Menu Close

လေးဖက်နာ ရောဂါ အတွက် အစွမ်းထက် ဆေးနည်းများ

လေးဖက်နာ ရောဂါ အတွက် အစွမ်းထက် ဆေးနည်းများ

 

လေးဖက်နာကို ဆေးရုံဆေးခန်းသွားရန် ငွေကြေးမတတ်နိုင်၍ မြန်မာဆေးဖြင့် ကုသရန် ဆေးနည်းတောင်းဆိုလာ ဝေဒနာရှင်များအတွက် တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင့်မြင့် ပြောပြခဲ့သောဆေးနည်းကို မျှဝေပေးလိုက်ပါသည်။

ဆေးနည်း (၁)

တရုတ်စကားပွင့်ကို နေရိပ်တွင် အခြောက်လှမ်းထား၍ လေလုံအောင် သိမ်းထားကာ တစ်ခါသုပ်စာကို ပြုတ်၍ အခြားအသုပ်များသုပ်သလို မကြာခဏ သုပ်စားပါ။

ဆေးနည်း (၂)

မြင်းခွါရွက်ကို ရေစင်အောင်ဆေးကြောပြီး အရည်ညှစ်ယူကာ ၃ ဇွန်းခန့်ကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ တစ်နေ့ (၂)ကြိမ် သောက်ပါ။

 

 

ဆေးနည်း (၃)

(၁) တောင်မရိုးပင်အခေါက်မှုန့် ၁၀ သား

(၂) မြင်းခွါ(နွယ်)အခြောက်မှုန့် ၁၀ သား

(၃) ပဲနံ့သာစေ့ ၅ ကျပ်သား

(၄) ဆင်တုံးမနွယ် ၅ ကျပ်သား

(၅) နံ့သာနီ ၃ ကျပ်သား

(၆) ကရဝေးရွက် ၂ ကျပ်သား

(၇) စူဠာနဖာ ၂ ကျပ်သား

(၈) ဆေးပုလဲ ၂ ကျပ်သား

(၉) မုတ်ခါးစစ်စစ် ၁ ကျပ်သား (ဆေးအားလုံးကို ပရဆေးဆိုင်များတွင် မေးဝယ်နိုင်သည်)

၎င်းဆေးများကို ရောကြိတ်ပြီး ဆေးမှုန့်ကို ပျားရည် ၂၅ ကျပ်သားဖြင့် နယ်ထား၍ လေလုံသည့် အဝကျယ်ပုလင်းတွင် ထည့်ထားကာ ဟင်းစားဇွန်း ၁ ဇွန်းခန့်ကို မနက်၊ ည တစ်နေ့ (၂) ကြိမ်၊ တစ်လခွဲ စားပါ။ဆရာကြီးကိုယ်တိုင် လက်တွေ့ဖော်စပ်၍ စားသုံးခဲ့သည့်ဆေးနည်း ဖြစ်သည်။ လွယ်ကူသက်သာပြီး တကယ်ထိရောက်သည့် သဘာဝဆေးနည်းလေးကို မည်သူမဆို မျှဝေပေးနိုင်ကြပါသည်။

SayarMyo

ကျန်းမာရေးအသိ မျှဝေသည်

ဦးစောနွဲ့နေဆိုင်(ပူတာအို)

ကိုးကား – တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်

 

Zawgyi

ေလးဖက္နာ ေရာဂါ အတြက္ အစြမ္းထက္ ေဆးနည္းမ်ား

 

ေလးဖက္နာကို ေဆး႐ုံေဆးခန္းသြားရန္ ေငြေၾကးမတတ္နိုင္၍ ျမန္မာေဆးျဖင့္ ကုသရန္ ေဆးနည္းေတာင္းဆိုလာ ေဝဒနာရွင္မ်ားအတြက္ တိုင္းရင္းေဆးဆရာႀကီး ဦးၾကည္လြင့္ျမင့္ ေျပာျပခဲ့ေသာေဆးနည္းကို မွ်ေဝေပးလိုက္ပါသည္။

 

 

ေဆးနည္း (၁)

တ႐ုတ္စကားပြင့္ကို ေနရိပ္တြင္ အေျခာက္လွမ္းထား၍ ေလလုံေအာင္ သိမ္းထားကာ တစ္ခါသုပ္စာကို ျပဳတ္၍ အျခားအသုပ္မ်ားသုပ္သလို မၾကာခဏ သုပ္စားပါ။

ေဆးနည္း (၂)

ျမင္းခြါ႐ြက္ကို ေရစင္ေအာင္ေဆးေၾကာၿပီး အရည္ညွစ္ယူကာ ၃ ဇြန္းခန႔္ကို ပ်ားရည္တစ္ဇြန္းျဖင့္ ေရာစပ္၍ တစ္ေန႕ (၂)ႀကိမ္ ေသာက္ပါ။

ေဆးနည္း (၃)

(၁) ေတာင္မရိုးပင္အေခါက္မႈန႔္ ၁၀ သား

(၂) ျမင္းခြါ(ႏြယ္)အေျခာက္မႈန႔္ ၁၀ သား

(၃) ပဲနံ႕သာေစ့ ၅ က်ပ္သား

(၄) ဆင္တုံးမႏြယ္ ၅ က်ပ္သား

(၅) နံ႕သာနီ ၃ က်ပ္သား

(၆) ကရေဝး႐ြက္ ၂ က်ပ္သား

(၇) စူဠာနဖာ ၂ က်ပ္သား

(၈) ေဆးပုလဲ ၂ က်ပ္သား

(၉) မုတ္ခါးစစ္စစ္ ၁ က်ပ္သား (ေဆးအားလုံးကို ပရေဆးဆိုင္မ်ားတြင္ ေမးဝယ္နိုင္သည္)

၎ေဆးမ်ားကို ေရာႀကိတ္ၿပီး ေဆးမႈန႔္ကို ပ်ားရည္ ၂၅ က်ပ္သားျဖင့္ နယ္ထား၍ ေလလုံသည့္ အဝက်ယ္ပုလင္းတြင္ ထည့္ထားကာ ဟင္းစားဇြန္း ၁ ဇြန္းခန႔္ကို မနက္၊ ည တစ္ေန႕ (၂) ႀကိမ္၊ တစ္လခြဲ စားပါ။ဆရာႀကီးကိုယ္တိုင္ လက္ေတြ႕ေဖာ္စပ္၍ စားသုံးခဲ့သည့္ေဆးနည္း ျဖစ္သည္။ လြယ္ကူသက္သာၿပီး တကယ္ထိေရာက္သည့္ သဘာဝေဆးနည္းေလးကို မည္သူမဆို မွ်ေဝေပးနိုင္ၾကပါသည္။

SayarMyo

က်န္းမာေရးအသိ မွ်ေဝသည္

ဦးေစာႏြဲ႕ေနဆိုင္(ပူတာအို)

ကိုးကား – တိုင္းရင္းေဆးဆရာႀကီး ဦးၾကည္လြင္ျမင့္

Leave a Reply

Your email address will not be published. Required fields are marked *