၀ ကျော်နေပြီ။ ဖြစ်ခါစ တပါတ်လောက်အထိ နေ့တိုင်း ဆေးခန်းသွားပြတယ်။ မသက်သာဘူး။

လေပြွန်ရောင်တာနဲ့. ချောင်းဆိုးရင်ကျပ်တွဲဖြစ်တော့ နေရဆိုး ဆေးမျိုးစုံ ဝယ်သောက် ဒါလဲ မပျောက်ဘူး။

ရက် ၂၀ ကျော်လာတော့ လူကြီးတွေက စိုးရိမ်လာလို့ အထူးကုနဲ့ ပြတော့ ဒီတိုင်းမဖြစ်ဘူး ဆိုပြီး ဆေးရုံသွားဖို့ စီစဉ်နေတုန်း အိမ်ကို ရွာက ဦးလေး အလည်ရောက်တာနဲ့ ကြုံရော။

ဦးလေးက နေဦး ဆေးရုံမသွားသေးနဲ့ဦး သင်္ဘောရွက် ရေနွေးစိမ်သောက်ကြည့်စမ်း ဆိုတာနဲ့ အဲ့ဒီနေ့ တစ်နေ့လုံး ဝင်သလောက် သင်္ဘောရွက်ကို ရေနွေးစိမ် သောက်တာ။ ညကျ အိပ်နိုင်တယ်။

ဒါနဲ့ရောဂါ သက်သာတာပဲ ဆိုပြီး နောက်ရက်တွေ ဆက်တိုက်သောက်ပေးတာ၊ ၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်းပျောက်သွားတယ်။

သင်္ဘောရွက်ကို အသုံးပြုပုံက အရွက်စိုကိုပဲဖြစ်ဖြစ် အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ်၊ ခွက်ထဲထည့် အပေါ်ကနေ ရေနွေးပူပူကို လောင်းထည့်၊ မပူမအေးလေးမှာ သောက်လို့ရပီ။

သောက်ခါစမှာ အရွက်စိမ်းစော် နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေသောက်နိုင်သွားပြီး ငွေမကုန်ပဲ ရောဂါ သက်သာစေတဲ့ ဆေးနည်းမို့ ကျမနဲ့ ရောဂါတူသူများရှိရင် စမ်းသောက်ကြည့်စေချင်ပါတယ်။ ကျန်းမာ ဝဖြိုး အလှတိုးကျပါစေ။

Credit : Original Writer

 

Zawgyi

 

ရက္၂၀ ေက်ာ္ထိ ေန႕စဥ္ ရက္ဆက္ ေခ်ာင္းဆိုး ရင္ၾကပ္ေနရာမွ လက္ေတြ႕ ေပ်ာက္ကင္းခဲ့သည့္ ေဆးနည္း

 

ေန႕စဥ္ရက္ဆက္ ေခ်ာင္းဆိုးရင္က်ပ္ ျဖစ္ေနတာရက္၂၀ ေက်ာ္ေနၿပီ။ ျဖစ္ခါစ တပါတ္ေလာက္အထိ ေန႕တိုင္း ေဆးခန္းသြားျပတယ္။ မသက္သာဘူး။ ေလႁပြန္ေရာင္တာနဲ႕. ေခ်ာင္းဆိုးရင္က်ပ္တြဲျဖစ္ေတာ့ ေနရဆိုး ေဆးမ်ိဳးစုံ ဝယ္ေသာက္ ဒါလဲ မေပ်ာက္ဘူး။

 

 

ရက္ ၂၀ ေက်ာ္လာေတာ့ လူႀကီးေတြက စိုးရိမ္လာလို႔ အထူးကုနဲ႕ ျပေတာ့ ဒီတိုင္းမျဖစ္ဘူး ဆိုၿပီး ေဆး႐ုံသြားဖို႔ စီစဥ္ေနတုန္း အိမ္ကို ႐ြာက ဦးေလး အလည္ေရာက္တာနဲ႕ ႀကဳံေရာ။

ဦးေလးက ေနဦး ေဆး႐ုံမသြားေသးနဲ႕ဦး သေဘၤာ႐ြက္ ေရေႏြးစိမ္ေသာက္ၾကည့္စမ္း ဆိုတာနဲ႕ အဲ့ဒီေန႕ တစ္ေန႕လုံး ဝင္သေလာက္ သေဘၤာ႐ြက္ကို ေရေႏြးစိမ္ ေသာက္တာ။ ညက် အိပ္နိုင္တယ္။

ဒါနဲ႕ေရာဂါ သက္သာတာပဲ ဆိုၿပီး ေနာက္ရက္ေတြ ဆက္တိုက္ေသာက္ေပးတာ၊ ၅ရက္ေလာက္ေနေတာ့ ေခ်ာင္းဆိုး ရင္က်ပ္ ေလႁပြန္ေရာင္တာ အရွင္းေပ်ာက္သြားတယ္။

သေဘၤာ႐ြက္ကို အသုံးျပဳပုံက အ႐ြက္စိုကိုပဲျဖစ္ျဖစ္ အ႐ြက္ေျခာက္ကိုပဲ ျဖစ္ျဖစ္၊ ခြက္ထဲထည့္ အေပၚကေန ေရေႏြးပူပူကို ေလာင္းထည့္၊ မပူမေအးေလးမွာ ေသာက္လို႔ရပီ။

ေသာက္ခါစမွာ အ႐ြက္စိမ္းေစာ္ နံေနေပမဲ့ သုံးခြက္ေလာက္ ေသာက္ၿပီးသြားရင္ အဆင္ေျပေျပေသာက္နိုင္သြားၿပီး ေငြမကုန္ပဲ ေရာဂါ သက္သာေစတဲ့ ေဆးနည္းမို႔ က်မနဲ႕ ေရာဂါတူသူမ်ားရွိရင္ စမ္းေသာက္ၾကည့္ေစခ်င္ပါတယ္။ က်န္းမာ ဝၿဖိဳး အလွတိုးက်ပါေစ။

Credit : Original Writer

Leave a Reply

Your email address will not be published. Required fields are marked *