Menu Close

ရာသီလာချိန်သတိထားသင့်သောအရာများ

ရာသီလာချိန်သတိထားသင့်သောအရာများ

 

ရာသီလာချိန် ဒါတွေမလုပ်ပါနဲ့

အပျိုဖော်ဝင်ချိန်မှစ၍ အမျိုးသမီးတိုင်း သွေးမဆုံးချိန်ထိ ရာသီသွေး လစဉ်ဆင်းသည်မှာ ဓမ္မတာတစ်ရပ်ပါ။

ရာသီသွေးဆင်းခြင်းသည် အမျိုးသမီးတိုင်း စိတ်အနှောက်အယှက်တစ်ခုကဲ့သို့ ခံစားရသောအချိန်ဟု လူတိုင်းလက်ခံထားကြပါတယ်။ ရာသီဆင်းနေချိန်သည် မိမိကိုယ်မိမိ သတိထားရသော အချိန်လည်းဖြစ်ပါတယ်။ရာသီလာချိန်တွင် မည်သို့နေထိုင်သင့်သလဲဆိုတာကလည်း အရေးကြီးသောအချက်များပင်ဖြစ်ပါတယ်။ ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကို ကောင်းစွာသဘောပေါက်မှသာ ရာသီသွေးဆင်းချိန်တွင် ကျန်းမာရေးကောင်းမွန်ပြီး အဆင်ပြေနိုင်မှာပါ။

လေ့လာချက်များအရ အမျိုးသမီးများသည် ရာသီလာချိန်တွင် စိတ်ရေ ကိုယ်ပါ ဖိဆီးနေတတ်ပါတယ်။ ခေါင်းကိုက်၊ ဗိုက်နာ၊ ပျို့အန်၊ ကိုယ်ပူခြင်းနှင့် လေပွခြင်းစသည်တို့ဖြစ်တတ်ပါတယ်။

 

shweu

 

(1) ရာသီလာချိန်တွင် ပြုလုပ်သင့်သောအရာများ

ရေချိုးပါ

အမျိုးသမီးများသည် ရာသီလာချိန်တွင် မောပန်းနွယ်နယ်သကဲ့သို့ခံစားရပြီး ခြေလေက်များမလှုပ်ချင်မကိုင်ချင်အောင် လေးလံနေပါလိမ့်မယ်။ ထိုအခါမျိုးတွင် လန်းဆန်းတက်ကြွနေရန် တကိုယ်ရည်သန့်ရှင်းမှုကို အထူးပြုလုပ်ပါ။အတွင်းခံနှင့် အောက်ခံဂွမ်းထုပ်များ လဲလှယ်ပါ။ရေချိုးပါ။

လေ့ကျင့်ခန်းလုပ်ပါ

အကယ်၍ ရာသီလာချိန်တွင် ဗိုက်နာ ဗိုက်အောင့်ဖြစ်တတ်သူများသည် သက်သာစေရန် ပေါ့ပါးသော လေ့ကျင့်ခန်းလုပ်ပါ။ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အကြောပြေကာ နာကျင်မှုသက်သာစေပါတယ်။

ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်မှုသက်သာစေရန် ရေနှင့်အသီးဖျော်ရည်များများ သောက်ပါ။ရာသီလာချိန်တွင် ရေဓာတ်ခမ်းခြောက်နေပြီး ရေများများသောက်ရန် လိုအပ်ပါတယ်။

အပူအစပ်၊ အဆီအစိမ့်အစားများ ရှောင်ကြဉ်ပါ။

ရာသီလာချိန်တွင် အစာအိမ်နှင့် အူလမ်းကြောင်းလေပွသောကြောင့် အစာမကြေဖြစ်တတ်သောကြောင့် ဖြစ်ပါတယ်။ အစာကို နည်းနည်းနဲ့ မကြာမကြာစားပေးပါ။ပြည့်အင်အောင်မစားသင့်ပါ။

အသီးအနှံစားပါ

နာကျင်မှုသက်သာစေရန် အသီးအနှံများ၊ ဂျင်းအစရှိသည်တို့ကို အနည်းငယ်စားပေးပါ။ပေါ့ပေါ့ပါးပါးဝတ်ဆင်ပါ။

ရာသီလာချိန်တွင် ပေါ့ပါးချောင်ချိသော ချည်ထည်အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

ဝမ်းနည်းစရာရုပ်ရှင်မကြည့်ရ

ရာသီလာချိန်တွင် ဝမ်းနည်းစရာဖြစ်စေသော ရုပ်ရှင်များမကြည့်သင့်ပါ။ စိတ်လှုပ်ရှားမှု အတက်အကျများစေပြီး ပိုမိုဝမ်းနည်းလာတတ်ပါတယ်။

(2) မပြုလုပ်သင့်သောအရာများ

အိပ်ယာထဲမနေရ

ရာသီချိန်တွင် အိပ်ယာထဲတွင် အမြဲလှဲမနေသင့်ပါ။ပုံမှန်လှုပ်ရှားမှု အလုပ်များကို လုပ်ပါ။ကော်ဖီကို အလွန်အကြူး မသောက်သင့်ပါ။

ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ်ကြောင့် နာကျင်ကိုက်ခဲမှုဖြစ်စေပါတယ်။ ထို့ကြောင့် ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ်ပါ။

ရာသီလာချိန်တွင် မူးယစ်စေသောအရာများသုံးစွဲခြင်း ရှောင်ကြဉ်ပါ။

ရာသီလာချိန်တွင် အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ
အရက်သည် ရေဓာတ်ခမ်းခြောက်စေပြီး သွေးလည်ပတ်မှုကို အားနည်းစေပြီး ပိုမိုနာကျင်ကိုက်ခဲစေပါတယ်။

နို့နှင့်နို့ထွက်အစာ စားခြင်းရှောင်ပါ။

ရာသီလာချိန်တွင် နို့နှင့်နို့ထွက်ပစ္စည်းများ စားသောက်ခြင်းရှောင်ကြဉ်ပါ။ ဒိန်ချဉ်လို အစာကြောင့် ဝမ်းဗိုက်ပိုမို နာကျင်စေပါတယ်။

အငန်ဓာတ်လွန်ကဲသော အစာများစားသုံးခြင်း ရှောင်ကြဉ်ပါ။

အငန်ဓာတ်သည် လေထိုး ဗိုက်နာ အောင့်ခြင်း ပိုမိုဖြစ်စေပါတယ်။

ကယ်လိုရီများသော အစာအစားများလည်း မစားပါနဲ့။

အောက်ခံဂွမ်းထုပ်ကို အချိန်မှီမလဲပဲ အချိန်ကြာကြာသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

သို့မဟုတ်ပါက ပိုးမွှားများ ပေါက်နိုင်ပြီး မိနိးမကိုယ် ယားယံစေနိုင်ပါတယ်။

ရာသီလာစဉ် လိင်ဆက်ဆံခြင်းရှောင်ကြဉ်ပါ။လိင်ဆက်ဆံခြင်းသည် ပိုမိုနာကျင်ကိုက်ခဲစေပြီး သွေးသွန်ခြင်းဖြစ်စေနိုင်ကာ ရာသီလာရက်ရှည်စေပါတယ်။

Credit : Dr. Pyae Shin (OnDoctor)

 

Zawgyi

ရာသီလာခ်ိန္သတိထားသင့္ေသာအရာမ်ား

 

ရာသီလာခ်ိန္ ဒါေတြမလုပ္ပါနဲ႕

အပ်ိဳေဖာ္ဝင္ခ်ိန္မွစ၍ အမ်ိဳးသမီးတိုင္း ေသြးမဆုံးခ်ိန္ထိ ရာသီေသြး လစဥ္ဆင္းသည္မွာ ဓမၼတာတစ္ရပ္ပါ။

ရာသီေသြးဆင္းျခင္းသည္ အမ်ိဳးသမီးတိုင္း စိတ္အေႏွာက္အယွက္တစ္ခုကဲ့သို႔ ခံစားရေသာအခ်ိန္ဟု လူတိုင္းလက္ခံထားၾကပါတယ္။ ရာသီဆင္းေနခ်ိန္သည္ မိမိကိုယ္မိမိ သတိထားရေသာ အခ်ိန္လည္းျဖစ္ပါတယ္။ရာသီလာခ်ိန္တြင္ မည္သို႔ေနထိုင္သင့္သလဲဆိုတာကလည္း အေရးႀကီးေသာအခ်က္မ်ားပင္ျဖစ္ပါတယ္။ ရာသီလာခ်ိန္တြင္ ျပဳလုပ္သင့္ေသာအရာႏွင့္ မျပဳလုပ္သင့္ေသာအရာမ်ားကို ေကာင္းစြာသေဘာေပါက္မွသာ ရာသီေသြးဆင္းခ်ိန္တြင္ က်န္းမာေရးေကာင္းမြန္ၿပီး အဆင္ေျပနိုင္မွာပါ။

ေလ့လာခ်က္မ်ားအရ အမ်ိဳးသမီးမ်ားသည္ ရာသီလာခ်ိန္တြင္ စိတ္ေရ ကိုယ္ပါ ဖိဆီးေနတတ္ပါတယ္။ ေခါင္းကိုက္၊ ဗိုက္နာ၊ ပ်ိဳ႕အန္၊ ကိုယ္ပူျခင္းႏွင့္ ေလပြျခင္းစသည္တို႔ျဖစ္တတ္ပါတယ္။

 

shweu

 

(1) ရာသီလာခ်ိန္တြင္ ျပဳလုပ္သင့္ေသာအရာမ်ား

ေရခ်ိဳးပါ

အမ်ိဳးသမီးမ်ားသည္ ရာသီလာခ်ိန္တြင္ ေမာပန္းႏြယ္နယ္သကဲ့သို႔ခံစားရၿပီး ေျခေလက္မ်ားမလႈပ္ခ်င္မကိုင္ခ်င္ေအာင္ ေလးလံေနပါလိမ့္မယ္။ ထိုအခါမ်ိဳးတြင္ လန္းဆန္းတက္ႂကြေနရန္ တကိုယ္ရည္သန႔္ရွင္းမႈကို အထူးျပဳလုပ္ပါ။ အတြင္းခံႏွင့္ ေအာက္ခံဂြမ္းထုပ္မ်ား လဲလွယ္ပါ။ေရခ်ိဳးပါ။

ေလ့က်င့္ခန္းလုပ္ပါ

အကယ္၍ ရာသီလာခ်ိန္တြင္ ဗိုက္နာ ဗိုက္ေအာင့္ျဖစ္တတ္သူမ်ားသည္ သက္သာေစရန္ ေပါ့ပါးေသာ ေလ့က်င့္ခန္းလုပ္ပါ။ ေသြးပူေလ့က်င့္ခန္းလုပ္ျခင္းျဖင့္ အေၾကာေျပကာ နာက်င္မႈသက္သာေစပါတယ္။

ေရမ်ားမ်ားေသာက္ပါ

ေရဓာတ္ခမ္းေျခာက္မႈသက္သာေစရန္ ေရႏွင့္အသီးေဖ်ာ္ရည္မ်ားမ်ား ေသာက္ပါ။ ရာသီလာခ်ိန္တြင္ ေရဓာတ္ခမ္းေျခာက္ေနၿပီး ေရမ်ားမ်ားေသာက္ရန္ လိုအပ္ပါတယ္။

အပူအစပ္၊ အဆီအစိမ့္အစားမ်ား ေရွာင္ၾကဥ္ပါ။

ရာသီလာခ်ိန္တြင္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းေလပြေသာေၾကာင့္ အစာမေၾကျဖစ္တတ္ေသာေၾကာင့္ ျဖစ္ပါတယ္။ အစာကို နည္းနည္းနဲ႕ မၾကာမၾကာစားေပးပါ။ ျပည့္အင္ေအာင္မစားသင့္ပါ။

အသီးအႏွံစားပါ

နာက်င္မႈသက္သာေစရန္ အသီးအႏွံမ်ား၊ ဂ်င္းအစရွိသည္တို႔ကို အနည္းငယ္စားေပးပါ။ေပါ့ေပါ့ပါးပါးဝတ္ဆင္ပါ။

ရာသီလာခ်ိန္တြင္ ေပါ့ပါးေခ်ာင္ခ်ိေသာ ခ်ည္ထည္အဝတ္အစားမ်ားကိုသာ ေ႐ြးခ်ယ္ဝတ္ဆင္ပါ။

ဝမ္းနည္းစရာ႐ုပ္ရွင္မၾကည့္ရ

ရာသီလာခ်ိန္တြင္ ဝမ္းနည္းစရာျဖစ္ေစေသာ ႐ုပ္ရွင္မ်ားမၾကည့္သင့္ပါ။ စိတ္လႈပ္ရွားမႈ အတက္အက်မ်ားေစၿပီး ပိုမိုဝမ္းနည္းလာတတ္ပါတယ္။

(2) မျပဳလုပ္သင့္ေသာအရာမ်ား

အိပ္ယာထဲမေနရ

ရာသီခ်ိန္တြင္ အိပ္ယာထဲတြင္ အၿမဲလွဲမေနသင့္ပါ။ ပုံမွန္လႈပ္ရွားမႈ အလုပ္မ်ားကို လုပ္ပါ။ေကာ္ဖီကို အလြန္အၾကဴး မေသာက္သင့္ပါ။

ေကာ္ဖီတြင္ပါဝင္ေသာ ကဖိန္းဓာတ္ေၾကာင့္ နာက်င္ကိုက္ခဲမႈျဖစ္ေစပါတယ္။ ထို႔ေၾကာင့္ ေကာ္ဖီေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။

ရာသီလာခ်ိန္တြင္ မူးယစ္ေစေသာအရာမ်ားသုံးစြဲျခင္း ေရွာင္ၾကဥ္ပါ။

ရာသီလာခ်ိန္တြင္ အရက္ေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ
အရက္သည္ ေရဓာတ္ခမ္းေျခာက္ေစၿပီး ေသြးလည္ပတ္မႈကို အားနည္းေစၿပီး ပိုမိုနာက်င္ကိုက္ခဲေစပါတယ္။

နို႔ႏွင့္နို႔ထြက္အစာ စားျခင္းေရွာင္ပါ။

ရာသီလာခ်ိန္တြင္ နို႔ႏွင့္နို႔ထြက္ပစၥည္းမ်ား စားေသာက္ျခင္းေရွာင္ၾကဥ္ပါ။ ဒိန္ခ်ဥ္လို အစာေၾကာင့္ ဝမ္းဗိုက္ပိုမို နာက်င္ေစပါတယ္။

အငန္ဓာတ္လြန္ကဲေသာ အစာမ်ားစားသုံးျခင္း ေရွာင္ၾကဥ္ပါ။

အငန္ဓာတ္သည္ ေလထိုး ဗိုက္နာ ေအာင့္ျခင္း ပိုမိုျဖစ္ေစပါတယ္။

ကယ္လိုရီမ်ားေသာ အစာအစားမ်ားလည္း မစားပါနဲ႕။

ေအာက္ခံဂြမ္းထုပ္ကို အခ်ိန္မွီမလဲပဲ အခ်ိန္ၾကာၾကာသုံးစြဲျခင္းကို ေရွာင္ၾကဥ္ပါ။

သို႔မဟုတ္ပါက ပိုးမႊားမ်ား ေပါက္နိုင္ၿပီး မိနိးမကိုယ္ ယားယံေစနိုင္ပါတယ္။

ရာသီလာစဥ္ လိင္ဆက္ဆံျခင္းေရွာင္ၾကဥ္ပါ။လိင္ဆက္ဆံျခင္းသည္ ပိုမိုနာက်င္ကိုက္ခဲေစၿပီး ေသြးသြန္ျခင္းျဖစ္ေစနိုင္ကာ ရာသီလာရက္ရွည္ေစပါတယ္။

Credit : Dr. Pyae Shin (OnDoctor)

Leave a Reply

Your email address will not be published. Required fields are marked *