Menu Close

ရင်ကြပ်၊ ထိပ်ကပ်နာ၊ လည်ချောင်းနာအတွက် ဒန့်သလွန်

ရင်ကြပ်၊ ထိပ်ကပ်နာ၊ လည်ချောင်းနာအတွက် ဒန့်သလွန်

 

ဒန့်သလွန်မှာအရိုးနီနဲ့အရိုးဖြူ(၂)မျိုးရှိပြီးရှေးဆရာများကအနီမျိုးကသြဇာအာနိသင်ပိုကောင်းတယ်လို့ဆိုပါတယ်။

အင်္ဂလိပ်လိုHorse-raddish/Drumstick Treeလို့ခေါ်ပါတယ်။

ရုက္ခဗေဒလိုတော့Moringa Oleifera ဖြစ်ပါတယ်။

အရှေ့တောင်အာရှ၊ ဖိလစ်ပိုင်၊ အာဖရိကနိုင်ငံတွေနဲ့ တောင်အမေရိကဒေသတွေမှာ အနှံ့အပြားပေါက်ရောက်ပါတယ်

အာဖရိကတိုက်မှာတော့ ဒန့်သလွန်ဆီကို စားသုံးတဲ့အပြင် အလှကုန်ထဲမှာလည်းထဲ့သွင်းအသုံးချကြပါတယ်။ဒန့်သလွန်ရွက်ကအဆီထုတ်ယူလို့ရသလို အစေ့ကနေလည်း အဆီနှစ်ထုတ်ယူလို့ရပါတယ်။ဒန့်သလွန်ဆီကိုအလှအပ၊အရေပြား၊ဆံပင်၊စားသောက်ကုန်အဖြစ်သုံးပါတယ်

ထိုင်းနိုင်ငံရဲ့သုတေသနတွေအရဒန့်သလွန်သီးတွေဟာ သွေးထဲကအဆီတွေကျဆင်းစေနိုင်တဲ့ Antioxidants တွေ များစွာပါဝင်နေပါတယ်။ဒါကြောင့်သွေးတွင်းအဆီကျစေဖို့ဒန့်သလွန်အရွက်ကို စားသုံးနိုင်ပါတယ်

ဒန့်သလွန်ကိုတိုင်းရင်းဆေးကျမ်းများမှာ ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။လို့ဖော်ပြထားပါတယ်

နာတာရှည်အညောင်းကိုက်ရောဂါတွေကိုဒန့်သလွန်သီးနဲ့ကြက်နက်သားချက်စားရင်ပျောက်စေတယ်လို့ဆိုပါတယ်

ဒန့်သလွန်သီးကိုဆိတ်သား(သို့)ဝက်သားနဲ့မကြာမကြာချက်စားရင်အားကုန်ခမ်းတဲ့ရောဂါ၊သုက်အားနည်းတဲ့ရောဂါတွေပျောက်စေပါတယ်

ဌက်ဖျားရောဂါ၊မျက်စိနာ၊ဇက်ကြောတက်၊လေးလံထိုင်းမှိုင်းတဲ့အခါမှာဒန့်သလွန်ရွက်လက်တဆုပ်နဲ့သိန္ဓောရွေးကြီးတစ်ရွေးရောကြိတ်ပြီးအရည်ကိုမျက်စဉ်းခတ်ပေးရင်သက်သပျောက်ကင်းစေတယ်လို့ဆိုပါတယ်။ကျွဲနွားတွေမျက်စိနာကိုလည်းဒီလိုမျက်စဉ်းခပ်ပေးရင်ပျောက်စေပါတယ်

ထိပ်ကပ်နာ၊နှာပုပ်ရောဂါတို့ကိုဒန့်သလွန်ရွက်ခြောက်အမှုန့်ကိုရှုပေးရင်ပျောက်စေပါတယ်။ဝဲစိုဝဲခြောက်၊နှင်းခူ၊၊ပွေးရောဂါကိုဒီဆေးမှုန့်နဲ့နှမ်းဆီဖျော်လိမ်းပေးရင်ပျောက်စေပါတယ်

ကလေးမက္ခရု၊လျာကွဲ၊ပါးစပ်ကွဲ၊ပေါင်ခြံကွဲ၊ဖြစ်တဲ့အခါ

ဒန့်သလွန်ရွက်၊ကွမ်းစားဂမုံးရွက်ကြိတ်ပြီးနှမ်းဆီနဲ့ရောပြီးလိမ်းပေးရင်ပျောက်စေပါတယ်ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်စေပါတယ်

ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျစေပါတယ်

ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ တွေပျောက်ပါတယ်

 

 

အစာ မကြေ ဝမ်းဖော ဝမ်းရောင် ဖြစ်တဲ့အခါဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက်ရင်ပျောက်စေပါတယ်

ဝမ်းတွင်း သက်တန့်ကိုဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်ရင်ပျောက်ပါတယ်

ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်နဲ့ ချင်းရေဆတူရောသောက်ရင်ပျောက်စေပါတယ်

ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေပါတယ်

ဒန့်သလွန်မြစ် ကိုကြိတ်၍ စည်းပေးရင် ရောင်တင်းခြင်းကို ပျောက်စေပါတယ်။

အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါသက်သာပျောက်ကင်းစေပါတယ်

ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေလိုပါကဒန့်သလွန်သီး ကို ဟင်းချက် ကျွေးနိုင်ပါတယ်

ဆီးများဆီးလွန်တဲ့အခါဒန့်သလွန်သီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်ရင်ပျောက်ပါတယ်

ဒန့်သလွန်အစေ့ကအဆိပ် သင့်ခြင်းနှင့် ခေါင်းကိုက် ရောဂါ ဖြစ်ခြင်း ကို ပျောက်ကင်းစေပါတယ်

ဒန့်သလွန်စေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်စေပါတယ်

ဒနျှုသလှနျစေ့ဆီကို အနာပေါက် နှင့် ယားနာ အမျိုးမျိုး တို့၌ သုံးစွဲကြပါတယ်

သွားဖုံးပုပ်ခြင်းကိုဒန့်သလွန်စေးကို ငုံပေးရင် ပျောက်စေပါတယ်

ဒန့်သလွန်ပွင့်ကို ဖောရောင် ခြင်း၊ အဖျဉ်း ကြီးခြင်း နှင့်

အကြော ရောဂါ ၊ သက်တန့် ရောဂါ၊သလိပ် ရောဂါ၊ လေဖောက် ပြန်သော ရောဂါ များအတွက် ဆေးအဖြစ် သုံးစွဲကြပါတယ်

နား နာကျင် ကိုက်ခဲ၊ နား ပြည်ယို ခြင်း များကိုလတ်လတ်ဆတ်ဆတ်ဒန့်သလွန်အခေါက်ရည် ကို နားထဲ ထည့်ပေး ရင် ပျောက်ကင်း စေပါတယ်

ဘယ်ဆေးပင်ဆေးမြစ်မဆို၊ပင်ကိုယ်အာနိသင်ကောင်းများရှိပေမယ့်လို့လူတစ်ဦးချင်းစီရဲ့ကိုယ်ခံစွမ်းအား၊အသက်အရွယ်၊အစားအသောက်၊အနေအထိုင်၊ကံ၊စိတ်၊ဥတု၊အာဟာရအလိုက်ဆေးအကျိုးပြသပုံကွာခြားနိုင်တဲ့အတွက်ဆေးအဖြစ်သုံးပါကမိတ်ဆွေတို့ချင့်ချိန်ပြီးမှသုံးစွဲသင့်ပါတယ်

credit:မူရင်းရေးသားသူကို လေးစားစွာဖြင့်

 

Zawgyi

 

ရင္ၾကပ္၊ ထိပ္ကပ္နာ၊ လည္ေခ်ာင္းနာအတြက္ ဒန့္သလြန္

 

ဒန႔္သလြန္မွာအရိုးနီနဲ႕အရိုးျဖဴ(၂)မ်ိဳးရွိၿပီးေရွးဆရာမ်ားကအနီမ်ိဳးကၾသဇာအာနိသင္ပိုေကာင္းတယ္လို႔ဆိုပါတယ္။

အဂၤလိပ္လိုHorse-raddish/Drumstick Treeလို႔ေခၚပါတယ္။

႐ုကၡေဗဒလိုေတာ့Moringa Oleifera ျဖစ္ပါတယ္။ အေရွ႕ေတာင္အာရွ၊ ဖိလစ္ပိုင္၊ အာဖရိကနိုင္ငံေတြနဲ႕ ေတာင္အေမရိကေဒသေတြမွာ အႏွံ႕အျပားေပါက္ေရာက္ပါတယ္

အာဖရိကတိုက္မွာေတာ့ ဒန႔္သလြန္ဆီကို စားသုံးတဲ့အျပင္ အလွကုန္ထဲမွာလည္းထဲ့သြင္းအသုံးခ်ၾကပါတယ္။ဒန႔္သလြန္႐ြက္ကအဆီထုတ္ယူလို႔ရသလို အေစ့ကေနလည္း အဆီႏွစ္ထုတ္ယူလို႔ရပါတယ္။ဒန႔္သလြန္ဆီကိုအလွအပ၊အေရျပား၊ဆံပင္၊စားေသာက္ကုန္အျဖစ္သုံးပါတယ္

ထိုင္းနိုင္ငံရဲ႕သုေတသနေတြအရဒန႔္သလြန္သီးေတြဟာ ေသြးထဲကအဆီေတြက်ဆင္းေစနိုင္တဲ့ Antioxidants ေတြ မ်ားစြာပါဝင္ေနပါတယ္။ဒါေၾကာင့္ေသြးတြင္းအဆီက်ေစဖို႔ဒန႔္သလြန္အ႐ြက္ကို စားသုံးနိုင္ပါတယ္

ဒန႔္သလြန္ကိုတိုင္းရင္းေဆးက်မ္းမ်ားမွာ ဒန႔္သလြန္ သည္ အနည္းငယ္ ခ်ိဳ၍ ဖန္ေသာ အရသာ ရွိ၏။ ထက္ျမက္၏။

ေၾကလြယ္၏။ ႏႈတ္ကို ၿမိန္ေစ၏။ ဝမ္းမီးကို ေတာက္ေစ၏။ ေလ၊ သလိပ္၊ သည္းေျခကို နိုင္၏။ အပူနာ၊ အဖ်ဥ္း၊ ဂူလုံး အေၾကာ အျခင္ ၊ ေရာင္ရမ္းနာ တို႔ကို နိုင္၏။ မ်က္စိ ကို အက်ိဳးျပဳ၏။လို႔ေဖာ္ျပထားပါတယ္

နာတာရွည္အေညာင္းကိုက္ေရာဂါေတြကိုဒန႔္သလြန္သီးနဲ႕ၾကက္နက္သားခ်က္စားရင္ေပ်ာက္ေစတယ္လို႔ဆိုပါတယ္

ဒန႔္သလြန္သီးကိုဆိတ္သား(သို႔)ဝက္သားနဲ႕မၾကာမၾကာခ်က္စားရင္အားကုန္ခမ္းတဲ့ေရာဂါ၊သုက္အားနည္းတဲ့ေရာဂါေတြေပ်ာက္ေစပါတယ္

ဌက္ဖ်ားေရာဂါ၊မ်က္စိနာ၊ဇက္ေၾကာတက္၊ေလးလံထိုင္းမွိုင္းတဲ့အခါမွာဒန႔္သလြန္႐ြက္လက္တဆုပ္နဲ႕သိေႏၶာေ႐ြးႀကီးတစ္ေ႐ြးေရာႀကိတ္ၿပီးအရည္ကိုမ်က္စဥ္းခတ္ေပးရင္သက္သာေပ်ာက္ကင္းေစတယ္လို႔ဆိုပါတယ္။ကြၽဲႏြားေတြမ်က္စိနာကိုလည္းဒီလိုမ်က္စဥ္းခပ္ေပးရင္ေပ်ာက္ေစပါတယ္

 

 

ထိပ္ကပ္နာ၊ႏွာပုပ္ေရာဂါတို႔ကိုဒန႔္သလြန္႐ြက္ေျခာက္အမႈန႔္ကိုရႈေပးရင္ေပ်ာက္ေစပါတယ္။ဝဲစိုဝဲေျခာက္၊ႏွင္းခူ၊၊ေပြးေရာဂါကိုဒီေဆးမႈန႔္နဲ႕ႏွမ္းဆီေဖ်ာ္လိမ္းေပးရင္ေပ်ာက္ေစပါတယ္

ကေလးမကၡ႐ု၊လ်ာကြဲ၊ပါးစပ္ကြဲ၊ေပါင္ၿခံကြဲ၊ျဖစ္တဲ့အခါဒန႔္သလြန္႐ြက္၊ကြမ္းစားဂမုံး႐ြက္ႀကိတ္ၿပီးႏွမ္းဆီနဲ႕ေရာၿပီးလိမ္းေပးရင္ေပ်ာက္ေစပါတယ္ဒန႔္သလြန္႐ြက္၊ ၾကက္သြန္ျဖဴ၊ ပတဲ ေကာျမစ္၊ မိႆလင္ ဟင္းခါး ခ်က္ေသာက္ ေသာ္ ရာသီထိမ္ ျခင္း ေပ်ာက္ေစပါတယ္

ဒန႔္သလြန္ ႐ြက္ကို ၃ ခြက္ တစ္ခြက္တင္ ဟင္းခ်ိဳ အျဖစ္ ျပဳတ္ေသာက္ေသာ္ ေသြးတိုး က်ေစပါတယ္

ဒန႔္သလြန္ ျမစ္ကို ထုေထာင္း ႀကိတ္ေျခ၍ အရည္ကို ညွစ္ကာ စားပြဲဇြန္း ႏွင့္ တစ္ဇြန္း ခန႔္ ေသာက္က အသံဝင္ အသံကပ္ လည္ေခ်ာင္းနာ ေတြေပ်ာက္ပါတယ္

အစာ မေၾက ဝမ္းေဖာ ဝမ္းေရာင္ ျဖစ္တဲ့အခါဒန႔္သလြန္ ျမစ္ႏွင့္ မုန္ညင္းေစ့ အမွ် ေပါင္းစပ္၍ ေရာႀကိတ္ၿပီး ေရတြင္ ၂ နာရီ ေက်ာ္မွ် စိမ္ကာ တစ္ခါေသာက္ စားပြဲဇြန္း တစ္ဇြန္း တစ္ေန႕ ၃ ႀကိမ္ေသာက္ရင္ေပ်ာက္ေစပါတယ္

ဝမ္းတြင္း သက္တန႔္ကိုဒန႔္သလြန္ ျမစ္ကို သုံးခြက္ တစ္ခြက္တင္ က်ိဳ၍ စားပြဲဇြန္း တစ္ဇြန္း မွန္မွန္ ေသာက္ရင္ေပ်ာက္ပါတယ္

ပန္းနာ ေရာဂါ အတြက္ ဒန႔္သလြန္ ျမစ္ကို ႀကိတ္၍ ရေသာ အရည္နဲ႕ ခ်င္းေရဆတူေရာေသာက္ရင္ေပ်ာက္ေစပါတယ္

ဒန႔္သလြန္ ျမစ္မႈန႔္ႏွင့္ ပရႏၷဝါ ျမစ္မႈန႔္ ဆတူကို အုန္းနို႔ ပ်ားရည္ တို႔ႏွင့္ ေရာစပ္ ခ်က္ၿပီး နံနက္ ည တစ္ဇြန္း စီ ေသာက္ေသာ္ အားအင္ ျပည့္ၿဖိဳး ခြန္အား တိုး၍ အသက္ ရွည္ေစပါတယ္

ဒန႔္သလြန္ျမစ္ ကိုႀကိတ္၍ စည္းေပးရင္ ေရာင္တင္းျခင္းကို ေပ်ာက္ေစပါတယ္။

အျမစ္ ႀကိတ္ညွစ္ ရည္ကို နို႔ႏွင့္ ေရာေသာက္ေသာ္ ဆီးခ်ိဳ ေရာဂါသက္သာေပ်ာက္ကင္းေစပါတယ္

ကေလး မ်ား သန္ေကာင္၊ တုတ္ေကာင္ ကင္းရွင္း ေစလိုပါကဒန႔္သလြန္သီး ကို ဟင္းခ်က္ ေကြၽးနိုင္ပါတယ္

ဆီးမ်ားဆီးလြန္တဲ့အခါဒန႔္သလြန္သီး ကို အမႈန႔္ ျပဳ သၾကားႏွင့္ ေရာေသာက္ရင္ေပ်ာက္ပါတယ္

ဒန႔္သလြန္အေစ့ကအဆိပ္ သင့္ျခင္းႏွင့္ ေခါင္းကိုက္ ေရာဂါ ျဖစ္ျခင္း ကို ေပ်ာက္ကင္းေစပါတယ္

ဒန႔္သလြန္ေစ့ ကို အမႈန႔္ ျပဳ၍ နား၌ ထည့္ေပးေသာ္ နားကိုက္ျခင္း၊ နားျပည္ယို ျခင္း ေပ်ာက္ေစပါတယ္

ဒန်ႈသလွန်ေစ့ဆီကို အနာေပါက္ ႏွင့္ ယားနာ အမ်ိဳးမ်ိဳး တို႔၌ သုံးစြဲၾကပါတယ္

သြားဖုံးပုပ္ျခင္းကိုဒန႔္သလြန္ေစးကို ငုံေပးရင္ ေပ်ာက္ေစပါတယ္

ဒန႔္သလြန္ပြင့္ကို ေဖာေရာင္ ျခင္း၊ အဖ်ဥ္း ႀကီးျခင္း ႏွင့္ အေၾကာ ေရာဂါ ၊ သက္တန႔္ ေရာဂါ၊သလိပ္ ေရာဂါ၊ ေလေဖာက္ ျပန္ေသာ ေရာဂါ မ်ားအတြက္ ေဆးအျဖစ္ သုံးစြဲၾကပါတယ္

နား နာက်င္ ကိုက္ခဲ၊ နား ျပည္ယို ျခင္း မ်ားကိုလတ္လတ္ဆတ္ဆတ္ဒန႔္သလြန္အေခါက္ရည္ ကို နားထဲ ထည့္ေပး ရင္ ေပ်ာက္ကင္း ေစပါတယ္

ဘယ္ေဆးပင္ေဆးျမစ္မဆို၊ပင္ကိုယ္အာနိသင္ေကာင္းမ်ားရွိေပမယ့္လို႔လူတစ္ဦးခ်င္းစီရဲ႕ကိုယ္ခံစြမ္းအား၊အသက္အ႐ြယ္၊အစားအေသာက္၊အေနအထိုင္၊ကံ၊စိတ္၊ဥတု၊အာဟာရအလိုက္ေဆးအက်ိဳးျပသပုံကြာျခားနိုင္တဲ့အတြက္ေဆးအျဖစ္သုံးပါကမိတ္ေဆြတို႔ခ်င့္ခ်ိန္ၿပီးမွသုံးစြဲသင့္ပါတယ္

credit:မူရင္းေရးသားသူကို ေလးစားစြာျဖင့္

Leave a Reply

Your email address will not be published. Required fields are marked *