Menu Close

ရောဂါဆယ်မျိုးကို ပျောက်ကင်းစေနိုင်တဲ့ ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက်

ရောဂါဆယ်မျိုးကို ပျောက်ကင်းစေနိုင်တဲ့ ဆိပ်ဖလူးပင်၊ အပွင့်၊ အခေါက်

 

တန်ဖိုးကြီးသောဆေးပွင့် မူးဝေငိုက်မျဉ်းခြင်းကို ပယ်ပျောက်စေနိုင်ပြီး စိတ်ကိုကြည်နူးစေသော ဆေးပွင့်။ သွေးဆေးဖော်စပ်ရာတွင် အသုံးပြုသော ဆေးပွင့်ဖြစ်သည်။

ဆိပ်ဖလူးပင်၏ ပဥ္စငါးပါးသည် ဆံပင်ကို အကျိုးပြုသည်။

ဆံပင်ကျွတ်သောရောဂါကို ကောင်း၏။မီးယပ် သွေးလွန်၊ မြင်းသရိုက်ရောဂါ၊ အဆစ်ရောင်၊ သုတ်အားနည်းခြင်း၊ ဆီးလွန်ရောဂါ၊ ကလေးသန်ထိုးသောရောဂါ၊ တိရိစ္ဆာန်များ အဆိပ်သင့်သောရောဂါတို့ကို ပျောက်ကင်းစေသည်။ ကိုယ်ဝန်ကို ကြီးထွားစေသည်။

(၁) ဆိပ်ဖလူးပွင့်ကိုစုဆောင်း အမှုန့်ကြိတ်၍ သကြားနှင့် ရောစပ်၍ နေ့လယ် လဖက်စားဇွန်း တစ်ဇွန်းမှန်မှန်သောက်ပါက အမျိုးသားများ သုတ်သွေးအားကောင်းစေသည်။

(၂) ဆိပ်ဖလူးပွင့်ကို သကြားနှင့်ကြော်စားလျှင် မိန်းမတို့ ဘုန်းဆံထုံးဆိုသည့်အတိုင်း အမျိုးသမီးများ ဆံပင်ကောင်းစေ သန်စေသည်။

(၃) ဆိပ်ဖလူးပွင့်ကို ကြက်သားနှင့်ကြော်စားလျင် ကိုယ်ဝန်ကိုကြီးထွားစေသည်။ သန်မာထွားကျိုင်းသော သားသမီးရတနာ၏ မိခင်ဖြစ်မည်။

(၄) ဆိပ်ဖလူးပွင့် သတ္တရည်ကို ဆန်ဆေးရည်နှင့် သကြားအနည်းငယ်ခပ်သောက်ပါက အပုပ်ဆန်သောရောဂါပျောက်သည်။

(၅) ဆိပ်ဖလူးပွင့်နုနု လက်တစ်ဆုပ်နှင့် ငရုတ်ကောင်း (၇)စေ့ ကြိတ်၍ သောက်လျှင် အမျိုးသမီး များမီးယပ်သွေးလွန် ပျောက်၏။

(၆) ဆိပ်ဖလူးပွင့်အခြောက်ကို လဖက်ခြောက်သဖွယ်သောက်သော် အဆစ်ရောင်ရောဂါ ပျောက်၏။ (မှတ်ချက် ဓာတ်ဘူးထဲက ညသိပ်ရေနွေးမသောက်ပါနှင့်)

(၇) အရေပြားပေါ်မှာဖြစ်သော ယားနာအမျိုးမျိုးတို့အတွက် ဆိပ်ဖလူးပွင့်ကို နို့(သို့)နို့မှုန့်နှင့် ကြိတ်၍ လိမ်းပေးပါက ပျောက်သည်။

(၈) ဦးခေါင်း၌ဖြစ်သော ဒက်ကို ဆိပ်ဖလူးပွင့်ခြောက် အုန်းဆီနှင့်ချက်၍ လိမ်းပေးလျှင်သက်သာပျောက်ကင်းသည်။

(၉) ဆိပ်ဖလူးရွက်သတ္တုရည်တွင် ဆားခပ်၍ လဖက်ရည်ဇွန်းတစ်ဇွန်း တိုက်ပါက သန်ကောင်များ အထွေးလိုက် ကျဆင်းစေပါသည်။

(၁၀) ဆိပ်ဖလူးရွက် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ဆီးခဏခဏသွားရသော ဆီးလွန်ရောဂါဝေဒ နာကို သက်သာပျောက်ကင်းစေပါသည်။

သမားတော်ကြီးဦးသောင်းရွှေ

 

Zawgyi

 

ေရာဂါဆယ္မ်ိဳးကို ေပ်ာက္ကင္းေစနိုင္တဲ့ ဆိပ္ဖလူးပင္၊ အပြင့္၊ အေခါက္

တန္ဖိုးႀကီးေသာေဆးပြင့္ မူးေဝငိုက္မ်ဥ္းျခင္းကို ပယ္ေပ်ာက္ေစနိုင္ၿပီး စိတ္ကိုၾကည္ႏူးေစေသာ ေဆးပြင့္။ ေသြးေဆးေဖာ္စပ္ရာတြင္ အသုံးျပဳေသာ ေဆးပြင့္ျဖစ္သည္။ဆိပ္ဖလူးပင္၏ ပၪၥငါးပါးသည္ ဆံပင္ကို အက်ိဳးျပဳသည္။ ဆံပင္ကြၽတ္ေသာေရာဂါကို ေကာင္း၏။မီးယပ္ ေသြးလြန္၊ ျမင္းသရိုက္ေရာဂါ၊ အဆစ္ေရာင္၊ သုတ္အားနည္းျခင္း၊ ဆီးလြန္ေရာဂါ၊ ကေလးသန္ထိုးေသာေရာဂါ၊ တိရိစာၦန္မ်ား အဆိပ္သင့္ေသာေရာဂါတို႔ကို ေပ်ာက္ကင္းေစသည္။ ကိုယ္ဝန္ကို ႀကီးထြားေစသည္။

 

shweu

 

 

 

(၁) ဆိပ္ဖလူးပြင့္ကိုစုေဆာင္း အမႈန႔္ႀကိတ္၍ သၾကားႏွင့္ ေရာစပ္၍ ေန႕လယ္ လဖက္စားဇြန္း တစ္ဇြန္းမွန္မွန္ေသာက္ပါက အမ်ိဳးသားမ်ား သုတ္ေသြးအားေကာင္းေစသည္။

(၂) ဆိပ္ဖလူးပြင့္ကို သၾကားႏွင့္ေၾကာ္စားလွ်င္ မိန္းမတို႔ ဘုန္းဆံထုံးဆိုသည့္အတိုင္း အမ်ိဳးသမီးမ်ား ဆံပင္ေကာင္းေစ သန္ေစသည္။

(၃) ဆိပ္ဖလူးပြင့္ကို ၾကက္သားႏွင့္ေၾကာ္စားလ်င္ ကိုယ္ဝန္ကိုႀကီးထြားေစသည္။ သန္မာထြားက်ိဳင္းေသာ သားသမီးရတနာ၏ မိခင္ျဖစ္မည္။

(၄) ဆိပ္ဖလူးပြင့္ သတၱရည္ကို ဆန္ေဆးရည္ႏွင့္ သၾကားအနည္းငယ္ခပ္ေသာက္ပါက အပုပ္ဆန္ေသာေရာဂါေပ်ာက္သည္။

(၅) ဆိပ္ဖလူးပြင့္ႏုႏု လက္တစ္ဆုပ္ႏွင့္ င႐ုတ္ေကာင္း (၇)ေစ့ ႀကိတ္၍ ေသာက္လွ်င္ အမ်ိဳးသမီး မ်ားမီးယပ္ေသြးလြန္ ေပ်ာက္၏။

(၆) ဆိပ္ဖလူးပြင့္အေျခာက္ကို လဖက္ေျခာက္သဖြယ္ေသာက္ေသာ္ အဆစ္ေရာင္ေရာဂါ ေပ်ာက္၏။ (မွတ္ခ်က္ ဓာတ္ဘူးထဲက ညသိပ္ေရေႏြးမေသာက္ပါႏွင့္)

(၇) အေရျပားေပၚမွာျဖစ္ေသာ ယားနာအမ်ိဳးမ်ိဳးတို႔အတြက္ ဆိပ္ဖလူးပြင့္ကို နို႔(သို႔)နို႔မႈန႔္ႏွင့္ ႀကိတ္၍ လိမ္းေပးပါက ေပ်ာက္သည္။

(၈) ဦးေခါင္း၌ျဖစ္ေသာ ဒက္ကို ဆိပ္ဖလူးပြင့္ေျခာက္ အုန္းဆီႏွင့္ခ်က္၍ လိမ္းေပးလွ်င္သက္သာေပ်ာက္ကင္းသည္။

(၉) ဆိပ္ဖလူး႐ြက္သတၱဳရည္တြင္ ဆားခပ္၍ လဖက္ရည္ဇြန္းတစ္ဇြန္း တိုက္ပါက သန္ေကာင္မ်ား အေထြးလိုက္ က်ဆင္းေစပါသည္။

(၁၀) ဆိပ္ဖလူး႐ြက္ သုံးခြက္တစ္ခြက္တင္ က်ိဳေသာက္ပါက ဆီးခဏခဏသြားရေသာ ဆီးလြန္ေရာဂါေဝဒ နာကို သက္သာေပ်ာက္ကင္းေစပါသည္။

သမားေတာ္ႀကီးဦးေသာင္းေ႐ႊ

Leave a Reply

Your email address will not be published. Required fields are marked *