Menu Close

ဝမ်းမှန်စေပြီး သွေးတိုးကျစေတဲ့အပြင် ကိုယ်တွင်း မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ကင်းပွန်းချဥ်

ဝမ်းမှန်စေပြီး သွေးတိုးကျစေတဲ့အပြင် ကိုယ်တွင်း မှ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ကင်းပွန်းချဥ်

 

အစာ စားချင်စိတ် တိုးစေနိုင်တယ်

ကင်ပွန်းချဉ်ရွက်က အရသာလေးက ခံတွင်းရှင်းတာကြောင့် အစားပျက်နေသူတွေအတွက် ခံတွင်းလိုက်စေမယ့် ဟင်းရွက် တစ်မျိုးပါ။ ပတက်စာ ( ပဒက်စာ ) နဲ့ ချက်ထားတဲ့ ကင်ပွန်းချဉ်ရွက် ချဉ်ဟင်းလေးက စားရတာ အတော်လေး ခံတွင်းတွေ့စေတာပါ။

ဝိတ်ကျစေနိုင်တယ်

ကင်ပွန်းချဉ်ရွက်က အမျှင်ဓာတ် ကြွယ်ဝသလို အဆီ ပါဝင်မှု မရှိတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဆီးချို ကျစေနိုင်တယ်

အချဉ် အရသာ စူးစူးလေးနဲ့ ကင်ပွန်းချဉ်ရွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးချို ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ် ပါဝင်နေမှုကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရာမှာ ထောက်ကူပေးပါတယ်။

ကိုယ်တွင်းက အဆိပ်အတောက်တွေ ဖယ်ရှားပေးတယ်

ကင်ပွန်းချဉ်ရွက် စားပေးတာက ကိုယ်တွင်းက

အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်သလို သွေးသန့်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းမှန်စေတယ်

အမျှင်ဓာတ် ကြွယ်ဝတဲ့ ကင်ပွန်းချဉ်ရွက်က အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ပံ့ပေးသလို ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါတယ်။

 

 

သွေးတိုးကျစေနိုင်တယ်

ကင်ပွန်းချဉ်ရွက်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အနာကျက်စေနိုင်တယ်

ကင်ပွန်းချဉ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ အနာကျက်စေတာပါ။

ဗီတာမင် C ကြွယ်ဝတာကြောင့် အရေပြားကို ကျန်းမာစေနိုင်သလို အနာပိုးမဝင်စေဖို့ ကာကွယ်ပေးသလို အနာကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ကင်ပွန်းချဉ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့်

နို့တိုက်မိခင်တွေ ကိုယ်ဝန်ဆောင်တွေ

သွေးပေါင်ကျတတ်သူတွေ ရောဂါအခံရှိသူတွေ

ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ ကလေးငယ်တွေ အနေနဲ့ အလွန်အကျွံစားသုံးတာကို ရှောင်ကြဉ်သင့်ပါတယ်။

credit :မူရင်းရေးသားသူအား လေးစားလျက်

 

Zawgyi

 

ဝမ္းမွန္ေစၿပီး ေသြးတိုးက်ေစတဲ့အျပင္ ကိုယ္တြင္း မွ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့ ကင္းပြန္းခ်ဥ္

 

shweu

 

အစာ စားခ်င္စိတ္ တိုးေစနိုင္တယ္

ကင္ပြန္းခ်ဥ္႐ြက္က အရသာေလးက ခံတြင္းရွင္းတာေၾကာင့္ အစားပ်က္ေနသူေတြအတြက္ ခံတြင္းလိုက္ေစမယ့္ ဟင္း႐ြက္ တစ္မ်ိဳးပါ။ ပတက္စာ ( ပဒက္စာ ) နဲ႕ ခ်က္ထားတဲ့ ကင္ပြန္းခ်ဥ္႐ြက္ ခ်ဥ္ဟင္းေလးက စားရတာ အေတာ္ေလး ခံတြင္းေတြ႕ေစတာပါ။

ဝိတ္က်ေစနိုင္တယ္

ကင္ပြန္းခ်ဥ္႐ြက္က အမွ်င္ဓာတ္ ႂကြယ္ဝသလို အဆီ ပါဝင္မႈ မရွိတာေၾကာင့္ အဆာခံနိုင္ေစၿပီး ဝိတ္က်ေစဖို႔ ေထာက္ကူေပးနိုင္မွာပါ။

ဆီးခ်ိဳ က်ေစနိုင္တယ္

အခ်ဥ္ အရသာ စူးစူးေလးနဲ႕ ကင္ပြန္းခ်ဥ္႐ြက္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးၿပီး ေသြးခ်ိဳ ႐ုတ္တရက္ ျမင့္တက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးပါတယ္။

အမွ်င္ဓာတ္ ပါဝင္ေနမႈကလည္း ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးရာမွာ ေထာက္ကူေပးပါတယ္။

ကိုယ္တြင္းက အဆိပ္အေတာက္ေတြ ဖယ္ရွားေပးတယ္

ကင္ပြန္းခ်ဥ္႐ြက္ စားေပးတာက ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ထိထိေရာက္ေရာက္ ဖယ္ရွားေပးနိုင္ပါတယ္။ အသားအေရကို ၾကည္လင္ေစနိုင္သလို ေသြးသန႔္ေစဖို႔လည္း ေထာက္ကူေပးနိုင္ပါတယ္။

ဝမ္းမွန္ေစတယ္

အမွ်င္ဓာတ္ ႂကြယ္ဝတဲ့ ကင္ပြန္းခ်ဥ္႐ြက္က အူေတြရဲ႕ လုပ္ေဆာင္မႈကို ေကာင္းေစၿပီး အူနံရံေတြကို အာဟာရ စုပ္ယူမႈ ေကာင္းေစဖို႔ ေထာက္ပံ့ေပးသလို ဝမ္းမွန္ေစဖို႔လည္း ေထာက္ကူေပးပါတယ္။

ေသြးတိုးက်ေစနိုင္တယ္

ကင္ပြန္းခ်ဥ္႐ြက္မွာ ပိုတက္ဆီယမ္ ပါဝင္ေနတာေၾကာင့္ ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးၿပီး ေသြးတိုးက်ေစဖို႔ ေထာက္ကူေပးနိုင္ပါတယ္။

အနာက်က္ေစနိုင္တယ္

ကင္ပြန္းခ်ဥ္႐ြက္ရဲ႕ ေနာက္ထပ္ က်န္းမာေရး အာနိသင္ကေတာ့ အနာက်က္ေစတာပါ။

ဗီတာမင္ C ႂကြယ္ဝတာေၾကာင့္ အေရျပားကို က်န္းမာေစနိုင္သလို အနာပိုးမဝင္ေစဖို႔ ကာကြယ္ေပးသလို အနာက်က္ေစဖို႔ ေထာက္ကူေပးနိုင္ပါတယ္။

ကင္ပြန္းခ်ဥ္႐ြက္က က်န္းမာေရးအတြက္ အက်ိဳးမ်ားတယ္ဆိုေပမယ့္

နို႔တိုက္မိခင္ေတြ ကိုယ္ဝန္ေဆာင္ေတြ

ေသြးေပါင္က်တတ္သူေတြ ေရာဂါအခံရွိသူေတြ

ေရာဂါအေျခအေန တစ္ရပ္ရပ္ေၾကာင့္ ေဆးေသာက္ေနရသူေတြ ကေလးငယ္ေတြ အေနနဲ႕ အလြန္အကြၽံစားသုံးတာကို ေရွာင္ၾကဥ္သင့္ပါတယ္။

credit :မူရင္းေရးသားသူအား ေလးစားလ်က္

Leave a Reply

Your email address will not be published. Required fields are marked *