Menu Close

”သင်္ဘောရွက်ဖျော်ရည်နဲ့ ကျန်းမာရေး”

”သင်္ဘောရွက်ဖျော်ရည်နဲ့ ကျန်းမာရေး”

 

လူအတော်များများက သင်္ဘောသီးစားသုံးခြင်းရဲ့

အကျိုးကျေးဇူးတွေကို ကျွမ်းဝင်ပြီးဖြစ်ပါတယ်။ဒါပေမဲ့ လတ်တလောမှာ သင်္ဘောအရွက်နဲ့ပတ်သက်တဲ့ ဆေးပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောရွက်ဟာ ရေပန်းစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ သင်္ဘောရွက်က သွေးလွန်တုပ်ကွေးနဲ့ ကင်ဆာရောဂါတွေလို ရောဂါကြီးတွေကိုတောင် သက်သာစေနိုင်လို့ဘဲ့ ဖြစ်ပါတယ်။

သင်္ဘောရွက်ဖျော်ရည် ပြုလုပ်နည်းကတော့

(၁) ရှေးဦးစွာရေဆေးထားသော သင်္ဘောရွက်များကိုယူပါ။

လှီးဖြတ်ပြီးနောက် ရေ နှစ်လီတာခန့်ထည့်ထား သော ဇလုံထဲသို့ ထည့်လိုက်ပါ။

(၂) ရေတစ်ဝက်ခန်းသွားသည့်တိုင်အောင် အဖုံးမအုပ်ဘဲ ပြုပ်ပါ။

၃) ထို့နောက် အရည်ကိုစစ်ပြီး ဖန်ခွက်ထဲထည့်ထားပါ။ (၃)ရက်မှ(၄)ရက်အထိ ရေခဲသတ္တောထဲ ထည့်ထား နိုင်ပါတယ်။ ဒါပေမဲ့ လတ်လတ်ဆတ်ဆတ်ဖြစ်လေ ပိုကောင်းလေပါပဲ။ သွေးလွန်တုပ်ကွေးက အလွန်ပြင်းထန်တဲ့ရောဂါတစ်ခု ဖြစ်တယ်ဆိုတာ သိကြမှာပါ။ဒါပေမဲ့ ဒီရောဂါကို သက်သာစေနိုင်တဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးနည်းက သင်္ဘောရွက်ပါပဲ။

ပညာရှင်တွေကလည်း သင်္ဘေ ရွက်မှာပါဝင်တဲ့ဓါတ်တွေက သွေးလွန်တုပ်ကွေးကို ကုသနိုင်တယ်လို့ အတည်ပြုထားကြရုံသာမက တချို့ဆေး ဝါးတွေမှာပါ သင်္ဘောရွက်ကို အသုံးပြုလာကြတာကိုတွေ့ရပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက်ကတော့ ထိ ရောက်တဲ့ရလဒ်ရလိုလျှင် သင်္ဘောရွက်ဖျော်ရည်ကို 25ml စီ တစ်နေ့ နှစ်ကြိမ် တစ်ပတ်ကြာသောက်ပေးဖို့ပါပဲ။

သင်္ဘောရွက်မှာ ပါဝင်တဲ့အင်ဇိုင်းတွေဟာ သားအိမ်ခေါင်း

ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာတို့ရဲ့ ကင်ဆာအကျိတ်တွေကို ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုးမဖြစ်စေပဲ တိုက်ဖျက်ပေးနိုင်ပါ်တယ်။

သင်္ဘောရွက်တွေက အစာအိမ်ပြဿနာဖြစ်စေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင် စွမ်းရှိပါတယ်။

လတ်လတ်ဆတ်ဆတ် သင်္ဘောရွက်တွေကို လိမ္မော်ကွင်းတွေနဲ့ရောပြုတ်ပြီးသောက်ရင် အဆီတွေကို ကျစေပါတယ်။ သင်္ဘောရွက်ဖျော်ရည်က ဓမ္မတာလာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့နာကျင်မှုတွေကို သက်သာစေပါတယ်။ နည်းလမ်းကတော့ သင်္ဘောရွက်တစ်ရွက်၊ မန်ကျည်းသီးအနည်းငယ်နဲ့ ဆားတို့ကို ရေထဲထည့်ပြုပ်ပါ။အအေးခံ ပြီးနောက် သောက်သုံးနိုင်ပါတယ်။

သင်္ဘောရွက်က အသားအရေအတွက်လည်း များစွာအသုံးဝင်ပါတယ်။ သင်္ဘောရွက်ဖျော်ရည်က အ သားအရေကို အဆိပ်အသောက်ကင်းစင်စေပြီး ဝက်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ် စတာတွေကို ပျောက်ကင်းစေပါတယ်။ နှင်းခူနာဖြစ်နေလျှင်လည်း နှင်းခူပေါ်ကို သင်္ဘောရွက်အရည်လိမ်းပေးရင် သက်သာပျောက်ကင်း စေပါ တယ်။ ရောင်ရမ်းအနာ၊ ဒဏ်ရာများကိုလည်း ထိုနည်းတူ ပျောက်ကင်းစေပါတယ်။

သတိပြုရန်

ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေနဲ့ သင်္ဘောရွက်ဖျော်ရည်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ပျက်ကျ နိုင်ချေရာခိုင်နှုန်းကို မြင့်တင်ပေးသောကြောင့် ဖြစ်ပါတယ်။

Credit – မိုရ်မိုရ် (YUFL)

Messenger News Journal

 

Zawgyi

”သေဘၤာ႐ြက္ေဖ်ာ္ရည္နဲ႕ က်န္းမာေရး”

 

လူအေတာ္မ်ားမ်ားက သေဘၤာသီးစားသုံးျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို ကြၽမ္းဝင္ၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ လတ္တေလာမွာ သေဘၤာအ႐ြက္နဲ႕ပတ္သက္တဲ့ ေဆးပညာပိုင္းဆိုင္ရာ အက်ိဳးေက်းဇူးေတြေၾကာင့္ သေဘၤာ႐ြက္ဟာ ေရပန္းစားလာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သေဘၤာ႐ြက္က ေသြးလြန္တုပ္ေကြးနဲ႕ ကင္ဆာေရာဂါေတြလို ေရာဂါႀကီးေတြကိုေတာင္ သက္သာေစနိုင္လို႔ဘဲ့ ျဖစ္ပါတယ္။

 

 

သေဘၤာ႐ြက္ေဖ်ာ္ရည္ ျပဳလုပ္နည္းကေတာ့

(၁) ေရွးဦးစြာေရေဆးထားေသာ သေဘၤာ႐ြက္မ်ားကိုယူပါ။ လွီးျဖတ္ၿပီးေနာက္ ေရ ႏွစ္လီတာခန႔္ထည့္ထား ေသာ ဇလုံထဲသို႔ ထည့္လိုက္ပါ။

(၂) ေရတစ္ဝက္ခန္းသြားသည့္တိုင္ေအာင္ အဖုံးမအုပ္ဘဲ ျပဳပ္ပါ။

၃) ထို႔ေနာက္ အရည္ကိုစစ္ၿပီး ဖန္ခြက္ထဲထည့္ထားပါ။ (၃)ရက္မွ(၄)ရက္အထိ ေရခဲသေတၱာထဲ ထည့္ထား နိုင္ပါတယ္။ ဒါေပမဲ့ လတ္လတ္ဆတ္ဆတ္ျဖစ္ေလ ပိုေကာင္းေလပါပဲ။ ေသြးလြန္တုပ္ေကြးက အလြန္ျပင္းထန္တဲ့ေရာဂါတစ္ခု ျဖစ္တယ္ဆိုတာ သိၾကမွာပါ။ ဒါေပမဲ့ ဒီေရာဂါကို သက္သာေစနိုင္တဲ့ တစ္ခုတည္းေသာ တိုင္းရင္းေဆးနည္းက သေဘၤာ႐ြက္ပါပဲ။ ပညာရွင္ေတြကလည္း သေဘၤ ႐ြက္မွာပါဝင္တဲ့ဓါတ္ေတြက ေသြးလြန္တုပ္ေကြးကို ကုသနိုင္တယ္လို႔ အတည္ျပဳထားၾက႐ုံသာမက တခ်ိဳ႕ေဆး ဝါးေတြမွာပါ သေဘၤာ႐ြက္ကို အသုံးျပဳလာၾကတာကိုေတြ႕ရပါတယ္။ ဆရာဝန္ေတြရဲ႕ အႀကံျပဳခ်က္ကေတာ့ ထိ ေရာက္တဲ့ရလဒ္ရလိုလွ်င္ သေဘၤာ႐ြက္ေဖ်ာ္ရည္ကို 25ml စီ တစ္ေန႕ ႏွစ္ႀကိမ္ တစ္ပတ္ၾကာေသာက္ေပးဖို႔ပါပဲ။

သေဘၤာ႐ြက္မွာ ပါဝင္တဲ့အင္ဇိုင္းေတြဟာ သားအိမ္ေခါင္းကင္ဆာ၊ ရင္သားကင္ဆာ၊ အသည္းကင္ဆာ၊ အဆုတ္ကင္ဆာ၊ ပန္ကရိယကင္ဆာတို႔ရဲ႕ ကင္ဆာအက်ိတ္ေတြကို ခႏၶာကိုယ္ကို ေဘးထြက္ဆိုးက်ိဳးမျဖစ္ေစပဲ တိုက္ဖ်က္ေပးနိုင္ပၚတယ္။

သေဘၤာ႐ြက္ေတြက အစာအိမ္ျပႆနာျဖစ္ေစတဲ့ မေကာင္းတဲ့ ဘက္တီးရီးယားေတြကို ဖယ္ရွားေပးနိုင္ စြမ္းရွိပါတယ္။ လတ္လတ္ဆတ္ဆတ္ သေဘၤာ႐ြက္ေတြကို လိေမၼာ္ကြင္းေတြနဲ႕ေရာျပဳတ္ၿပီးေသာက္ရင္ အဆီေတြကို က်ေစပါတယ္။ သေဘၤာ႐ြက္ေဖ်ာ္ရည္က ဓမၼတာလာတဲ့အခါ ျဖစ္ေပၚတတ္တဲ့နာက်င္မႈေတြကို သက္သာေစပါတယ္။နည္းလမ္းကေတာ့ သေဘၤာ႐ြက္တစ္႐ြက္၊ မန္က်ည္းသီးအနည္းငယ္နဲ႕ ဆားတို႔ကို ေရထဲထည့္ျပဳပ္ပါ။အေအးခံ ၿပီးေနာက္ ေသာက္သုံးနိုင္ပါတယ္။

သေဘၤာ႐ြက္က အသားအေရအတြက္လည္း မ်ားစြာအသုံးဝင္ပါတယ္။ သေဘၤာ႐ြက္ေဖ်ာ္ရည္က အ သားအေရကို အဆိပ္အေသာက္ကင္းစင္ေစၿပီး ဝက္ၿခံ၊ မွဲ႕ေျခာက္၊ တင္းတိပ္ စတာေတြကို ေပ်ာက္ကင္းေစပါတယ္။ ႏွင္းခူနာျဖစ္ေနလွ်င္လည္း ႏွင္းခူေပၚကို သေဘၤာ႐ြက္အရည္လိမ္းေပးရင္ သက္သာေပ်ာက္ကင္း ေစပါ တယ္။ ေရာင္ရမ္းအနာ၊ ဒဏ္ရာမ်ားကိုလည္း ထိုနည္းတူ ေပ်ာက္ကင္းေစပါတယ္။

သတိျပဳရန္

ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးမ်ားအေနနဲ႕ သေဘၤာ႐ြက္ေဖ်ာ္ရည္ကို မေသာက္သင့္ပါ။ ကိုယ္ဝန္ပ်က္က် နိုင္ေခ်ရာခိုင္ႏႈန္းကို ျမင့္တင္ေပးေသာေၾကာင့္ ျဖစ္ပါတယ္။

Credit – မိုရ္မိုရ္ (YUFL)

Leave a Reply

Your email address will not be published. Required fields are marked *