Menu Close

ရေဖျဉ်းအတွက် ဟင်းဂလာပင်

ရေဖျဉ်းအတွက် ဟင်းဂလာပင်

 

ဟင်းဂလာပင်သည် အမျိုးအစားအားဖြင့် ဟင်းဂလာ တော၊ ဟင်းဂလာ အယှဉ်၊ ဟင်းဂလာ အရိုင်း ဟူ၍ သုံးမျိုးရှိသည်။

ဟင်းဂလာအယဉ်ကို ပြုတ်တို့၊ ချက်စားလေ့ရှိကြသည်။

ဟင်းဂလာအရိုင်းသည် မိုးဥတု၌များစွာပေါက်ရောက်သောအပင်မျိုးဖြစ်သည်။ ကျန်းမာရေးအရ ဆေးဖက်ဝင်စားသုံးနိုင်သော အပင်ဖြစ်ပေသည်။

သည်းခြေပျက်ရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါ၊ အဖျားရောဂါ၊ နွမ်းနယ်ခြင်း၊ အနာငန်းမန်းထခြင်း၊ ဆီးပူခြင်း၊ ဆီးနည်းခြင်း၊ သွေးဝမ်းရောဂါ၊ ချောင်းဆိုးပန်းနာရောဂါ၊ အသားရေခန်းခြောက်ခြင်း၊ ညောင်းညာခြင်းတို့ကို ပျောက်ကင်းစေနိုင်သော အာနိသင်ရှိသည်။

ဟင်းဂလာအရွက်

အရွက်သည် အကြောများ၊ ကြွက်သားများ၊ အရိုးများကို ကောင်းမွန်စေ၍ ခံတွင်းမြိန်စေကာ သွေးအားကိုဖြစ်စေသည်။

အစားပျက်ခြင်း၊ အားနည်းခြင်း၊ ပိန်ခြင်းကို ကာကွယ်၍ အစာကိုကြေစေပါသည်။ဖောရောင်ခြင်း၊ ထုံကျဉ်ခြင်း၊ ချည့်နဲ့ခြင်း၊ အသားအရေခန်းခြောက်ခြင်းတို့ကို ကာကွယ်၍ အရိုးရောင် ကိုက်ခဲ၊ အဆစ်ရောင်ခြင်းကို ပျောက်ကင်းစေနိုင်သည်။နှုတ်ခမ်းနာ၊ အာနာ၊ လျှာနာ၊ သွားဖုံးရောင်၊ သွားနာခြင်း၊ အရေပြားဝေဒနာနှင့် သွေးကျမှုကိုလည်း ကာကွယ်နိုင်သည်။

ဟင်းဂလာအယဉ်ပင် အရွက်ကိုကြိတ်၍ ရရှိသော သတ္တုရည်ကို လိမ်းပေးခြင်းဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်ရောင်ရောဂါများကို သက်သာစေသည်။ တစ်နေ့သုံးကြိမ်လိမ်းပေးနိုင်ပြီး အုံအေးအဖြစ်လည်းအသုံးပြုနိုင်သည်။အုံဆေးအဖြစ်အသုံးပြုရာတွင် အချိန်ကြာမြင့်စွာ အုံခြင်း လိမ်းပေးခြင်းကို မလုပ်သင့်ပါ။ အဖုအပိန့်များ ပေါက်စေတတ်ပါသည်။

ဆေးရည်ကို သကြား နဲ့ရောစပ်၍ ဆေးလက်ဖက်ရည်အဖြစ်သောက်သုံးပေးပါ ဝမ်းပျက်ရောဂါ၊ သည်းခြေဖျားရောဂါ၊ ရေဖျဉ်းရောဂါ၊ လေထိုး လေအောင့်ရောဂါ၊ နားကိုက်ခြင်း၊ မျက်စိမှုန်ခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်သည်။

ဟင်းဂလာအယဉ်အရွက်ကို ကြိတ်ခြေ၍ ခေါင်းကိုက်နေရာ၌ အုံပေးလျှင် သက်သာစေသည်။အုံဆေး သို့ လိမ်းဆေးအဖြစ် အသုံးပြုရာတါင် မကြာမကြာလိမ်းပေးခြင်း၊ အုံထားခြင်းတို့ကို မပြုလုပ်ပါနှင့်။ဆေးပင်တစ်ပင်၏ ဆေးသုံးစွဲမှုအညွှန်းနှင့် ဆေးပမာဏသည် ရောဂါကုသရာတွင် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိပြီး ဆေးချိန်ဆေးညွှန်းလွန်ကဲသွားပါကလည်း ဘေးဖြစ်စေတတ်ကြောင်း အသိပေးရေးသာလိုက်ရပါသည်။

credit:မူရင်း

 

Zawgyi

ေရဖ်ဥ္းအတြက္ ဟင္းဂလာပင္

 

ဟင္းဂလာပင္သည္ အမ်ိဳးအစားအားျဖင့္ ဟင္းဂလာ ေတာ၊ ဟင္းဂလာ အယွဥ္၊ ဟင္းဂလာ အရိုင္း ဟူ၍ သုံးမ်ိဳးရွိသည္။ ဟင္းဂလာအယဥ္ကို ျပဳတ္တို႔၊ ခ်က္စားေလ့ရွိၾကသည္။ ဟင္းဂလာအရိုင္းသည္ မိုးဥတု၌မ်ားစြာေပါက္ေရာက္ေသာအပင္မ်ိဳးျဖစ္သည္။ က်န္းမာေရးအရ ေဆးဖက္ဝင္စားသုံးနိုင္ေသာ အပင္ျဖစ္ေပသည္။

သည္းေျခပ်က္ေရာဂါ၊ ဝမ္းေဖာဝမ္းေရာင္ေရာဂါ၊ အဖ်ားေရာဂါ၊ ႏြမ္းနယ္ျခင္း၊ အနာငန္းမန္းထျခင္း၊ ဆီးပူျခင္း၊ ဆီးနည္းျခင္း၊ ေသြးဝမ္းေရာဂါ၊ ေခ်ာင္းဆိုးပန္းနာေရာဂါ၊ အသားေရခန္းေျခာက္ျခင္း၊ ေညာင္းညာျခင္းတို႔ကို ေပ်ာက္ကင္းေစနိုင္ေသာ အာနိသင္ရွိသည္။

 

 

ဟင္းဂလာအ႐ြက္

အ႐ြက္သည္ အေၾကာမ်ား၊ ႂကြက္သားမ်ား၊ အရိုးမ်ားကို ေကာင္းမြန္ေစ၍ ခံတြင္းၿမိန္ေစကာ ေသြးအားကိုျဖစ္ေစသည္။အစားပ်က္ျခင္း၊ အားနည္းျခင္း၊ ပိန္ျခင္းကို ကာကြယ္၍ အစာကိုေၾကေစပါသည္။ေဖာေရာင္ျခင္း၊ ထုံက်ဥ္ျခင္း၊ ခ်ည့္နဲ႕ျခင္း၊ အသားအေရခန္းေျခာက္ျခင္းတို႔ကို ကာကြယ္၍ အရိုးေရာင္ ကိုက္ခဲ၊ အဆစ္ေရာင္ျခင္းကို ေပ်ာက္ကင္းေစနိုင္သည္။ႏႈတ္ခမ္းနာ၊ အာနာ၊ လွ်ာနာ၊ သြားဖုံးေရာင္၊ သြားနာျခင္း၊ အေရျပားေဝဒနာႏွင့္ ေသြးက်မႈကိုလည္း ကာကြယ္နိုင္သည္။

ဟင္းဂလာအယဥ္ပင္ အ႐ြက္ကိုႀကိတ္၍ ရရွိေသာ သတၱဳရည္ကို လိမ္းေပးျခင္းျဖင့္ အေၾကာထုံး၊ အေၾကာတင္၊ အဆစ္ေရာင္ေရာဂါမ်ားကို သက္သာေစသည္။ တစ္ေန႕သုံးႀကိမ္လိမ္းေပးနိုင္ၿပီး အုံေအးအျဖစ္လည္းအသုံးျပဳနိုင္သည္။ အုံေဆးအျဖစ္အသုံးျပဳရာတြင္ အခ်ိန္ၾကာျမင့္စြာ အုံျခင္း လိမ္းေပးျခင္းကို မလုပ္သင့္ပါ။ အဖုအပိန့္မ်ား ေပါက္ေစတတ္ပါသည္။

ေဆးရည္ကို သၾကား နဲ႕ေရာစပ္၍ ေဆးလက္ဖက္ရည္အျဖစ္ေသာက္သုံးေပးပါ ဝမ္းပ်က္ေရာဂါ၊ သည္းေျခဖ်ားေရာဂါ၊ ေရဖ်ဥ္းေရာဂါ၊ ေလထိုး ေလေအာင့္ေရာဂါ၊ နားကိုက္ျခင္း၊ မ်က္စိမႈန္ျခင္းႏွင့္ ေခ်ာင္းဆိုးျခင္းတို႔ကို သက္သာေပ်ာက္ကင္းေစနိုင္သည္။

ဟင္းဂလာအယဥ္အ႐ြက္ကို ႀကိတ္ေျခ၍ ေခါင္းကိုက္ေနရာ၌ အုံေပးလွ်င္ သက္သာေစသည္။အုံေဆး သို႔ လိမ္းေဆးအျဖစ္ အသုံးျပဳရာတါင္ မၾကာမၾကာလိမ္းေပးျခင္း၊ အုံထားျခင္းတို႔ကို မျပဳလုပ္ပါႏွင့္။ေဆးပင္တစ္ပင္၏ ေဆးသုံးစြဲမႈအၫႊန္းႏွင့္ ေဆးပမာဏသည္ ေရာဂါကုသရာတြင္ အေရးႀကီးေသာက႑မွ ပါဝင္လ်က္ရွိၿပီး ေဆးခ်ိန္ေဆးၫႊန္းလြန္ကဲသြားပါကလည္း ေဘးျဖစ္ေစတတ္ေၾကာင္း အသိေပးေရးသာလိုက္ရပါသည္။

credit:မူရင္း

Leave a Reply

Your email address will not be published. Required fields are marked *