Menu Close

သုတ်ပျတ်၊သုတ်ကျဲခြင်းအတွက်ကြွက်နဘောင်း (သို့မဟုတ်)ကျောက်ကျောပင် မုန့်ကျွဲသဲပင်

သုတ်ပျတ်၊သုတ်ကျဲခြင်းအတွက်ကြွက်နဘောင်း  ကြွက်နပေါင်း ကြွက်နားပေါင်း(သို့မဟုတ်)ကျောက်ကျောပင် မုန့်ကျွဲသဲပင်

နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုစကားအရ ကျွန်တော်တို့တွေရဲ့အနီးနားမှာ တွေ့တဲ့ လက်တစ်ကမ်းမှာရှိတဲ့ လွယ်ကူပြီးမေ့လျော့သတိမထားမိမှာစိုးလို့ ကြွက်နားပေါင်းပင်လေးအကြောင်းကို တင်ပေးလိုက်ပါတယ်။

Cocculus hirsutus ( L.) Diels.

Cocculus villosus (L.) Theob.,in Mason,

Family: Menispermaceae (ဆင်တုံးမနွယ်မျိုးရင်း)

Flowering & fruiting ..March to April

 

ကျောက်ကျောပင်  မုန့်ကျွဲသဲပင်

ငယ်ငယ်က ကြွက်နားဗောင်းအရွက်လေးတွေကို ညက်နေအောင်ထောင်းခြေပြီး ရေနဲ့နယ်လိုက်ရင် အစိမ်းရောင်အတုံးလေးတွေ ပြောင်းလဲသွားတာကိုမှတ်မိနေတယ်။ဒါကိုဘဲ “ကျောက်ကျော” “မုန့်ကျွဲသဲ ” ရဘီဆိုပြီး မုန့်လုပ်တန်းကစားခဲ့တာမှတ်မိကြမှာပါ်၊ အချို့ကလည်း မုန့်ကျွဲသဲ ပင်လို့လည်းခေါ်ကြတယ်။

ယောဒေသဖက်မှာတော့ ကြွက်လမောင်းနွယ်လို့ခေါ်ကြတယ်။အပင်ပင်စည်နွယ်က ရင့်လာရင် မာကြော ခိုင်ခန့်လှတာမို့ တောသူတောင်သား များက လယ်ယာသုံးလျော်တမျိုးအဖြစ် အသုံးပြုကြတယ်။အလွယ်တကူ ချည်နှောင်စရာအနေနဲ့ အလွန်အသုံးတည့်သော အပင်လည်းဖြစ်တယ်။တောမှာ အရွက်နုလေးတွေကို ဟင်းချိုချက်စားကြတယ်။

ထူးခြားတာက အညာလိုဒေသမျိုးမှာဘဲ ပေါပေါများများ ပေါက်ပြီး အရမ်းအေးမြပြီး ပေပေါင်းများစွာမြင့်သော တောင်ပေါ်ဒေသမျိုးမှာ တွေ့ရဖို့ မဖြစ် နိုင်ပါဘူး၊ အညာနဲ့ကြွက်နဘောင်းကခွဲလို့မရပါဘူး။

 

 

ဆေးအသုံး၀င်ပုံ

အရှင်နာဂသိန်ဆေးကျမ်းထဲမှာ အရွက်၏ အရသာမှာချို၏ ၊ ဂုဏ်နှင့်စွမ်းရည်မှာ သုတ်ကိုပွား၏ နှုတ်ကိုမြိန်၏၊ အပူနာ သည်းခြေနာ၊ သွေးဖောက်ပြန်ခြင်း၊ အဆိပ် အန္တရာယ် တို့ကို ပယ်ဖြောက် နိုင်၏၊ အမြစ်ဥသည် ထက်သော သတ္တိရှိ၏ ချွေးကိုထွက်စေ၊ကျင်ငယ်ကိုပွားစေ အားကိုများစေ၏၊ အဖျားကိုနိုင်၏၊လေဖောက်ပြန်မှုကိုပယ်ဖျောက်စေ၏၊အရွက်တို့သည် ပူလောင်နေသည်ကိုငြိမ်းစေ၏၊ကျင်ငယ်များစေ၏၊ ဖောယောင်ခြင်းကိုနိုင်၏၊ နို့ကိုများစေ၏ လို့ဖော်ပြထားပါတယ်။

ထို့ပြင် လေးဖက်နာ အရေပြား ကာလသားရောဂါ ယားနာ တင်းရောင်နာ သွေးဖောက်ပြန်၊ မြွေဆိပ်သင့် ဘိန်းဖြတ်ခြင်း စသောရောဂါများအတွက် ကုသပုံအသေးစိတ်ရေးသားထားရာ လွန်စွာစိတ်၀င်စားဖွယ်ကောင်းလှပါတယ်။ထူးခြားချက်မှာ အမြစ်မှုံ့ကို နွားနို့နှင့်ရောသောက်လျင် သုတ်ကိုပွားစေသည်ဟုဖော်ပြထားပါတယ်။ရှေးအခါက ဗိန္ဓောဆရာကြီးများက ယင်းအမြစ်ကို ဆင်တုံးမနွယ်ကဲ့သို့သုံးကြကြောင်းသိရပြန်တယ်၊ထူးခြားသော စွမ်းရည် သတ္တိထူးကတော့ ပြဒါးကို ခဲစေနိုင်သော ဂုဏ်သတ္တိထူးဖြစ်ကြောင်းရေးသားဖော်ပြခဲ့သည်ကို မှတ်သားရပါတယ်။

ကြွက်နားပေါင်းကို

အားဆေး ၊ အဆိပ်ဖြေဆေး၊ လေးဘက်နာ ဆေး၊ ကာလသားရောဂါ၊ အရေပြားရောဂါ၊ ဆီးဆေး၊ အဖောအယောင်ကျဆေး၊ နို့ထွက်ဆေး၊ အဆိပ်ကျ အန်ဆေး အဖြစ် အသုံးပြုကြတယ်။ကြွက်နားဘောင်း တို့သည် အဆိပ်ဖြေစေနိုင်သော်လဲမူးယစ်ဂုဏ်သတ္တိအန်စေသောသဘာဝရှိကြသည့်အတွက်ဝမ်းသွားစေပါတယ်။

ကြွက်နားပေါင်ပင်

သုတ်နှင့်လိင်စွမ်းအားကို တိုးတက်စေသော သဘာဝအစားအစာများထဲမှ ငွေလည်းမကုန် အစွမ်းလည်းထက် လူသိလည်းနည်းသော ကြွက်နားပေါင်းရွက်အကြောင်းဖေါ်ပြပေးပါမည်။

ကြွက်နားပေါင်းပင်(Cocculushirsutus)

၎င်းသည် မိုးဥတု၌ပေါက်သော နွယ်ပင်မျိုးဖြစ်သည်။လမ်းဘေး မြောင်းစပ် လယ်ကန်သင်းများတွင် အနှံ့အပြားပေါက်ရောက်သည်။ခြုံနိမ့်ပင်အမျိုးအစားဖြစ်သည်။

အရွက်မှာ ကွမ်းရွက်နှင့်တူသည်။အရွက်ကိုထုခြေအရည်ညစ်၍ ထိုအရည်ကိုနေလှန်းလျင် စိမ်းဖန့်ဖန့်မုန့်ကျွဲသည်းကဲ့သို့ အတုံးအခဲကိုရသည်။ထို့ကြောင့်ထိုအပင်ကို အချို့ဒေသများ၌ မုန့်ကျွဲသည်းပင်ဟုခေါ်သည်။

မိုးတွင်အပွင့်ပွင့်၍ ဆောင်းတွင်အသီးသီးသည်။နွေတွင် အပင်ကျသွားသည့် တစ်နှစ်ခံပင်မျိုးဖြစ်သည်။အချို့နေရာဒေအလိုက် ကွာခြားနိုင်ပါသည်။

အရိုးနှင့်အရွက်ကို ကြော်ချက်၍စားရသည်။နူးညံ့၍ ချိုသည်။

အသီးမှာ ခရမ်းရင့်ရောင် အစေးများထွက်၍ ကလေးများ မင်လုပ်တမ်းကစားကြလေသည်။

အမြစ်ရင်း၌ ဥရှိသည်။အရွက်သည်ချိုသည်။အေးသည်။

အရွက်နှင့်အမြစ်ကို ဆေးဝါးအဖြစ်အသုံးပြုသည်။ရှေးဆေးကျမ်းများ၌ ထိုအပင်ကို အိမ်သုံးဆေးပင်ဟုဖေါ်ပြထားသည်။

တစ်ပင်လုံး၏အကျိုးကား ခံတွင်းကိုမြိန်စေသည်။သုတ်ကိုပွားစေသည်။ နို့ရည်ကိုပျစ်စေသည်။အပူနှင့်အဆိပ်ကိုပယ်၏။ဆီးနှင့်ချွေးကိုရွှင်စေသည်။

အရွက်ကိုအရည်ညှစ်၍ ပျားရည်နှင့်ဆတူစပ်သောက်ပါက အဖေါအရောင်ကိုကျစေသည်။အရွက်ညစ်ရည်နှင့်ပြဒါးကို ဆယ်ရက်စိမ်ထားပါက ပြဒါးခဲသည်။

အမြစ်သည် ထက်မြက်သော ဆေးဝါးဖြစ်သည်။ချွေးထွက်စေသည်။ဆီးရွှင်စေသည်။အားကိုပွားများစေသည်။ကာမအား သုတ်အားကို လွန်စွာတိုးပွားစေသည်။အဖျားအမျိုးမျိုးကို နိုင်နင်းသည်။လေဖေါက်ပြန်မှုကို ငြိမ်သက်စေသည်။

သုတ်လွှတ်မြန်ခြင်း အိပ်မက်၌သုတ်ယောင်ထွက်ခြင်း သုတ်ရည်ကြည်တစ်စက်စက်ကျဆင်းခြင်း ရောဂါများအတွက် အိမ်တွင်ဖေါ်စားနိုင်သော ဆေးတစ်မည်ကို ယခုတင်ပြပါမည်။

– ကြွက်နားပေါင်းမြစ်အမှုန့် ၂ကျပ်သား

— ကြစုသီးအမှုန့် ၂ကျပ်သား

– ခွေးလှေးယားစေ့အမှုန့် ၁ကျပ်သား

– ကန့်ဘလူဥမှုန့် ၁ကျပ်သား

– မိချောင်းကွမ်းဖတ် ၁ကျပ်သား

စုစုပေါင်း ၇ကျပ်သားကို ပျားရည်၇ကျပ်သား ထောပတ်၇ကျပ်သားနှင့်တေ၍မနက်တစ်ဇွန်း ညတစ်ဇွန်းစားပါ။နွားနို့မကြာခဏသောက်ပေးပါ။

၎င်းဆေးသည် သုတ်ပျက် သုတ်ကျဲ သုတ်အားနည်း သုတ်ထွက်မြန်ခြင်း သုတ်မထိန်းနိုင်ခြင်း အိမ်မက်မက်စဉ်ယောင်၍သုတ်လွှတ်ခြင်း ကာမကြောအားနည်းခြင်း လိင်တံမသန်မာပျော့ခွေခြင်း ဒူလာသရောနာဟုခေါ်သော

အလိုအလျောက် သုတ်ရည်များတစက်စက်ကျဆင်းသည့် ရောဂါများ ပျောက်ကင်းပါသည်။

၎င်းဖေါ်ပြပါဆေးအမယ်များထဲမှ မိချောင်းကွမ်းဖတ်(Burma Linseed) အကြောင်းကို အနည်းငယ် ရှင်းပြပါမည်။

ထိုအပင်မှာ လမ်းဘေးခြုံပင်ငယ် တစ်မျိုးဖြစ်သည်။ ဒန့်ကျွဲပင်နှင့် သဏ္ဌာန်တူသည်။မိုးဦးကျတွင် ရေစပ်စပ်၌ပေါက်၍ နွေတွင်အပင်ကျသည်။

အသီးမှာ ယက်ကန်းလွန်းပုံ ရှည်ရှည်ချွန်ချွန်ရှိသည်။တစ်လက်မခန့် အရှည်ရှိသည်။

အတာမိုးပြေးရွာချိန် ရေတစ်ပေါက်နှစ်ပေါက်ထိလျှင် အသီးခြောက်များပေါက်ကွဲ၍ အစေ့များလွင့်စင်ထွက်ကုန်သည်။ထိုအစေ့ကို ဆေးအဖြစ်သုံးရသည်။

မိချောင်းကွမ်းဖတ်စေ့သည် အနာအိုအနာဆွေးများ ငန်းမန်းလိုက်နေသောအနားများ ပြည်ပုတ်အသားဆွေးစွဲနေသည့်အနာများကို အလွန်နိုင်သည်။

၎င်းကိုထောင်း၍အုံလျှင် မကျွတ်နိုင်သောအနာမြစ်များ လျှင်မြန်စွာကျွတ်ထွက်ပေသည်။

လွန်ခဲ့သော၁၀နှစ်ခန့်က ကာမအားဆေးဖေါ်ရန်အတွက် အနယ်နယ်အရပ်ရပ်တွင် အဝယ်ဒိုင်များဖွင့်ကာ တရုတ်ပြည်မှ အကြီးအကျယ် ဝယ်ယူခဲ့ဖူးလေသည်။

စအိုမျှော့၀င်သော ရောဂါအတွက်

လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊

ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုးအငွေ့များ အခြားသို့မထွက်နိုင်ရန် ခါးအောက်ပိုင်းနှင့်အိုးကိုပါအ၀တ်ထူထူ ရစ်ပတ်၍ အငွေ့မှိုင်း ခံပါကမျှော့များအကောင် လိုက်သော်လည်းကောင်း၊ကြပြုတ်သာလည်းကောင်း ကျလာစေ၏။လောက်သေရွက် နှင့် ကြွက်နားပေါင်းဆတူပြုတ်၍ လက်ဖက်ရည်ကြမ်းပန်းကန်လုံးနှင့်လည်းခပ်ပူပူသောက်ပေးရ၏။

မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်

Zawgyi

 

သုတ္ပ်တ္၊သုတ္က်ဲျခင္းအတြက္ႂကြက္နေဘာင္း  ႂကြက္နေပါင္း ႂကြက္နားေပါင္း(သို႔မဟုတ္)ေက်ာက္ေက်ာပင္ မုန့္ကြၽဲသဲပင္

 

ႏြယ္ျမက္သစ္ပင္ေဆးဖက္ဝင္ဆိုစကားအရ ကြၽန္ေတာ္တို႔ေတြရဲ႕အနီးနားမွာ ေတြ႕တဲ့ လက္တစ္ကမ္းမွာရွိတဲ့ လြယ္ကူၿပီးေမ့ေလ်ာ့သတိမထားမိမွာစိုးလို႔ ႂကြက္နားေပါင္းပင္ေလးအေၾကာင္းကို တင္ေပးလိုက္ပါတယ္။

Cocculus hirsutus ( L.) Diels.

Cocculus villosus (L.) Theob.,in Mason,

Family: Menispermaceae (ဆင္တုံးမႏြယ္မ်ိဳးရင္း)

Flowering & fruiting ..March to April

ေက်ာက္ေက်ာပင္  မုန့္ကြၽဲသဲပင္

ငယ္ငယ္က ႂကြက္နားေဗာင္းအ႐ြက္ေလးေတြကို ညက္ေနေအာင္ေထာင္းေျခၿပီး ေရနဲ႕နယ္လိုက္ရင္ အစိမ္းေရာင္အတုံးေလးေတြ ေျပာင္းလဲသြားတာကိုမွတ္မိေနတယ္။ဒါကိုဘဲ “ေက်ာက္ေက်ာ” “မုန့္ကြၽဲသဲ ” ရဘီဆိုၿပီး မုန့္လုပ္တန္းကစားခဲ့တာမွတ္မိၾကမွာပၚ၊ အခ်ိဳ႕ကလည္း မုန့္ကြၽဲသဲ ပင္လို႔လည္းေခၚၾကတယ္။

ေယာေဒသဖက္မွာေတာ့ ႂကြက္လေမာင္းႏြယ္လို႔ေခၚၾကတယ္။အပင္ပင္စည္ႏြယ္က ရင့္လာရင္ မာေၾကာ ခိုင္ခန့္လွတာမို႔ ေတာသူေတာင္သား မ်ားက လယ္ယာသုံးေလ်ာ္တမ်ိဳးအျဖစ္ အသုံးျပဳၾကတယ္။အလြယ္တကူ ခ်ည္ေႏွာင္စရာအေနနဲ႕ အလြန္အသုံးတည့္ေသာ အပင္လည္းျဖစ္တယ္။ ေတာမွာ အ႐ြက္ႏုေလးေတြကို ဟင္းခ်ိဳခ်က္စားၾကတယ္။ထူးျခားတာက အညာလိုေဒသမ်ိဳးမွာဘဲ ေပါေပါမ်ားမ်ား ေပါက္ၿပီး အရမ္းေအးျမၿပီး ေပေပါင္းမ်ားစြာျမင့္ေသာ ေတာင္ေပၚေဒသမ်ိဳးမွာ ေတြ႕ရဖို႔ မျဖစ္ နိုင္ပါဘူး၊ အညာနဲ႕ႂကြက္နေဘာင္းကခြဲလို႔မရပါဘူး။

ေဆးအသုံး၀င္ပုံ

အရွင္နာဂသိန္ေဆးက်မ္းထဲမွာ အ႐ြက္၏ အရသာမွာခ်ိဳ၏ ၊ ဂုဏ္ႏွင့္စြမ္းရည္မွာ သုတ္ကိုပြား၏ ႏႈတ္ကိုၿမိန္၏၊ အပူနာ သည္းေျခနာ၊ ေသြးေဖာက္ျပန္ျခင္း၊ အဆိပ္ အႏၲရာယ္ တို႔ကို ပယ္ေျဖာက္ နိုင္၏၊ အျမစ္ဥသည္ ထက္ေသာ သတၱိရွိ၏ ေခြၽးကိုထြက္ေစ၊က်င္ငယ္ကိုပြားေစ အားကိုမ်ားေစ၏၊ အဖ်ားကိုနိုင္၏၊ေလေဖာက္ျပန္မႈကိုပယ္ေဖ်ာက္ေစ၏၊အ႐ြက္တို႔သည္ ပူေလာင္ေနသည္ကိုၿငိမ္းေစ၏၊ က်င္ငယ္မ်ားေစ၏၊ ေဖာေယာင္ျခင္းကိုနိုင္၏၊ နို႔ကိုမ်ားေစ၏ လို႔ေဖာ္ျပထားပါတယ္။

ထို႔ျပင္ ေလးဖက္နာ အေရျပား ကာလသားေရာဂါ ယားနာ တင္းေရာင္နာ ေသြးေဖာက္ျပန္၊ ေႁမြဆိပ္သင့္ ဘိန္းျဖတ္ျခင္း စေသာေရာဂါမ်ားအတြက္ ကုသပုံအေသးစိတ္ေရးသားထားရာ လြန္စြာစိတ္၀င္စားဖြယ္ေကာင္းလွပါတယ္။ထူးျခားခ်က္မွာ အျမစ္မႈံ႕ကို ႏြားနို႔ႏွင့္ေရာေသာက္လ်င္ သုတ္ကိုပြားေစသည္ဟုေဖာ္ျပထားပါတယ္။ေရွးအခါက ဗိေႏၶာဆရာႀကီးမ်ားက ယင္းအျမစ္ကို ဆင္တုံးမႏြယ္ကဲ့သို႔သုံးၾကေၾကာင္းသိရျပန္တယ္၊ထူးျခားေသာ စြမ္းရည္ သတၱိထူးကေတာ့ ျပဒါးကို ခဲေစနိုင္ေသာ ဂုဏ္သတၱိထူးျဖစ္ေၾကာင္းေရးသားေဖာ္ျပခဲ့သည္ကို မွတ္သားရပါတယ္။

 

shweu

 

ႂကြက္နားေပါင္းကို

အားေဆး ၊ အဆိပ္ေျဖေဆး၊ ေလးဘက္နာ ေဆး၊ ကာလသားေရာဂါ၊ အေရျပားေရာဂါ၊ ဆီးေဆး၊ အေဖာအေယာင္က်ေဆး၊ နို႔ထြက္ေဆး၊ အဆိပ္က် အန္ေဆး အျဖစ္ အသုံးျပဳၾကတယ္။၊ ႂကြက္နားေဘာင္း တို႔သည္ အဆိပ္ေျဖေစနိုင္ေသာ္လဲမူးယစ္ဂုဏ္သတၱိအန္ေစေသာသဘာဝရွိၾကသည့္အတြက္ဝမ္းသြားေစပါတယ္။

ႂကြက္နားေပါင္ပင္

သုတ္ႏွင့္လိင္စြမ္းအားကို တိုးတက္ေစေသာ သဘာဝအစားအစာမ်ားထဲမွ ေငြလည္းမကုန္ အစြမ္းလည္းထက္ လူသိလည္းနည္းေသာ ႂကြက္နားေပါင္း႐ြက္အေၾကာင္းေဖၚျပေပးပါမည္။

ႂကြက္နားေပါင္းပင္(Cocculushirsutus)

၎သည္ မိုးဥတု၌ေပါက္ေသာ ႏြယ္ပင္မ်ိဳးျဖစ္သည္။လမ္းေဘး ေျမာင္းစပ္ လယ္ကန္သင္းမ်ားတြင္ အႏွံ႕အျပားေပါက္ေရာက္သည္။ၿခဳံနိမ့္ပင္အမ်ိဳးအစားျဖစ္သည္။

အ႐ြက္မွာ ကြမ္း႐ြက္ႏွင့္တူသည္။အ႐ြက္ကိုထုေျခအရည္ညစ္၍ ထိုအရည္ကိုေနလွန္းလ်င္ စိမ္းဖန့္ဖန့္မုန့္ကြၽဲသည္းကဲ့သို႔ အတုံးအခဲကိုရသည္။ ထို႔ေၾကာင့္ထိုအပင္ကို အခ်ိဳ႕ေဒသမ်ား၌ မုန့္ကြၽဲသည္းပင္ဟုေခၚသည္။

မိုးတြင္အပြင့္ပြင့္၍ ေဆာင္းတြင္အသီးသီးသည္။ေႏြတြင္ အပင္က်သြားသည့္ တစ္ႏွစ္ခံပင္မ်ိဳးျဖစ္သည္။အခ်ိဳ႕ေနရာေဒအလိုက္ ကြာျခားနိုင္ပါသည္။

အရိုးႏွင့္အ႐ြက္ကို ေၾကာ္ခ်က္၍စားရသည္။ႏူးညံ့၍ ခ်ိဳသည္။အသီးမွာ ခရမ္းရင့္ေရာင္ အေစးမ်ားထြက္၍ ကေလးမ်ား မင္လုပ္တမ္းကစားၾကေလသည္။

အျမစ္ရင္း၌ ဥရွိသည္။အ႐ြက္သည္ခ်ိဳသည္။ေအးသည္။အ႐ြက္ႏွင့္အျမစ္ကို ေဆးဝါးအျဖစ္အသုံးျပဳသည္။ေရွးေဆးက်မ္းမ်ား၌ ထိုအပင္ကို အိမ္သုံးေဆးပင္ဟုေဖၚျပထားသည္။

တစ္ပင္လုံး၏အက်ိဳးကား ခံတြင္းကိုၿမိန္ေစသည္။ သုတ္ကိုပြားေစသည္။နို႔ရည္ကိုပ်စ္ေစသည္။အပူႏွင့္အဆိပ္ကိုပယ္၏။ဆီးႏွင့္ေခြၽးကို႐ႊင္ေစသည္။

အ႐ြက္ကိုအရည္ညွစ္၍ ပ်ားရည္ႏွင့္ဆတူစပ္ေသာက္ပါက အေဖါအေရာင္ကိုက်ေစသည္။အ႐ြက္ညစ္ရည္ႏွင့္ျပဒါးကို ဆယ္ရက္စိမ္ထားပါက ျပဒါးခဲသည္။

အျမစ္သည္ ထက္ျမက္ေသာ ေဆးဝါးျဖစ္သည္။ေခြၽးထြက္ေစသည္။ဆီး႐ႊင္ေစသည္။အားကိုပြားမ်ားေစသည္။

ကာမအား သုတ္အားကို လြန္စြာတိုးပြားေစသည္။ အဖ်ားအမ်ိဳးမ်ိဳးကို နိုင္နင္းသည္။ေလေဖါက္ျပန္မႈကို ၿငိမ္သက္ေစသည္။

သုတ္လႊတ္ျမန္ျခင္း အိပ္မက္၌သုတ္ေယာင္ထြက္ျခင္း သုတ္ရည္ၾကည္တစ္စက္စက္က်ဆင္းျခင္း ေရာဂါမ်ားအတြက္ အိမ္တြင္ေဖၚစားနိုင္ေသာ ေဆးတစ္မည္ကို ယခုတင္ျပပါမည္။

– ႂကြက္နားေပါင္းျမစ္အမႈန့္ ၂က်ပ္သား

— ၾကစုသီးအမႈန့္ ၂က်ပ္သား

– ေခြးေလွးယားေစ့အမႈန့္ ၁က်ပ္သား

– ကန့္ဘလူဥမႈန့္ ၁က်ပ္သား

– မိေခ်ာင္းကြမ္းဖတ္ ၁က်ပ္သား

စုစုေပါင္း ၇က်ပ္သားကို ပ်ားရည္၇က်ပ္သား ေထာပတ္၇က်ပ္သားႏွင့္ေတ၍မနက္တစ္ဇြန္း ညတစ္ဇြန္းစားပါ။ ႏြားနို႔မၾကာခဏေသာက္ေပးပါ။

၎ေဆးသည္ သုတ္ပ်က္ သုတ္က်ဲ သုတ္အားနည္း သုတ္ထြက္ျမန္ျခင္း သုတ္မထိန္းနိုင္ျခင္း အိမ္မက္မက္စဥ္ေယာင္၍သုတ္လႊတ္ျခင္း ကာမေၾကာအားနည္းျခင္း လိင္တံမသန္မာေပ်ာ့ေခြျခင္း ဒူလာသေရာနာဟုေခၚေသာ အလိုအေလ်ာက္ သုတ္ရည္မ်ားတစက္စက္က်ဆင္းသည့္ ေရာဂါမ်ား ေပ်ာက္ကင္းပါသည္။

၎ေဖၚျပပါေဆးအမယ္မ်ားထဲမွ မိေခ်ာင္းကြမ္းဖတ္(Burma Linseed) အေၾကာင္းကို အနည္းငယ္ ရွင္းျပပါမည္။

ထိုအပင္မွာ လမ္းေဘးၿခဳံပင္ငယ္ တစ္မ်ိဳးျဖစ္သည္။ ဒန့္ကြၽဲပင္ႏွင့္ သဏၭာန္တူသည္။မိုးဦးက်တြင္ ေရစပ္စပ္၌ေပါက္၍ ေႏြတြင္အပင္က်သည္။

အသီးမွာ ယက္ကန္းလြန္းပုံ ရွည္ရွည္ခြၽန္ခြၽန္ရွိသည္။ တစ္လက္မခန့္ အရွည္ရွိသည္။

အတာမိုးေျပး႐ြာခ်ိန္ ေရတစ္ေပါက္ႏွစ္ေပါက္ထိလွ်င္ အသီးေျခာက္မ်ားေပါက္ကြဲ၍ အေစ့မ်ားလြင့္စင္ထြက္ကုန္သည္။ ထိုအေစ့ကို ေဆးအျဖစ္သုံးရသည္။

မိေခ်ာင္းကြမ္းဖတ္ေစ့သည္ အနာအိုအနာေဆြးမ်ား ငန္းမန္းလိုက္ေနေသာအနားမ်ား ျပည္ပုတ္အသားေဆြးစြဲေနသည့္အနာမ်ားကို အလြန္နိုင္သည္။

၎ကိုေထာင္း၍အုံလွ်င္ မကြၽတ္နိုင္ေသာအနာျမစ္မ်ား လွ်င္ျမန္စြာကြၽတ္ထြက္ေပသည္။

လြန္ခဲ့ေသာ၁၀ႏွစ္ခန့္က ကာမအားေဆးေဖၚရန္အတြက္ အနယ္နယ္အရပ္ရပ္တြင္ အဝယ္ဒိုင္မ်ားဖြင့္ကာ တ႐ုတ္ျပည္မွ အႀကီးအက်ယ္ ဝယ္ယူခဲ့ဖူးေလသည္။

စအိုေမွ်ာ့၀င္ေသာ ေရာဂါအတြက္

ေလာက္ေသ႐ြက္ ၊ ႂကြက္နား ေပါင္း႐ြက္၊ ၾကက္ေမြး(ၾကက္ေတာင္ မွ အေမြး) ၎ ၃ ပါး ဆတူ စု၍ ျပဳတ္ၿပီး အေငြ႕ကို ေခြၽးေအာင္း သကဲ့သို႔ အိုးေပၚတြင္ ထိုင္ၿပီး အခိုးအေငြ႕မ်ား အျခားသို႔မထြက္နိုင္ရန္ ခါးေအာက္ပိုင္းႏွင့္အိုးကိုပါအ၀တ္ထူထူ ရစ္ပတ္၍ အေငြ႕မွိုင္း ခံပါကေမွ်ာ့မ်ားအေကာင္ လိုက္ေသာ္လည္းေကာင္း၊ေၾကျပဳတ္၍ေသာ္လည္းေကာင္း က်လာေစ၏။ေလာက္ေသ႐ြက္ ႏွင့္ ႂကြက္နားေပါင္းဆတူျပဳတ္၍ လက္ဖက္ရည္ၾကမ္းပန္းကန္လုံးႏွင့္လည္းခပ္ပူပူေသာက္ေပးရ၏။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္creditေပးပါသည္

Leave a Reply

Your email address will not be published. Required fields are marked *