Menu Close

သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး

သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကောင်းတဲ့ ပုန်းရည်ကြီး

 

ပုန်းရည်ကြီးဟာ ရှေးယခင်ကနေ ခုချိန်ထိ အချိန်အတော်အကြာ တည်ရှိနေတဲ့ မြန်မာ့ရိုးရာ အစားအစာတမျိုးဖြစ်ပါတယ်။

ပုန်းရည်ကြီးဟာ အချဉ်ဖောက်ထားတဲ့ ပဲအနှစ်တမျိုးဖြစ်ပြီး လူကြီးကလေးအားလုံးနီးပါး ကြိုက်နှစ်သက်ကြပါတယ်။

ပုန်းရည်ကြီးကို ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေနဲ့ သုပ်စားကြသလို ဝက်သား၊ ငါးကြီးသား စတာတွေနဲ့ ရောပြီးလည်း ချက်စားကြပါတယ်။ဒါ့အပြင် ထမင်း၊ ခေါက်ဆွဲတို့နဲ့ ရောနယ်ကာ ပုန်းရည်ကြီးထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းကြော်၊ ပုန်းရည်ကြီးခေါက်ဆွဲသုပ်အနေနဲ့ လုပ်စားကြတာမျိုးလည်းရှိပါတယ်။

ပုန်းရည်ကြီးကို အထက်အညာဒေသတွေဖြစ်တဲ့ ပုဂံ၊ ညောင်ဦး၊ စလေ ၊မြင်းခြံစတဲ့ ဒေသတွေက အများဆုံးထုတ်လုပ်ပြီး တနိုင်ငံလုံးကို တင်ပို့ရောင်းချပါတယ်။ခုနောက်ပိုင်း နိုင်ငံခြားထိပါ တင်ပို့ရောင်းချပါတယ်။ပုန်းရည်ကြီးကို အများအားဖြင့် ပဲပိစပ် ကနေထုတ်လုပ်ပါတယ်။တခြားပဲအမျိုးမျိုးတွေနဲ့လည်း ပုန်းရည်ကြီး ထုတ်လုပ်နိုင်ပါတယ်။ ပုန်းရည်ကြီး ထုတ်လုပ်နည်းအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ပထမဆုံး ပဲပိစပ်တွေကို ရေနဲ့စင်ကြယ်အောင် အကြိမ်ကြိမ်ဆေးရပါတယ်။ထို့နောက် အိုးကြီးကြီးတလုံးထဲကို ရေစင်အောင်ဆေးထားတဲ့ ပဲပိစပ်တဆ ရေသုံးဆ ထည့်ကာ ပြုတ်ရပါတယ်။ ပဲတွေနူးအိလာတဲ့အခါမှာဆိုရင် ပဲတွေကိုဆယ်ယူပါတယ်။ အိုးထဲကျန်ခဲ့တဲ့အရည်တွေကိုတော့ စဉ့်အိုးထဲကိုလောင်းထည့်ပြီး အချဉ်ဖောက်ပါတယ်။

အချဉ်ဖောက်ဖို့အတွက် ပုံမှန်အားဖြင့် ၅ ရက်ကနေ ၇ ရက်လောက်အထိထားလေ့ရှိပြီး အချဉ် အရသာ ပိုကြိုက်ပါက ရက်ပိုကြာကြာ ထားနိုင်ပါတယ်။ဒီလိုအချဉ်ပေါက်လာတဲ့ ပဲရည်ကို ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ကာ ပြန်ကျိုလိုက်တဲ့အခါမှာတော့ ပုန်းရည်ကြီးကို ရပါတယ်။

အချဉ်ပေါက်တဲ့ ပဲရည်ကို ပြန်ကျိုတဲ့အခါမှာ ယောင်းမနဲ့ အဆက်မပြတ် မွှေပေးရပါတယ်။မွှေတဲ့အခါမှာလည်း ဒယ်အနှံ့ သမအောင် မွှေဖို့လိုပါတယ်။ မွှေရင်းမွှေရင်းနဲ့ သင့်တော်တဲ့အပျစ် အနေထားရောက်ပြီလို့ ခန့်မှန်းရတဲ့အခါမှာ ဒယ်အိုးကို မီးဖိုပေါ်က ချပါတယ်။ ပြီးရင် အသင့်ဆေးထားတဲ့မြူအိုး သို့မဟုတ် လေလုံတဲ့အိုး တခုခုထဲကို ခပ်ထည့်ပါတယ်။

အချဉ်ဖောက်တဲ့ ကြာချိန်ပေါ်မူတည်ပြီး အချဉ်အရသာကဲသော ပုန်းရည်ကြီးနဲ့ အဆိမ့်အရသာကဲသော ပုန်းရည်ကြီးဆိုပြီး အရသာနှစ်မျိုးနှစ်စား ရှိနိုင်ပါတယ်။စားသုံးသူအတော်များများကတော့ အဆိမ့်အရသာကဲတဲ့ ပုန်းရည်ကြီးကို ပိုကြိုက်ကြပါတယ်။ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်းလုပ်စားလို့ရတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ပဲပိစပ်ကနေထုတ်လုပ်ထားတဲ့ ပုန်းရည်ကြီးဟာ အရသာလည်းရှိ၊ အမျိုးမျိုးလည်း လုပ်စားလို့ရတဲ့အပြင် ပရိုတင်းဓါတ်(Protein)၊ လက်စီတင်ဓါတ်(Lecithin)၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။

ပုန်းရည်ကြီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ပုန်းရည်ကြီးမှာပါတဲ့ ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပေးပါတယ်။လက်စီတင်ဓါတ်ကတော့ ဦးနှောက်ရဲ့ မှတ်ဉာဏ်၊ စဉ်းစားဉာဏ်တွေကို ကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။

ဒါ့အပြင် ကိုယ်တွင်းက မကောင်းတဲ့အဆီဓါတ် (ကိုလက်စထရောဓါတ်) ကိုလည်း ကျစေတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။ပုန်းရည်ကြီးစားခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်း ကင်းဝေးပြီး ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။

ပုန်းရည်ကြီးမှာပါတဲ့ဲ အန်တီ အောက်ဆီးဒန့်ဓာတ် တမျိုးဟာ ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပြီး ပုန်းရည်ကြီး မကြာခဏစားပေးခြင်းဖြင့် သားအိမ်ကင်ဆာ၊ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ယောအတွင်းဦးဘိုလှိုင် ရေးသားပြုစုတဲ့ ဥတုဘောဇနကျမ်းမှာဆိုရင် ပုန်းရည်သည် ဝမ်းကိုပျော့စေတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အစာကိုကြေစေတတ်၏။ လေသလိပ်တို့ကို ငြိမ်းစေတတ်၏။ ဆိုပြီး ပုန်းရည်ကြီးရဲ့ အကျိုးကျေးဇူးတွေကိုရေးသားဖော်ပြထားပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးလိုတာက စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း အကျိုးများတဲ့ ပုန်းရည်ကြီးကို မကြာမကြာဝယ်ပြီး အမျိုးမျိုးလုပ်စားကြပါလို့ အကြံပေးချင်ပါတယ်။

Credit-Dr. သီတာနွယ်( Ondoctor)

 

 

သားအိမ္ကင္ဆာ၊ ရင္သားကင္ဆာ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ ေကာင္းတဲ့ ပုန္းရည္ႀကီး

 

ပုန္းရည္ႀကီးဟာ ေရွးယခင္ကေန ခုခ်ိန္ထိ အခ်ိန္အေတာ္အၾကာ တည္ရွိေနတဲ့ ျမန္မာ့႐ိုးရာ အစားအစာတမ်ိဳးျဖစ္ပါတယ္။

ပုန္းရည္ႀကီးဟာ အခ်ဥ္ေဖာက္ထားတဲ့ ပဲအႏွစ္တမ်ိဳးျဖစ္ၿပီး လူႀကီးကေလးအားလုံးနီးပါး ႀကိဳက္ႏွစ္သက္ၾကပါတယ္။

ပုန္းရည္ႀကီးကို ဆီ၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီေတြနဲ႔ သုပ္စားၾကသလို ဝက္သား၊ ငါးႀကီးသား စတာေတြနဲ႔ ေရာၿပီးလည္း ခ်က္စားၾကပါတယ္။ဒါ့အျပင္ ထမင္း၊ ေခါက္ဆြဲတို႔နဲ႔ ေရာနယ္ကာ ပုန္းရည္ႀကီးထမင္းသုပ္၊ ပုန္းရည္ႀကီးထမင္းေၾကာ္၊ ပုန္းရည္ႀကီးေခါက္ဆြဲသုပ္အေနနဲ႔ လုပ္စားၾကတာမ်ိဳးလည္းရွိပါတယ္။

ပုန္းရည္ႀကီးကို အထက္အညာေဒသေတြျဖစ္တဲ့ ပုဂံ၊ ေညာင္ဦး၊ စေလ ၊ျမင္းၿခံစတဲ့ ေဒသေတြက အမ်ားဆုံးထုတ္လုပ္ၿပီး တႏိုင္ငံလုံးကို တင္ပို႔ေရာင္းခ်ပါတယ္။ခုေနာက္ပိုင္း ႏိုင္ငံျခားထိပါ တင္ပို႔ေရာင္းခ်ပါတယ္။ပုန္းရည္ႀကီးကို အမ်ားအားျဖင့္ ပဲပိစပ္ ကေနထုတ္လုပ္ပါတယ္။တျခားပဲအမ်ိဳးမ်ိဳးေတြနဲ႔လည္း ပုန္းရည္ႀကီး ထုတ္လုပ္ႏိုင္ပါတယ္။ ပုန္းရည္ႀကီး ထုတ္လုပ္နည္းအေနနဲ႔ကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

ပထမဆုံး ပဲပိစပ္ေတြကို ေရနဲ႔စင္ၾကယ္ေအာင္ အႀကိမ္ႀကိမ္ေဆးရပါတယ္။ထို႔ေနာက္ အိုးႀကီးႀကီးတလုံးထဲကို ေရစင္ေအာင္ေဆးထားတဲ့ ပဲပိစပ္တဆ ေရသုံးဆ ထည့္ကာ ျပဳတ္ရပါတယ္။ ပဲေတြႏူးအိလာတဲ့အခါမွာဆိုရင္ ပဲေတြကိုဆယ္ယူပါတယ္။ အိုးထဲက်န္ခဲ့တဲ့အရည္ေတြကိုေတာ့ စဥ့္အိုးထဲကိုေလာင္းထည့္ၿပီး အခ်ဥ္ေဖာက္ပါတယ္။

အခ်ဥ္ေဖာက္ဖို႔အတြက္ ပုံမွန္အားျဖင့္ ၅ ရက္ကေန ၇ ရက္ေလာက္အထိထားေလ့ရွိၿပီး အခ်ဥ္ အရသာ ပိုႀကိဳက္ပါက ရက္ပိုၾကာၾကာ ထားႏိုင္ပါတယ္။ဒီလိုအခ်ဥ္ေပါက္လာတဲ့ ပဲရည္ကို ဒယ္အိုးထဲထည့္ၿပီး မီးဖိုေပၚတင္ကာ ျပန္က်ိဳလိုက္တဲ့အခါမွာေတာ့ ပုန္းရည္ႀကီးကို ရပါတယ္။

အခ်ဥ္ေပါက္တဲ့ ပဲရည္ကို ျပန္က်ိဳတဲ့အခါမွာ ေယာင္းမနဲ႔ အဆက္မျပတ္ ေမႊေပးရပါတယ္။ေမႊတဲ့အခါမွာလည္း ဒယ္အႏွံ႔ သမေအာင္ ေမႊဖို႔လိုပါတယ္။ ေမႊရင္းေမႊရင္းနဲ႔ သင့္ေတာ္တဲ့အပ်စ္ အေနထားေရာက္ၿပီလို႔ ခန႔္မွန္းရတဲ့အခါမွာ ဒယ္အိုးကို မီးဖိုေပၚက ခ်ပါတယ္။ ၿပီးရင္ အသင့္ေဆးထားတဲ့ျမဴအိုး သို႔မဟုတ္ ေလလုံတဲ့အိုး တခုခုထဲကို ခပ္ထည့္ပါတယ္။

အခ်ဥ္ေဖာက္တဲ့ ၾကာခ်ိန္ေပၚမူတည္ၿပီး အခ်ဥ္အရသာကဲေသာ ပုန္းရည္ႀကီးနဲ႔ အဆိမ့္အရသာကဲေသာ ပုန္းရည္ႀကီးဆိုၿပီး အရသာႏွစ္မ်ိဳးႏွစ္စား ရွိႏိုင္ပါတယ္။စားသုံးသူအေတာ္မ်ားမ်ားကေတာ့ အဆိမ့္အရသာကဲတဲ့ ပုန္းရည္ႀကီးကို ပိုႀကိဳက္ၾကပါတယ္။ ပုန္းရည္ႀကီးဟာ အရသာလည္းရွိ၊ အမ်ိဳးမ်ိဳးလည္းလုပ္စားလို႔ရတဲ့အျပင္ က်န္းမာေရးကိုလည္း အေထာက္အကူျပဳပါတယ္။

ပဲပိစပ္ကေနထုတ္လုပ္ထားတဲ့ ပုန္းရည္ႀကီးဟာ အရသာလည္းရွိ၊ အမ်ိဳးမ်ိဳးလည္း လုပ္စားလို႔ရတဲ့အျပင္ ပ႐ိုတင္းဓါတ္(Protein)၊ လက္စီတင္ဓါတ္(Lecithin)၊ ဗီတာမင္နဲ႔ သတၳဳဓါတ္ေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ က်န္းမာေရးကိုလည္း အေထာက္အကူျပဳပါတယ္။

ပုန္းရည္ႀကီးရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။ပုန္းရည္ႀကီးမွာပါတဲ့ ပ႐ိုတင္းဓါတ္ဟာ ကိုယ္ခႏၶာႀကီးထြားဖြံ႕ၿဖိဳးဖို႔အတြက္ အေထာက္အကူေပးပါတယ္။လက္စီတင္ဓါတ္ကေတာ့ ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္၊ စဥ္းစားဉာဏ္ေတြကို ေကာင္းေစၿပီး အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစႏိုင္ပါတယ္။

ဒါ့အျပင္ ကိုယ္တြင္းက မေကာင္းတဲ့အဆီဓါတ္ (ကိုလက္စထေရာဓါတ္) ကိုလည္း က်ေစတဲ့အတြက္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ျဖစ္ပြားႏိုင္ေျခကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။ပုန္းရည္ႀကီးစားျခင္းျဖင့္ ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းမာျခင္း ကင္းေဝးၿပီး ဝမ္းေပ်ာ့ေပ်ာ့သြားေစႏိုင္တဲ့အတြက္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းက်န္းမာေရးကို ေကာင္းေစႏိုင္ပါတယ္။

ပုန္းရည္ႀကီးမွာပါတဲ့ဲ အန္တီ ေအာက္ဆီးဒန႔္ဓာတ္ တမ်ိဳးဟာ ကင္ဆာဆဲလ္ေတြ ျဖစ္မလာေအာင္ ကာကြယ္ေပးႏိုင္ၿပီး ပုန္းရည္ႀကီး မၾကာခဏစားေပးျခင္းျဖင့္ သားအိမ္ကင္ဆာ၊ရင္သားကင္ဆာ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ေယာအတြင္းဦးဘိုလႈိင္ ေရးသားျပဳစုတဲ့ ဥတုေဘာဇနက်မ္းမွာဆိုရင္ ပုန္းရည္သည္ ဝမ္းကိုေပ်ာ့ေစတတ္၏။ ႏႈတ္ကိုၿမိန္ေစတတ္၏။ အစာကိုေၾကေစတတ္၏။ ေလသလိပ္တို႔ကို ၿငိမ္းေစတတ္၏။ ဆိုၿပီး ပုန္းရည္ႀကီးရဲ႕ အက်ိဳးေက်းဇူးေတြကိုေရးသားေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ အဆုံးသတ္အေနနဲ႔ အႀကံေပးလိုတာက စားလို႔လည္းေကာင္း၊ က်န္းမာေရးအတြက္လည္း အက်ိဳးမ်ားတဲ့ ပုန္းရည္ႀကီးကို မၾကာမၾကာဝယ္ၿပီး အမ်ိဳးမ်ိဳးလုပ္စားၾကပါလို႔ အႀကံေပးခ်င္ပါတယ္။

Credit-Dr. သီတာႏြယ္( Ondoctor)

Leave a Reply

Your email address will not be published. Required fields are marked *