Menu Close

ရေယုန်အတွအလွန်အစွမ်းထက်သည့်ကင်းပုံ

ရေယုန်အတွအလွန်အစွမ်းထက်သည့်ကင်းပုံ

 

နင်က ရေယုန်၊ ငါက ကင်းပုံ

ရေယုန်ပေါက်လျှင် နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ရောဂါကို နင်ကရေယုန် ငါကကင်းပုံဟု နှုတ်ကဆိုပြီး ကင်းပုံရွက်ဖြင့် ပွတ်တိုက်ပေးပါက သက်သာပျောက်ကင်းနိုင်သည်။

ကင်းပုံအမြစ်

အဖုအကြိတ်အခဲမှန်သမျှ ကင်းပုံမြစ်နဲ့သံပရာရည် သွေးလိမ်းလျှင် ပျောက်ကင်းချမ်းသာနိုင်၏။ကင်းပုံမြစ်ကို ဆန်ဆေးရေနှင့် သွေးလိမ်းပြီး ကင်းပုံရွက်ကို တစ်လခန့်ကြော်စားပါက ကင်ဆာရောဂါတောင် ပျောက်ကင်းချမ်းသာနိုင်သည်ဟု ရှေးစာပေမြန်မာ့ဆေးကျမ်းများတွင် တွေ့ရသည်။ကင်းပုံအချိုထက် ကင်းပုံအခါးသည် အထွေထွေရောဂါ ကုသရာ၌ ပို၍အကျိုးရှိ၏။

ကင်းပုံအချို အရွက်ကို ငါးသိုင်း၊ ငရုတ်ကောင်း၊ ကြက်သွန်မိတ်၊ နံနံပင်ဖြင့် ဟင်းချိုချက်သောက်ပါက နို့တိုက်မိခင်များအတွက် နို့ထွက်ကောင်းစေ၏။

ဆီးချိုရောဂါ အတွက် ကင်းပုံရွက်ကို ကြက်သွန်ဖြူ/နီ ပုစွန်ခြောက်၊ ရှောက် သို့မဟုတ် သံပရာရည်တစ်ခုခုထည့်၍ ဟင်းချိုသောက်လျှင် ဆီးချိုရောဂါ သက်သာပျောက်ကင်းစေနိုင်၏။

ကင်းပုံရွက်ကို ငါးမြင်း၊ ကြက်သွန်ဖြူ/နီရှောက်ရည်ဟင်းချိုသောက်ပေးလျင် လေရောဂါပျောက်ကင်းစေနိုင်သည်။ကင်းပုံရွက်ကို ငါးရံ့ ကြက်သွန်ဖြူ/နီ ဟင်းချိုသောက်လျှင် သွေးဖောက်ပြန်ခြင်းပျောက်ကင်း ချမ်းသာ၏။ကင်းပုံရွက်ကို ငါးဇင်ရိုင်း၊ ကြက်သွန်ဖြူ/နီနှင့် ဟင်းချိုပြုလုပ်၍

ကင်းပုံရွက်ကို ဝက်သားကြက်သွန်ဖြူ/နီတို့နှင့် ကြော်ချက်စားလျင် သည်းခြေအားကောင်း၍ မှတ်ဉာဏ် အားကောင်း၏။

ကင်းပုံရွက်ကို ငါးကျည်းခြောက် ကြက်သွန်ဖြူ/နီနှင့်ကြော်ချက်စားလျှင် လေကိုလည်းကြေစေ၏။

ကင်းပုံသီး

ကင်းပုံသီးကို ဆိတ်သား ကြက်သွန်ဖြူ/နီ နနွင်းသံပရာသီး လေးစိတ်စိပ်ပြီး ထည့်၍ကြော်ချက်စားပါက ပန်းနာရောဂါ သက်သာပျောက်ကင်းစေသည်။ကင်းပုံသီးကို အမဲသား ကြက်သွန်/နီ နနွင်းရှောက်ရည်ထည့်ကာ ချက်စားပေးလျင် သွေးအားကောင်းစေ၏။

ရေယုန်ပေါက် ကင်းပုံနဲ့တိုက်ရင် ဧကန်ပျောက်၏။

Credit-သမားတော်ကြီးဦးသောင်းရွှေ, MyMc

 

Zawgyi

 

ေရယုန္အတြအလြန္အစြမ္းထက္သည့္ကင္းပုံ

 

နင္က ေရယုန္၊ ငါက ကင္းပုံ

ေရယုန္ေပါက္လွ်င္ ႏႈတ္ခမ္းမွာေပါက္တဲ့ ေရယုန္ေရာဂါကို နင္ကေရယုန္ ငါကကင္းပုံဟု ႏႈတ္ကဆိုၿပီး ကင္းပုံ႐ြက္ျဖင့္ ပြတ္တိုက္ေပးပါက သက္သာေပ်ာက္ကင္းနိုင္သည္။

ကင္းပုံအျမစ္

အဖုအႀကိတ္အခဲမွန္သမွ် ကင္းပုံျမစ္နဲ႕သံပရာရည္ ေသြးလိမ္းလွ်င္ ေပ်ာက္ကင္းခ်မ္းသာနိုင္၏။ကင္းပုံျမစ္ကို ဆန္ေဆးေရႏွင့္ ေသြးလိမ္းၿပီး ကင္းပုံ႐ြက္ကို တစ္လခန့္ေၾကာ္စားပါက ကင္ဆာေရာဂါေတာင္ ေပ်ာက္ကင္းခ်မ္းသာနိုင္သည္ဟု ေရွးစာေပျမန္မာ့ေဆးက်မ္းမ်ားတြင္ ေတြ႕ရသည္။ကင္းပုံအခ်ိဳထက္ ကင္းပုံအခါးသည္ အေထြေထြေရာဂါ ကုသရာ၌ ပို၍အက်ိဳးရွိ၏။

 

 

ကင္းပုံအခ်ိဳ အ႐ြက္ကို ငါးသိုင္း၊ င႐ုတ္ေကာင္း၊ ၾကက္သြန္မိတ္၊ နံနံပင္ျဖင့္ ဟင္းခ်ိဳခ်က္ေသာက္ပါက နို႔တိုက္မိခင္မ်ားအတြက္ နို႔ထြက္ေကာင္းေစ၏။

ဆီးခ်ိဳေရာဂါ အတြက္ ကင္းပုံ႐ြက္ကို ၾကက္သြန္ျဖဴ/နီ ပုစြန္ေျခာက္၊ ေရွာက္ သို႔မဟုတ္ သံပရာရည္တစ္ခုခုထည့္၍ ဟင္းခ်ိဳေသာက္လွ်င္ ဆီးခ်ိဳေရာဂါ သက္သာေပ်ာက္ကင္းေစနိုင္၏။

ကင္းပုံ႐ြက္ကို ငါးျမင္း၊ ၾကက္သြန္ျဖဴ/နီေရွာက္ရည္ဟင္းခ်ိဳေသာက္ေပးလ်င္ ေလေရာဂါေပ်ာက္ကင္းေစနိုင္သည္။ကင္းပုံ႐ြက္ကို ငါးရံ႕ ၾကက္သြန္ျဖဴ/နီ ဟင္းခ်ိဳေသာက္လွ်င္ ေသြးေဖာက္ျပန္ျခင္းေပ်ာက္ကင္း ခ်မ္းသာ၏။ကင္းပုံ႐ြက္ကို ငါးဇင္ရိုင္း၊ ၾကက္သြန္ျဖဴ/နီႏွင့္ ဟင္းခ်ိဳျပဳလုပ္၍

ကင္းပုံ႐ြက္ကို ဝက္သားၾကက္သြန္ျဖဴ/နီတို႔ႏွင့္ ေၾကာ္ခ်က္စားလ်င္ သည္းေျခအားေကာင္း၍ မွတ္ဉာဏ္ အားေကာင္း၏။ကင္းပုံ႐ြက္ကို ငါးက်ည္းေျခာက္ ၾကက္သြန္ျဖဴ/နီႏွင့္ေၾကာ္ခ်က္စားလွ်င္ ေလကိုလည္းေၾကေစ၏။

ကင္းပုံသီး

ကင္းပုံသီးကို ဆိတ္သား ၾကက္သြန္ျဖဴ/နီ နႏြင္းသံပရာသီး ေလးစိတ္စိပ္ၿပီး ထည့္၍ေၾကာ္ခ်က္စားပါက ပန္းနာေရာဂါ သက္သာေပ်ာက္ကင္းေစသည္။ကင္းပုံသီးကို အမဲသား ၾကက္သြန္/နီ နႏြင္းေရွာက္ရည္ထည့္ကာ ခ်က္စားေပးလ်င္ ေသြးအားေကာင္းေစ၏။

ေရယုန္ေပါက္ ကင္းပုံနဲ႕တိုက္ရင္ ဧကန္ေပ်ာက္၏။

Credit-သမားေတာ္ႀကီးဦးေသာင္းေ႐ႊ, MyMc

Leave a Reply

Your email address will not be published. Required fields are marked *