Menu Close

သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

 

အဝါရောင် သကြားပြောင်းချိုချိုလေး က ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ မာလာရှမ်းကောထဲထည့်ထည့်၊ ဟော့ပေါ့ထဲထည့်စားစား၊ ကင်ပဲစားစား အနံ့အရသာပြည့်စုံပြီး စားကောင်းတာကတော့ အမှန်ပါ။ဒီစားကောင်းတဲ့ သကြားပြောင်းချိုချိုလေး က ခန္ဓာကိုယ်အတွက် ဘယ်လိုတွေများ အထောက်အကူပေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ဖို့ ပြောပါရစေ။

သကြားပြောင်းချိုချိုလေး ကပေးတဲ့ ကျန်းမာရေး

သကြားပြောင်းချိုချိုလေး က စားကောင်းရုံတင်မဟုတ်ပါဘူး။

အရွယ်တင်စေပါတယ်

သကြားပြောင်းလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် အရေးအကြောင်းတွေဖြစ်တာ၊ အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်စေဖို့အတွက် သကြားပြောင်းချိုချိုလေးစားပေးလို့ရပါတယ်။

အသားအရေ ကြည်လင်စေတယ်

ပြောင်းဖူးစားပေးတာ ဒါမှမဟုတ် ပြောင်းဖူးကနေရတဲ့ အဆီနဲ့ အသားအရေကို လိမ်းကျံနှိပ်နယ်ပေးတာက အသားအရေကို ကြည်လင်စေနိုင်ပါတယ်။အသားအရေ ကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင် ပြောင်းဖူးလေးစားပေးလို့ရပါတယ်။

ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်

ဗီတာမင် E ကြွယ်ဝစွာပါဝင်မှုကြောင့် ပြောင်းဖူးစားပေးတာက ဝက်ခြံအမာရွတ်တွေကို အထိရောက်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲကတစ်ရပ်ပါ။ပြောင်းဖူးကို ခြစ်ပြီး ရလာတဲ့အနှစ်ကို ဝက်ခြံအမာရွတ်တွေအပေါ် လူးပေးလည်းရပါတယ်။

ဦးရေပြားကို သွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်

ပြောင်းဖူးအဆီက သွေးစီးဆင်းမှုကောင်းစေနိုင်သလို ဆံသားကို သန်စွမ်းစေနိုင်ပါတယ်။ ဦးရေပြားမှာ အရေပြား ပြဿနာကင်းပြီး နက်မှောင်သန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ပြောင်းဖူးစားပေးပါ။

ဆံသား ကျန်းမာသန်စွမ်းစေနိုင်တယ်

ပြောင်းဖူးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှု နဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ဆံပင်ကို အရင်းကနေ အဖျားထိကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ဆံပင်ကျွတ်တာကို သက်သာစေနိုင်ပြီး နက်မှောင် သန်စွမ်းတဲ့ ဆံသားပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ပြောင်းဖူးကို အားကိုးလို့ရပါတယ်။

သွေးအားနည်းရောဂါ မဖြစ်အောင်ကာကွယ်ပေးတယ်

ပြောင်းဖူးမှာ ဗီတာမင် B12 ၊ သံဓာတ်၊ ဖောလစ်အက်ဆစ် တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် ပြောင်းဖူးစားပေးတာက သွေးအားနည်းရောဂါကို ကာကွယ်ပြီးသားဖြစ်စေမှာပါ။

 

 

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်

သကြားပြောင်းချိုချိုလေးမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပြီး ဒီအမျှင်ဓာတ်က gel ပုံစံအသွင်ပြောင်းပြီး သွေးကြောတွေထဲက အကျိုးမပြု ကိုလက်စထရောတွေကို စုပ်ယူပေးနိုင်ပါတယ်။ဒါကြောင့် သွေးတွင်းကိုလက်စထရောကျချင်တယ်ဆိုရင် သကြားပြောင်းချိုချိုလေးစားပေးပါ။

အမြင်အာရုံ ကောင်းစေနိုင်တယ်

သကြားပြောင်းချိုချိုလေးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတာကြောင့် အမြင်အာရုံတွေ ကောင်းမွန်စေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် သကြားပြောင်းစားပေးလို့ရပါတယ်။
အင်အားပြည့်စေတယ်

သကြားပြောင်းက ကစီဓာတ်ပါဝင်တဲ့ အစားအစာတစ်မျိုးပါ။

အခြား အသီးအနှံတွေထက် စွမ်းအင်ပိုရစေနိုင်ပါတယ်။ဒါကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေချင်ရင်တော့ ပြောင်းဖူးစားပေးပါ။

ဆီးချို ကာကွယ်ပေးတယ်

ဗီတာမင် B ကြွယ်ဝစွာပါဝင်နေမှုက ကိုယ်တွင်းပရိုတင်း၊ အဆီ နဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏတွေကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပြိး အင်ဆူလင် ဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။

ဒါကြောင့် ဆီးချိုရှိသူအနေနဲ့ ပြောင်းဖူးစားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မှာဖြစ်သလို ဆီးချိုမရှိသူတွေမှာလည်း ကာကွယ်ပေးနိုင်မှာပါ။ဒါ့အပြင် ပြောင်းဖူးမှာပါတဲ့ phenolic phytochemicals က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးသမားတွေအတွက် သင့်တော်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

Omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေက နှလုံးကို ကျန်းမာစေနိုင်ပါတယ်။

သကြားပြောင်းမှာလည်း အကျိုးပြု fatty acids ပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပြီး နှလုံးသွေးကြောပိတ်တာ၊ ရုတ်တရက် နှလုံးရပ်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အစာကြေစေနိုင်တယ်

သကြားပြောင်းမှာ နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်တွေပါဝင်နေပါတယ်။ပြောင်းဖူးမှာပါဝင်နေတဲ့ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်ပြီး ဝမ်းမှန်စေနိုင်သလို ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ကိုယ်ဝန်ဆောင်တွေနဲ့ သင့်တော်တယ်

ပြောင်းဖူးမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်နေမှုကောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ စားပေးသင့်တဲ့ အစားအစာတစ်ခုပါ။ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ခြေလက်ဖောရောင်တာတွေကို သက်သာစေနိုင်ပါတယ်။

ပြောင်းဖူးချိုချိုလေးစားရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit-Hello ဆရာဝန်

 

Zawgyi

 

သၾကားေျပာင္းခ်ိဳခ်ိဳေလး ကေပးတဲ့ က်န္းမာေရး

 

အဝါေရာင္ သၾကားေျပာင္းခ်ိဳခ်ိဳေလး က ျပဳတ္ပဲစားစား၊ ေၾကာ္ပဲစားစား၊ မာလာရွမ္းေကာထဲထည့္ထည့္၊ ေဟာ့ေပါ့ထဲထည့္စားစား၊ ကင္ပဲစားစား အနံ႕အရသာျပည့္စုံၿပီး စားေကာင္းတာကေတာ့ အမွန္ပါ။ဒီစားေကာင္းတဲ့ သၾကားေျပာင္းခ်ိဳခ်ိဳေလး က ခႏၶာကိုယ္အတြက္ ဘယ္လိုေတြမ်ား အေထာက္အကူေပးလဲဆိုတာကို သိခ်င္ရင္ ဒီေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ဖို႔ ေျပာပါရေစ။

သၾကားေျပာင္းခ်ိဳခ်ိဳေလး ကေပးတဲ့ က်န္းမာေရး

သၾကားေျပာင္းခ်ိဳခ်ိဳေလး က စားေကာင္း႐ုံတင္မဟုတ္ပါဘူး။

 

 

 

 

အ႐ြယ္တင္ေစပါတယ္

သၾကားေျပာင္းေလးက ဓာတ္တိုးဆန႔္က်င္အာနိသင္ႂကြယ္ဝတာေၾကာင့္ အေရျပားကို ဓာတ္တိုးပစၥည္းေတြေၾကာင့္ ပ်က္စီးမႈကေန အထိေရာက္ဆုံး ကာကြယ္ေပးနိုင္ပါတယ္။ဒါေၾကာင့္ အေရးအေၾကာင္းေတြျဖစ္တာ၊ အ႐ြယ္မတိုင္ခင္ အိုမင္းတာေတြမျဖစ္ေစဖို႔အတြက္ သၾကားေျပာင္းခ်ိဳခ်ိဳေလးစားေပးလို႔ရပါတယ္။

အသားအေရ ၾကည္လင္ေစတယ္

ေျပာင္းဖူးစားေပးတာ ဒါမွမဟုတ္ ေျပာင္းဖူးကေနရတဲ့ အဆီနဲ႕ အသားအေရကို လိမ္းက်ံႏွိပ္နယ္ေပးတာက အသားအေရကို ၾကည္လင္ေစနိုင္ပါတယ္။အသားအေရ ၾကည္ၾကည္လင္လင္ေလးလွခ်င္တယ္ဆိုရင္ ေျပာင္းဖူးေလးစားေပးလို႔ရပါတယ္။

ဝက္ၿခံအမာ႐ြတ္ေတြကို သက္သာေစနိုင္ပါတယ္

ဗီတာမင္ E ႂကြယ္ဝစြာပါဝင္မႈေၾကာင့္ ေျပာင္းဖူးစားေပးတာက ဝက္ၿခံအမာ႐ြတ္ေတြကို အထိေရာက္ဆုံး သက္သာေစနိုင္မယ့္ နည္းလမ္းေတြထဲကတစ္ရပ္ပါ။ေျပာင္းဖူးကို ျခစ္ၿပီး ရလာတဲ့အႏွစ္ကို ဝက္ၿခံအမာ႐ြတ္ေတြအေပၚ လူးေပးလည္းရပါတယ္။

ဦးေရျပားကို ေသြးစီးဆင္းမႈေကာင္းေစနိုင္ပါတယ္

ေျပာင္းဖူးအဆီက ေသြးစီးဆင္းမႈေကာင္းေစနိုင္သလို ဆံသားကို သန္စြမ္းေစနိုင္ပါတယ္။ ဦးေရျပားမွာ အေရျပား ျပႆနာကင္းၿပီး နက္ေမွာင္သန္စြမ္းတဲ့ ဆံသားကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ ေျပာင္းဖူးစားေပးပါ။

ဆံသား က်န္းမာသန္စြမ္းေစနိုင္တယ္

ေျပာင္းဖူးမွာ ဗီတာမင္ C ႂကြယ္ဝစြာပါဝင္ေနမႈ နဲ႕ ဓာတ္တိုးဆန႔္က်င္ အာနိသင္ႂကြယ္ဝမႈက ဆံပင္ကို အရင္းကေန အဖ်ားထိက်န္းမာသန္စြမ္းေစနိုင္ပါတယ္။ဆံပင္ကြၽတ္တာကို သက္သာေစနိုင္ၿပီး နက္ေမွာင္ သန္စြမ္းတဲ့ ဆံသားပိုင္ဆိုင္ခ်င္တယ္ဆိုရင္ေတာ့ ေျပာင္းဖူးကို အားကိုးလို႔ရပါတယ္။

ေသြးအားနည္းေရာဂါ မျဖစ္ေအာင္ကာကြယ္ေပးတယ္

ေျပာင္းဖူးမွာ ဗီတာမင္ B12 ၊ သံဓာတ္၊ ေဖာလစ္အက္ဆစ္ တို႔ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ ေျပာင္းဖူးစားေပးတာက ေသြးအားနည္းေရာဂါကို ကာကြယ္ၿပီးသားျဖစ္ေစမွာပါ။

ေသြးတြင္းကိုလက္စထေရာကို က်ဆင္းေစနိုင္တယ္

သၾကားေျပာင္းခ်ိဳခ်ိဳေလးမွာ ေပ်ာ္ဝင္လြယ္တဲ့ အမွ်င္ဓာတ္ေတြပါဝင္ေနၿပီး ဒီအမွ်င္ဓာတ္က gel ပုံစံအသြင္ေျပာင္းၿပီး ေသြးေၾကာေတြထဲက အက်ိဳးမျပဳ ကိုလက္စထေရာေတြကို စုပ္ယူေပးနိုင္ပါတယ္။ဒါေၾကာင့္ ေသြးတြင္းကိုလက္စထေရာက်ခ်င္တယ္ဆိုရင္ သၾကားေျပာင္းခ်ိဳခ်ိဳေလးစားေပးပါ။

အျမင္အာ႐ုံ ေကာင္းေစနိုင္တယ္

သၾကားေျပာင္းခ်ိဳခ်ိဳေလးမွာ ဗီတာမင္ A ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ အျမင္အာ႐ုံေတြ ေကာင္းမြန္ေစနိုင္ပါတယ္။ အသက္အ႐ြယ္ေၾကာင့္ျဖစ္တဲ့ အျမင္အာ႐ုံ ျပႆနာေတြကို ကာကြယ္ဖို႔ဆိုရင္ သၾကားေျပာင္းစားေပးလို႔ရပါတယ္။

အင္အားျပည့္ေစတယ္

သၾကားေျပာင္းက ကစီဓာတ္ပါဝင္တဲ့ အစားအစာတစ္မ်ိဳးပါ။အျခား အသီးအႏွံေတြထက္ စြမ္းအင္ပိုရေစနိုင္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္မွာ အင္အားျပည့္ဝေနခ်င္ရင္ေတာ့ ေျပာင္းဖူးစားေပးပါ။

ဆီးခ်ိဳ ကာကြယ္ေပးတယ္

ဗီတာမင္ B ႂကြယ္ဝစြာပါဝင္ေနမႈက ကိုယ္တြင္းပရိုတင္း၊ အဆီ နဲ႕ ကာဗိုဟိုက္ဒရိတ္ပမာဏေတြကို အထိေရာက္ဆုံး ထိန္းညွိေပးနိုင္ၿပိး အင္ဆူလင္ ေဟာ္မုန္းထြက္ရွိမႈကို ထိန္းညွိေပးပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳရွိသူအေနနဲ႕ ေျပာင္းဖူးစားေပးမယ္ဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိေပးနိုင္မွာျဖစ္သလို ဆီးခ်ိဳမရွိသူေတြမွာလည္း ကာကြယ္ေပးနိုင္မွာပါ။ဒါ့အျပင္ ေျပာင္းဖူးမွာပါတဲ့ phenolic phytochemicals က ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးနိုင္တာေၾကာင့္ ေသြးတိုးသမားေတြအတြက္ သင့္ေတာ္ပါတယ္။

ႏွလုံး က်န္းမာေစနိုင္တယ္

Omega 3 fatty acids ႂကြယ္ဝတဲ့ အစားအစာေတြက ႏွလုံးကို က်န္းမာေစနိုင္ပါတယ္။

သၾကားေျပာင္းမွာလည္း အက်ိဳးျပဳ fatty acids ပါဝင္ေနတာေၾကာင့္ေသြးတြင္းက အက်ိဳးမျပဳကိုလက္စထေရာေတြကို က်ဆင္းေစနိုင္ၿပီး ႏွလုံးေသြးေၾကာပိတ္တာ၊ ႐ုတ္တရက္ ႏွလုံးရပ္တာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ေပးနိုင္ပါတယ္။

အစာေၾကေစနိုင္တယ္

သၾကားေျပာင္းမွာ ေန႕စဥ္လိုအပ္တဲ့ အမွ်င္ဓာတ္ေတြပါဝင္ေနပါတယ္။ေျပာင္းဖူးမွာပါဝင္ေနတဲ့ ေပ်ာ္ဝင္မလြယ္တဲ့ အမွ်င္ဓာတ္က ဝမ္းခ်ဳပ္တာကို ကာကြယ္ေပးနိုင္ၿပီး ဝမ္းမွန္ေစနိုင္သလို ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တာကို အထိေရာက္ဆုံး ကာကြယ္ေပးနိုင္မွာပါ။

ကိုယ္ဝန္ေဆာင္ေတြနဲ႕ သင့္ေတာ္တယ္

ေျပာင္းဖူးမွာ ေဖာလစ္အက္ဆစ္ႂကြယ္ဝစြာပါဝင္ေနမႈေကာင့္ ကိုယ္ဝန္ေဆာင္ေမေမတို႔အေနနဲ႕ စားေပးသင့္တဲ့ အစားအစာတစ္ခုပါ။ကိုယ္ဝန္ေဆာင္ခ်ိန္မွာျဖစ္တဲ့ ေျခလက္ေဖာေရာင္တာေတြကို သက္သာေစနိုင္ပါတယ္။

ေျပာင္းဖူးခ်ိဳခ်ိဳေလးစားရင္း အခုေျပာခဲ့တဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေလးေတြကို ရယူလိုက္ပါ။

ေရးသားသူ Aye Thi Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Credit-Hello ဆရာဝန္

Leave a Reply

Your email address will not be published. Required fields are marked *