Menu Close

သားအိမ်ကင်ဆာ ပျောက်တဲ့ ကမ်းဇော်ဆီ

သားအိမ်ကင်ဆာ ပျောက်တဲ့ ကမ်းဇော်ဆီ

 

ကမ်းဇော်ဆီဟာ အလွန်ဆေးစွမ်းထက်သော အဖိုးတန် သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။ ကမ်းဇော်ပင်ကို ကြမ်းပိုးအနံ့နှင့် ဆင်သောကြောင့် သစ်ကြမ်းပိုးပင် ဟူ၍၎င်း၊ တောင်မင်းဂွတ် ဟူ၍၎င်း ခေါ်ဝေါ်ကြပါတယ်။ အင်္ဂလိပ်လို Mahua Tree လို့ခေါ်ပါတယ်။

ကမ်းဇော်ပင်၏ ပင်စည်ကို ဘုရားဆင်းထုတော် ထုလုပ်သည့်နေရာမှာ အသုံးများကြတယ်။ အိန္ဒိယမှာတော့ ဘာသာရေးပွဲတွေမှာ ကမ်းဇော်သီးကို လေထဲမြှောက်၍ ပူဇော်ပသလေ့ရှိကြပါတယ်။ ကမ်းဇော်ပင်ဟာ အရှေ့တောင်အာရှနိုင်ငံဒေသမှာ အများဆုံး ပေါက်ကြပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ နီပေါလ်နှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ ပိုမိုပေါက်ရောက်နေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်ကြပါတယ်။ ကုန်းကမ်းဇော်နှင့်ရေကမ်းဇော်ဆိုပြီး ၂ မျိုးရှိပါတယ်။ အရောင်နှင့် အသီးပုံစံ အနည်းငယ် ကွာနိုင်ပေမယ့် အကျိုးအာနိသင်ခြင်း အတူတူဖြစ်ပါတယ်။

 

 

ဆေးအဖြစ် အသုံးဝင်ပုံများ

(၁) အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မီးယပ်ရောဂါများအတွက် ကမ်းဇော်ဆီစစ်စစ်ကို ထမင်းပူပူနှင့် နယ်စားပါ။ ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနှင့် မနက်၊ ည သောက်သုံးလျှင် ရောဂါပျောက်ကင်းပါသည်။

(၂) ထိခိုက်၊ ရှနာ၊ ပွန်းပဲ့ စသည့် ဒဏ်ရာအမျိုးမျိုး၊ အပူလောင်ခြင်း၊ ခွဲစိပ်ခြင်း၊ အနာစိမ်းပေါက်ခြင်း၊ ပြည်တည်ခြင်း၊ အကျိတ်၊ အဖု စသည့် အနာများကို ကမ်းဇော်ဆီဖြင့် တစ်နေ့ ၃ ကြိမ် လိမ်းပေးပြီး အဝတ်ပါးပါးဖြင့် စည်းထားပါ။ ၂ ရက်အတွင်း အနာချောက်၍ တစ်ပတ်အတွင်း အမာရွတ်ပါမကျန်အောင် ပျောက်ကင်းပါသည်။

(၃) မြွေ၊ ကင်း၊ ပျား၊ ပုရွက်ဆိတ်၊ ပိုးကောင်အမျိုးမျိုး စသည့် အဆိပ်ရှိသည့် အကောင်များကိုက်လျှင် ကမ်းဇော်ဆီကိုသာ လိမ်းပေးလိုက်ပါ။ ချက်ချင်း အဆိပ်ပြေသွားပြီး သက်သာပျောက်ကင်းပါသည်။ ( ပျားကိုက်၍ ကမ်းဇော်ဆီဖြင့် လိမ်းပေးလိုက်သဖြင့် ၁၀ မိနစ်အတွင်း ပျားအဆိပ်ပြေပြီး နာကျင်ခြင်းလုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်)

(၄) ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ကိုက်ခြင်း၊ အကြောတက်ခြင်း၊ ညောင်းညာခြင်းများအတွက် ကမ်းဇော်ဆီကို ပါးပါးလိမ်း၍ အနည်းငယ် နှိပ်နှယ်ပေးလျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေပါသည်။

(၅) ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ နှလုံးအားနည်း၊ ပန်းနာရင်ကျပ်နှင့် အစာမကြေခြင်းများအတွက် ပျားရည်အနည်းငယ်နှင့် ရောစပ်၍ လက်ဖက်ရည်ဇွန်းဖြင့် တစ်နေ့ ၂ ကြိမ် သောက်သုံးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။

အတုအပများ သတိပြုစေလို

ကမ်းဇာ်ဆီဟာ ဆေးဖက်ဝင်သည့် အလွန်တန်ဖိုးရှိသည့် အဆီတစ်မျိုးဖြစ်သည့်အတွက် ယခုအခါတွင် လူကြိုက်များလာကာ အချို့စီးပွါးရေးသမားများမှာ အမြတ်များများကျန်ဖို့အတွက် ဆီအမျိုးမျိုးဖြင့် ရောစပ်ခြင်း၊ ကြိတ်ဖတ်ကို ပြန်ပေါင်း၍ အဆီထုတ်ခြင်း၊ အတုများပြုလုပ်၍ ရောင်းချခြင်းများကို ဈေးကွက် အတွင်း မြင်တွေ့နေရခြင်းကြောင့် အတုအပများကို သတိထားပြီးမှ ဝယ်ယူသင့်ပါကြောင်း မြိတ်ခရိုင်တိုင်းရင်းဆေးဝါးဌာနမှ သတိပေးထားပါတယ်။

အနာရောဂါများ ကင်းရှင်း၍ လူတိုင်းကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ကိုးကား ။ ။ မြန်မာ့ဆေးနည်းများ၊ အစွမ်းထက်သောဆေးမြီးတိုများ

Credit: နေဆိုင် (ပူတာအို)

 

Zawgyi

သားအိမ္ကင္ဆာ ေပ်ာက္တဲ့ ကမ္းေဇာ္ဆီ

 

ကမ္းေဇာ္ဆီဟာ အလြန္ေဆးစြမ္းထက္ေသာ အဖိုးတန္ သဘာဝေဆးတစ္မ်ိဳး ျဖစ္ပါတယ္။ ကမ္းေဇာ္ပင္ကို ၾကမ္းပိုးအနံ႕ႏွင့္ ဆင္ေသာေၾကာင့္ သစ္ၾကမ္းပိုးပင္ ဟူ၍၎၊ ေတာင္မင္းဂြတ္ ဟူ၍၎ ေခၚေဝၚၾကပါတယ္။ အဂၤလိပ္လို Mahua Tree လို႔ေခၚပါတယ္။

ကမ္းေဇာ္ပင္၏ ပင္စည္ကို ဘုရားဆင္းထုေတာ္ ထုလုပ္သည့္ေနရာမွာ အသုံးမ်ားၾကတယ္။ အိႏၵိယမွာေတာ့ ဘာသာေရးပြဲေတြမွာ ကမ္းေဇာ္သီးကို ေလထဲျမႇောက္၍ ပူေဇာ္ပသေလ့ရွိၾကပါတယ္။ ကမ္းေဇာ္ပင္ဟာ အေရွ႕ေတာင္အာရွနိုင္ငံေဒသမွာ အမ်ားဆုံး ေပါက္ၾကပါတယ္။ ျမန္မာ၊ ထိုင္း၊ မေလးရွား၊ အိႏၵိယ၊ နီေပါလ္ႏွင့္ ဘဂၤလာေဒ့ရွ္တို႔မွာ ပိုမိုေပါက္ေရာက္ေနၾကပါတယ္။

ျမန္မာနိုင္ငံမွာေတာ့ တနသၤာရီတိုင္း၊ ၿမိတ္ခရိုင္ႏွင့္ ထားဝယ္တို႔မွာ သဘာဝအေလွ်ာက္ ေပါက္ေရာက္ၾကပါတယ္။ ကုန္းကမ္းေဇာ္ႏွင့္ေရကမ္းေဇာ္ဆိုၿပီး ၂ မ်ိဳးရွိပါတယ္။ အေရာင္ႏွင့္ အသီးပုံစံ အနည္းငယ္ ကြာနိုင္ေပမယ့္ အက်ိဳးအာနိသင္ျခင္း အတူတူျဖစ္ပါတယ္။

 

 

ေဆးအျဖစ္ အသုံးဝင္ပုံမ်ား

(၁) အစာအိမ္ကင္ဆာ၊ သားအိမ္ကင္ဆာ၊ ရင္သားကင္ဆာႏွင့္ မီးယပ္ေရာဂါမ်ားအတြက္ ကမ္းေဇာ္ဆီစစ္စစ္ကို ထမင္းပူပူႏွင့္ နယ္စားပါ။ ေဆးအျဖစ္ လက္ဖက္ရည္ဇြန္းႏွင့္ မနက္၊ ည ေသာက္သုံးလွ်င္ ေရာဂါေပ်ာက္ကင္းပါသည္။

(၂) ထိခိုက္၊ ရွနာ၊ ပြန္းပဲ့ စသည့္ ဒဏ္ရာအမ်ိဳးမ်ိဳး၊ အပူေလာင္ျခင္း၊ ခြဲစိပ္ျခင္း၊ အနာစိမ္းေပါက္ျခင္း၊ ျပည္တည္ျခင္း၊ အက်ိတ္၊ အဖု စသည့္ အနာမ်ားကို ကမ္းေဇာ္ဆီျဖင့္ တစ္ေန႕ ၃ ႀကိမ္ လိမ္းေပးၿပီး အဝတ္ပါးပါးျဖင့္ စည္းထားပါ။ ၂ ရက္အတြင္း အနာေခ်ာက္၍ တစ္ပတ္အတြင္း အမာ႐ြတ္ပါမက်န္ေအာင္ ေပ်ာက္ကင္းပါသည္။

(၃) ေႁမြ၊ ကင္း၊ ပ်ား၊ ပု႐ြက္ဆိတ္၊ ပိုးေကာင္အမ်ိဳးမ်ိဳး စသည့္ အဆိပ္ရွိသည့္ အေကာင္မ်ားကိုက္လွ်င္ ကမ္းေဇာ္ဆီကိုသာ လိမ္းေပးလိုက္ပါ။ ခ်က္ခ်င္း အဆိပ္ေျပသြားၿပီး သက္သာေပ်ာက္ကင္းပါသည္။ ( ပ်ားကိုက္၍ ကမ္းေဇာ္ဆီျဖင့္ လိမ္းေပးလိုက္သျဖင့္ ၁၀ မိနစ္အတြင္း ပ်ားအဆိပ္ေျပၿပီး နာက်င္ျခင္းလုံးဝမရွိပဲ ေပ်ာက္ကင္းခဲ့သည္မွာ ကိုယ္ေတြ႕ျဖစ္ပါသည္)

(၄) ကိုယ္လက္ကိုက္ခဲျခင္း၊ အဆစ္အျမစ္မ်ား ကိုက္ျခင္း၊ အေၾကာတက္ျခင္း၊ ေညာင္းညာျခင္းမ်ားအတြက္ ကမ္းေဇာ္ဆီကို ပါးပါးလိမ္း၍ အနည္းငယ္ ႏွိပ္ႏွယ္ေပးလွ်င္ ခ်က္ခ်င္းသက္သာ ေပ်ာက္ကင္းေစပါသည္။

(၅) ဗိုက္ေအာင့္ဗိုက္နာ၊ ေလထိုးေလေအာင့္၊ ႏွလုံးအားနည္း၊ ပန္းနာရင္က်ပ္ႏွင့္ အစာမေၾကျခင္းမ်ားအတြက္ ပ်ားရည္အနည္းငယ္ႏွင့္ ေရာစပ္၍ လက္ဖက္ရည္ဇြန္းျဖင့္ တစ္ေန႕ ၂ ႀကိမ္ ေသာက္သုံးပါက ေရာဂါ သက္သာေပ်ာက္ကင္းေစပါသည္။

အတုအပမ်ား သတိျပဳေစလို

ကမ္းဇာ္ဆီဟာ ေဆးဖက္ဝင္သည့္ အလြန္တန္ဖိုးရွိသည့္ အဆီတစ္မ်ိဳးျဖစ္သည့္အတြက္ ယခုအခါတြင္ လူႀကိဳက္မ်ားလာကာ အခ်ိဳ႕စီးပြါးေရးသမားမ်ားမွာ အျမတ္မ်ားမ်ားက်န္ဖို႔အတြက္ ဆီအမ်ိဳးမ်ိဳးျဖင့္ ေရာစပ္ျခင္း၊ ႀကိတ္ဖတ္ကို ျပန္ေပါင္း၍ အဆီထုတ္ျခင္း၊ အတုမ်ားျပဳလုပ္၍ ေရာင္းခ်ျခင္းမ်ားကို ေဈးကြက္ အတြင္း ျမင္ေတြ႕ေနရျခင္းေၾကာင့္ အတုအပမ်ားကို သတိထားၿပီးမွ ဝယ္ယူသင့္ပါေၾကာင္း ၿမိတ္ခရိုင္တိုင္းရင္းေဆးဝါးဌာနမွ သတိေပးထားပါတယ္။ အနာေရာဂါမ်ား ကင္းရွင္း၍ လူတိုင္းက်န္းမာစြာ အသက္ရွည္နိုင္ၾကပါေစ။

ကိုးကား ။ ။ ျမန္မာ့ေဆးနည္းမ်ား၊ အစြမ္းထက္ေသာေဆးၿမီးတိုမ်ား

Credit: ေနဆိုင္ (ပူတာအို)

Leave a Reply

Your email address will not be published. Required fields are marked *