Menu Close

လေဖြတ်ရောဂါ ကင်းဝေးစေဖို့ နှစ်မျိုးပဲ ပေါင်းစပ်ရမယ့် လွယ်ကူသော အိမ်တွင်းဆေးနည်း

လေဖြတ်ရောဂါ ကင်းဝေးစေဖို့ နှစ်မျိုးပဲ ပေါင်းစပ်ရမယ့် လွယ်ကူသော အိမ်တွင်းဆေးနည်း

 

လေဖြတ်လေဖြန်းခြင်းဟာ အသက်အရွယ်မရွေး တွေ့ကြုံနေရတဲ့ ရောဂါတစ်ခုဆိုရင် မမှားပါဘူး။လေဖြတ်ခြင်းကနေ ကင်းဝေးအောင် အိမ်တွင်းနည်းလေးနဲ့ ကြိုတင်ကာကွယ်လို့ ရပါတယ်။ ဆေးအမည်က မီးဖိုချောင်သုံး ချင်း (ဂျင်း) နဲ့ ရှောက်သီးနှစ်မျိုးတည်းပါ၊၊

ချင်းကို အခြောက်မဟုတ်ဘဲ အစိုယူ ရပါမယ်၊ လက်မတစ်ဆစ်လောက် ချင်းကို အခွံခွာပြီး အရင်းဆုံးပါးပါးလေးတွေ လွှာပါ၊၊

အဲဒီအလွှာလေးတွေ ထပ်ပြီး အပြန်ပြန်အလှန်လှန်စိတ်ရင် အစိတ်သေးသေးလေးတွေ တွေ့ရပါတယ်၊၊

အဲဒီ ချင်းကို လက်ဖက်ရည် ပန်းကန်ထဲထည့်၊ ရှောက်ရည်ကို လက်ဖက်ရည်ပန်းကန်လုံး သုံးပုံ တစ်ပုံလောက် ညှစ်ထည့်ပြီး နှပ်ထား (စိမ်ထား)ပါ။အဲဒီလို နှပ်ထားပြီး ၂နာရီခွဲနဲ့ ၃နာရီ ကြားမှာ အရည်သက်သက်ကို စစ်ပြီး သောက်ပါ။နှပ်ထားတဲ့ အချိန် ၂နာရီ ခွဲမပြည့်ရင် ဆေးအာနိသင် အပြည့်မရသလို၊ သုံးနာရီ ကျော်သွားရင်လည်း ဆေးအာနိသင် ပြယ်သွားတယ်လို့ ဆိုပါတယ်၊၊ သုံးရက် တစ်ကြိမ်ပဲ သောက်ပေးရပါမယ်၊၊

ကိုးရက် သုံးကြိမ်သောက်ပေးရင်ပဲ သိသိသာသာ သက်သာလာတာတွေ့ရပါတယ်၊၊ နောက်ပိုင်း ကိုယ့်ဘာကိုယ် ချင့်ချိန်ပြီး သောက်လို့ရပါတယ်၊၊ လေဖြတ် တယ်ဆိုတာ သွေးကြော လေကြောတွေ ပိတ်လို့ ဖြစ်တာပါ၊၊ ဒီဆေးက သွေးကြော လေကြောတွေကို ပြန်ဖွင့်ပေးတယ်လို့ ဆိုပါတယ်။

Credit-မောင်ပွင့်ဉာဏ် (မောရ)

My Food Myanmar

 

Zawgyi

 


 

 

 






Leave a Reply

Your email address will not be published. Required fields are marked *